ဆာဗာကိုဟက်တာလား
Vol. 12 Ch. 173
ကျောက်ဆူးအဖွဲ့တစ်ဖွဲ့နှင့် လင်းဖန်တို့သည် လမ်းလျှောက်ရင်း စကားစမြည်ပြောကာ ရံဖန်ရံခါ ရယ်မောနေကြသည်။
“အလုပ်သမား(ဧကရာဇ်)ငါမင်းကိုဒီလောက်ငယ်လိမ့်မည်ဟု မထင်ခဲ့ဘူး။” မိုမို က ပြောလိုက်သည်။
“ပြီးတော့သူကအရမ်းလဲချောတယ်။” ဟုရှောင်အေက နောက်ကနေလိုက်ပြောလိုက်သည်။
လင်းဖန်က “ဒါဆို ငါဘယ်လိုပုံစံဖြစ်သင့်တယ်လို့ မင်းထင်လဲ”ဟုသူမတို့ကိုမေးလိုက်သည်။
“မင်းက ငါ့အဖေနဲ့ အသက်တူတူလောက်ရှိမယ်လို့ငါထင်တာ” ရှောင်အေက ပြောသည်။
“ပြီးတော့ဗိုက်ကြီးပူပြီးထိပ်ပြောင်နေတယ်လို့ထင်ခဲ့တယ်” ဟုမိုမိုကဆက် ပြောလိုက်သည်။
လင်းဖန်သည် သူ့မတို့စကားကိုကြားပြီးနောက်သူ့စိတ်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားလေသည် ။
ထိုအချိန်တွင်ရှောင်အေ က သူ့မလက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး “ အလုပ်သမား(ဧကရာဇ်)မင်းကို၊ ငါ့ရဲ့ ပရိသတ်တွေ ကတွေ့ချင်တယ်လို့ မကြာခဏ ပြောဆိုတယ်။ ဒီနေ့တော့ငါကသူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပြီ”
စကားပြောပြီးနောက် သူမသည် Shark Live Room(ငါးမန်းတိုက်ရိုက်ထုတ်လွှင့်မှုအခန်း) ကိုဖွင့်ကာ သူမ၏အကောင့်သို့ အမြန်ဝင်လိုက်လေသည်။
လင်းဖန်က “ငါ့မျက်နှာကို မပြပါရစေနဲ့”ဟုရှောင်အေကိုတောင်းဆိုလိုက်သည်။
ဤသို့တောင်းရခြင်းမှာသူသည် နေ့တိုင်း စိတ်အနှောက်အယှက် မဖြစ်ဘဲ အေးအေးဆေးဆေး သက်တောင့်သက်သာ နေထိုင်ချင်လို့ပင်ဖြစ်သည်။
လင်းဖန်စကားကိုကြားပြီးနောက်ရှောင်အေကခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူမက ကင်မရာကိုကိုင်ပြီးပြုံးပြကာ”အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ!”
ရှောင်အေ သည် ငါးမန်း၏ကျော်ကြားသောကျောက်ဆူးဖြစ်ထိုက်သည်။
သူမတိုက်ရိုက်ထုတ်လွှင့်လိုက်တာနဲ့သူမရဲ့တိုက်ရိုက်ထုတ်လွှင့်အခန်းကိုကြည့်ရှုသူများသည်တစ်ဖြည်းဖြည်းတိုးလာခဲ့သည်။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော မက်ဆေ့များကလဲစခရင်ပေါ်တွင်ထွက်ပေါ်လာသည်။
ယိုယို: အိုး! ရှောင်အေကဒီနေ့တိုက်ရိုက်ထုတ်လွှင့်တာစောတာပဲ။
ဂိုလို : ရှောင်အေကိုဒီနေ့စောစောမြင်လိုက်ရလို့ငါသောက်ရမ်းကိုပျော်တယ်။
ဖန့်စ်- မင်းတို့မြင်လား။ ရှောင်အေရဲ့ဘေးမှာ... အဲဒါ မိုမိုမဟုတ်ဘူးလား။
ဝမ်နန်- ဟုတ်တယ် ဟုတ်တယ်။မိုမိုရှိယုံသာမက ရှောင်ရှောင်လဲရှိတယ်။
…………
ရှောင်က”ဟုတ်ပါတယ်၊ မင်းတို့ပြောတာမမှားပါဘူး။ ငါ့ဘေးက သူတွေက တကယ်ပဲ မိုမို၊ ရှောင်ရှောင်၊ ရှောင်လင်း... ငါတို့ ဒီနေ့ငါးမန်းတိုက်ရိုက်ထုတ်လွှင့်မှုကပွဲတော်ကြီးတစ်ခု ကျင်းပနေတာကြောင့်အတူတူတွေ့ရတာပါ”
“ဒါ့အပြင် သူတို့တင်မဟုတ်ဘူး၊ လူတိုင်းက အလုပ်သမား(ဧကရာဇ်)ကိုတွေ့ချင်ကြတယ်မလား။ သူလဲဒီနေ့ ဒီကို ရောက်နေပါတယ်”
စကားပြောနေစဉ် ရှောင်အေသည် ကင်မရာကို လင်းဖန်ထံ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။
သို့သော် သူမသည်လင်းဖန်၏အောက်ပိုင်းကိုယ်ထည်ကိုသာပရိတ်သတ်တွေကိုပြလိုက်သည်။
ရီယောင်: ဘာ???? အလုပ်သမား(ဧကရာဇ်)လဲဒီမှာရှိတာလား။
အစ်ကို ဂျန်: ရှောင်အေ မြန်မြန် ကင်မရာကိုမြင့်ပြပါအုံး။အလုပ်သမား(ဧကရာဇ်)ဘယ်လိုပုံစံရှိလဲဆိုတာသိဖို့မစောင့်နိုင်တော့ဘူး။
ရှောင်ဟောင် : ငါလဲသူဘယ်လိုပုံစံရှိလဲဆိုတာသိချင်တယ်။
…………
ထိုအချိန်တွင်၊ ရှောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ရုတ်တရက် ပြိုးပြိုးပြက်ပြက်ပြက်ပြလာသော ရွှေရောင်သတိပေးစာတစ်စောင် ပေါ်လာသည်- ဧကရာဇ်အား တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှကြိုဆိုပါတယ်။
ထို့နောက်……
ဒုံးကျည် ၁၀ လုံး။
ဒုံးကျည်၃၀။
ဒုံးကျည် ၁၀၀။
…………
ဖန်သားပြင်တစ်ခုလုံးသည်ချက်ချင်းပင်ဒုံးကျည်များဖြင့်ပြည့်သွားလေသည်။
လျန်ယန်: မိုက်လိုက်တာ။ ဒါက အလုပ်သမား(ဧကရာဇ်)ဖြစ်ထိုက်တယ်။
လုလု: အလုပ်သမား(ဧကရာဇ်)ငါမင်းကိုချစ်တယ်။
ဘန်ရှီ: ငါလည်း အလုပ်သမား(ဧကရာဇ်)ကိုချစ်တယ်။
ဟူခါတာ- စကားလုံးနှစ်လုံးပဲပြောချင်တယ်။အရမ်းမိုက်တယ်။
…………
ရှောင်အေ၏တိုက်ရိုက်ထုတ်လွှင့်မှုခန်း၏ရေပန်းစားမှုသည်အလွန်မြင့်တက်လာခဲ့သည်။
မိုမို၊ ဂျင်ရီခိုင်၊ ဇောင်စီလင်း နဲ့ သူမတို့ဘေးနားက တခြားသူတွေက ဒါကိုမြင်လိုက်ကြတယ်... သူတို့မျက်လုံးတွေ နည်းနည်းနီသွားပြီး သူမတို့သည်တစ်ယောက်ပြီးတစ်ယောက်တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်ကြသည်။
မိုမို: ဒီနေ့၊အလုပ်သမား(ဧကရာဇ်) ကိုတွေ့ခွင့်ရတဲ့အတွက်အရမ်းကိုပျော်တယ်၊ ပြီးတော့သူက ငါထင်ထားတာထက် ပိုချောတယ်။
ရှောင်လင်း: ဒီနေ့ငါလဲအရမ်းပျော်တယ်။ အလုပ်သမား(ဧကရာဇ်)နဲ့ တွေ့ခွင့်ရတဲ့အတွက်။ပြီးတော့ ကျောက်ဆူးကြီးတွေ အများကြီးကိုလဲတွေ့ရတယ်။
…………
ထို့နောက် မိုမို၊ ဂျင်ရီခိုင်၊ ရှောင်လင်းနှင့် အခြားသူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းများတွင် အချက်ပြမက်ဆေ့ခ်ျများ တစ်လှည့်စီ ပေါ်လာကြသည်။
အလုပ်သမား(ဧကရာဇ်)ကိုတိုက်ရိုက်ထုတ်လွှင့်သည့်အခန်းကနေကြိုဆိုပါတယ်ဆိုတဲ့မက်ဆေ့ပင်ဖြစ်သည်။
ပြီးတာနဲ့ ချက်ချင်း...
ဒုံးကျည်၁၀။
ဒုံးကျည်၅၀။
ဒုံးကျည်၁၀၀။
...
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအားလုံးတွင် ဒုံးပျံမိုးများသည်ထန်စွာရွာသွန်းခဲ့သည်။
ဤအခြေအနေသည် မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
ရုတ်တရက်၊ ငါးမန်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာလည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
မြင့်တက်မှုသည် Shark Live ဆာဗာကိုပင် သက်ရောက်မှုရှိခဲ့သည်။
နည်းပညာဒါရိုက်တာက “ဘာဖြစ်တာလဲ၊ ဟက်ကာတစ်ယောက်က ဆာဗာကို တိုက်ခိုက်တာလားမြန်မြန်စစ်ကြည့်စမ်း”ဟုဘေးကသူတွေကိုပြောလိုက်သည်။
ထို့ကြောင့် နည်းပညာရှင်များသည် လျင်မြန်စွာ အလုပ်များလာတော့သည်။
ဒီဟာတွေကိုလင်းဖန်သည် သဘာဝကျကျ မသိပေ။
ယခုအချိန်တွင် သူသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းများစွာတွင်ဒုံးပျံများကို အဆက်မပြတ် ပေးနေသည်။
မူလက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏အကောင့်တွင် ငါးမန်းဒင်္ဂါးပြား သန်းရာနှင့်ချီရှိခဲ့ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က နောက်ထပ် သန်း 100 ရရှိခဲ့သည်။
ဤငါးမန်းဒင်္ဂါးများသည်သူ့အတွက် အသုံးမဝင်ပေ။
ထို့ကြောင့်သူကသည်ဒီဒင်္ဂါးပြားတွေနဲ့သူမတို့ကိုဆုချရခြင်းဖြစ်သည်။
လင်းဖန်သည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းများစွာကိုဒုံးကျည် ၁၀၀၀ စီပေးပြီးနောက်သူသည်တဖြည်းဖြည်း ဒုံးကျည်ျပးတာကိုရပ်တန့်သွားသည်။
“ကျေးဇူးတင်ပါတယ် အလုပ်သမား(ဧကရာဇ်)!” မိုမိုက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ရှောင်အေ က “ငါလဲကျေးဇူးတင်ပါတယ်အလုပ်သမား(ဧကရာဇ်)!”
“ကျေးဇူးတင်ပါတယ် အလုပ်သမား(ဧကရာဇ်)” ဇောင်စီလင်းက လဲဝမ်းသာအားရပြောသည်။
ခဏကြာတော့ သူမတို့ စားသောက်ဆိုင်တစ်ဆိုင်ကို ရောက်လာကြသည်။
အသားကင်များ၊ဘာညာ...အားလုံးကိုရနိုင်ပါသည်။
လေထဲမှာလည်း အသားနံ့တွေနဲ့ပဲပြည့်နေလေသည်။
ဂျင်ရီခိုင်က ဝိုင်နီ ထည့်ထားသောဖန်ခွက်ကြီးကိုကိုင်ပြီး “ဒီနေ့ အလုပ်သမား(ဧကရာဇ်)ကိုငါ့တို့ကျေးဇူးတင်တဲ့အနေနဲ့ကမ်းပေ့’’ဟုပြောလိုက်သည်။
“ကမ်းပေ့” ဟုလူတိုင်းက ပြောလိုက်သည်။
လင်းဖန်သည် လဲကမ်းပေ့လုပ်ကာဝိုင်ဖန်ခွက်ကိုယူကာ ဝိုင်ကို ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။
လင်းဖန်၏ဝိုင်သောက်သည့် အပြုအမူအားလုံးကို လှပသောကျောက်ဆူးများ၏ မျက်လုံးများတွင် မြင်တွေ့လိုက်ရသောကြောင့်သူမတို့၏ မျက်နှာပေါ်တွင် အနီရောင် များပင်သန်းလာခဲ့သည်။
တစ်ဖက်မှရှောင်ရှောင်သည်လင်းဖန်အားလှိုက်လှိုက်လှဲလှဲဖြင့် “အလုပ်သမား(ဧကရာဇ်)ငါ့ကိုဆုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟုပြောလိုက်သည်။
ဒီကျေးဇူးတင်စကားကို သူမပြောချင်တာကြာပြီဖြစ်သည်။
ရှောင်ရှောင် သည် တိုက်ရိုက်ထုတ်လွှင့်ခြင်းကို နှစ်သက်သော်လည်း သူမ၏မိသားစုကမူဤသို့တိုက်ရိုက်ထုတ်လွှင့်ခြင်းကိုခွင့်မပြုပေ။
ဘာကြောင့်လဲဆိုတော့ သူမ၏မိသားစု၏ဝင်ငွေမှသိမ်မရှိသောကြောင့်သူမ၏မိသားစုကသူ့မကိုအကျိုးရှိတဲ့အလုပ်သာလုပ်ခိုင်းချင်သည်။(ပြောချင်တာကသူမမိဘတွေကတိုက်ရိုက်ထုတ်လွှင့်တာကအချိန်ကိုဖြုန်းနေသည်ဟုသာထင်သည်။)
လင်းဖန်၏ဆုကြောင့်သာသူမသည်လူသိများကျော်ကြားပြီးငွေကြေးများစွာကိုလဲရရှိခဲ့သည်။
လင်းဖန် က ပြုံးပြီး “ရပါတယ်” လို့ ပြန်ပြောလိုက်သည်။
“ဒင့်..ဘတ်စ်..ဒူး....”
ထိုအချိန်တွင် ကျယ်ဝန်းသော ထမင်းစားခန်းထဲတွင် မြူးမြူးကြွကြွ သီချင်းသံများ ထွက်ပေါ်လာခဲ့သည်။
မိုမို က “ဒါက “Elopement to the Moon(အဲလိုပီမန့်တူတဲမွန်း)” ပဲ၊ ဒီသီချင်းကို ငါအရမ်းကြိုက်တယ်။
ထို့နောက် ချက်ချင်းပင် သူမသည်လင်းဖန်ဘက်လှည့်ကာ “အလုပ်သမား(ဧကရာဇ်)၊ ဒီသီချင်းကို အတူတူဆိုရအောင်၊ အဆင်ပြေလား” လို့ မေးလိုက်သည်။
လင်းဖန်က တုံ့ဆိုင်းနေပြီး “ရပါတယ်၊ ဒါပေမယ့် ရပါတယ်... ဒါပေမယ့် သီချင်းစာသားတော့ မမှတ်မိဘူး...”
“ကိစ္စမရှိပါဘူး၊ ငါ့ဖုန်းထဲမှာ စာသားတွေရှိတယ်။” မိုမိုက ဝမ်းသာအားရ ပြောလိုက်သည်။
သူမသည်စကားပြောပြီးသောအခါတွင် လင်းဖန်၏လက်ကို ကိုင်ကာ ရှေ့စင်မြင့်ဆီသို့ အမြန်လျှောက်သွားခဲ့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး