ဖိတ်ကြားချက်၊ငါးမန်းကော်နီ
Vol. 12 Ch. 172
“ဒင်ဒေါင်!”
လင်းဖန်သည်စိတ်ကောင်းဝင်နေသည့်အခိုက်အတန့်တွင်သူ၏ဖုန်းသည်အနည်းငယ်တုန်ခါသွားခဲ့သည်။
တစ်စုံတစ်ယောက်ကသူ့WeChat accကိုသူငယ်ချင်းအဖြစ်တောင်းဆိုတယ်ဆိုတာကိုတွေ့လိုက်သည်။
မှတ်ချက်- အစ်ကို လင်း၊ ငါက မင်းအခန်းဖော် ဇောင်ချင်းဘို ရဲ့ဝမ်းကွဲ ဇောင်စီလင်း ပါ။
လင်းဖန်သည် သူမမည်သူဖြစ်သည်ကို မမှတ်မိတော့မည်ကို သူမစိုးရိမ်နေပုံရသည်ဟုခံစားရသည်။
ထို့ကြောင့် သူမသည်မှတ်ချက်ပေးစာတစ်စောင်ကို တမင်တကာ ထည့်ခဲ့သည်။
လင်းဖန်သည် ဇောင်စီလင်းကို မှတ်မိလေသည်။ထို့ကြောင့်သူသည်အတည်ပြုသည်ဆိုတာကိုနှိပ်လိုက်သည်။
လင်းဖန်ကဇောင်စီလင်းကို ချက်ချင်းမက်ဆေ့တစ်စောင် ပေးပို့လိုက်သည်။
လင်းဖန်: မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ကောဘယ်လိုရှိလဲ။
လင်းဖန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ဇောင်စီလင်းသည်သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခြေအနေအကြောင်း ကြားသောအခါတွင် သူမတစ်ကိုယ်လုံး အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
ဇောင်စီလင်း- ငါတိုက်ရိုက်ထုတ်လွှင့်တိုင်းလူထောင်ပေါင်းများစွာကငါရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေကြတယ်။ဒါတောင်အနည်းဆုံးပမာဏသာရှိသေးတယ်။ ထို့အပြင်၊ ကျောက်ဆူးကြီးများကလဲငါနဲ့ မကြာခဏ အပြန်အလှန် ပြောဆိုကြတယ်။
ဇောင်စီလင်း- အလုပ်သမား(ဧကရာဇ်)ငါမင်းကိုကျေးဇူးတင်ပါတယ်။
ဤစကားလုံများသည် သူမ၏နှလုံးသားထဲမှလာသောစကားများဖြစ်သည်။
သူမဟာ ဒီလောက်နာမည်ကြီးရတဲ့ အကြောင်းရင်းကတော့ လင်းဖန် က သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ပါဝင်ခဲ့လို့ပင်ဖြစ်သည်။
ထို့ကြောင့်ပဲသူမ၏နာမည်သည်လဲငါးမန်းထုတ်လွှင့်မှု၏ထိတ်တန်းတွင်ပါဝင်ခဲ့သည်။
နေ့တိုင်းတွင်သူ့မ၏တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာလူဘယ်လောက်အများအပြားကလင်းဖန်ကိုမေးနေလဲဆိုတာမမှတ်မိတော့ပေ။
ပြီးတော့ ကျောက်ဆူးကြီးတွေကသာသးမကိုလင်းဖန်ကိုအကြောင်းကိုမေးနေကြသည်။
လင်းဖန်: ကျေးဇူးတင်စရာမလိုပါဘူး။
ဇောင်စီလင်း- စကားမစပ်၊ အလုပ်သမား(ဧကရယဇ်)ငါတို့ရဲ့ Shark Live သည် မနက်ဖြန် ကျန်ပေ့မြို့တွင် ပွဲတစ်ခုကျင်းပမည်ဖြစ်သည်။ အဲဒီအချိန်ကျရင် ကျောက်ဆူးကြီးတွေ အများကြီးကလဲလာမည်။ဒါကြောင့်မင်းလာမှာလား။
မနက်ဖြန်စနေနေ့ဆိုတော့လင်းဖန်တွင် ဘာမှလုပ်စရာမရှိပေ။သို့သော် သူ သည်ချက်ချင်းသဘောမတူပေ။
လင်းဖန်: ငါက ငငါးမန်း ရဲ့ကျောက်ဆူးမဟုတ်ဘူးဆိုတော့၊ငါလာလို့ရပါ့မလား။
ဇောင်စီလင်း: ရပါတယ်၊ မင်းက ငါးမန်းရဲ့ကျောက်ဆူးမဟုတ်သော်လည်း၊ မင်း၏ဂုဏ်သတင်းသည် ကျောက်ဆူးကြီးများစွာထက် ပိုသည်။
လင်းဖန်: တကယ်လား? ကောင်းပြီ၊ ဒါဆိုငါမနက်ဖြန် လာခဲ့မယ်။
ဇောင်စီလင်း: တကယ်လား?
…………
လင်းဖန်သည် ဇောင်စီလင်းနှင့် ခဏအကြာစကားစမြည်ပြောပြီးနောက်တွင် သူသည် ကျယ်ဝန်းသောကုတင်ပေါ်တွင် လှဲလျောင်းပြီး မျက်လုံးမှိတ်ကာ အိပ်ရာဝင်လိုက်လေတော့သည်။
…………
ယခုအချိန်တွင် ‘ငါးမန်းစတား’ ဟုအမည်ပေးထားသော WeChat အဖွဲ့တစ်ခုရှိသည်။
ရှောင်လင်း(ဇောင်စီလင်း) : ငါကမနက်ဖြန်ကျရင် အလုပ်သမား(ဧကရာဇ်)ကို ဖိတ်ကြားခဲ့သည်။
ဤသတင်းကို တင်ပြီးနောက်၊ ‘ငါးမန်းစတား’ ၏ WeChat အဖွဲ့တစ်ခုလုံး ချက်ချင်းဆူညံသွားတော့သည်။
ရှောင်ရှောင်: တကယ်လား? အလုပ်သမား(ဧကရာဇ်)ကမနက်ဖြန် ငါးမန်းကော်နီကိုလာမည်လား။
ရှောင်လင်း: မှန်တယ်! မနက်ဖြန်လာမယ်လို့ ကတိပေးထားတယ်။
မိုမို: အိုး!
ရှောင်အေ: အရမ်းကောင်းတယ်! ငါ့ကိုယ်တိုင်မျက်စိနဲ့ အလုပ်သမား(ဧကရာဇ်)ကို အမြဲတွေ့ချင်နေခဲ့တာ။မနက်ဖြန်ဆိုတကယ်တွေ့ရပြီ။
100- အလုပ်သမား(ဧကရာဇ်)မနက်ဖြန်လာမှာဆိုတော့သေချာပေါက်ငါသူ့ကိုဆွဲဆောင်ရမယ်။
50Dd- မင်းပြောတာမှန်တယ်။ မနက်ဖြန် ကျရင်ငါဘာဝတ်သင့်လဲ။ စကတ်လား၊ဘောင်းဘီတိုလား...အားမသိတော့ဘူး။
ရှောင်အေ: နင်တို့တွေကိုယ့်ရုပ်ကိ်မှန်နဲ့အရင်ကြည့်ပြီးမှပြောပါ။
ရှောင်ရှောင်: ငါအခုအရမ်းစိတ်လှုပ်ရှားနေတယ်၊ ငါဒီနေ့အိပ်မပျော်ဘူးလို့တောင်ခံစားရတယ်။
မိုမို: ငါ ရောပဲ။မနက်ဖြန်ကို အမြန်ရောက်စေချင်နေပြီ။
…………
နောက်တစ်နေ့။
နေသည်အရှေ့အရပ်ကနေထွက်လာခဲ့သည်။
လင်းဖန်သည်အိပ့်ရာထလာပြီးနောက် စားပွဲပေါ်တွင် အမဲသားခေါက်ဆွဲ၊ ဖက်ထုပ်ကြော်၊ ပဲနို့၊ ပြောင်းဖူးကြော်နှင့် အခြားအစားအစာများလဲ ရှိနေသည်။
ဒါကိုကြည့်ပြီးနောက်လင်းဖန်သည်အမဲသားခေါက်ဆွဲကိုစားလိုက့ရာ”အရသာကောင်းတယ်!” ဟုပြောလိုက်သည်။
ခဏကြာတော့ စားပွဲပေါ်ရှိဟင်းများအားလုံးက ပြောင်သွားလေတော့သည်။
ဒါကိုမြင်တော့ စုနမ်က ပန်းကန်တွေ အကုန်လုံးကို သိမ်းကာဆေးပြီးစီစီရီရီပန်းကန်စင်ပေါ်တွင်ထားလိုက်သည်။
ပြီးနောက်သူမစားဖို့အတွက်ဖယ်ထားသောခေါက်ဆွဲတစ်ပန်းကန်ကိုယူကာစားပွဲပေါ်သို့လာခဲ့သည်။
လင်းဖန်ကဒါကိုမြင်တော့မနေနိုင်ပဲ “မင်းမစားရသေးဘူးလား” လို့မေးလိုက်သည်။
စုနမ်ကဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
လင်းဖန် က “နောက်တစ်ခါ ကျရင်မင်းအရင်စားထားလို့ရတယ်၊ ဒယမှမဟုတ်ရင်လဲငါနဲ့အတူစားလို့ရတယ်။”
လင်းဖန်စကားကိုကြားပြီးနောက်စုနမ်က ခေါင်းငုံ့ပြီးဘာမှ ပြန်မဖြေပေ။
လင်းဖန်သည် ဤအရာသည် သူမ၏ပင်ကိုယ်စရိုက်ဖြစ်သည်ကို သိသောကြောင့် အားကိုးရာမဲ့နေခဲ့သည်။
ဒါကိုအချိန်တိုအတွင်း ပြောင်းလဲလို့မရပုံပေါ်သည်။
ထို့နောက် လင်းဖန်သည် ကားသော့ကို ယူကာ အပြင်သို့ ထွက်လာခဲ့သည်။
“ပီ”
ကားသော့ခလုတ်ကိုနှိပ်လိုက်ရာ အကွာအဝေးရှိ Pagani Fengshen(ကား)၏ ကားမီးများ လင်းလာပြီး ကြည်လင်သော အသံထွက်လာသည်။
ထို့နောက်လင်းဖန်သည်ကားထဲသို့ဝင်ပြီးအရှိန်မြှင့်စက်ကို နင်းလိုက်သည်နှင့် ကားတစ်ခုလုံး ရှေ့သို့ မောင်းသွားလေတော့သည်။
…………
ငါးမန်းကော်နီသည် Shark Live အတွက် နှစ်ပတ်လည် ပွဲကြီးတစ်ခုဖြစ်သည်။
ယခုနှစ်တွင် အင်တာနက်ကွန်ဖရင့်၏ စိတ်အားထက်သန်မှုကို အသုံးချကာ ကျန်ပေ့ဖန်ကယ်ဟိုတယ်တွင် စီစဉ်မှုများ ပြုလုပ်ခဲ့သည်။
ဖန််ဟိုတယ်တစ်ခုလုံးနီးပါးတွင် ငါးမန်းလိုဂိုများ ကိုထားရှသည်။ကော်ဇောများမှာတောင်ငါးမန်လိုဂိုများသာဖြစ်သည်။
လှပသောကျောက်ဆူးများသည် ကော်ဇောနီပေါ်သို့ တက်လှမ်းကာ အပြုံးကိုယ်စီဖြင့်ဖြင့် ရှေ့သို့ လျှောက်လှမ်းနေကြသည်။
“မိုမို၊ မင်းက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကထက်တောင် ပိုလှနေတယ်!”
“ရှောင်အေ မင်းလည်း ဒီလိုပဲ။”
…………
ကျောက်ဆူးတွေက တစ်ယောက်ကိုတစ်ယောက် ချီးကျူးနေကြပေမယ့် သူမတို့ရဲ့မျက်လုံးတွေက တစ်စုံတစ်ယောက်ကို ရှာနေသလိုမျိုး ကြည့်နေကြသည်။
မကြာခင်မှာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးကိုလူတိုင်းကအာရုံစိုက်လိုက်သည်။
“ရှောင်လင်း(ဇောင်စီလင်းကသူမရဲ့နာမည်အရင်းပါရှောင်လင်းကတိုက်ရိုက်ထုတ်လွှင့်တဲ့အခါသုံးတဲ့အမည်ပါ)၊ မင်းဒီမှာ!”
“အလုပ်သမား(ဧကရာဇ်)ဘယ်မှာလဲ”
“ဟုတ်တယ်၊ အလုပ်သမား(ဧကရာဇ်) လာမှာလား။”
ကျောက်ဆူးများသည်တယောက်ပြီး တယောက် သူမကိုမေးနေကြပြီးသူမနောက်ကိုကြည့်နေကြသည်။
ကံမကောင်းစွာပဲ၊ဇောင်စီလင်းရဲ့နောက်မှာ တစ်ယောက်မှ မရှိပေ။
ဇောင်စီလင်းက “သူက လာနေပြီလမ်းမှာတဲ့မကြာခင်မှာ ဒီကို ရောက်လိမ့်တယ်”
သူမ၏ စကားပြောပြီးမကြာမီတွင် အဝေးကနေရုတ်တရက် ခြေသံတစ်ခုထွက်ပေါ်လာသည်။
ထို့နောက် သူမတို့အားလုံးမြင်ကွင်းထဲတွင်လင်းဖန်သည် ဖြည်းညှင်းစွာ လျှောက်လာသည်။
ဒါကိုမြင်တော့ ဇောင်စီလင်းက စိတ်လှုပ်ရှားစွာနဲ့ “အလုပ်သမား(ဧကရာဇ်)မင်းလာတယ်”
ဒီစကားလုံးများကို ကြားတာနဲ့ အားလုံးက လင်းဖန်ကိုကြည့်နေကနေသတိပြန်ဝင်လာခဲ့ကြသည်။
“ဝိုး! ဒါက အလုပ်သမား(ဧကရယဇ်) လား။ အရမ်းချောတာပဲ!”
“ထင်ထားတာထက်ကို ပိုချောတယ်!”
“မိုက်လဲမိုက်တယ်!”
ကျောက်ဆူးများသည်ထို စကားများကိုပြောပြီးနောက်အားလုံးကကမန်းကတန်း နှုတ်ဆက်လိုက်ကြသည်။
“အလုပ်သမား(ဧကရာဇ်)မင်္ဂလာပါ!” မိုမိုက ပြောလိုက်သည်။
“အလုပ်သမား(ဧကရာဇ်) နင်ငါ့ကိုမှတ်မိသေးလား” ဟုရှောင်အေးက မေးလိုက်သည်။
ရှောင်ရှောင်ကလဲ က “အလုပ်သမား(ဧကရာဇ်) မင်္ဂလာပါ”ဟုနှုတ်ဆက်လိုက်လေသည်။
…………
လင်းဖန်းသည် လှပသောကျောက်ဆူးများကသူကိုယ်ဝိုင်းကာနှုတ်ဆက်သောကြောင့်လင်းဖန်သည်လဲချက်ချင်းပင်ပြန်၍နှုတ်ဆက်လိုက်လေသည်။
ထို့ကြောင့်လင်းဖန်သည်အားလုံးကို ပြုံးပြီး “မိုမို မင်္ဂလာပါ”
“”ရှောင်အေငါမင်းကိုမှတ်မိပါတယ်”
“ရှောင်ရှောင်မင်းကိုလဲမင်္ဂလာပါ။”
…………
လင်းဖန် က သူ့မတို့ကိုမှတ်မိနေသေးတာကို တွေ့လိုက်ရတော့ အလှလေးတွေ ရဲ့ မျက်နှာမှာ ချိုမြိန်တဲ့ အပြုံးလေးတွေ ပေါ်လာခဲ့ကြသည်။
ဒီအချိန်မှာ သူ့မတို့ဘေးက ဂျင်ရီခိုင် က “အလုပ်သမား(ဧကရာဇ်) မင်းနောင်မှာ ကျောက်ဆူးလုပ်မှာလား”
လင်းဖန်က “မလုပ်ပါဘူး”ဟုတုံဆိုင်းခြင်းမရှိပြန်ဖြေလိုက်သည်။
“အင်း... ဒါဆိုအရမ်းကောင်းတယ်!” ဂျင်ရီခိုင်က သူ့ရင်ဘတ်ကို ပွတ်သပ်ဖွင့်လိုက်ပြီး စိတ်သက်သာရာရနေတဲ့ အကြည့်နဲ့ပြောတယ် “ငါကငါးမန်းထုတ်လွှင့်မှုမှာနာမည်ကြီးတယ်။ငါ့မှာမင်းကိုပေးဖို့ငါရဲ့ပထမဆုံးအရာတစ်ခုရှိတယ်စိတ်ဝင်စားလဲ”ဟုမေးလိုက်သည်။
လင်းဖန်ကဒါကိုကြားမပြုံးချင်ပြုံးချင်ဖြင့်’’ကျနော်စိတ်မဝင်စားဘူး’’လို့ပြန်ပြောလိုက်သည်။
လူတိုင်းက သူ့ပုံစံကိုကြည့်ပြီး ရယ်မောလိုက်ကြသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး