နှင်ထုတ်ခြင်း
Vol. 12 Ch. 175
လင်းဖန် သည် မိုမိုနှင့် အခြားသူများကိုသူ၏သူငယ်ချင်းများအဖြစ် မှတ်ယူထားသည်။
ဒီဂန်ကျောက်သည်သူမတို့မသောက်ချင်သည့်ဟာကိုအတင်းသောက်ခိုင်းခိုင်းသောအခါတွင်သူကလဲဒီတိုင်းထိုင်မနေနိုင်တော့ပေ။
“ကောင်လေး၊ မင်းက ဘာကောင်ကောင်မို့လို့ငါ့ကိုလာပြောတာလဲ..ဟမ်” ဂန်ကျောက် က လင်းဖန်ကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
မိုမို၊ ရှောင်ရှောင်၊ ရှောင်အေ၊ ရှောင်လင်းနဲ့ သူ့ဘေးနားက တခြားလူတွေက ဂန်ကျောက်ရဲ့ စကားတွေကိုကြားပြီးနောက်သူမတို့ရဲ့ လှပတဲ့ မျက်နှာတွေသည် ဖြူရော့်သွားလေသည်။
လင်းဖမ်သည် လူသိများသော ငါးမန်းတိုက်ရိုက်ထုတ်လွှင့်မှု၏အလုပ်သမား(ဧကရာဇ်) ဖြစ်သောကြောင့်သူ့၏မိသားစုသည်ချမ်းသာမည်ဖြစ်သည်။
သို့သော်လည်းဂန်ကျောက်၏ မိသားစုသည် စျေးကွက်တန်ဖိုး ဘီလီယံပေါင်းများစွာရှိသော ဧရာမအကောင်ကြီးပင်ဖြစ်သည်။လင်းဖန်ကသူ့ကိုမယှဉ်နိုင်ဘူးထင်သည်။
ပဋိပက္ခတွေဖြစ်လာရင်လင်းဖန်ကသာအထိနာမည်ဖြစ်သည်။
မိုမို သည် ယခုအချိန်တွင်လင်းဖန် ကသူမအတွက်ပြောပေးတာကိုကျေးဇူးတင်သော်လည်းဤကိစ္စတွင်လင်းဖန်ကိုမပါဝင်ခိုင်းချင်ပေ။
ဒီတော့ သူမက ကမန်းကတန်း “မစ္စတာဂန် သူက မင်းကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ပြောတာမဟုတ်ဘူး... အဲဒီဝိုင်ကိုငါသောက်ပါမယ်...”
စကားပြောပြီးနောက်သူမသည်စပျစ်ရည်ဝိုင်ကို ကောက်ယူပြီး ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
သူမကုန်အောင်မသောက်ရသေးခင်မှာဂန်ကျောက်ကသူမသောက်နေတာကိုရပ်တန့်ခဲ့သည်။
“မိုမို၊ သူကမင်းကို မသောက်ခိုင်းချင်ဘူးလေ၊ဒီတော့မင်းမသောက်နဲ့”
ထို့နောက်ဂန်ကျောက် က ဝိုင်နီနှစ်ပုလင်းကို ကောက်ယူလိုက်ပြီး လင်းဖန် ကို လက်ညှိုးထိုးပြကာ “မင်းဒါကိုကုန်အောင်သောက်နိုင်ရင်ယခုကိစ္စကိုမေ့ပေးမယ်။မကုန်ရင်တော့... ဟင့်အင်း!”
ဝိုင်နှစ်ပုလင်း?
သိရန်လင်းဖန်သည် ဝိုင်နှစ်ပုလင်းမပြောနဲ့ ဝိုင်ပုလင်းနှစ်ဆယ်တောင်ရေသောက်သလိုသောက်နိုင်သည်။
ဒါပေမယ့် ရန်ကျောက်က သူ့ကို သောက်ခိုင်းတာဆိုတော့သူကဘာလို့သောက်ရမှာလဲ။
လင်းဖန် က ဂန်ကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး “မင်းပြောတဲ့အတိုင်းငါပြောမယ်။ မင်းလက်ထဲမှာ ဝိုင်နှစ်ပုလင်းကို မင်းကုန်အောင်သောက်ပြီးတာနဲ့ ငါ ဒီကိစ္စကိုမေ့ပေးမယ်။ဘယ်လိုလဲ”
“မင်းကငါ့ကိုအဲ့လိုပြောတာလား။ကောင်းပြီ၊ မင်းဘယ်လိုငါ့က်ုလုပ်မလဲဆိုတာ ငါကြည့်ချင်တယ်” ဂန်ကျောက် သည် ရယ်စရာအကောင်းဆုံးဟာသကိုကြားလိုက်သလိုမျိုးတဟားဟားရီဟာပြောလိုက်သည်။
ထိုအချိန်တွင် အဝေးမှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။
လင်းဖန်တို့သည်၀တ်စုံနဲ့ ဖိနပ်ဝတ်ထားတဲ့ အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး နှစ်ယောက် အဝေးကလာနေတယ်ဆိုတာကိုတွေ့လိုက်သည်။
ဤလူများကိုမြင်ပြီးနောက်ဂန်ကျောက်သည်သူ၏မျက်လုံးများ အနည်းငယ် တောက်ပလာပြီး “ဒန်ကျူ၊ မစ္စတာလီ၊ မင်းကို ဒီမှာတွေ့ဖို့ ငါ မမျှော်လင့်ထားဘူး။ ငါက အေလန်ရဲ့ ဥက္ကဌ ဂန်ဖန်ရဲ့သားဂန်ကျောက် ပါ!”
ထို့နောက် သူသည် လင်းဖန်ကို တိုးတိုးလေးဖြင့်”ကောင်လေး၊ မင်း အခုနောင်တရနေပြီမလား။စိတ်မကောင်းစရာပဲမင်းနောင်တရလဲအသုံးမဝင်တော့ဘူး”ဟုပြောလိုက်သည်။
မိုမိုတို့သည်ဂန်ကျောက်နှုတ်အသံကြားပြီးနောက်သူမတို့ငည်လင်းဖန်အတွက်စိုးရိမ်သွားခဲ့သည်။
ဒန်ကျု၊ ဤသူသည် Shark Live ၏ သူဌေးဖြစ်သည်။
မစ္စတာလီ သည် အစောပိုင်းက ဂန်ကျောက်ပြောခဲ့သောစစ်ဆင်ရေးဒါရိုက်တာပင်ဖြစ်သည်။
ယခုအခါ ဖန်ကယ်ဟိုတယ်တစ်ခုလုံးကို Shark Live ကငှားထားသည်။ အဆိုးဆုံးခဲ့တော့ ဤလူအုပ်စုသည် ဂန်ကျောက်နှင့် ပို၍ရင်းနှီးတယ်ဆိုတာပင်ဖြစ်သည်။
ဂန်ကေိာက် က သူ့အဝတ်အစားတွေကိုသန့်သန့်ရပ်ရပ်လုပ်ကာရှေ့သို့ခြေတစ်လှမ်းတိုးသွားပြီး “မစ္စတာဒန်ကျူ ၊ ငါ့အဖေက မင်းဆီကနေ သင်ယူရမယ်လို့ပြောထားတယ်။မထင်မှတ်ပဲဒီနေ့တော့မစ္စတာဒန်ကျူနဲ့တွေ့ရပြီ”
စကားပြောပြီးနောက်ဂန်ကျောက် သည် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော်ဒန်ကျူသည်သူ့ကိုမမြင်သလို၊မကြားသလိုမျိုးနေကာဂန်ကျောက်ကိုကျော်ပြီးလင်းဖန်ထံသို့ လျှောက်သွားသည်။
ထို့နောက်ဒန်ကျူသည် သူ၏ကိုယ်ကိုအနည်းငယ် ကွေးညွတ်ကာ လက်ကို ဆန့်တန်းပြီး ပြုံးကာ “မစ္စလင်း၊ မင်္ဂလာပါ၊ မင်းကိုဒီမှာ တွေ့ရတာ ဝမ်းသာပါတယ်။”ဟုပြောလိုက်သည်။
ဒီစကားကိုကြားပြီးနောက်နေရှိလူများအားလုံးရုတ်တရက် တိတ်ဆိတ်သွားကာဒီမြင်ကွင်းကို အားလုံးက ကြောင်တောင်တောင်နဲ့ ကြည့်နေကြသည်။
ဒန်ကျူသည်Shark Live ၏ဥက္ကဌသည် ဖြစ်သည်။သူကလင်းဖန်ကိုသိနေသည်။
ဒါ့အပြင် သူက လင်းဖန် ကို မြောက်ပင့်တဲ့လေသံပြောနေသည်။
လင်းဖန်သည်လဲဒန်ကျူ၏လေသံကြောင့်အံသြသွားသည်။ထို့ကြောင့်လင်းဖန်သည်ဒီ အကြောင်းကို ခဏလောက်စဉ်းစားလိုက်တဲ့အခါမှာတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန်ပေ့ဟိုတယ် မှာရှောင်လန်၊ ရှောင်လူနဲ့ တခြားသူတွေနဲ့တွေ့တုန်းကဒန်ကျူလဲပါတယ်ဆိုတာကိုသတိရလိုက်သည်။
ဒန်ကျူက သူ့ကို ယဉ်ကျေးစွာ ဆက်ဆံသည်။
လင်းဖန်က လဲသူ၏လက်ကိုဆန့်ပြီး “ဒန်ကျူ၊ မင်္ဂလာပါ” လို့ပြောလိုက်သည်။
နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
လင်းဖန်ကလက်ဆွဲနှုတ်ဆက်သောကြောင့်ဒန်ကျူ ၏ မျက်နှာသည် စိတ်လှုပ်ရှားမှု အပြည့်ရှိသွားသည်။
ရှောင်လန်နှင့်ရှောင်လူတို့သည် လင်းဖန်အပေါ် မည်မျှ ယဉ်ကျေးစွာဆက်ဆံနေသည်ကိုကို ရှင်းရှင်းလင်းလင်း သူမှတ်မိနေသေးသည်။
စားသောက်တုန်းကတောင်ထိပ်ဆုံးထိုင်ခုံကိုတောင်ပေးထိုင်ခဲ့ကြသည်။
ဒန်ကျူ ၏အမြင်တွင် လင်းဖန်သည် သူ့ကိုယ်သတိရသွားပြီး လက်ဆွဲနှုတ်ဆက်လိုက်သောကြောင့်ဒီဟာသည် ဂုဏ်ယူစရာပင်ဖြစ်သည်။
ဒန်ကျူ- “မစ္စတာလင်း ဒီနေ့ ငါတို့ရဲ့ ငါးမန်းတိုက်ရိုက်ပွဲတော်ကို လာမယ်ဆိုတာ သိခဲ့ရင် မင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ ဧည့်ခံပွဲကျင်းပဖို့ ငါစီစဉ်ပေးမှာ’’
လင်းဖန်က “ရပါတယ်။ငါဒီကိုလာတယ်ဆိုတာကငါ့သူငယ်ချင်းတွေရဲ့ ဖိတ်ခေါ်မှုကြောင့်လာခဲ့တာ”
ဒန်ကျူသည်ဒါကို ကြားသောအခါ သူ့မျက်လုံးများ အနည်းငယ် တောက်ပလာတော့သည်။
သူငယ်ချင်း?
လင်းဖန်သည် သူ၏ shark liveတွင် သူငယ်ချင်းရှိသည်။
ဒါဟာ သူ့အတွက် သေချာပေါက် သတင်းကောင်းပင်ဖြစ်သည်။
လင်းဖန် က ဂန်ကျောက် ကို လက်ညှိုးထိုးပြပြီး “မင်း သူ့ကို သိလား” ဟု မေးလိုက်သည်။
ဒန်ကျူ သည်ဂန်ကျောက်ကလင်းဖန်ရဲ့သူငယ်ချင်းလို့ထင်ပြီး “သိပါတယ် ၊ သူ့အဖေက အေလန်ရဲ့ ဥက္ကဌပါ ၊ သူအဖေက အရမ်းတော်တယ်ဒါကြောင့်သူလဲအရမ်းတော်......”
လင်းဖန် သူ့စကားပြီးဆုံးအောင်မစောင့်ဘဲ ‘’ဒီဂန်ကေိာက် က အခုပဲ ငါ့သူငယ်ချင်းကို တမင်တကာ အရှက်ရစေခဲ့ပြီး သူက ငါ့ကို တောင်ခြိမ်းခြောက်နေတယ်’’
ဤစကားထွက်လာသည်နှင့် တပြိုင်နက် ဒန်ကျူ၏နှလုံးသည် အနည်းငယ်တုန်ခါသွားတော့သည်။သည်။
ချက်ချင်းပင်သူ၏နဖူးမှာလဲချွေးတွေထွက်လာသည်။
သူသည်။ခုအချိန်အတွင်နောင်တရသွားသည်။လင်းဖန်ကိုအရှက်ခွဲတဲ့သူကိုသူကချီးကျူးစကားပြောခဲ့သည်။
ထိုအကြောင်းတွေးမိပြီးဒန်ကျူက သူ့ပါးစပ်ကြီးကိုပိတ်ရိုက်ချင်သွားသည်။
ယခုအချိန်တွင်ဂန်ကျောက်သည်လင်းဖန်ကိုဒန်ကိုပြောသည့်ပုံစံကိုကြည့်ပြီးမနည်းငယ်တုန်လှုပ်သွားခဲ့သည်။
သို့သော် သူ့အဖေ၏ လက္ခဏာကို တွေးကာ ငြိမ်သက်သွားခဲ့သည်။
“ဒန်ကျူသူကဘယ်သူလဲ” ဟု မောက်မာစွာမေးလိုက်သည်။
လင်းကသူနားကိုပွတ်လိုက်ပြီးက “ဂန်ကျောက် ရဲ့ အသံက အရမ်းကျယ်တယ်လို့ ငါထင်တယ်၊ သူ ဒီဟိုတယ်မှာနေဖို့မသင့်တော်ဘူး... အဲ့ဒါက်ုဒန်ကျူမင်းဘယ်လိုထင်လဲ”
လင်းဖန်အမေးစကားကိုကြားကာဒန်ကျူ က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး “မစ္စတာလင်း ပြောတာမှန်တယ်!”ဟုဖြေလိုက်သည်။
လင်းဖန်ပြောချင်သည့်စကားမှာဂန်ကျောက်ကိုဟိုတယ်ကနှင်ထုတ်လိုက်ဆိုနာပင်ဖြစ်သည်။
သူအရင်ကအမှားကိုပြောခဲ့သောကြောင့်အခုအချိန်တွင်အမှန်ပြင်ပြင်နိုင်မည့်အခွင့်အရေးဖြစ်သည်။ဒန်ကျူသည်ဒါကိုလက်လွတ်ခံမည်မဟုတ်ပေ။
ဒါကြောင့်သူကအေလန်အဖွဲ့ကိုစော်ကားမည်လား။
ဒန်ကျူကဒါကို လုံးဝ ဂရုမစိုက်ပေ။
အေလန်သည် Shark Live တွင် ရှယ်ယာကို ပိုင်ဆိုင်သည်။
သို့သော်အဲဒါက သေးငယ်တဲ့ မျှဝေ(ရှယ်ယာ)သာဖြစ်သည်။
လင်းဖန်သည် ပန်ကူ၏ 5% ကို ပိုင်ဆိုင်သည်။
သိရန်Shark Live ၏ အကြီးဆုံးရှယ်ယာရှင်မှာ ပန်ကူအဖွဲ့ ဖြစ်သည်။
ဒါကိုကြည့်ခြင်းဖြင့်ဘာကိုရွေးချာ်ရမည်ဆိုတာကိုကလေးတောင်သိသည်။
ဒန်ကျူက “ဂန်ကျောက် ဒီဟိုတယ်ကို ငါတို့ရဲ့ ငါးမန်းတိုက်ရိုက်ထုတ်လွှင့်မှုကဘွတ်ကင်လုပ်ပြီးပါပြီ။ မင်းကိုဒီကနေမကြိုဆိုဘူး၊ ကျေးဇူးပြုပြီး ချက်ချင်းထွက်သွားပေးပါ!”
ဟိုတယ်ကနေနှင်ထုတ်တာလား။
ဒါက ဂန်ကျောက်မျာက်နှာကိုပါးရိုက်လိုက်သလိုပင်ဖြစ်သည်။
ဂန်ကျောက် က ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးပါပေ။ထို့ကြောင့်ယခုအချိန်တွင်သူ့၏မျက်နှာသည်အနည်းငယ်မဲ့နေ ပြီး “ဒန်ကျူ၊ မင်း...”
ထိုအချိန်တွင် လင်းဖန်သည် နားရွက်ကိုထပ်မံပွတ်ကာ “တကယ်ကို ဆူညံနေတာပဲ” ဟု ပြောလိုက်သည်။
လင်းဖန်သည် အနည်းငယ် စိတ်မရှည်တော့ကြောင်း ကိုဒန်ကျူက နားလည်လိုက်ကာ “လုံခြုံရေးတွေ သူ့ကို အပြင်မောင်းထုတ်လိုက်!”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး