လျော်ကြေး
Vol. 12 Ch. 177
ဟိုင်ဂန်နှင့် ဒွန်ဟောင်တို့သည် ကျန်ပေ့ရှိ ထင်ရှားသော အကောင်ကြီးများဖြစ်ကြသည်။
ဂူတစ်ဂူထဲတွင် ကျားနှစ်ကောင် မနေပေ။
သို့သော် ဟိုင်ဂန်နှင့် ဒွန်ဟောင်တို့ကမတူပေ။ သူတို့သည် ညီအစ်ကိုရင်းများသဖွယ်ရငနှီပြီးအလွန်ကောင်းသော လုပ်ဖော်ကိုင်ဖက်များလဲဖြစ်သည်။
တကယ်တော့ ဒါကလဲ ပုံမှန်ပင်ဖြစ်သည်။
သူတို့ဘာလို့အဲ့လိုဆက်ဆံရေးရှိလဲဆိုတော့ကျန်ပေ့ရဲ့ စျေးကွက်က အရမ်းကြီးမားလို့ပင်ဖြစ်သည်။
သူတို့ သည်တစ်ယောက်တည်း ဒီစျေးကွက်ကိုမစားနိုင်ပေ။
ထို့ကြောင့်သူတို့နှစ်ဦးသည် အကျိုးကျေးဇူးများစွာရရှိရန် အတူတကွလုပ်ဆောင်ကြသည်။
ထိုနေ့ရက်တွင်သူနှင့်ဒွန်ဟောင်တို့ကိစ္စတစ်ခုကို ဆွေးနွေးနေသည်။
ထိုအချိန်တွင်၊ဒွန်ဟောင်၏လူများသည် ရုတ်တရက်ဖုန်းဆက်ကာ အသားကင်ဆိုင်မှာသူ့လူကိုရိုက်နက်ကြောင်းကိုတွေ့ခဲ့ကြောင်း ပြောလိုက်သည်။
ဒါကိုကြားပြီးဒွန်ဟောင်သည် ဒေါသတကြီးဖြစ်ကာ သူ၏လူများကို ထိုနေရာသို့ ချက်ချင်းခေါ်သွားခဲ့သည်။
သူ၏ ပိုင်နက်နယ်မြေမှာအခြားသူများ ကသူ့လူတွေကိုရိုက်နှက်တာဟာသူ့မျက်နှာကိုရိုက်တာနဲ့အတူတူပင်သည်။
သူသည်လဲဘာဖြစ်တာလဲဆိုတာကိုသိရန်ဒွန်ဟောင်နောက်ကနေလိုက်ကြည့်လိုက်သည်။
သူတို့ရောက်တာနဲ့သူ(ဟိုင်ဂန်)သိလိုက်တာကဒွန်ဟောင်၏လူများသည်ကျန့်ပေ့မြို့ခေါင်းဆောင်၏နှာခေါင်းကို ထိုးရန်လောက်အောင် ရဲရင့်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူကတော့မကြောက်ပေ။ဘာလို့ဆိုသူကဘာမှမလုပ်လို့ပင်ဖြစ်သည်။
အဲဒီနောက် ချက်ခြင်းမှာပဲသူနဲ့ဒွန်ဟောင်၏လူများကိုစုံစမ်းစ်ဆင်းရေး အဖွဲ့ အမြောက်အများနဲ့ ဝိုင်းရံလိုက်ပြီးဖမ်းလိုက်သည်။
ကံကောင်းထောက်မစွာနဲ့သူသည်ဒွန်ဟောင်ကဲ့သို့မဟုတ်သောကြောင့်ပြန်လွှတ်ခဲ့သည်။
သူသည်ပြန်လွှတ်လာခဲ့ပေမဲ့ဒီအဖြစ်အပျက်ကိုမေ့မှာမဟုတ်ပေ။
ဘာလို့ဆို သူ့ကို ခေါ်ဆောင်သွားသောအခါတွင်၊ ကျန်ပေ့မြို့မှခေါင်းဆောင်များ၊ကျန်ပေ့ စုံစမ်းစစ်ဆေးရေးတပ်၏ ခေါင်းဆောင်နှင့် အခြားလူများသည်လူငယ်တစ်ဦးကို အလွန်လေးစားကြသည်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူ၏စိတ်ထဲတွင် လူငယ်၏အသွင်အပြင်ကို မှတ်သားထားလိုက်သည်။
ဟိုင်ဂန်သည် ဒီလူငယ်လေးကိုစော်ကားရန် မတတ်နိုင်သူတစ်ဦးဖြစ်ကြောင်း သူ့စိတ်ထဲတွင် သေချာပေါက်သိသည်။
သို့သော်ယနေ့တွင်ဒီလူငယ်လေးကိုပြန်တွေ့မယ်လို့သူမမျှော်လင့်ခဲ့ပေ။
ပြီးတော့သူ့သည်ဒီလူငယ်လေးကို နှိုးဆော်ခဲ့တာလား။
စုံစမ်းစစ်ဆေးရေးအဖွဲ့မှူးနှင့် ကျန်ပေ့မြို့ခေါင်းဆောင်များပင်လျှင် လေးစားစွာ ဆက်ဆံသည်။
အဲ့ဒါကိုတောင်သူကဒီလူငယ်လေးကိုစော်ကားလိုက်တာလား။
ဟိုင်ဂန်သည်ဒါကို တွေးလိုက်ရုံနဲ့ သူ့နဖူးကနေ ချွေးတွေ စိမ့်ထွက်လာခဲ့သည်။ပြီးတော့
သူ့ခြေထောက်တွေတောင်မှနည်းနည်းတုန်နေခဲ့သည်။
သူ့ဘေးက ရှင်းယောင်က “အစ်ကိုဟိုင်၊ မင်း သူ့ကို ကောင်းကောင်းသင်ခန်းစာပေးရမယ်...”
ရှင်းယောင် သူမသည်စကားမပြောတာမှကောင်းသည်။သို့သော်သူမယခုစကားပြောလိုက်သောကြောင့်က ဟိုင်ဂန် ၏ နှလုံးသားထဲတွင် ဒေါသများက မီးပင်လယ်ကဲ့သို့ ပေါက်ကွဲသွားလေသည် ။
မူလက ဤလူငယ်ကို နှိုးဆွရန် မဖြစ်နိုင်ပေ။
သို့သော်ယခုတွင်မူသူမကြောင့်သူ့ကိုနှိုးဆော်ခဲ့သည်။
အားလုံးက သူမကြောင့်ပင်ဖြစ်သည်။
ဖြန်
ဖြန်
ဖြန်
ဟိုင်ဂန် သည် ရှင်းယောင်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်လိုက်သည်။
မကြာခင်မှာပဲ ရှင်းယောင် ရဲ့ မျက်နှာပေါ်တွင်လက်ဖဝါးရာတစ်ခုပေါ်လာခဲ့သည်။
ဟိုင်ဂန် ကသူမကိုရိုက်မည့ဟုမမျှော်လင့်ထားသောကြောင့်သူမ လုံးဝ အံ့ဩသွားခဲ့သည်။
ဟိုင်ဂန်ကသူမကို လုံးဝ ဂရုမစိုက်ဘဲသူက ခေါင်းငုံ့ကာ အလွန်ရိုသေသော အသံဖြင့် “မစ္စလင်း၊ မင်္ဂလာပါ” ဟု ပြောလိုက်သည်။
“အိုး? မင်းငါ့ကိုသိတာလား” လင်းဖန်က ပြောသည်။
ဟိုင်ဂန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး “မင်းကို အသားကင်ဆိုင်မှာတွေ့ခဲ့တာ....”
ဟိုင်ဂန်မပြောရင်တောင်လင်းဖန်သည်ဟိုင်ဂန်ကိုသူဘယ်မှာတွေ့ဖူးတယ်ဆိုတာကိုမှတ်မိသည်။
လင်ဖန်းသည် အသားကင်ဆိုင်တွင် တစ်ယောက်နှင့်တစ်ယောက် တွေ့ဖူးသည်ကို သိသည်။ ဘာလို့ဆိုလင်းဖန်တွင် စကင်န်ဖတ်နိုင်စွမ်းရှိလို့ပင်ဖြစ်သည်။
ဒီအစွမ်းသည်တစ်ချပ်ကြည့်လိုက်တာနဲ့ဘယ်တော့မှမေ့မည်မဟုတ်ပေ။
လင်းဖန် က “ဒီအမျိုးသမီးက မင်းသူငယ်ချင်းလား။ မင်း သူ့မကို ကူညီမှာလား။”
ဟိုင်ဂန်က ထိတ်လန့်သွားပြီး “မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ငါက သမူနဲ့ဘာမှမဆိုင်ဘူး!”ဟုအလန့်တစ်ကြားပြန်ဖြေလိုက်လေသည်။
“သူမက မင်းကို နှိုးဆော်တာလဲ.. ..ဒါဆိုစိတ်မပူပါနဲ့၊ ငါသူမကို မင်းကျေနပ်တဲ့အထိအပြင်းထန်ဆုံး ပြစ်ဒဏ်ပေးပါ့မယ်။”
လင်းဖန် က စကားမပြောဘဲ သူ့ဘေးနားက မျက်နှာကို ကိုင်ထားသောရှင်းယောင်က “မင်းမကူညီပေးနိုင်ရင်လဲတစ်ယောက်ယောက်ကို ခေါ်ဖို့ ဆက်စောင့်နေနိုင်တယ်”
ဟိုင်ဂန်ကသူမကို စူးစိုက်ကြည့်လိုက်ပြီး’’မင်းလုပ်ရဲလား၊မင်းမစ္စတာလင်းခိုင်းတဲ့အတိုင်းလုပ်”
ဟိုင်ဂန်၏အကြည့်ကြောင့်သူမသည်ကြောက်ရွံ့စွာဖြင့် ခေါင်းညိမ့်လိုက်သည်။
ယခုအချိန်တွင် ရှင်း၏ပုံစံသည် အလွန်သနားစရာကောင်းသည်။
သို့သော်လင်းဖန်ဒါတွေကိုဂရုမစိုက်ပေ။
လင်းဖန်က “မင်း ငါ့သူငယ်ချင်းကို လျော်ကြေးပေးလိုက်ရင်ဒီကိစ္စဒီမှာပြီးပြီ”
ရှင်းယောင်ဘာမှမပြောနာကိုမြင်သောအခါဟိုင်ဂန်က “ကောင်းပြီ၊ မစ္စတာလင်းပြောတာကိုမြန်မြန်လုပ်လေ”
ဟိုင်ဂန်၏စကားကြောင့်ရှင်းယောင်သည် ထိတ်လန့်တုန်လှုပ်သွားပြီး ဖုန်းကို ဖြည်းညှင်းစွာ ထုတ်လိုက်သည်။
ငွေကအရေးကြီးပေမဲ့ဟိုင်ဂန် ဒေါသထွက်လျှင် အကျိုးဆက်က လုံးဝကြောက်စရာကောင်းသည်။
လင်းဖန် က စုနမ် ဘက်လှည့်ပြီး “မင်းမိုဘိုင်းဖုန်းရဲ့ ငွေပေးချေမှုကုဒ်ကို ဖွင့်လိုက်” လို့ ပြောလိုက်သည်။
“ဒါ...ငါ မသုံးဘူး” စုနမ် တိုးတိုးလေးပြောသည်။
လင်းဖန်သည် သူမပြောတာကိုဂရုမစိုက်ဘဲ စုနမ် ၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး ငွေပေးချေမှုကုဒ်ကို တိုက်ရိုက်ဖွင့်လိုက်သည်။
“ဒင်!”
“ဒင်!”
“ဒင်!”
…………
ရှင်းယောင်သည် 1.38 သန်းကိုပေးခေရန်အတွက်သူမယခင်နှစ်များအတွင်း ရရှိသော ငွေကြေးအားလုံးနီးပါးကို လွှဲပြောင်းပေးခဲ့ရသည်။
ဒါကိုကြည့်ပြီးနောက်လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်ကာ “ကောင်းပြီ မင်း အခုသွားလို့ရပြီ”
လင်းဖန်ဒေါသမထွက်တာကိုမြင်လိုက်ရသော အခါဟိုင်ဂန်သည် သူ့နှလုံးသားထဲတွင် ကြီးမားသောကျောက်တုံးကြီး ပြုတ်ကျသွားသလိုခံစားလိုက်ရသည်။
ထို့နောက်ဟိုင်ဂန် “မစ္စတာလင်း၊ မင်းအလုပ်များနေတယ်ဆိုတော့ငါတို့နှုတ်ဆက်ပါတယ်...”
ထို့နောက် သူသည်ရှင်းယောင်နှင့် သူ၏ညီငယ်များအားလုံးနဲ့အတူလင်းဖန်နားမှာမနေဝံ့ဘဲ အဝေးသို့ အမြန်ဆုတ်ခွာသွားခဲ့သည်။
သူတို့ထွက်သွားတာကိုကြည့်ပြီးနောက်လင်းဖန်က စုနမ်ထံ ဖုန်းကို ပြန်ပေးပြီး “မင်းဘာလို့ ဒီမှာ လက်ကမ်းစာစောင်တွေ ပို့နေတာလဲ”
စုနမ်က တိုးတိုးလေးဖြင့်”လင်း.. မစ္စတာလင်း ဒီနေ့ ဗီလာကို မလာဘူးလို့ မပြောဘူးလား၊ ငါ... အချိန်ပိုင်းအလုပ်တွေလုပ်ဖို့ ထွက်လာတာ...အံဒါ.. အဆင်မပြေရင်... ငါမင်းစီမှာနောက်တစ်ခါ အလုပ်မလာတော့ဘူး”
လင်းဖန် က “ငါကအဆင်ပြေပါတယ်။မင်း ဗီလာကိုလာတဲ့အခါကျရင်သန့်ရှင်းရေး လုပ်ပြီး ထမင်းချက် ချက်ရုံပဲ” ဟု ပြောလိုက်သည်။
“မင်းအခုလက်ကမ်းစာစောင်တွေဝေရတာ မပင်ပန်းဘူးလား၊ပြီးတော့ လစာလည်းမများဘူး။ မင်းဘာလို့လုပ်တာလဲ။”
“မင်းရဲ့လစာကိုကြိုသုံးထားတာလား။”
အရင်တုန်းကဆိုရင် စုနမ်က ခေါင်းငုံ့ပြီး ဘာမှ ပြန်မဖြေပေ။
သို့သော်ယခုအချိန်တွင် သူမသည်လင်းဖန်ထံမှ အလွန်အကျွံ မဖုံးကွယ်ချင်တော့ပေ။
ဒါက ယုံကြည်မှုတစ်မျိုးပင်ဖြစ်သည်။
“ငါ့အဖွား နေမကောင်းလို့ငါ ပိုက်ဆံတွေ အကုန်ပေးလိုက်တယ်...” စုနမ် က ပြောသည် ။
လင်းဖန်က ခေါင်းညိတ်ပြီး “ဒီလို ဖြစ်သွားတာကို” လို့ ပြောလိုက်သည်။
စုနမ်သည် သူ့မ၏လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး “ဒီပိုက်ဆံကို မင်းဆီ ပြန်လွှဲပေးပါ့မယ်...”
ရှင်းပါတယ်၊ သူမဟာ ယွမ် ၁.၃၈ သန်းကို လင်းဖန်အားပြန်ပေးချင်နေတယ်ဆိုတာ။
လင်းဖန် က “ဒီငွေတွေ ကိုငါကဘာလို့ယူရမှာလဲ။ နောက်ပြီး ဒီငွေကို မိန်းကလေးက မင်းကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုလျော်ကြေးပေးတာလေ။ငါတောင်းရင် ငါဘာဖြစ်သွားမလဲ”
ခေတ္တနားပြီးနောက် သူက “မင်းရဲ့ လက်ကမ်းစာစောင်တွေ အကုန်ကုန်သွားပြီ၊ပြီးတော့အချိန်ကလဲ စောနေသေးတယ်... တစ်ခုခု သွားစားရအောင်” လို့ ပြောလိုက်သည်။
ထို့နောက် စုနမ် ၏ အဖြေကို စောင့်မနေဘဲ သူမကို Pagani Fengshen(ကား)ဆီသို့ တိုက်ရိုက် ဆွဲခေါ်သွားသည်။
မူလက လင်းဖန်သည် ယနေ့ ညစာစားပြီး အနားယူရန် ရီကေသို့သွားရန် စီစဉ်ထားသော်လည်း ယခုအခြေအနေဖြစ်ပြီးနောက် စိတ်ပြောင်းသွားခဲ့သည်။
စုနမ်သည် လင်းဖန်လက်ကနေနွေးထွေးသောခံစားချက်ကိုခံစားရပြီးထို့ခံစားချက်ကြောင့် သူမ၏မျက်နှာသည် နီရဲလာခဲ့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး