← Chapters

ပေးချေခြင်း

Vol. 12 Ch. 176

ပေးချေခြင်း

Vol. 12 Ch. 176

ခဏကြာတော့ လုံခြုံရေးအစောင့်တွေ သည်လင်းဖန်တို့စီသို့လေ လိုပြေးကာအမြန်လာခဲ့သည်။

လုံခြုံရေးအစောင့်ကိုမြင်သောအခါဂန်ကျောက်သည်ဒီနေရာမှာ မနေရဲတော့ဘဲ မှုန်ကုပ်ကုပ်နဲ့ အလျင်အမြန် ထွက်သွားခဲ့သည်။

ထို့နောက် ဒန်ကျူနှင့် လင်းဖန် တို့က အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။

လင်းဖန်သည် ကျောက်ဆူးများနှင့် စကားပြောဆိုလိုပုံရသည်ကို လျင်မြန်စွာ သတိပြုမိလိုက်သည်။

ထို့ကြောင့် ဒန်ကျူသည် ချက်ချင်းထွက်ခွာသွားခဲ့ပြီး တစ်ချိန်တည်းတွင် သူ၏ နှလုံးသားထဲတွင် ဤကျောက်ဆူးများကို တိတ်တဆိတ် သတိရကာ အနာဂတ်တွင် ဤကျောက်ဆူးများနှင့် ရင်းနှီးရမည်ဟုဆုံးဖြတ်လိုက်သည်။

ဒန်ကျူ နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက်မိုမိုက ကျေးဇူးတင်သောလေသံဖြင့် “အလုပ်သမား (ဧကရာဇ်)၊ ငါမင်းကို ကျေးဇူးအများကြီးတင်ပါတယ်... မဟုတ်ရင် ဒီနေ့ ငါဘာဖြစ်မယ်ဆိုတာ ငါမသိဘူး”

“အလုပ်သမား(ဧကရာဇ်) ကျေးဇူးတင်ပါတယ်” ရှောင်ရှောင်၊ ရှောင်အေ၊ရှောင်လင်း နှင့် အခြားသူများကလည်း ပြောလိုက်သည်။

ဂန်ကျောက်ရဲ့ အဆင့်အတန်းကြောင့်သာသူမတို့သောက်ရခြင်းဖြစ်သည်။သို့သော်သောက်များလာသည်နဲ့အမျှသူမတို့သည်တဖြည်းဖြည်းမူးလာမည်ဖြစ်သည်။အဲ့ဒီအခါကြရင်သူမတို့ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကိုစိတ်ကူးမယဉ်ရဲပေ။

ဤကျေးဇူးတင်စကားသည် သူမတို့၏စိတ်နှလုံးမှလာသောစကားဖြစ်သည်။

ဂျင်ရီခိုင်“အလုပ်သမား(ဧကရာဇ်) မင်းဘာအလုပ်လုပ်တာလဲ” ဟုမေးလိုက်လေသည်။

ဒီစကားထွက်လာတာနဲ့ လင်းဖန်ဘေးနားရှိလူတိုင်း ကနားစွင့်ထားလိုက်သည်။

အားလုံးက ဒါကို စိတ်ဝင်စားနေကြတာ ထင်ရှားပါသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီး စိတ်တိုင်းကျဆုပေးသည်။

Shark Group ၏ ဥက္ကဌ တောင်မှလင်းဖန်ကိုစကားပြောတဲ့အခါမြောက်ပင့်တဲ့အသံနဲ့ပြောလေသည်။

ပြီးတော့လင်းဖန်အား ကျေနပ်စေရန်အတွက် အေလန် ၏ လူငယ်သခင်လေးကို တိုက်ရိုက်နှင်ထုတ်ခဲ့သည်။

အေလန်အဖွဲ့ဟာ စျေးကွက်တန်ဖိုး ဘီလီယံပေါင်းများစွာရှိတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး Shark Live ရဲ့ ရှယ်ယာရှင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါသည်။

လင်းဖန်က ပြုံးပြီး “ငါ... သာမာန် ကျောင်းသားတစ်ယောက်ပါ’’

လူတိုင်းက ဒါကိုကြားပြီးနောက်ဒူးထောငင်ချင်စိတ်ဝင်သွားလေသည်။ဘာလို့ဆိုသူမတို့၏စိတ်ထားတွင်လင်းဖန်သည်နှိမ့်ချ၍သာနေသည်ဟုထင်သွားသောကြောင့်ဖြစ်သည်။

…………

လင်းဖန်သည် Shark ကော်နီမှ ထွက်လာပြီးနောက် Pagani Fengshen(ကား) ကို မောင်းနှင်ကာ ရီကေသို့ မောင်းသွားခဲ့သည်။

သူ့ရှေ့က မီးနီလေးသည် စက္ကန့် 90 ကြာမည်ဆိုသောကြောင့်လင်းဖန်က သိတော့ပျင်းလာကာဘေးကိုကြည့်လိုက်သည်။

မလှမ်းမကမ်းတွင် ဝက်ဝံဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ဦးသည် လမ်းဘေးတွင် လက်ကမ်းစာစောင်များ လိုက်ပေးနေသည်ကိုသူမြင်လိုက်သည်။

ဒီဝက်ဝံဝတ်စုံဝတ်ထားသောအမျိုးသမီးသည်လက်ကမ်းစာစောင်တွေကို သာအာရုံစိုက်ဝေနေရင်းဝေနေရင်းသူမနောက်ရှိလက်ကိုင်အိတ်ထဲမှာပစ္စည်းတစ်ခုခုကိုရှာနေသာမိန်းကလေးကိုဝင်တိုက်မိလိုက်သည်။

အမျိုးသမီးရဲ့လက်ထဲက အိတ်က မြေပြင်ကို တိုက်ရိုက်ကျသွားခဲ့သည်။

ထိုအမျိုးသမီးသည် ချက်ချင်းပင် ဒေါသပေါက်ကွဲကာဂက်ဝံဝတ်စုံဝတ်ထားသောမိန်းကလေးကို မြေပြင်ပေါ်သို့ တွန်းချကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူမတွန်းလိုက်​သောကြောင့်ကဝက်ဝံဝတ်စုံဝတ်ထားသောမိန်းကလေး၏လက်ထားရှိလက်ကမ်းစာစောင်များသည်လေပေါ်သို့ရောက်သွားလေသည်။

ဝက်ဝံဝတ်စုံဝတ်ထားသောမိန်းကလေးသည် မတ်တပ်ရပ်ဖို့အတွက် သူမဆောင်းထားသော ဝက်ဝံခေါင်းစွပ်ကို ချွတ်လိုက်သည်။

ဝက်ဝံမိန်းကလေးသည်စုနမ်ဖြစ်နေတယ်ဆိုတာကိုလင်းဖန်ကမြင်လိုက်သည်။

မီးစိမ်းပြလိုက်တာနဲ့ လင်းဖန်သည်ကားကို လှည့်ကာ သူ့မနီးမဝေးရှိ အများသူငါ ကားပါကင်တွင် ကားကို ရပ်ထားကာ စုနမ်စီသို့ရောက်သွားခဲ့သည်။

ယခုအချိန်တွင် စုနမ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူမတစ်ကိုယ်လုံး အလွန်နာကျင်နေသည်။

သို့သော် အမျိုးသမီးသည် ထိုသည်ကိုဂရုမစိုက်ဘဲ “မင်းမှာ မျက်စိမပါဘူးလား၊မင်းလုပ်လိုက်လို့ ငါ့အိတ်မြေကြီးပေါ်ကျသွားပြီ’’ လို့ အော်ပြောလိုက်သည်။

ဒါကိုကြားပြီးနောက်စုနမ်သည်ဝမ်းနည်းလာပြီး သူမ၏မျက်လုံးထဲမှကြည်လင်သော မျက်ရည်များသည်ရေများသကဲ့သို့စီးဆင်းလာသည်။

သူမသည် မြေပြင်ပေါ်ကနေ ရုန်းထဖို့ကြိုးစားခဲ့သည်။

သို့သော် စုနမ် ၏ ခန္ဓာကိုယ်သည် နာကျင်မှုကြောင့် သူမ လုံးဝ မထနိုင်ပေ။

ထိုအခိုက်တွင် အရပ်ရှည်သောအသွင်ပြင်တစ်ခုပေါ်လာပြီး “မင်းကို ငါကူညီပေးမယ်” လို့ တိုးတိုးလေး ပြောလိုက်သည်။

စကားပြောနေစဉ်တွင် လင်းဖန်သည် စုနမ်ထနိုင်ရန် သူ့လက်ကို ဆန့်ပေးလိုက်သည်။

စုနမ် သည် ဤလက်သည် နွေးထွေးတာကိုခံစားလိုက်ရပြီး သူမအား အဆုံးမရှိသောလုံခြုံမှုကို ပေးစွမ်းနိုင်သလိုခံစားလိုက်ရသည်။

စုနမ်ရှေ့ရှိ အမျိုးသမီးက “ငါ့ရဲ့အိတ်ကဘာအိတ်လဲဆိုတာကို သိလား အဲ့တာကိုငါမနေ့ကမှဝယ်ထားတဲ့ LV လက်ကိုင်အိတ်ပဲ”

“အခု မြေကြီးပေါ်ကသွားတဲ့အတွက်မင်းပြန်ရော်ပေးရမယ်!”

“မဟုတ်ရင် ဒီကိစ္စက ဒီနေ့ ပြီးမှာ မဟုတ်ဘူး!”

အမျိုးသမီး၏ အသံသည် အလွန်ကျယ်သောကြောင့် လူအများ၏ အာရုံကို လျင်မြန်စွာ စွဲဆောင်သွားခဲ့သည်။

စုနမ်ကက တိုးတိုးလေး”ဒါဆို ဒီလက်ကိုင်အတိကဘယ်လောက်လဲ။”ဟုမေးလိုက်သည်။

“မနေ့က ငါယွမ် 13,800 နဲ့ ဝယ်ခဲ့တာ။ အခု မင်းကြောင့်မြေကြီးပေါ်ပြုတ်ကျပြီးခြစ်မိသွားတဲ့အတွက်ငါ့ကိုမူရင်းဈေးပဲ လျော်ကြေးပေး” ဟုအမျိုးသမီးက အော်ပြောလိုက်သည်။

ဒီစကားကြားပြီးနောက်စုနမ်၏ လှပသော မျက်နှာသည် ချက်ချင်းပင် ဖြူရော့သွားသည်။

ယွမ် 13,800!

အရင်ရက်တုန်းက သူမသည်ပိုက်ဆံတွေ အကုန်လုံးကိုပို့လိုက်သည်။

အခု ယွမ် ၁၃၈၀၀ မပြောနဲ့ ၈၀၀ ယွမ်တောင်သူမမှာမရှိပေ။

အခုသူမဘယ်လိုလုပ်ရမလဲ။

လင်းဖန်သည် စုနမ်၏အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်ရာ သူ့စိတ်ထဲတွင် မှန်းဆချက်တစ်ခု ပေါ်လာခဲ့သည်။

ဒီတော့ သူက ပါးစပ်ကိုဖွင့်ပြီး “ကောင်းပြီ၊ ငါပေးမယ်။”

စကားပြောနေစဉ် လင်းဖန် သည် ၎င်း၏ လက်ကိုင်ဖုန်းကို ထုတ်ကာ အမျိုးသမီး၏ WeChat ငွေပေးချေမှုကုဒ်ကို စကင်န်ဖတ်လိုက်လေသည်။

“ဒင်ဒေါင်!”

ယွမ် 13,800, အကောင့်သို့ရောက်ရှိခြင်း။

​ဒါကိုကြည့်ပြီးအမျိုးသမီးက ကျေနပ်အားရစွာနဲ့ “ ဒီလိုပဲဖြစ်ရမှာပေါ့”

ပြောပြီးနောက် သူမ ထွက်သွားလေသည်။

ဒီအချိန်မှာ လင်းဖန်က “ခဏနေပါအုံး!”

“ဟင်?” မိန်းမက “ဘာကိစ္စရှိသေးလို့လဲ”

“ငါ့သူငယ်ချင်းက မင်းကို ပစ္စည်းဖိုး ပေးချေပြီးသွားပြီ၊ အခု မင်းသူ့ကို မြေပြင်ပေါ်တွန်းချလိုက်တဲ့ ဟာကိုဖြေရှင်းဖို့အချိန်ရောက်ပြီ” ဟုလင်းဖန်က အေးစက်စွာပြောလိုက်သည်။

အမျိုးသမီးက မျက်မှောင်ကြုတ်ကာ “မင်းဘာလိုချငလို့်လဲ” ဟု လေးနက်စွာမေးလိုက်သည်။

“ငါ့သူငယ်ချင်းကို မင်းတွန်းလိုက်တဲ့အတွက်သူမကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အတွက်၁.၃၈ သန်းလောက်မင်းပေးချေရမယ်မဟုတ်ရင်ဒီ​နေရာကနေမထွက်သွားစေရဘူး” ဟု လင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူမအိတ်အတွက် လင်းဖန်သည်ယွမ် ၁၃,၈၀၀ ကိုပေးခဲ့ရသည်။

သူမကတော့ 1.38 သန်း ပေးချေရမည်ဖြစ်သည်။

ဒါဟာအဆတစ်ရာလျော်ကြေးဖြစ်သည်။

အမျိုးသမီးက “1.38 သန်းလား။ မင်းအိပ်မက်မက်နေတာပဲ။ ငါဒီနေ့ဒီကနေထွက်သွားမယ်။ မင်းငါ့ကိုဘာလုပ်နိုင်မှာမို့လဲ။”

သူမပြော​ပြီးတာနဲ့သူမသည် ရှေ့သို့လှမ်းမလို့လုပ်လိုက်သည်။

သို့သော်လည်း လင်းဖန်၏ ဝ အကြည့်ကို သူမ လျင်မြန်စွာ သတိပြုမိကာ သူမ၏ နှလုံးသားသည် နားမလည်နိုင်လောက်အောင် တင်းကျပ်လာခဲ့သည်။

“ကျန်ပေ့ မှာ ဘယ်သူကမှ ငါ့ကို ဒီလိုမလုပ်ရဲဖူးဘူး။ ငါကြည့်ချင်တယ်၊ နောက်မှ 1.38 သန်းကို မင်းဘယ်လိုတောင်းမလဲဆိုတာ”

အမျိုးသမီးက ပြောပြီးတာနဲ့ လက်ကိုင်ဖုန်းကို ထုတ်ပြီး ဖုန်းခေါ်လိုက်သည်။

“အစ်ကိုဟိုင်? ငါက ရှင်းယောင်...”

“ချမ်ခန် လမ်းမှာ ငါ့ကိုလူတစ်ယောကစီကနေအနိုင်ကျင့်ခံရတယ်... အစ်ကို ဟိုင် မင်း ငါ့ကို ကူညီရမယ်...”

“ဟုတ်တယ်၊ မင်းကို ဒီမှာစောင့်နေမယ်”

ဖုန်းချပြီးနောက်တွင် သူမ၏အမူအရာမှာ အလွန်ဘဝင်မြင့်လာပြီး လင်းဖန် နှင့် စုနမ်တို့ကိုကြည့်နေလိုက်သည်။

စုနမ် စိတ်ပူသည့်လေသံဖြင့် “လင်း...မစ္စတာလင်း၊ ငါတို့ဒီကိစ္စကိုမေ့ထားလိုက်ရအောင်”

လင်းဖန်ကိုသူမကြောင့်အန္တရာယ်မဖြစ်စေလိုပေ။

လင်းဖန်သည် စုနမ် ၏ ပခုံးကို ပုတ်လိုက်ပြီး “ စိတ်မပူပါနဲ့၊ အရာအားလုံး ငါ့သိတယ် “ လို့ ပြောလိုက်သည်။

လင်းဖန်း၏တိုက်ခိုက်ရေးစွမ်းရည်သည်ရန်သူတစ်ရာသည် တစ်ရာကိုအေးဆေးအမှောက်သိပ်နိုင်သည်။

ထို့ကြောင့်လင်းဖန်သည်ယခုကိစ္စကိုစိတ်မပူပေ။

ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။

ရောင်စုံဆံပင်နှင့် လူအုပ်စုကြီး လျှောက်လာကြသည်။

ရှေ့ကလျှောက်လာတဲ့လူကိုမြင်ပြီးနောက် ရှင်းယောင် က သူ့ကိုအလျင်အမြန်နှုတ်ဆက်လိုက်ပြီး “အစ်ကိုဟိုင်၊ မင်းဒီကိုရောက်ပြီ...မင်းမလာရင်ငါ့ကိုဘယ်လောက်အထိအနိုင်ကျင့်ခံရမလဲမသိဘူး..”

ယောက်ျားက “တကယ်လား ကျန်ပေ့မှာ ငါ့မိန်းမကို အနိုင်ကျင့်ဝံ့တဲ့သူတွေရှိသေးလား။ ဘယ်သူလဲ”

လင်းဖန် က “ဒါ ငါပဲ!”

ထိုလူသည် စကားသံ၏ ဦးတည်ရာကို ကြည့်လိုက်ရာ သူ့နှလုံးသည်ချက်ချင်း တုန်လှုပ်သွားခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters