← Chapters

နားထောင်လို့ဖြေရှင်းနိုင်တာ

Vol. 12 Ch. 170

နားထောင်လို့ဖြေရှင်းနိုင်တာ

Vol. 12 Ch. 170

လစာ 2 လစာက ယွမ် 30,000 ပင်ဖြစ်သည်။

ဒါကြောင့်လင်းဖန်က လုံးဝမတွန့်ဆုတ်ဘဲ “ကောင်းပြီ” ဟု တိုက်ရိုက်ပြန်ပြောလိုက်သည်။

လင်းဖန်သည် အခွင့်ကောင်းယူခြင်းကို နှစ်သက်သူမဟုတ်ပေ။

သို့သော် သူနှင့် စုနမ်အကြား ဆက်ဆံရေးတွင် အခြားပါတီသည် ကြင်နာပြီး ရိုးရှင်းသော မိန်းကလေးဖြစ်ကြောင်း အလွယ်တကူ သိနိုင်သည်။

လင်းဖန်သည် သူမကယွမ် 30,000 ကို လိမ်ညာမည်မဟုတ်ဟု ယုံကြည်သည်။

စုနမ်သည်လဲလင်းဖန်က သူမပြောတာကိုတိုက်ရိုက်သဘောတူမယ်လို့ မမျှော်လင့်ထားပေ။

ဖုန်းချလိုက်ပြီး တစ်မိနစ်မပြည့်သေးသော သူမ၏ လက်ကိုင်ဖုန်းသည် အနည်းငယ်တုန်ခါသွားခဲ့သည်။

“တရုတ်ဘဏ်မှ ယွမ် ၃၀၀၀၀ ရရှိသည်။”

ဒါကိုမြင်ပြီးနောက်စုနမ်က လင်းဖန်ထံ အလျင်အမြန် မက်ဆေ့ချ်ပို့လိုက်သည်။

စုနမ်- ကျေးဇူးတင်ပါတယ်။

ထို့နောက်ချက်ချင်းပင်သူမညီမထံသို့ ယွမ် ၃၀၀၀၀ လွှဲပြောင်းပေးလိုက်သည်။

…………

အဲဒီညတွင်မူလင်းဖန်သည်တစ်ယောက်တည်းအိပ်လိုက်ရသည်။

နောက်တစ်နေ့မနက်နေရောင်ပြတင်းပေါက်နေတစ်ဆင့်လင်းဖန်မျက်နှာပေါ်သို့ကျနောက်လာသည်။

ထိုကြောင့်လင်းဖန်သည် နောက်ဆုံးတွင် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

မနေ့ညက သူတကယ်ကို ကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။

ဖုန်းဖွင့်လိုက်သည်နှင့် စခရင်ပေါ်တွင် စာတိုတစ်စောင် ပေါ်နေခဲ့သည်။

“၀:၀၀ နာရီတွင်၊ တရုတ်ဘဏ်မှ ယွမ် ၁,၃၅၀၀၀၀ ကို ရရှိသည်။”

ထို့နောက် လင်းဖန်သည်အကောင့်ဝင်ခြင်းစနစ်ကို အာရုံစိုက် လိုက်သည်။

“သင်အကောင့်ဝင်မည်လား!”

“ဟုတ်တယ်’’

【ဒင်း! ​အကေယင့်ဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါတယ် မင်းယွမ် 10 သန်း ရရှိသည်။ 】

လင်းဖန်ကဒါကိုကြည့်ကြီး သမ်းဝေကာ သက်ပြင်းချရင်း “ဒါက နောက်ထပ် ၁၀ သန်းပဲ...”

ထို့နောက်လင်းဖန်သည်ရေချိုးပြီးသည်နှင့် ခြံတံခါးကို လှမ်းဖွင့်လိုက်သည်။

ထိုအချိန်တွင် လှပသောမိန်းကလေးသည် တံခါးဝတွင်ရပ်နေသည်.သူမကတော့စုနမ်ပင်ဖြစ်သည် ။

လင်းဖန်သည် တခဏမျှ အံ့အားသင့်သွားကာ သူမ၏ နှင်းဖြူဖြူဖွေးဖွေး မျက်နှာပေါ်ရှိ ချွေးများကို ကြည့်ပြီး “မင်း တံခါးမှာစောင့်နေတာကြာပြီလား” လို့မေးလိုက်သည်။

စုနမ်က စကားမပြောဘဲ ခေါင်းညိတ်လိုက်သည်။

လင်းဖန်က ကူကယ်ရာမဲ့ “နောက်တစ်ခါ တံခါးဘဲလ်ကို နှိပ်ဖို့ မမေ့နဲ့နော်...”

သူက စုနမ်ကို အိမ်ရဲ့ကုဒ်ကို ပြောပြပြီး ဟင်း်စရိတ်အဖြစ် ယွမ် ၅၀,၀၀၀ ပေးလိုက်သည်။

ထို့နောက် Lamborghini Daniel(ကား)ဖြင့်ကျန်ပေ့တက္ကသိုလ်သို့ မောင်းနှင်ခဲ့သည်။

တံခါးဝကို ဝင်လိုက်တာနဲ့ သူ့မျက်လုံးရှေ့မှာ တောက်ပတဲ့ ဆိုင်းဘုတ်ကြီးတစ်ခု ပေါ်လာခဲ့သည်။

“စီးပွားရေးဖော်မြူလာများနှင့် သီအိုရီများကို ခွဲထုတ်ခြင်းအတွက် ကျွန်ုပ်တို့ကျောင်းမှ လင်းဖန်အား ဂုဏ်ပြုပါသည်။ 》

လင်းဖန်ဟာ ခဏလောက်စဉ်းစားပြီး စာရွက်မှာ နောက်ဆုံးဖော်မြူလာရေးပြီး “ECTA” မှာ အောင်မြင်စွာထုတ်ဝေခဲ့တဲ့ ကျူရီရှောင် ဆိုတာ သိလိုက်ရသည်။

ယင်းနှင့်ပတ်သက်၍သူသည်ဘာမှပြောစရာမရှိပေ။

ကားကိုရပ်ပြီးနောက် တွင်စုရန်ဒေါင်ကသူစီသို့ အပြေးလာခဲ့သည်။

“ကျောင်းသား လင်းဖန်၊မင်းအရမ်းတော်တာပဲ’ ဟုစုရန်ဒေါင်က လင်းဖန်ရဲ့ ပခုံးပေါ် လက်တင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လင်းဖန်သည် ဒီစကားကြားပြီးနောက်တွင်

သလင်းဖန်၏ မျက်နှာသည် ထူးဆန်းသော အမူအရာဖြစ်သွားသည်။

ဒီစကားများသည်ဆုတွေရတိုင်း ဒါမှမဟုတ် အောင်မြင်မှုတွေ ရလာတိုင်း ကျောင်းကိုလာတဲ့အခါ စုရန်ဒေါင်ကသူကိုဒါမျိုးပြောနေကြပင်ဖြစ်သည်။

ဒါကတိုက်ဆိုင်မှုတစ်ခုပဲလား။

လင်းဖန်နှင့်စုရန်ဒေါင်တို့သည်စကားပြောပြီးနောက်တွင်စာသင်ခန်းသို့ရောက်လာ​ကြသည်။

ထိုအချိန်တွင် စာသင်ခန်းသည် လူများသည်ခါတိုင်းထက်ပိုပြီးတက်ကြွနေသည်။

ဘာလို့လဲဆိုတော့ ဒီမနက်က ဆရာမဟန်တီရဲ့အတန်းဖြစ်လို့ပင်ဖြစ်သည်။

“အဟမ်း!”

စုရန်ဒေါင်ကစင်ပေါ်ကို လျှောက်သွားပြီး အနည်းငယ် ချောင်းဆိုးလိုက်သည်။

စုန်ရန်ဒေါင်ကြောင့်ကျောင်းသားများ ငြိမ်သက်သွားသော်လည်း သူတို့၏ မျက်နှာများသည် ရှုပ်ထွေးမှုများဖြင့်ပြည့်နေသည်။

ဘာဖြစ်တာလဲ?

ဒီမနက်က ဆရာမ ဟန်တီရဲ့ အတန်းမဟုတ်ဘူးလား။

ဒီစုကြီးကဘာလို့လာတာလဲ။

စုရန်ဒေါင်က “လူတိုင်းကို သတင်းကောင်းလေး ပြောပါရစေ၊ ကျွန်တော်တို့ အတန်းထဲက လင်းဖန်က စီးပွားရေး ဖော်မြူလာတွေနဲ့ သီအိုရီတွေကို အောင်အောင်မြင်မြင် နုတ်ယူနိုင်ခဲ့တယ်။ဒီရလဒ်ကြောင့်ကျွန်တော်တို့ အတန်းထဲတွင်စီးပွားရေး နိုဘယ်လ်ဆုရှင်တစ်ယောက်ရှိလာပါမယ်!”

ဒါကိုကြားပြီးနောက်စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

လူတိုင်း၏မျက်နှာများသည် မယုံနိုင်သောအမူအရာများဖြင်​ြ ပြည့်နှက်နေသည်။

သူတို့သည် သင်္ချာဌာနမှ ကျောင်းသားများဖြစ်သော်လည်း စီးပွားရေးဖော်မြူလာများနှင့် သီအိုရီများအကြောင်း များများစားစား မသိပေ။

သို့သော်လည်း စီးပွားရေး နိုဘယ်လ်ဆုဆိုတာကအလွန်အထင်ကြီးစရာဟု ဆိုနိုင်ပေသည်။

သို့မဟုတ် ပြတ်ပြတ်သားသားပြောရလျှင် နိုဘယ်ဟူသော စကားလုံးပါသည့် မည်သည့်ဆုမဆို အမြင့်ဆုံးကို ကိုယ်စားပြုသည်။

အခု ငါ့အတန်းထဲက အတန်းဖော်တယောက်ယောက်က နိုဘယ်လ်ဆုရှင် ဖြစ်တော့မှာလား။

“ဒယကြောင့်အားလုံးပဲသူ့ကိုလက်ခုပ်တီးပြီး ချီးကျူးဂုဏ်ပြုလိုက်ကြရအောင်” ဟုစုရန်ဒေါင်ကပြောပြီးလက်ခုပ်တီးလိုက်သည်။

စုရန်ဒေါင်စကားကြောင့်ကျောင်းသားများအားလုံးသည်လင်းဖန်ကိုကျယ်လောင်သောလက်ခုပ်သံများဖြင့်ဂုဏ်ပြုပေးလိုက်ကြသည်။

ဒါကိုမြင်ပြီးနောက်စုရန်ဒေါင် က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်သို့ လှည့်ထွက်သွားသည်။

သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဆရာ မဟန်တီသည်ရောက်ရှိလို့လာခဲ့သည်။

အရင်တုန်းကတော့ ဆရာမဟန်တီ စာသင်ခန်းထဲကို ဝင်သွားတဲ့အခါ လူတိုင်းရဲ့ အာရုံစူးစိုက်မှုက သူမပဲဆိုတာကိုပြောစရာပင်မလိုပေ။

ဒါပေမယ့် ဒီနေ့က မတူပေ။သူတို့သည်လင်းဖန်အကြောင်းကိုသာတွေးနေကြသည်။

ဆရာမဟန်တီသည်သင်ပေးစရာရှိတာကိုသင်ပေးပြီးအတန်းချိန်ပြီး​သွားသေအခါတွင်ထွင်သွားခဲ့သည်။

အတန်းပြီးသွားတော့ သူ့ဘေးက စုရိက “အစ်ကို လင်းမင်းတကယ် စီးပွားရေးဖော်မြူလာတွေနဲ့ သီအိုရီတွေကို ခွဲထုတ်ခဲ့တာလား။ဒါဆိုမင်းက နိုဘယ်လ်ဆုရတော့မှာ​မဟုတ်လား။”

မူဇောင် ၊ ဇောင်ချင်းဘို နှင့် အနီးနားတွင် ထိုင်နေသော ကျောင်းသားများအားလုံးသည်လင်းဖန်အဖြေကိုမျှော်လင်တစ်ကြီးနားစွင့်နေလိုက်သည်။

လင်းဖန်သည် သူတို့ကိုကြည့်ကာရယ်လိုက်သည်။

“နိုဘယ်လ်ဆုရမလားဆိုတာတော့မသိပေမဲ့စီပွားရေးသီအိုရီကိုတော့ငါခွဲထုတ်ခဲ့တာ” ဟုလင်းဖန်ကပြန်ပြောလိုက်သည်။

သူတို့သည်လင်းဖန်အဖြေကိုသိပြီးသည့်တိုင်လင်းဖန်အမှန်တကယ်ဝန်ခံပြီးနောက် လူတိုင်းက အံ့အားသင့်နေဆဲဖြစ်သည်။

မူဇောင်က “လင်းဖန် မင်းက စီးပွားရေး ဖော်မြူလာနဲ့ သီအိုရီတွေကို ဘယ်လို ခွဲထုတ်လိုက်တာလဲ။ မင်းဘယ်အချိန်အဲ့ဒါတွေကိုလေ့လာတာလဲ”

အမှန်တော့၊ သူတို့သည် အတန်းဖော်များသာမက တူညီသော အိပ်ဆောင်ရှိ အခန်းဖော်များပါ ဖြစ်သောကြောင့် ၎င်းတို့သည် အမှန်တကယ်ပင် ထိုအရာများကို မေးရန် အရည်အချင်းပြည့်မီသူများဖြစ်သည်။

လင်းဖန် က “ဒါတွေကိုလေ့လာဖို့မှမလိုတာကွာမူဒါတက္ကသိုလ်ကဆရာပြောတာကိုနားထောင်ပြီးဒါကိုငါဖြေရှင်းလိုက်နိုင်တာ။”

နားထောင်လိုက်တာနဲ့စီပွားရေသီအိုရီကိုခွဲထုတ်နိုင်တာလား။လင်းဖန်ကလူသားရောဟုတ်ရဲ့လား။

စုရီ၊ မူဇောင်၊ ဇောင်ချင်းဘိုနှင့် အခြားသူများသည် လင်းဖန် ၏ စကားကို ကြားပြီးနောက်သူတို့သည််လုံးဝကိုဆော့အ နားမကြားသလိုဖြစ်သွားခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters