← Chapters

မိန်းမတွေကိုအနိုင်ကျင့်သောဘဲကြီး

Vol. 12 Ch. 174

မိန်းမတွေကိုအနိုင်ကျင့်သောဘဲကြီး

Vol. 12 Ch. 174

မိုမိုသည် ပရိသတ်သန်းပေါင်းများစွာရှိသည့် ငါးမန်း ပလပ်ဖောင်း၏ အဓိကကျောက်ဆူးဖြစ်ပြီး အလွန်ရေပန်းစားသည်။

မိုမိုသည်တခြားသူတစ်ဦးရဲ့လက်ကို ကိုင်ဖို့ အစပြုခဲ့တာကို သူမပရိသတ်တွေသိခဲ့ရက်သူတို့၏အမူအရာသည်မယုံနိုင်သောပုံစံဖြစ်မည်မှာသေချာသည်။

သို့သော်လည်း ယခုအချိန်တွင် မိုမိုသည်အနည်းငယ်ပြုံးနေသည်။

ဒါကိုမြင်သောအခါရှောင်အေ၊ ရှောင်ရှောင် နှင့် အနီးနားတွင် ရပ်နေသော အခြားသူများမှာ ဝမ်းနည်းခြင်း ကို ခံစားလိုက်ရသည်။

လင်းဖန်သည်သူမတို့၏စိတ်ကိုမသိပေ။

ထို့အချိန်တွင်လင်းဖန်နှင့် မိုမိုတို့သည် နောက်ဆုံးတွင် စင်မြင့်ပေါ်သို့ ရောက်လာခဲ့သည်။

မိုမိုသည်သူမ၏ပန်းရောင်ဖုန်းကို အမြန်ထုတ်ကာ “Eloped to the Moon” သီချင်းစာသားကို ဖွင့်လိုက်သည်။

အားလုံးရဲ့မျှော်လင့်ချက်အောက်မှာ လင်းဖန်က သီချင်းစာသားကိုသီဆိုလေသည်။

“ဘာဘာ.....ညာညာ...ဘာညာ...ဘာ....”

လင်းဖန်သည်အသံသည်လုံးဝကိုနားထောင်လို့ကောင်းကာနိုင်ငံကျော်နာမည်ကြီးအဆိုတော်အသံဖြစ်သည်။

ဒီနေရာရှိလူများအားလုံးသည်ငါးမန်း ပလပ်ဖောင်း၏ကျောက်ဆူးကြီးများဖြစ်ကြပြီး နေ့စဉ်သီချင်းများစွာကို သီဆိုကြသည်။

သူမတို့၏သီဆိုမှုစွမ်းရည်သည် နာမည်ကြီးတချို့ထက် မနိမ့်ဘူးလို့ ထင်တယ်။

ဘာလို့ဆိုသူမတို့သည်သီချင်းများစွာကိုနေ့တိုင်းသီဆိုနေသောကြောင့်သူမတို့သည်ပရိတ်သတ်တွင်နားထောင်လို့ကောင်းအောင်သူမတို့၏အသံကိုအမျိုးမျိုးပြောင်းကာသီဆိုကြသည်။

ဒီလိုမှမဟုတ်ရင် သူမတို့ဟာ ပရိသတ်များစွာကို ဆွဲဆောင်နိုင်မှာ မဟုတ်ပေ။

သို့သော် လင်းဖန်၏သီဆိုသံကို ကြားလိုက်ရသောအခါတွင်တော့ သူမတို့သည်ရှက်စိတ်နှငိ့သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။

သူ့ဘေးတွင်ရပ်နေသော မိုမို သည် လင်းဖန်၏သီဆိုမှုကြောင့် ပို၍ပင် အံ့သြသွားခဲ့သည်။

ခဏအကြာတွင် သူမသည်လဲ သီချင်းကိုဆိုလေသည်။

“ဘာဘာ...ညာဘာ..ညာဘာ..ဘာဘာ.ညာ...”

…………

သီချင်း၏နောက်ဆုံးစာကြောင်းကိုဆိုပြီးသွားသောအခါ စားသောက်ဆိုင်တစ်ဆိုင်လုံး ချက်ချင်းပင်လက်ခုပ်သြဘာသံနှင့် ပြည့်နက်သွားသည်။

“အလုပ်သမား(ဧကရာဇ်) မင်းသီချင်းအရမ်းကောင်းတယ်!” ဟုမိုမို က ပြောလိုက်လေသည်။

“မူရင်းဗားရှင်းထက်တောက်ကောင်းသေးတယ်” ဟုရှောင်အေ က ပြောသည်။

“အလုပ်သမား(ဧကရာဇ်)၊ မင်းကျောက်ဆူးဖြစ်နေသရွေ့တော့ မင်းသေချာပေါက် နာမည်ကြီးမယ်လို့ ငါအာမခံတယ်!” ဂျမ်ရီခိုင်က ပြောလိုက်သည်။

ကျောက်ဆူးအဖြစ်?

တစ်ချို့လူတွေက ဝါသနာကြောင့်လုပ်တာ။

တချို့လူတွေက နာမည်ကြီးချင်လို့လုပ်ကြသည်။

အများစုကတော့ပိုက်ဆံရှာချင်လို့ပင်ဖြစ်သည်။

သို့သော် ယင်းတို့ကြောင့်လင်းဖန်၏အာရုံကိုလုံးဝ မဆွဲဆောင်နိုင်ပေ။

ဒါကြောင့် လင်းဖန်က ခေါင်းခါပြီး “ငါကျောက်ဆူးမဖြစ်ချင်ဘူး” လို့ ပြောလိုက်သည်။

“အို ဒါဆို အလှလေးတွေ အားလုံး ဒီကို ရောက်နေကြပြီပေါ့” အဝေးကနေအေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဘောင်းဘီတိုနှင့် ကာတွန်းဝတ်စုံဝတ်ထားသောပိန်လှီသော အမျိုးသားတစ်ဦးသည် လူတိုင်းရှေ့တွင် ပေါ်လာခဲ့သည်။

“ငါ့ကိုယ်ငါမိတ်ဆက်ဖို့မေ့သွားတယ်။ ငါက ဂန်ကျောက်ပါ။ အေလန်အဖွဲ့ကငါတို့မိသားစုပိုင်တာ”ဟုပြောလိုက်သည်။

ဒီစကားကိုပြောပြီးတာနဲ့ တပြိုင်နက် တက်ရောက်လာသူအားလုံးရဲ့ မျက်နှာတွေဟာ လေးနက်တဲ့ အမူအရာတွေထွက်ပေါ်လာခဲ့သည်။

အေလန်သည် ဘီလီယံပေါင်းများစွာတန်သော စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သည့်သူတို့အဖွဲ့သည် ဟိုတယ်၊ အိမ်ခြံမြေနှင့် ဖျော်ဖြေရေးစသည့် လုပ်ငန်းအများအပြားတွင် ပါဝင်လျက်ရှိကြသည်။

အေလန်အဖွဲ့သည်Shark Live ၏ရှယ်ယာရှင်များထဲမှတစ်ဉီးဖြစ်ကြောင်းသူမတို့သိသည်။

သူမတို့ရှေ့မှာရှိသောဂန်ကျောက်သည်သေချာပေါက်အကောင်ကြီးကြီးဖြစ်သည်။

ဂန်ကျောက်သည် ကျောက်ဆူးများ၏ တုံ့ပြန်မှုကို ကြည့်ပြီး သူ့သည် အနည်းငယ်ပြုံးလိုက်သည်။

ပြီးတော့ သူက “အိုး၊ မင်း တို့ဒီမှာ သီချင်းဆိုနေကြတာလား။ငါ သီချင်းဆိုရတာ ကြိုက်တယ်၊ မိုမို လာ၊ အတူတူ သီချင်းဆိုရအောင်!”

စကားပြောပြီးနောက်သူက လင်းဖန်ကို ဘေးသို့ တွန်းလိုက်သည်။

လင်းဖန်က အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှမပြောပေ။

မိုမိုကလင်းဖန်ကို တောင်းပန်သောအကြည့်ဖြင့်ကြည့်လိုက်သည်။သူမသည်ဂန်ကျောက်နဲ့တွဲပီးသီချင်းမဆိုချင်ပေ။

ဒါပေမယ့် တခြားသူရဲ့ နောက်ခံက အရမ်းကောင်းတာကြောင့် မငြင်းနိုင်ပေ။

ဂန်ကျောက် သည် မိုက်ခရိုဖုန်းကိုယူကာ “The Roof” သီချင်းကို ဖွင့်လိုက်ပြီးအော်ဆိုလိုက်သည်။

သူဆိုလိုက်သောအသံသည်နားထောင်သူများ၏စိတ်ထဲတွင်ကျီးကန်းအသံနောင်မှသူထက်ကောင်းမည်ဟုခံစားလိုက်ရသည်။

သးအသံကြောင့်လဲမိုမိုသည်သီချင်းစာသားများတောင်အနည်းငယ်မှားသွားခဲ့လေသည်။

သီချင်းဆိုပြီးသောအခါဂန်ကျောက်သည်စင်မြင့်ပေါ်မှ အောက်သို့အမြန်လျှောက်လာကာ ဝိုင်နီခွက်ကြီးနှစ်ခွက်ထဲသို့ဝိုင်ကိုလောင်းထည့်ကာ “မိုမို လာသောက်ကြည့်ပါ။ဒီဝိုင်ကတော်တော်ကောင်းတယ်”

မိုမိုက ဝိုင်ခွက်ကြီးကို ကြည့်ပြီး တုံ့ဆိုင်းသွားကာ “ မစ္စတာဂန်၊ ပွဲကလဲရှိသေးတယ်ဆိုတော့ငါမူးနေရင် မကောင်းဘူး လေ” လို့ပြောလိုက်သည်။

သူမစကားကြားပြီးနောက်ဂန်ကျောက်က “ဘာလဲမင်းကငါ့ကိုမျက်နှာသာမပေးတာလား”

ဒီစကားကိုကြားပြီးနောက်မိုမိုသည် အံကြိတ်ကာ “ဒါဆို ဒီတစ်ခွက်ကို ပဲငါသောက်မယ်၊ ဒီတစ်ခွက်ပြီးရင်ငါထပ်မသောက်ဘူး”

ဂန်ကျောက် က ခေါင်းညိတ်ပြလိုက်သည်။

မိုမိုက ဒါကိုမြင်ပြီးနောက်သူမက ဝိုင်တစ်ခွက်လုံးကို သူမ၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

ဝိုင်တစ်ခွက်သောက်ပြီးနောက် သူမ၏လှပသောမျက်နှာတစ်ခုလုံး သည်ချက်ချင်းနီရဲလာတော့သည်။

“ကောင်းပြီ ဟားဟား!” ဒါကိုမြင်သောအခါဂန်ကျောက် က ဝမ်းသာအားရ အော်ပြောလိုက်သည်။

ထို့နောက် ဝိုင်ခွက်အနည်းငယ်ကို ယူကာ ရှောင်အေ၊ရှောင်လင်း၊ရှောင်ရှောင်၊မိုမိုတို့အား အသီးသီး ပေးအပ်ပြီး “မင်းတို့အားလုံးက ငါအနှစ်သက်ဆုံး အလှလေးတွေပါ။ ဒီနေ့ မင်းတို့ကို တွေ့ရတာ အရမ်းဝမ်းသာတယ်။”

“လာ၊ အတူတူသောက်ရအောင်!”လို့ပြောလိုက်သည်။

သူပြောစကားကြောင့်လေးယောက်လုံး တုံ့ဆိုင်းသွားကြသည်။

သူတို့အားလုံးဟာ သာမန်မိန်းကလေးတွေဖြစ်ပြီး ဝိုင်ကိုမသောက်နိုင်ကြပေ။

သို့သော်လည်း ဂန်ကျောက်၏နောက်ခံကြောင့် သူမတို့သည် ဝိုင်ကိုသောက်လိုက်သည်။

ဒါပေမယ့်မိုမိုကတော့ဝိုင်တစ်ခွက်ကိုသောက်ထားသောကြောင့် နည်းနည်းမူးနေခဲ့သည်။

နောက်တစ်ခွက်ကိုသောက်လိုက်ရင် သူမလုံးဝမူးသွားမည်ဖြစ်သည်။

ဒါကြောင့် သူမကပါးစပ်ကိုဖွင့်ပြီး “ငါခုနကသောက်ပြီးပြီလေ၊အခု တကယ်မသောက်နိုင်တော့ဘူး”ဟုပြောလိုက်သည်။

ဂန်ကျောက် ရဲ့မျက်နှာက မည်းမှောင်နေပြီး “ဘာလဲငါတို့ပထမအကြိမ်တွေ့တာကိုမင်းကမျက်နှာသာမပေးဘူးလား” လို့ပြောလိုက်သည်။

“မျက်နှာသာမပေးတာမဟုတ်ပါဘူး။ငါးမန်းပွဲရှိသေးတယ်” လို့မိုမို က ပြောသည် ။

“မင်းက အဓိကကျောက်ဆူးဖြစ်တယ်ဆိုတော့ငါ့ကို မျက်စိထဲမထည့်ထားဘူးထင်တယ်။ မင်းအကြောင်း မစ္စတာလီကို ပြောစရာလိုနေပုံရပြီး သူ့ကိုငါကမင်းရဲ့တိုက်ရိုထုတ်လွှင့်မှုကို ကန့်သတ်ခိုင်းလိုက်မယ်..ဟမ်!” ဂန်ကျောက်ကအေးစက်စက်ပြောလိုက်သည်။

ဒါကိုကြားတာနဲ့ မိုမိုလေးရဲ့ လှပတဲ့ မျက်နှာလေး ဟာဖြူဖျော့သွားလေသည်။

မစ္စတာလီသည် Shark Live ၏ စစ်ဆင်ရေးဒါရိုက်တာဖြစ်သည်။

မိုမိုသည် ယခုအခါ သန်းနှင့်ချီသော ပရိတ်သတ်များနှင့်အတူ ကြီးမားသောကျောက်ဆူးတစ်ခုဖြစ်လာခဲ့သည်။

သို့သော်၊ ဒါရိုက်တာလီ သည် သူမ၏တိုက်ရိုက်ထုန်လွှင့်အခန်းကိုကန့်သန့်ထားလိုက်ရင်အချိန်ကြာလာသည်နှင့်အမျှသူမ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။

သူ့ဘေးမှာ ရပ်နေတဲ့ လင်းဖန်က “မင်းကမိန်းမတွေကို အနိုင်ကျင့်တာကိုပဲ သိတဲ့ ယောက်ျားကြီးပဲ။”ဟုမနေနိုင်ပဲပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန် -စောင်​ချောကြီး

All Chapters