← Chapters

နောင်တမရနဲ့

Vol. 12 Ch. 180

နောင်တမရနဲ့

Vol. 12 Ch. 180

ဂန်ကျောက် ၏ အသံသည် အလွန်ကျယ်လောင်သည်။

ထို့ကြောင့်ချက်ချင်းဆိုသလိုပဲ တက်ရောက်လာတဲ့ ကျောင်းသားအားလုံးကဂန်ကျောက်ကိုကြည်လိုက်သည်။

သူတို့အားလုံး ဂန်ကျောက် ရဲ့ ဦးတည်ရာကို ကြည့်လိုက်ကြသည်။

ရုတ်​တရက်​​တွေ့လိုက်​ရတာကသူရည်​ညွှန်းတဲ့လူက လင်းဖန်​ဆိုတာပင်ဖြစ်သည်။

ထိုအချိန်တွင် လင်းဖန် သည် လဲဂန်ကျောက် ကို သတိပြုမိပြီး သူ့မျက်နှာမှာ အံ့အားသင့်သွားခဲ့သည်။

သူတို့ နှစ်ယောက် မနေ့ကလေးပဲတွေ့ခဲ့သေးသည်။မထင်မှတ်ပဲ...ဒီနေ့လဲပြန်တွေ့သည်။

ဂန်ကျောက် က သူ့ပါးစပ်ထောင့်ကို မြှောက်ပြီး ရယ်မောလိုက်သည်။

ဘုရားသခင်မှာ မျက်လုံးတစ်ကယ်ရှိတာပဲ။(မသိရင်မျက်လုံးမရှိတာကျတာပဲ)

မင်း မနေ့က ငါ့ကို နှင်ထုတ်ခဲ့တယ်။ ဒီနေ့ တော့ငါ့အလှည့်ပဲ။

ဂန်ကျောက်က ရောက်ရှိလာသူအားလုံးကို တစ်ချက်ကြည့်လိုက်ပြီး “ဒါကလင်း လား၊ ပန်ချန်ဒါမင်းရဲ့အတန်းဖော်လား?”

“ဟုတ်တယ်၊ သူက ငါတို့အတန်းဖော်ဖြစ်ပြီး သူ့နာမည်က လင်းဖန်ပါ” ပန်ချန်ကသစ္စာရှိ ခွေးတစ်ကောင်လိုခေါင်းငုံပြန်ဖြေလိုက်သည်။

ဂန်ကျောက် က “မင်းတို့ကျောင်းသားတွေ ဘဝကမလွယ်ဘူးဆိုတာ ငါသိပါတယ်၊ မင်းတို့မှာလစဉ်နေထိုင်မှုစရိတ်က နည်းနည်းပဲရှိတယ်... ဒီနေ့လို စုဝေးပြီးရှောင်လောင်အပန်းဖြေဟိုတယ်ကို လာဖို့ဆိုတာ တော်တော်ရှားသင့်တယ်”

“ပန်ချန်၊ မင်းအဖေက ငါတို့ရှောင်လောင်အပန်းဖြေဟိုတယ် ရဲ့ အထွေထွေမန်နေဂျာဖြစ်ပြီး ဒီတစ်ခါ မင်းတို့ဒီအပန်းဖြေဟိုတယ်မှာလုပ်တာဟာမှန်သမျှအားလုံးအခမဲ့ပဲ”

ပန်ချန်က စိတ်လှုပ်ရှားစွာနဲ့ “ကျေးဇူးတင်ပါတယ် မစ္စတာဂန်!”

ထို့နောက် သူသည် အတန်းဖော်များကို အောင်ပွဲခံသလိုမျိုး ပြုံးပြရန် မမေ့ပေ။

ကျောင်းသားအားလုံးကလည်း ပြန်ပြုံးပြလိုက်ကြသည်။

ဒီအချိန်မှာ ဂန်ကျောက် က “ဒါပေမယ့် မင်းက ဒီ လင်းဖန် ကို မောင်းထုတ်ရမယ်၊ ဘာလို့ဆိုငါက သူ့ကို ကြည့်လို့မရလို့ပဲ”

ဒီစကားထွက်လာတာနဲ့ မြင်ကွင်းက ချက်ချင်းတိတ်ဆိတ်သွားတော့သည်။

သို့သော်လည်း ပန်ချန် သည် ဤအဖြစ်အပျက်ကို စိတ်မ၀င်စားခဲ့ပေ။

ဆန့်ကျင်ဘက်အနေနဲ့ သူအရမ်းပျော်သွားခဲ့သည်။

ဘာလို့ဆိုလင်းဖန်ကို ဖယ်ရှားနိုင်တော့ သူ့ဒေါသကို ထုတ်ပစ်ရုံတင်မကဘဲ လင်းဖန်းကိုလည်း ဖိနှိပ်နိုင်ပြီး အတန်းထဲမှာ သူ့အဆင့်အတန်းလဲမြှင့်တင်နိုင်သည်။

ဒါကိုစ​ဉ်းစားမိပြီးပန်ချန်သည် လင်းဖန်ထံ လျှောက်လညကာ ရှက်ရွံ့စွာ လေသံဖြင့်”လင်းဖန်၊ ဒါ... ငါတို့အတန်းဖော်တွေအတွက်ထွက်သွားပေးလို့ရမလား။.”

“အတန်းဖော်တွေအတွက်​လား ဒါမှမဟုတ်​ မင်းအတွက်လား​။”

လင်းဖန်သည် ပန်ချန်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ သူစကားပြောခါနီးတွင် စုရီက အဝေးကနေအော်ပြောလိုက်သည်။

“အစ်ကို လင်းကို ဘာလို့ပြန်လွှတ်​ရမှာလဲ။”

ချက်ခြင်းပဲ၊ ဇောင်ချင်းဘိုကလဲ “ဒါက ငါတို့ အတန်းပါတီလေ။ မင်းကပိုက်ဆံအတွက်နဲ့ပြန်လွှတ်လိုက်ရလားရှက်စရာပဲ”

“ဟုတ်တယ်!” မူဇောင်ကလဲအားကျမခံပြန်ပြောလိုက် သည်။

ရုတ်တရက် အတန်းဖော် အများအပြား ကလဲသူတို့နည်းတူလိုက်ပြောကြသည်။

“ငါလဲထောက်ခံတယ်”

“ငါ့မှာ ပိုက်ဆံအများကြီး မရှိဘူးဆိုပေမဲ့၊ ငါတို့ပါတီအတွက်တော့နိုင်ပါသေးတယ်။”

“ပိုက်ဆံအတွက်နဲ့ပြန်လွှတ်တာဘယ်လောက်တာရှက်စရာကောင်းလိုက်သလဲ”

“အခု လင်းဖန်ကို နှင်ထုတ်လိုက်တယ်။နောက်တစ်ခါကျရင်ငါတို့အလှည့်ရောက်လာမလားမသိဘူး!”

…………

ဒီအခြေအနေလည်း ပုံမှန်ပင်ဖြစ်သည်။

အမှန်တော့၊ လူအများစုသည် ပန်ချန်ကဲ့သို့ မနာလိုစိတ်ကြောင့် လုံးဝမျက်စိကွယ်သွားခြင်းမရှိပေ။

သူတို့အားလုံးကလင်းဖန်ကို အရမ်းလေးစားကြသည်။

ဒီမှာရှိတဲ့လူတွေက သူတို့လေးစားတဲ့လူကို ပါတီစရိတ်နည်းတဲ့အတွက်မောင်းထုတ်တော့ ခွင့်မပြုပေ။

ပန်ချန်သည် ဤမျှလောက် လူအများ ကန့်ကွက်ရန် မမျှော်လင့်ထားပေ။ သူက ခေါင်းကို လှည့်ပြီး မျက်နှာထားမကောင်းတဲ့ ဂန်ကျောက် ကို ကြည့်ပြီး “မစ္စတာဂန်၊ ငါ့ရဲ့အတန်းဖော်တွေကို ငါထပ်ပြီး စည်းရုံးလိုက်အုံးမယ်” လို့ အလျင်စလို ပြောလိုက်သည်။

ပြီးနောက်သူက “အတန်းဖော်တွေ ငြိမ်ငြိမ်လေးနေပေးပါ..…”

“တိတ်တိတ်နေစမ်း ပန်ချန်၊ မင်းက တစ်စုံတစ်ယောက်ကို ကျေနပ်တာက မင်းရဲ့ကိစ္စလေ။ အစ်ကို လင်းကို ဘာလို့နှင်ထုတ်တာလဲ။” ဟုစုရီကပြောလိုက်သည်။

“ငါ ဒီနေ့ ပန်ချန်က်ုရှင်းရှင်းလင်းလင်းသိလိုက်ပြီသူကငွေမက်တဲ့ကောင်ပဲ!”

“သူ့မှာ ပိုက်ဆံရှိရင် ဘာမဆိုဖြစ်နိုင်မယ်လို့ ထင်နေတာလားမသိဘူး”

လူတိုင်းက အော်ဟစ် ကျိန်ဆဲကြလေသည်။

ရုတ်တရက်ဆိုသလို၊ဂန်ကျောက် ရဲ့အမူအရာက ပိုရုပ်ဆိုးလာပြီး “ကောင်းပြီလေ... လင်းဖန်ကို မမောင်းထုတ်ချင်ဘူးဆိုရင် မင်းတို့အားလုံး ဒီကနေ ထွက်သွားပါ!”

စကားပြောနေစဉ်တွင် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် စကားမပြောရသေးသော လင်းဖန်က “ဖုန်းဆက်စရာ မလိုဘူး” လို့ ပြောလိုက်သည်။

“ဂန်ကေိာက်၊ ဒါ မင်းရဲ့ဟိုတယ် မင်းငါ့ကိုတကယ်နီင်ထုတ်လို့ရတယ်။”

“ဒါပေမယ့် ငါ့ကို မောင်းထုတ်လိုက်တဲ့ အကျိုးဆက်ကို မင်းသိလား”

ဂန်ကျောက် က ရယ်မောပြီး “အကျိုးဆက်က ဘာလဲ? ငါကြောက်တယ်ထင်လား? ဟား...ဟား....”

လင်းဖန်က ခေါင်းညိတ်ပြီး “ဒီနေ့ မင်းပြောခဲ့တာကို မှတ်ထားမယ်”

ထို့နောက် လှည့်၍ အပြင်သို့ ထွက်လာခဲ့သည်။

ဇောင်ချင်းဘိုနဲ့ စုရီတို့အပါအဝင် ကျောင်းသားတစ်စုကလဲလင်းဖန်နောက်ကို ထွက်လိုက်လာကြသည်။

မနီးမဝေးမှာ ထိုင်နေတဲ့ ဆောင်ကျင်းအန်းက အေးစက်စက်စွာဖြင့် “ဂန်ကျောက်၊ ငါကတိပေးတယ်၊ ဒီနေ့ ဖြစ်ပျက်ခဲ့တာကို မင်းသေချာပေါက် နောင်တရလိမ့်မယ်!”ဟုပြောလိုက်လေသည်။

ဒါကိုကြားပြီးနောက်ဂန်ကျောက်၏ နှလုံးခုန်သံ အနည်းငယ် မြန်သွားခဲ့သည်။

ဆောင်ကျင်းအန်းဟာ တကယ်တော့ဒီမှာ ရှိနေတာကို သူ သတိမထားမိခဲ့ပေ။သူမရဲ့ လေသံကို နားထောင်လိုက်ရင်လင်းဖန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတယ်ဆိုတာထင်ရှားသည်။

သိရန်ဆောင်မိသားစုရဲ့ စွမ်းအားက မသေးပေ။

ဂန်ကျောက်က တစ်စုံတစ်ခုကို ရှင်းပြလိုသည့်ပုံစံဖြင့်ပါးစပ်ကို ဖွင့်လိုက်သည်။

ဒါပေမယ့် ဆောင်ကျင်းအန်းက သူ့ကို အခွင့်အရေး လုံးဝမပေးဘဲ လှည့်ထွက်သွားခဲ့သည်။

ဒါကိုကြည့်ပြီးနောက်ဂန်ကျောက်သည်ဘာမှမပြောဖို့ကလွဲပြီးရွေးချယ်စရာမရှိပေ။

ငါတို့အေလန်ကဆောင်မိသားစုကိုအားကိုးနေတာမှမဟုတ်တာ။

ဒါကိုတွေးမိပြီးရန်ကေနာက်ဟာ စိတ်အေးလက်အေး ပြန်ဖြစ်သွားခဲ့သည်။

…………

လင်းဖန်သည် ရှောင်လောင်အပန်းဖြေဟိုတယ်မှ ထွက်လာပြီးနောက် သူ့နောက်မှ ကျောင်းသားတွေကို လှမ်းကြည့်ကာ “ဒီနေ့ ငါ့ကြောင့်ပဲအားလုံးကို နှောင့်ယှက်မိပြီ..”

“အစ်ကို လင်းမင်းဘာတွေပြောနေတာလဲ”

“ဟုတ်။”

“လူတိုင်းက အတန်းဖော်တွေပဲ၊ အဲ့ဒါတွေပြောစရာမလိုဘူး”

အတန်းဖော်များအားလုံး တယောက်ပြီး တယောက် လင်းဖန်ကို​ပြောလိုက်ကြသည်။

လင်းဖန် က “ဒါပေမယ့် ငါတို့ပါတီက ဒီလိုမျိုးပြီးသွားတာကမကောင်းဘူးလေ။ဒါကြောင့်ငါကနောက်ထပ်ပါတီတစ်ခုကိုစီစဉ်ပေးပါရစေ...”

“ဟိုး..ဟား...”

“နောက်ထပ်ပါတီတစ်ခု....”

ကျောင်းသားများသည်လင်းဖန်စကားကြောင့်ပျော်ရွှင်သွားကြသည်။

လင်းဖန်သည် ခေါင်းညိတ်ကာ သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ ဖန်လုံ လုံခြုံရေးကုမ္ပဏီ မန်နေဂျာဝမ်၏ဖုန်း နံပါတ်ကို ခေါ်ဆိုလိုက်သည်။

ခဏကြာတော့ ဖုန်းက ချိတ်ဆက်ပြီးမန်နေဂျာဝမ်ရဲ့ လေးစားတဲ့အသံ ထွက်ပေါ်လာသည်။

“မင်္ဂလာပါ မစ္စတာလင်း!”

လင်းဖန် က “မန်နေဂျာ ဝမ် မင်းအဲဒီမှာ ဘတ်စ်ကားတစ်စီး စီစဉ်ပေးနိုင်မလား?”

“ရပါတယ် ပြဿနာမရှိပါဘူး!” မန်နေဂျာဝမ်က စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောလိုက်သည်။

သူစိတ်လီုပ်ရှားတာမဆန်းပေ

ဘာလို့ဆိုလင်းဖန် သည်ဖန်လုံကုမ္ပဏီပိုင်ရှင် ဖြစ်သည်။လင်းဖန်အကးအညီတောငသည်မှာရှားပါးသောအခွင့်အရေးတစ်ခုဖြစ်သောကြောင့်ဖြစ်သည်။

လင်းဖန်က “ကောင်းပြီ၊ မင်း ရှောင်လောင်အပန်းဖြေဟိုတယ်ကိုလာဖို့ ဘတ်စ်ကားတစ်စီး စီစဉ်ပေးပါ”

“ရပါတယ်၊ မိနစ် 20 အတွင်းမှာ ငါတို့ရောက်မယ်။” ဟုမန်နေရျာဝမ်က ပြောလိုက်သည်။

18 မိနစ်ခန့်တွင် ဇိမ်ခံဘတ်စ်ကားအသစ်စက်စက် သည်လင်းဖန်တို့ ရှေ့မှာ ပေါ်လာသည်။

ဒါကိုမြင်သောအခါအတန်းဖော်များအားလုံး ပြုံးပြုံးရွှင်ရွှင်ဖြင့် ကားပေါ်တွင်ဝင်ထိုင်နေကြသည်။

လင်းဖန်ကမန်နေဂိာဝမ် ကို “AC ကလပ် ကိုသွားမယ်”ဟုပြောလိုက်သည်။

ဤစကားထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကျောင်းသားများစွာ၏ နှလုံးခုန်သံများ မြန်လာခဲ့သည်။

ဇောင်ချင်းဘို၊စုရီ၊မူဇောင်တို့၏မျက်နှာတွင်လဲစိတ်လှုပ်ရှားသောအမူအရာတစ်ခုပေါ်လာသည်။

All Chapters