ဆက်သွယ်ရန် အချက်အလက်ကို မေးမြန်းခြင်း
Vol. 12 Ch. 171
နေ့လယ် ၁၂း၀၀ နာရီတွင် လင်းဖန်သည် စာအိတ်အနီများမှ၄၂၇၈၈ ယွမ် ရရှိခဲ့သည်။
လင်းဖန်သည်နေ့လည်စာစားပြီးနောက်စာသင်ခန်းသို့သာပြန်သွားရသည်။ဘာလို့ဆိုနေ့လယ်အတန်းချိန်ရှိသောကြောင့်ပင်ဖြစ်သည်။
နေ့လည်သည် ပါမောက္ခဟောင်း အတန်းဖြစ်သည်။
လင်းဖန်က မနေ့က ကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။
သို့သော် ပါမောက္ခဟောင်းစတင်စာတွေကိုရှင်းပြ၊သင်ပြတာနဲ့လင်းဖန်သည် လျှင်မြန်စွာ အိပ်ပျော်သွားခဲ့သည်။
အကြိမ်တိုင်းလိုလို လင်းဖန်သည် ပါမောက္ခဟောင်း၏ အတန်းထဲတွင် အိပ်လေ့ရှိသည်။
ပထမတော့ ပါမောက္ခဟောင်းသည်လင်းဖန်က ညဘက်မှာ စာကြိုးစားတယ်လို့ ခံစားရသည်။
ထို့ကြောင့် အတန်းထဲတွင် အိပ်သောအခါတွင်သူကဘာမှမပြောခဲ့ပေ။
သို့သော် အကြိမ်ရေများလာသည်နှင့်အမျှပါမောက္ခဟောင်းက လင်းဖန်သည် အချိန်တိုင်း အိပ်ပျော်နေကြောင်း တွေ့ရှိခဲ့သည်။
ဒါက ပါမောက္ခဟောင်းရဲ့ စိတ်ထဲမှာ သံသယတွေ ဝင်လာခဲ့သည်။
လင်းဖန်သည် ညတိုင်း စာကိုကြိုးကြိုးစားစား လေ့လာနေတာဆိုတာဟုတ်လို့လားဆိုတဲ့အတွေးတွေဝင်လာတော့သည်။
မဟုတ်သေးပါဘူး။
ထိုအချိန်တွင်၊ ပါမောက္ခဟောင်းသည် သူ၏ယခင်အတွေးများသည် အမှန်တကယ် မသင့်လျော်ကြောင်း သဘောပေါက်လိုက်သည်။
လင်းဖန်ကို ငါက်လိုတောင်သံသယဝင်ရဲတာလဲ။
သူကဇောင် ၏ ထင်မြင်ယူဆချက်ကို ဖြေရှင်းခဲ့သူ၊ အမွှာအနှစ်သာရကိုဖြေရှင်းချက်နှင့် ငလျင်ကြိုတင်ခန့်မှန်းစက်ကို တီထွင်ခဲ့သူ၊ယခုစီးပွားရေး ဖော်မြူလာများနှင့် သီအိုရီများကိုရရှိရန်ကြိုးစားပေးခဲ့တဲ့လူဖြစ်သည်။ဒါတောင်သူကသံသယဖြစ်မိခဲ့သည်။
ထိုသို့တွေးမိတာနဲ့ပါမောက္ခဟောင်းကြီး ရှက်သွားခဲ့သည်။
စာအုပ်ကိုချ၍ လင်းဖန်၏နံဘေးသို့ လျှောက်လာကာသူ၏အပေါ်အင်္ကျီကိုချွတ်ပြီး လင်းဖန်ပေါ်သို့တင်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် သူ့နှလုံးသားထဲတွင်- ငါဒီနေ့ကစပြီးလင်းဖန်ကိုဘယ်တော့မှ သံသယဝင်မှာမဟုတ်ဘူးဟုပြောလိုက်သည်။
…………
လင်းဖန်သည် ပရော်ဖက်ဆာဟောင်း၏ စိတ်ကိုမသိပေ။
အိပ်ရာကနိုးတော့ ကျောင်းဆင်းချိန်တောင်ဖြစ်နေပြီဖြစ်သည်။
လင်းဖန်သည် ဖုန်းကိုဖွင့်လိုက်တာနဲ့WeChat မက်ဆေ့ချ်သည် စခရင်ပေါ်တွင် ပေါ်လာခဲ့ဖြစ်သည်။
ဆရာမဟန်တီ- ညနေစာလာစားဖို့ ငါ့အိမ်ကိုလာခဲ့ပါလား။ဆွေးနွေးမဲ့အကြောင်းအရာတစ်ချို့လဲရှိလို့။
ဆွေးနွေးမည့်အကြောင်းအရာ။
လင်းဖန်သည် ထိုစာသားကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများတောက်ပလာခဲ့သည်။
ထို့နောက်သူသည်တုံဆိုင်းခြင်းမရှိပဲLamborghini(ကား)ကို မောင်းကာဟန်တီအိမ်သို့သွားလိုက်တော့သည်။
သိပ်မကြာခင်မှာပင်လင်းဖန်သည်ဟန်တီအိမ်သို့ရောက်လာခဲ့သည်။သူသည်ကားပေါ်ကနေဆင်းကာအိမ်တံခါးဘဲလ်ကိုနှိပ်လိုက်သည်။
“ဒင်ဒေါင်!”
ဘဲလ်သံကြားသောကြောင့်ဟန်တီသည်အမြန် တံခါးကို ဖွင့်လိုက်ရာတစ်ချိန်တည်းမှာပင် မွေးလှသောဟင်းနှံ့များကလဲထွက်ပေါ်လာခဲ့သည်။
လင်းဖန်သည်အထဲဝင်လိုက်တာနဲ့ စားပွဲပေါ်တွင်ထားရှိသောဟင်းလျာများကို ကြည့်ကာ “အရမ်းအရသာရှိမဲ့ပုံပဲ”ဟုပြောလိုက်သည်။
“သံားခြေလက်အရင်ဆေးလိုက်အုံး၊ပြီးရင်အတူတူစားရအောင်” ဟုဟန်တီက ပြုံးပြီးပြောလိုက်သည်။
လင်းဖန်သည်ခြေလက်ဆေးပြီးထိုင်လိုက်တာနဲ့စားပွဲပေါ်ရှိပုဇွန်ကြော်၊ ငါးပေါင်း ၊ဝက်နံရိုးချိုချဉ် ၊ ကြက်စွပ်ပြုတ် . . စတဲ့ဟင်းတွေကိုစစားတော့သည်။
ထို့နောက်ဟန်တီ သည် ဝိုင်နီပုလင်းကိုဖွင့်ကာကာ ဒေါက်ပါဖန်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။
ဟန်တီက သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး “မင်းက အောင်မြင်တဲ့ စီးပွားရေး ဖော်မြူလာနဲ့ သီအိုရီတွေကို တွက်ပေးတဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ပြောလိုက်သည်။
သူအကသာပြောတာ လင်းဖန်ကတော့ ဒီကိစ္စကို ဂရုမစိုက်ပေ။
သို့သော်လည်း သူသည် သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး “ကျေးဇူးတင်ပါတယ် ဆရာမဟန်တီ” ဟု ပြောလိုက်သည်။
ဝိုင်ဖန်ခွက်ကို ညင်သာစွာလှုပ်ခါပြီး ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။
[ကျွမ်းကျင်မှု- အရက်၊ဝိုင်သောက်လိုက်သောကြောင့်အကန့်အသတ်မရှိ ကျက်သရေရှိခြင်း။ 】
ဟန်တီ၏ လှပသော မျက်လုံးများသည် လင်းဖန်းကို စိုက်ကြည့်နေသည်။
ဟန်တီသည်လင်းဖန်ကိုကြည့်နေရင်းကြည့်နေရင်းနှလုံးခုံနှုန်းမြန်လာခဲ့သည်။
သို့သော်ဟန်တီသည် သူမ၏စိတ်ကိုလျှော့ရင်းသူမက “လင်ဖန်၊ မင်း ဘယ်အချိန်က စီးပွားရေးကို စလေ့လာခဲ့တာလဲ”ဟုမေးလိုက်သည်။
လင်းဖန်က ပြုံးပြီး “ကျွန်တော်က စီးပွားရေဖော်မြူလာကို ကောက်ချက်ချခဲ့ပေမယ့် ကျနော်စီးပွားရေးကို မလေ့လာခဲ့ဘူး”
ဟန်တီကဘာမမပြောပဲခေါင်းကိုသာညိတ်ပြလိုက်လေသည်။
နှစ်ယောက်သား စကားစမြည်ပြောရင်းစားလိုက်၊ဝိုင်သောက်လိုက်လုပ်နေကြသည်။
အချိန်ကြာလာသည်နှင့်အမျှဟန်တီ ၏လှပသောမျက်နှာသည်တစ်ဖြည်းဖြည်း နီရဲလာပြီး သူမ၏အသက်ရှူသံများကလဲမြန်လာခဲ့သည်။။
ထို့ကြောင့်သူမသည်သူမ၏အဝတ်အစားများကိုအမြန်ချွတ်လိုက်သည်။
သို့သော် သူမ၏ အရှိန်သည် အနည်းငယ် နှေးကွေးနေခဲ့သည်။
ထို့ကြောင့်လင်းဖန်သည်လည်းအမြင်မတော်လို့သူက ကူ၍ချွတ်ပေးလိုက်သည်။
အဲ့တာပြီးတာနဲ့သူတို့သည်အချစ်တိုက်ပွဲဝင်လေတော့သည်။
…………
နောက်ရက်အနည်းငယ်အတွင်းတွင် လင်းဖန်သည် နေ့ခင်းဘက်တွင် စာသင်ခန်းထဲတွင်ရှိကာ ညနေပိုင်းတွင်ဟန်တီနှင့် ချူစီရှင်းတို့ကိုရှာရန်သူမတို့အိမ်သို့သွားခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၊ သူ၏နေ့စဉ်စာအိတ်အနီများနှင့်အကောင့်ဝင်သည့်အခါများတွင်ငွေသာရရှိခဲ့သည်။
ယနေ့တွင် လင်းဖန်၏ငွေသည် ယွမ် 4.421 ဘီလီယံအထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင်လင်းဖန်သည် သည် လန်ဘော်ဂီနီနှင့်ပန်းလုံဗီလာသို့ မောင်းနှင်လာခဲ့သည်။
တံခါးဖွင့်လိုက်သောအခါတွင် စုနမ်သည် ဧည့်ခန်းထဲတွင် ထိုင်ကာ ဒိန်ချဉ်နှင့်ခေါက်ဆွဲပြုတ်ကို စားနေသည်။
လင်းဖန်ကဒါကိုမြင်သည်နှင်သူက “မင်းဘာလို့ ခေါက်ဆွဲစားနေတာလဲ” လို့မေးလိုက်သည်။
သူသည်စုနမ် ကို တစ်လလျှာင် ၁၅၀၀၀ ပေးခဲ့သည်။
ကျန်ပေ့မြို့ တွင် 15,000 သည် မြင့်မားသော လစာတစ်ခုဖြစ်သည်။
အသားဟင်းများကိုတော့ဝယ်စားနိုင်သေးသည်။
စုနမ်သည်စားလက်စခေါ်က်ဆွဲကိုအမြန်ပါးစပ်ထဲထည့်လိုက်ပြီးသူမက “မင်းမကြိုက်ရင်ငါနောက်တစ်ခါကျရင်မစားတော့ဘူး” လို့ စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။
လင်းဖန်က “ငါဆိုလိုတာကို မင်းနားလည်မှုလွဲနေပြီ၊ ငါဆိုလိုတာက မင်းဘာလို့ ပိုကောင်းပြီးအာဟာရရှိတဲ့ဟာတွေကိုမစားတာလဲ။”
စုနအ်က “ခေါက်ဆွဲပုတ်ကအရမ်းအရသာရှိ လို့လေ”ဟုသူမကခေါင်းငုံ့ပြီးပြောလိုက်သည်။
လင်းဖန်သည် ထိုစကားကိုကြားသောအခါ ဘာမှပြန်မပြောဘဲ အိမ်အပေါ်ထပ်သို့ တက်သွားခဲ့သည်။
ထို့နောက် သူသည် အကောင့်ဝင်ခြင်းစနစ်ကို တိုက်ရိုက်အာရုံစိုက်လိုက့သည်။
“အကောင့်ဝင်မယ်!”
【ဒင်း! အကောင့်ဝင်ခြင်း အောင်မြင်သည်၊ ဂုဏ်ယူပါသည်၊ သင်သည် ပရော်ဖက်ရှင်နယ် ရှေ့နေအတွေ့အကြုံကို ရရှိခဲ့သည်။ 】
【ပရော်ဖက်ရှင်နယ်ရှေ့နေအတွေ့အကြုံ။ နိုင်ငံတစ်ခုစီ၏ ဥပဒေများကို ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်သည်။ဥပဒေကျွမ်းကျင်မှာကိုပြတာနဲ့အံ့သြဖွယ်ကျက်သရေကို ရရှိမည်ဖြစ်သည်။】
ဒါကိုကြည့်ပြီးနောက်လင်းဖန်က အနည်းငယ်ပြုံးကာ”မဆိုးပါဘူး၊ဒါတော်တော်ကောင်းတာပဲ?”
…………
ယခုအချိန်တွင် ကျန်ပေ့တက္ကသိုလ်၊ ယောက်ျားလေး ၁၀၄ အိပ်ဆောင်။
ဇောင်ချင်းဘို သည် ကွန်ပြူတာရှေ့ထိုင်ကာ ရံဖန်ရံခါ ရယ်မောနေသည်။
ထိုအချိန်တွင် သူ၏ဝမ်းကွဲ ဇောင်စီလင်းထံမှ မက်ဆေ့ချ်တစ်ခုထွက်ပေါ်လာခဲ့သည်။
ဇောင်စီလင်း: အစ်ကို၊ မင်းရှိလား။
ဇောင်ချင်းဘို: ရှိတယ်။ဘာပြောမလို့လဲ။
ဇောင်စီရှင်း- အစ်ကို မင်းမှာလင်းဖန်ရဲ့အဆက်သွယ်ကိုသိတယ်မလား။သိရင်ငါ့ကိုပေးပါ။
ဇောင်ချင်းဘိုကခဏတာ ထိတ်လန့်သွားပြီး သူမကိုမဖြေကြားမီ ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။
ဇောင်ချင်းဘို : မင်းသူ့ရဲ့ အဆက်အသွယ်အချက်အလက်ကို ဘာလို့ လိုချင်တာလဲ။ မင်းသူ့ကိုလိုက်ဖို့ကြိုးစားနေတာလား။မင်းနဲ့သူကလုံးဝမဖြစ်နိုင်ဘူး။
လင်းဖန်သည်သူအခန်းဖော်ဖြစ်သည်။
ဇောင်ချင်းဘိုသည် လင်းဖန်အကြောင်းကိုအတိအကျသိသည်။
သင်္ချာပညာရှင်ကြီး၊ ရူပဗေဒပညာရှင်ကြီး၊ ဘောဂဗေဒပညာရှင်ကြီး... ထို့အပြင်၊ သူသည် ချမ်းသာသောအာဏာရှင်ကြီးတစ်ဦးလဲဖြစ်နေသေးသည်။
ထို့အပြင် ဆရာမဟန်တီ၊ ရေခဲတောင်အလှတရား ဆောင်ကျင်းအန်း၊ အမြွှာညီအမများနှင့် အခြားသူများအားလုံးသည် လင်းဖန် နှင့် ပုံမှန်မဟုတ်သော ဆက်ဆံရေးရှိသည်။
ထို့ကြောင့်ဇောင်ချင်းဘို က သူ့ဝမ်းကွဲကိုသူမဘယ်လောက်လိုက်လိုက်အသုံးမဝင်ဘူးဟုသံယ်ဝိုက်၍ပြောလိုက်သည်။
ဇောင်စီလင်း: အစ်ကို မင်းဘာပြောနေတာလဲ။ ငါအခြေအနေငါသိပါတယ်။
ဇောင်လျင်းဘို: ကံကောင်းထောက်မစွာနဲ့ မင်းမှာကိုယ်ပိုင်အသိညာဏ်ရှိသေးတာပဲ။
ဇောင်စီလင်း :...
ဇောင်စီလင်း: အစ်ကို၊ မင်းက တကယ်ပဲ ငါ့ဝမ်းကွဲလား။
ဇောင်ချင်းဘို: ကောင်းပြီ၊ မင်းစကားထပ်ပြီးမပြောတော့ဘူး၊ ငါ မင်းကို သူ့ရဲ့ WeChat accပို့ပေးလိုက်မယ်။
ထို့နောက် သူသည်ဇောင်စီလင်း အား အာရုံမစိုက်တော့ဘဲ သူသည်ဂိမ်းကစားတာကိုပဲအာရုံစိုက်လိုက်လေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး