အတန်းပါတီ
Vol. 12 Ch. 178
KZ စားသောက်ဆိုင်သည် ကျန်ပေ့ရှိ နာမည်ကြီး အနောက်တိုင်း စားသောက်ဆိုင်တစ်ခုဖြစ်သည်။
ပတ်ဝန်းကျင်သည် သပ်သပ်ရပ်ရပ်နဲ့ အလှဆင်ထားလို့ ထားသည်။
ပြီးတော့ဘယ်နေရာကိုပဲကြည့်ကြည့်တန်ဖိုးကြီးပစ္စည်းတွေသာသုံးထားကြောင်းကိုတစ်ချက်ကြည့်လိုက်တာနဲ့သိသည်။
စုနမ်သည် ဒီလိုနေရာကို မရောက်ဖူးပေ။
ထို့ကြောင့်သူမသည်စားသောက်ဆိုင်ထဲသို့ ၀င်သွားပြီးထိုင်ပြီးနောက် သူမသည်ပတ်ဝန်းကျင်ကိုအံသြတစ်ကြီးကြည့်လိုက်သည်။
လင်ဖန်က ဒါကို သတိထားမိလိုက်သည်။သူမပတ်ဝန်းကျင်ကိုမေ့အောင်ဩစတေးလျနိုင်ငံရဲ့ထိတန်းအမဲသားကင်ကိုလှီး ဖြတ်ပြီး စုနမ်ရဲ့ပန်းကန်ပေါ်သို့ တင်ပေးလိုက်သည်။
ထို့နောက်သူကပြုံးပြီး “ဒီအမဲသားကို စားကြည့်၊ အရသာအရမ်းကောင်းတယ်”
လင်းဖန်စကားကိုကြားတာနဲ့စုနမ်သည်
မူလက အံ့သြနေသော စိတ်ဓာတ်သည် အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် အလွန်သက်သာရာရသွားသည်။
သူမသည် လေထဲတွင် ကြွယ်ဝသော အသားကင်နံ့ကို ရှူရှိုက်ရင်း တံတွေးမမျိုချပဲမနေနိုင်ပေ။
သို့သော်လည်းသူမသည်အသားကိုမစားပေ။
လင်းဖန်က သူမ မစားချင်နေတာကိုမြင်တော့ “မင်းဘာလို့မစားတာလဲ” လို့မေးလိုက်သည်။
“မင်း... မင်းအရင်စား...”ဟုစုနမ် ကပြောလိုက်သည်။
လင်းဖန်သည် ခဏလောက် ထိတ်လန့်သွားပြီး သူထမ်င်းစားပြီးမှသူမစားတယ်ဆိုတာကိုသူကသတိရလိုက်သည်။
သူကစုနမ်ကို အဲဒီလိုမလုပ်ခိုင်းစေချင်ပေ။
သို့သော် လင်းဖန်သည်စကားပြောတာနဲ့သူမရဲ့ပုံစံကို ပြောင်းလဲ၍မရကြောင်း ကောင်းကောင်းနားလည်သည်။
ထို့ကြောင့် လင်းဖန်သည် ဓားနှင့် ခက်ရင်းကို ကောက်ကိုင်ကာ ပန်ကန်ပေါ်ရှိအမဲသားကိုဖြတ်ပြီးစားလိုက်သည်။
ထို့နောက်သူသည်စုနမ်ကိုကြည့်ပြီး “ငါစားပြီးပြီဆနုတော့မင်းလည်းစားလို့ရပြီ”
လင်းဖန်စကားကိုကြားပြီးနောက်သူမသည်မတုန့်ဆိုင်းတော့ပဲစားလေတော့သည်။
စုနမ်၏ သေးသွယ်သောရုပ်သွင်ကို မကြည့်ပါနဲ့သူမသည် အလွန်စားကြီးသည်။
မှာထားသောဟင်းပွဲအများစုကိုသူမကသာအများဆုံးစားသူဖြစ်သည်။
လင်းဖန်ကသူမကို ပြုံးပြပြီး “မင်းစားလို့ပြီးပြီလား”
“အင်းပြီးပြီ။” စုနမ်သည်သူမ၏ ဖောင်းနေသော ဗိုက်ကို ကိုင်လိုက်ကာ ခေါင်းညိတ်ပြီးပြောလိုက်သည်။
“ကောင်းပြီ၊ ဒါဆိုလဲပြန်ကြရအောင်။” လင်းဖန်က ပြောသည်။
…
ပန်းလုံ ဗီလာ။
စုနမ်ရောက်ရှိကတည်းက၊ ဗီလာတစ်ခုလုံးသည် အလွန်သန့်ရှင်း၊ သပ်ရပ်သွားခဲ့သည်။
ရေချိုးပြီးသည်နှင့် လင်းဖန်သည် အလွန် ပျော့ပျောင်းသောကုတင်ကြီးပေါ်တွင် တိုက်ရိုက်လှဲချလိုက်လေသည်။
“ဒင်!”
ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲမှ ဖုန်းသည် အနည်းငယ် တုန်ခါသွားသည်။ထို့ကြောင့်လင်းဖန်သည်ဖုန်းကိုထုတ်ကာကြည့်လိုက်သည်။
အခန်းဖော် စုရီ က WeChat မက်ဆေ့ချ် ပို့တယဆိုတာကိုတွေ့လိုက်သည်။
စုရီ: အစ်ကို လင်း၊ မနက်ဖြန် ငါတို့နဲ့အတူ ဘတ်စ်ကားစီးပြီးလိုက်မှာလား။ ဒါမှမဟုတ် အဲဒီကို အကိုလင်းကားနဲ့ပဲမောင်းသွားမှာလား။
လင်းဖန်သည် ထိုစာကိုမြင်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ခဏကြာတော့ လင်းဖန်ကစာပြန်လိုက်သည်။
လင်းဖန်: ငါတို့ဘယ်သွားမလို့လဲ။
စုရီ: ဒါဆိုဒီကိစ္စကိုအစ်ကို လင်းမသိသေးဘူးလား။ သောကြာနေ့မှာအတန်းခေါင်းဆောင်က နှစ်မကုန်ခင်အတန်းပါတီတစ်ခုစီစဉ်ထားတယ်လေ။
လင်းဖန်သည် ထိုနေ့တွင်တစ်ချိန်လုံးနီးပါး အိပ်ပျော်နေခဲ့သောကြောင့်သူမသိပေ။
လင်းဖန်သည်အထက်တန်းပါတီတုနကအေကြာင်းအရာကိုတွမီပြီးအဲ့တုန်းကအချိန်ကိုပြန်သတိရမိသွားသည်။
ခဏအကြာတွင်အတွေးကနေရုန်းထွက်လာခဲ့သည်။သုရီစကားကိုကြားပြီးနောက်သူသည်သဘာဝအတိုင်းအတန်းပါတီကိုလက်လွတ်ခံမည်မဟုတ်ပေ။ထို့ကြောင့်ငူကချက်ချင်းစာပြန်လိုက်သည်။
လင်းဖန်: ကောင်းပြီ မနက်ဖြန်မနက် မင်းနဲ့အတူ ဘတ်စ်ကားစီးပြီးလိုက်မယ်။
...
နောက်တစ်နေ့။
နေအလင်းရောင်သည်အပြင်ကနေလင်းဖန်အိပ့်သောနေရာသို့ဖြာကျနေသည်။
ထိုအချိန်တွင်လင်းဖန်လည်း မျက်လုံးဖွင့်လိုက်သည်။
ထုံးစံအတိုင်း သူသည်ဖုန်းကိုအရင်ကြည့်လိုက်သည်။
ပုံမှန်အတိုင်း စာသားမက်ဆေ့ချ်သတိပေးချက်သည် ဖန်သားပြင်ပေါ်တွင် အစောကြီးပေါ်နေတယ်ဆိုတာကိုတွေ့လိုက်သည်။
“၀ နာရီ၊ တရုတ်ဘဏ်ကနေ ယွမ် ၃၆၀၀၀၀ရရှိသည်”
ထို့နောက် လင်းဖမ် သည် သူ့စနစ်ကို အာရုံစိုက်လိုက်ပြန်သည်။
[သင်အကောင့်ဝင်ရောက်လိုပါသလား။ 】
“ဟုတ်တယ်!”
【ဒင်း! အကောင့်ဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါတယ် မင်းယွမ် 10 သန်း ရရှိသည်။ 】
မနက်အစောကြီးကတည်းက ဝင်ငွေ ၁၃ သန်းကျော်ရရှိသွားပြီဖြစ်သည်။
လင်းဖန်က ဒါကိုကြည့်ပြီး “ဒီနေ့ လဲကံမကောင်းပြန်ဘူး” လို့ ပြောလိုက်သည်။
ထို့နောက် လင်းဖန်သည် ဖြည်းညှင်းစွာထကာ အပြင်သို့ ထွက်လာခဲ့သည်။
ထိုအချိန်တွင် စုနမ်သည် မနက်စာပြင်ဆင်ပြီးသွားပြီဖြစ်သည်။
သူမရဲ့ ဟင်းချက်ကျွမ်းကျင်မှုဟာ အမြဲတမ်း ကောင်းမွန်သောကြောင့်လင်းဖန်သည်သူမရဲ့ အစားအသောက်ကို အလွန်ကျေနပ်သည်။
ပိတ်ရက်ဖြစ်သောကြောင့်လမ်းပေါ်တွင်ကားအစီးရေသိပ်မရှိပေ။
ထို့ကြောင့်လင်းဖန်သည်ခရီးကိုအတားအဆီးမရှိဘဲ ကျန်ပေ့တက္ကသိုလ်သို့ အချိန်တိုအတွင်း ရောက်ရှိခဲ့သည်။
ကားကိုရပ်လိုက်သည်နှင့် စုရီ၊ မူဇောင်နှင့် ဇောင်ချင်းဘိုအပါအဝင် ကျောင်းသားအုပ်စုကြီးသည် အဝေးမှ ထွက်လာကြသည်။
“အစ်ကို လင်း၊ မင်း အချိန်မှန်ရောက်တယ်” စုရီက ပြောသည်။
“အတန်းတွေဆုံတာဆိုတော့ငါနောက်ကျလို့မရဘူးလေ” လင်းဖန်က ပြုံးလိုက်သည်။
ထိုအချိန်တွင်ဆောင်ကျင်အန်းက ရှေ့ကို တိုးလာခဲ့သည်။ လင်းဖန်၏နဖူးမှ ချွေးကျနေသည်ကို သူမကြည့်ရင်းသူမသည်သူမရဲ့ရေတစ်ပုလင်းကို ထုတ်ပေးကာ “ရော့ဒီမှာသောက်ပါ” လို့ပြောလိုက်သည်။
ဒီကိုပတ်ဝန်းကျင်ရှိ ကျောင်းသားများ၏ မျက်နှာပေါ်တွင် မနာလိုစိတ်များ ပေါ်လာသည်။
သိရန်ဆောင်ကျင်းအန်းသည် ကျောင်းထဲတွင် ကျော်ကြားသော ရေခဲတောင်အလှလေးတစ်ယောက်ဖြစ်သည်။
ယောက်ျားလေးတွေကသာသူ့မကို ရေဘူးအမြဲပေးသည်။သို့သော်သူမကစပြီး ယောက်ျားလေးကိုရေပေးဖို့အတွက် အစပြုတာကို မမြင်ဖူးပေ။
ယခုအချိန်တွင်လူတိုင်းက မနာလိုစိတ်တွေကို နှလုံးသားထဲမှာ မြှုပ်နှံထားခဲ့ရသည်။
ဘာလို့ဆိုလင်းဖန်သည် ရုပ်ချောရုံသာမက၊
သူသည် ဇောင် ၏ထင်မြင်ယူဆချက်၊ အမွှအနှစ်သာရကို ဖြေရှင်းပြီး ငလျင်ကြိုတင်ခန့်မှန်းစက်ကိုလည်း တီထွင်ခဲ့သောကြောင့်ဖြစ်သည်။
အဝေးက အဲဒီးဒတ်စ် အားကစားဝတ်စုံဝတ်ထားတဲ့ အဖွဲ့ခေါင်းဆောင် ပန်ချန်ကလည်း ဒီမြင်ကွင်းကို သူ့မျက်လုံးထဲမှာ မြင်လိုက်ရသည်။
သူ့မျက်လုံးထဲတွင်မနာလိုမှုအပြင် နာကြည်းမှုအရိပ်အမြွက်ပါရှိနေသည်။
ဘာလို့လဲဆိုလင်းဖန်က သူ့အတန်းကို မပြောင်းခင်ကတည်းကဆိုရင်ပန်ချန်သည် အတန်းထဲတွင် အမြဲတမ်း ပထမ်ဆုံးဖြစ်သည်။ဆောင်ကျင်းအန်းကလွဲရင်တစ်ခြားကောင်မလေးတွေအားလုံးကသူ့ကိုသဘောကျကြသည်။
ထို့အပြင် မိန်းကလေးအားလုံးနီးပါးသည်သူကသူမတို့နဲ့အိပ့်ချင်တယ်လို့ပြောလိုက်ရင်ရနိုင်တယ်လို့ခံစားခဲ့ရသည်။
သို့သော်လင်းဖန်ရောက်လာပြီးနောက်အရာအားလုံးပြောင်းလဲသွားခဲ့သည်။
အတန်းရှိလူတိုင်းသည် ၎င်းတို့၏ကိုးကွယ်မှုကို လင်းဖန်ထံ လွှဲပြောင်းပေးကြသည်။
သူ့ကိုယ်မသိသလိုနေသော ဆောင်ကျင်းအန်းပင်လျှင် လင်းဖန်နှင့်ရင်းနှီးနေသည်။
“ဘတ်စ့်...”
ထိုအချိန်တွင် ဘတ်စ်ကားတစ်စီး ဖြည်းညှင်းစွာ ရောက်ရှိလာသည်။
ပန်ချန်က “ကားရောက်ပြီ၊ အားလုံးပဲ ကားပေါ်တက်ကြ။”
မူလက ဇောင်ချင်းဘို နှင့် အခြားသူများသည် လင်းဖန်နှင့် အတူထိုင်ချင်ကြသည်။
သို့သော်လည်း လင်းဖန်၏ဘေးတွင် ရပ်နေသော ဆောင်ကျင်းအန်းကို ကြည့်လိုက်ပြီးနောက် သူတို့သည်လင်းဖန်ဘေးတွင်မထိုင်တော့ဟုဆုံးဖြတ်လိုက်သည်။
ဘတ်စ်ကားပေါ်မှာ...
အတန်းဖော်များသည် စကားစမြည်ပြောနေကြသည်မှာ အလွန်သာယာပြီး အသက်ဝင်လှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်
ရှောင်လောင်အပန်းဖြေဟိုတယ်ရှေ့တွင် ဘတ်စ်ကားသည် ရပ်တန့်သွားခဲ့သည်။
ကျောင်းသားများသည် အပန်းဖြေဟိုတယ် အပြင်ဘက်ရှိ လှပသော အပြင်အဆင်၊ စတိုင်ကျသော အဆောက်အဦများကို ကြည့်ပြီး သူတို့၏ မျက်လုံးများ တောက်ပလာကြသည်။
တစ်ယောက်ယောက်က “ ငါတို့နေရာကောင်းကိုရောက်လာတယ်။ ဒါပေမဲ့သုံးဖို့ပိုက်ဆံ လုံလောက်ပါ့မလား”
ပန်ချန် က သူ့ရင်ဘတ်ကို ပွတ်သပ်ပြီး ဂုဏ်ယူစွာနဲ့ “စိတ်မပူပါနဲ့ ငါ့အဖေက ရှောင်လောင် မှာ အထွေထွေမန်နေဂျာဖြစ်ပြီး ဒီနေ့ အသုံးစရိတ်ကို 30% လျှော့ပေးထားတယ်!”
ဒါကိုကြားပြီးနောက်ကျောင်းသားတွေ အားလုံး စိတ်လှုပ်ရှားသွားကြသည်။
ထို့နောက် မေးလိုက်သောကျောင်းသားနှစ်ယောက်သား အပန်းဖြေဟိုတယ်ဆီသို့ ပြေးသွားကြသည်။
ပြောရမယ်ဆိုရင်တော့ ဒီအပန်းဖြေဟိုတယ်က အရမ်းကောင်းတယ်လို့ဆိုရမည်ဖြစ်သည်။ဘာလို့ဆိုအထဲတွင်ဘိလိယက်အခန်း ၊ ရေကူးကန် ၊ အသားကင် ဧရိယာ ၊ စားပွဲတင်တင်းနစ် ခန်း... စသည့်အရာအားလုံး ရရှိနိုင်သည်။
ကျောင်းသားများသည် ရယ်မောကာ အလွန်ပျော်ရွှင်စွာ ကစားကြသည်။
“ဒီနေရာက လာလို့ရအောင်လုပ်ပေးတဲ့အတွက်အတန်းခေါင်းဆောင်ကိုကျေးဇူးတင်ပါတယ်!”
“ဟုတ်!”
“မိုက်လဲမိုက်တယ်!”
ပန်ချန်သည် အတန်းဖော်များ၏ ချီးကျူးစကားများကို နားထောင်ကာ လင်းဖန်ရှိရာဆီသို့ အောင်ပွဲခံကာ ပြုံးပြလိုက်သည်။
လင်းဖန်က အဲဒီသင်္ချာပုစ္ဆာတွေကို ဖြေပေးတယ်ဆိုတော့ ဘာဖြစ်လဲ။
သူ့သည်သူ့ထက်ဆင်းရဲတယ်မဟုတ်လား။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး