← Chapters

မင်းဘာလို့ဒီကိုရောက်နေတာလဲ။

Vol. 12 Ch. 179

မင်းဘာလို့ဒီကိုရောက်နေတာလဲ။

Vol. 12 Ch. 179

အခုအချိန်တွင်ရှောင်လောင်အပန်းဖြေဟိုတယ်၏ အပေါ်ဆုံးထပ်အခန်းတစ်ခုထဲတွင် ဝီစကီပုလင်းအနည်းငယ်သည်နှင့်အသားများသည်စားပွဲပေါ်တွင်ရှိသည်။

ကုတင်ဝိုင်းပေါ်တွင် လဲလျောင်းနေသော ဂန်ကျောက် သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး နာကျင်နေဆဲဖြစ်သော သူ့ခေါင်းကို ပွတ်သပ်လိုက်သည်။

မနေ့က လူမြင်ကွင်းကနေ နှင်ထုတ်ခံလိုက်ရသောကြောင့်ဂန်ကျောက်သည်စိတ်ဆိုးနေသည်။

ဒါဘယ်လောက်ရှက်စရာကောင်းသလဲ!

ထို့ကြောင့် ဂန်ကျောက်သည် လင်းဖန်နားကနေထွက်ပြီးနောက်သူ၏အပန်းဖြေဟိုတယ်သို့ တိုက်ရိုက်သွားပြီးဝိုင်ပုလင်းကြီးအနည်းငယ်သောက်ကာ အိပ်ပျော်သွားခဲ့သည်။

ဒါပေမယ့် မနေ့က အဖြစ်အပျက်ကို သတိပြန်ရတော့သူ့ဒေါသတွေ ထွက်လာခဲ့သည်။

ဂန်ကျောက်သည်အံကြိတ်ကာ “လင်း၊ မင်းစောင့်ကြည့်နေ”

ခဏလောက် လှဲလျောင်းပြီးနောက်သူသည် ဖြည်းဖြည်းချင်း ထဖို့ ကိုအများကြီး ကြိုးစားခဲ့ရသည်။

ဂန်ကျောက်က သူ့ဗိုက်ကို ကိုင်လိုက်ပြီး ကုတင်ဘေးရှိဖုန်းကို ကောက်ကိုင်လိုက်ပြီး “ငါစားဖို့ တစ်စုံတစ်ယောက်ကိုစားစာရာလာပို့ပေး”

ထို့နောက် ဖုန်းကို ချလိုက်လေသည်။

“ဒင်ဒေါင်!”

ခဏအကြာတွင် တံခါးခေါက်သံ မြည်လာခဲ့သည်။

အဖြူရောင်ရှပ်အင်္ကျီဝတ်ထားသည့် အထွေထွေမန်နေဂျာ ပန်ယောင်လီသည် လက်ရာမြောက်သော အစားအသောက်များနှင့်အတူ လူကိုယ်တိုင် ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

ပန်ယောင်လီသည်မြောက်ပင့်သောအသံဖြငအ့ “မစ္စတာဂန်၊ ဒါက ဩစတြေးလျ ပုစွန်၊ ဒါကအရည်အသွေးကောင်းတဲ့ ပင်လယ်ငါးဥ၊ အရည်အသွေးကောင်းတဲ့ ငါးအသားလွှာ၊အမဲ အသားကင်...”

“ဒါတွေကို ရှောင်လောင်အပန်းဖြေဟိုတယ်မှာရှိတဲ့ ငါတို့ရဲ့အကောင်းဆုံးစားဖိုမှူးက သေသေချာချာ ချက်ထားတာ။”

“မင်း ဒီဟင်းရည်ကိုသောက်လိုက်တာနဲ့ အရသာရှိပြီး အစာစားချင်စိတ်ကို တိုးစေပါတယ်”

သူပြောပြီးသည်နှင့်ဟင်းရည်တစ်ပန်းကန်ကို ဂရုတစိုက်သွန်းလောင်းလိုက်သည်။

ဂန်ကျောက် က တစ်ငုံသောက်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ဒါကိုကြည့်ပြီးနောက်ပန်ယောင်လီသည် အကောင်းဆုံး ချီးကျူးမှုကို ရရှိထားသလိုမျိုး သူ့မျက်နှာတစ်ခုလုံးမှာ ရွှင်လန်းမှုများဖြင့်ပြည့်နေသည်။

ဒီဟင်းချိုပန်းကန်လုံးက အစာစားချင်စိတ်ကို တိုးလာစေသလိုပဲပြောရမည်ဖြစ်သည်။ထို့ကြောင့် ဂန်ကျောက် က ပုဇွန်၊ ပင်လယ်ငါးဥနဲ့ အသားကင်တွေတို့ကိုသူ့ပါးစပ်က အဆီတွေကွင်းတဲ့အထိစားလိုက်သည်။

ပန်ယောင်လီသည် ဤမြင်ကွင်းကိုမြင်ပြီးနောက်တွင် သူသည် သူ့ဘာသာသူစားသည်ထက် ပိုပျော်သွားသည်။

ဂန်ကျောက်သည် ဟင်းအများစုကို စားပြီးနောက် ကြို့ထိုးကာ “ဒီနေ့ အပန်းဖြေဟိုတယ်မှာ ဘာပွဲတွေရှိလဲ” လို့ မေးလိုက်သည်။

ပန်ယောင်လီ က “မော်ဒယ်တစ်ယောက်ကျန်ပေ့ကိုလာနေပြီတဲ့။ အဲ့ဒါမစ္စတာဂန်ပျော်ဖို့အတွက်ဖျော်ဖြေဖို့ ဖိတ်ခေါ်လိုက်ရမှာလား။”

ဂန်ကျောက် က သမ်းဝေပြီး “မော်ဒယ် အဲဒါ ဘာကောင်းလို့လဲ”

ဂန်ကျောက်စကားကိုကြားပြီးနောက်ဂန်ကျောက် သည် ခေါင်းညိမ့်ပြလိုက်သည်။

ဒီအချိန်မှာ သူ့အိတ်ကပ်ထဲက လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။

သူသည် တောင်းပန်သောအသံဖြင့်”မစ္စတာဂန် ငါ ဖုန်းအရင်ဖြေလိုက်အုံးမယ်” လို့ပြောလိုက်သည်။

“အင်း” ဂန်ကျောက် က ပြောလိုက်သည်။

ထိုမှသာ ပန်ယောင်လီသည် ၎င်း၏သား ပန်ချန်ထံမှ ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်း တွေ့လိုက်သည်။အဲ့ဒါနဲ့သူကဖုန်းကိုင်လိုက်သည်။

“ရှောင်ချန် မင်းဘာကိစ္စရှိလို့လဲ” ဟုပန်ယောင်လီက အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ကျုပ် အတန်းဖော်တွေကို ရှောင်လောင်အပန်းဖြေဟိုတယ် ကို ခေါ်လာပြီ ဖေဖေ၊ မင်း ဟိုတယ်မှာရှိလား၊ရှိရင်လာခဲ့လေ’’ ဟုပန်ချန်ကမေးလိုက်သည်။

အခု သူ့အတန်းဖော်တွေ အရမ်းပျော်နေကြသည်။

သို့သော် ပန်ချန်က ဒါကိုမလုံလောက်ဟု ခံစားမိသည်။

သူ့အဖေကအရမ်းစွမ်းအားကြီးတယ်ဆိုတာကိုအတန်းဖော်တွေကိုသိစေချင်သည်။

အဲ့ဒီဟာကျရင်သူ့အတန်းဖော်တွေရဲ့ စိတ်ထဲမှာ သူ့ရဲ့ ပုံရိပ်ဟာ အမြင့်ဆုံး ကိုရောက်ရှိမည်ဖြစ်သည်။

ပန်ယောင်လီက မျက်မှောင်ကြုတ်ပြီး သူ့သားကို ပါတီပွဲအတွက် ဟိုတယ်ကို ခေါ်ခိုင်းတာကိုကတော်တော်ကောင်းနေပြီဖြစ်သည်။

အခုသူကိုယ်တို​င်သူတို့စီကိုလာရမှာလား။

အဲ့ဒီကိုသွားပြီးသူဘာလုပ်ရမှာလဲ။

ပန်ယောင်လီက သူ့သားကို ကြိမ်းမောင်းဖို့လုပ်လိုက်သည်။

သို့သော်လည်း ရှေ့တွင်ထိုင်နေသော ဂန်ကျောက် ကို သူမြင်လိုက်ရသောကြောင့် သူ့လေသံ ချက်ချင်းပြောင်းသွားခဲ့သည်။

“အချိန်ရရင် ငါလာမယ်ကွာ”

စကားပြောပြီးနောက် ဖုန်းချလိုက်သည်။

ထို့နောက် ပန်ယောင်လီက မြေက်ပင့်သောလေသံဖြင့် “မစ္စတာဂန်၊ ငါ့သားက ဒီနေ့ ငါတို့ဟိုတယ်မှာ ပါတီပွဲလုပ်ဖို့ သူ့အတန်းဖော်တွေကို ခေါ်လာတယ်။အဲ့ဒါ မင်းသွားကြည့်ချင်လား။”

ဂန်ကျောက် က “မင်းရဲ့သားက ကျောင်းတက်နေတုန်းလား?”

“ဟုတ်ပါတယ်၊ ကျန်ပေ့တက္ကသိုလ်မှာ ကျောင်းတက်နေတယ်။” ပန်ယောင်လီ က ပြန်​ဖြေသည်။

“အိုး?” ဂန်ကေိာက် ၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။

မော်ဒယ်နဲ့ ယှဉ်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ကောလိပ်ကျောင်းသူကသာ သူ့အတွက် ပိုဆွဲဆောင်မှုရှိသည်။

အထူးသဖြင့် ကျန်ပေ့တက္ကသိုလ်ပင်ဖြစ်သည်။ဤသည်မှာ ကျန်ပေ့ရှိအကောင်းဆုံးတက္ကသိုလ်ဖြစ်သည်။ ဒီလိုမိန်းကလေးတွေကိုသူက ထူးထူးခြားခြား အနိုင်ယူလိုစိတ် များလေလေဖြစ်သည်။

ဂန်ကျောက်က ဒီလို အနိုင်ယူတတ်တဲ့ ခံစားချက်ကို ကြိုက်သည်။မဟုတ်ရင် မနေ့က အလှလေးတွေကိုဝိုင်အတင်းသောက်ခိုင်းမှာ မဟုတ်ပေ။

ထို့ကြောင့် ဂန်ကျောက် က “မင်းမှာ ကောင်းကောင်းလုပ်နိုင်တဲ့ အရည်အချင်းရှိတယ်၊ မင်းရဲ့သားကလည်း မဆိုးပါဘူး၊ သူဒီကိုရောက်နေပြီဆိုတော့ သေချာပေါက် သွားကြည့်ရအောင်”

“ဖြစ်နိုင်တယ်၊ သူလည်း အနာဂတ်မှာ ငါတို့ အေလန်အဖွဲ့ ရဲ့ စီမံခန့်ခွဲမှု တစ်ခုကိုရလာမယ်ဆိုတာ”

ဒါကိုကြားတော့ ပန်ယောင်လီ က အရမ်းပျော်သွားပြီး “မစ္စတာဂန်ကိုတွေ့တာသူ့အတွက် လုံးဝကောင်းတာပဲ!”

…………

ယခုအချိန်တွင် ပန်ချန်သည် ပန်ယောင်လီထံမှ သတင်းရရှိထားသည်။

သတင်းကဂန်ကျောက်က သူ့ကိုယ်ကြည့်ဖို့ လာတယ်ဆိုတာပင်ဖြစ်သည်။

ပန်ချန်သည် ပျော်လွန်းလို့ကျွမ်းထိုးချင်စိတ်ပင်ဝင်သွားသည်။

သိရန်ဂန်ကျောက်သည် အေလန်အဖွဲ့၏ လူငယ် သခင်လေးဖြစ်ပြီး အနာဂတ် မှာအေလန်အဖွဲ့ရဲ့ဥက္ကဌ ဖြစ်မှာသေချာသည်။

သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ရင် အနာဂတ်မှာ ချမ်းသာဖို့ကိုစိတ်ပူစရာမလိုတော့ပေ။

အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို သူမြင်တွေ့နေရသလိုမျိုးသူ၏ မျက်နှာပေါ်တွင် အပြုံးများဖြင့်ပြည့်​နေလေသည်။

ထို့​နောက်သူကလင်းဖန်ကို မော့ကြည့်လိုက်သည်။

သူ့စိတ်ထဲတွင်သင်္ချာပုစ္ဆာကို ဖြေရှင်းတာနဲ့ပဲ အနာဂတ်မှာချမ်းသာလာမှာမို့လား။

ထို့နောက် ပန်ချန်းက သူ့လည်ချောင်းကို ရှင်းထုတ်ပြီး “အတန်းဖော်တွေ၊ အတန်းဖော်တွေ ငြိမ်ငြိမ်နေကြပါ!”

အားလုံးက ပန်ချန်ကို လှည့်ကြည့်လိုက်သည်။

ဒါကိုတွေ့တော့ပန်ချန်သည် ပြုံးကာ “လူတိုင်းကို သတင်းကောင်းလေး ပြောပြစရာရှိပါတယ်။ ဒီဟိုတယ်... မဟုတ်ဘူး၊ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်တဲ့ အေလန်ကုမ္ပဏီတစ်ရဲ့လူငယ်သခင်လေးကငါတို့နားကိုလာမယ်တဲ့”

“ငါတို့ သူနဲ့ ဆက်ဆံရေးကောင်းရင် နောင်အနာဂတ်မှာ ငါတို့အတွက် တကယ်အကျိုးရှိမှာ သေချာတယ်။ ဘွဲ့ရပြီးတဲ့အခါကျရင်အလုပ်ရဖို့ကိုတောင်မှာပြဿနာဖြစ်မှာမဟုတ်ဘူး!”

ဒီစကားကို ကြားတာနဲ့ ကျောင်းသားတွေ အားလုံး နှလုံးခုန်မြန်လာခဲ့သည်။

ဘီလီယံပေါင်းများစွာတန်တဲ့ကုမ္ပဏီ။

ဒါက သူတို့အတွက် သေချာပေါက် အကောင်ကြီးကြီးတစ်ကောင်ပင်ဖြစ်သည်။

တစ်ချို့လူတွေက သူတို့ရဲ့အဝတ်အစားတွေကို မသိစိတ်နဲ့ သန့်သန့်ရပ်ရပ်ပြင်ဆင်လိုက်ကြသည်။

အချို့မိန်းကလေးများသည် မိတ်ကပ်မှန်ကိုထုတ်၍ ဂရုတစိုက် မိတ်ကပ်ပြန်လိမ်းလိုက်သည်။

ဒါတွေကိုကြည့်ပြီးနောက်ပန်ချန်၏မျက်နှာပေါ်တွင် ကြည်နူးမှုတစ်ခု ပေါ်လာခဲ့သည်။ဘာလို့လဲဆိုရင်သူ့အဖေ ပန်ယောင်လီကအတန်းတွင်းရှိ အလှလေးများကို ပြင်ဆင်ထားရန် မက်ဆေ့ပို့ထားသောကြောင့်ဖြစ်သည်။

ပန်ချန်က ဒါက ဘာကိုဆိုလိုတယ်ဆိုတာ သဘာဝကျကျ နားလည်သည်။

ထိုအချိန်တွင် အဝေးမှ ခြေသံများ ထွက်ပေါ်လာသည်။

ထို့နောက် ပန်ယောင်လီနှင့် ဂန်ကျောက်တို့ သည် ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

ပန်ချန်သည် သစ္စာရှိသော ခွေးတစ်ကောင်ကဲ့သို့ 90 ဒီဂရီကို ကွေးညွှတ်ကာ “မင်္ဂါလာပါမစ္စတာဂန်” ဟု လေးလေးစားစား နှုတ်ဆက်လိုက်သည်။

ဂန်ကျောက်က ခေါင်းညိတ်လိုက်ပြီး သူ့ရှေ့က ကျောင်းသားတွေကို ကြည့်လိုက်သည်။

ချောမောလှပသော အမျိုးသမီးအချို့ကို တွေ့လိုက်ရသောအခါ သူ့စိတ်ထဲမှာ ခေါင်းညိတ်မိလိုက်သည်။

နောက်အခိုက်အတန့်တွင်ဂန်ကျောက် က ရုတ်တရတ် မျက်ခုံးပင့်လိုက်ပြီး “မျိုးရိုးအမည် လင်း မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ!”

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters