ဒေဝါလီခံအောင်လုပ်မယ်
Vol. 13 Ch. 181
သိပ်မကြာခင်မှာပဲ ဇိမ်ခံဘတ်စ်ကားက အေစီကလပ်ရဲ့ ဝင်ပေါက်မှာရပ်သွားခဲ့သည်။
အေစီကလပ်တံခါးဝတွင် ရပ်နေသော အရပ်မြင့်မြင့် အလှမယ် နှစ်ယောက်သည် လူများစွာ ဝင်လာသည်ကို မြင်လိုက်ရသောအခါသူမတို့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး “အေစီကလပ်မှ ကြိုဆိုပါတယ်” ဟု ချိုသာစွာ ပြောလိုက်သည်။
ဒီအလှမယ်နှစ်ယောက်သည်အရပ်ရှည်ယုံသာမကသူမတို့ကောက်ကြောင်းနဲ့အသံများသည်ပင်သံလိုက်ဓာတ်လိုချိုသာနေသည်။
ဒါကိုကြည့်ပြီးနောက်ကျောင်းသားများအားလုံးသည် စိတ်တွေကြွလာခဲ့သည်။
လင်ဖန်းသည်စေီကလပ်အထဲသို့ဝင်လိုက်ကာ နဲ့မျက်နှာကျက်ပဲဖြစ်ဖြစ်၊ကြမ်းပြင်ပဲဖြစ်ဖြစ်၊ဘေးပတ်ဝန်းကျင်တွေကိုဇိမ်ခံပစ္စည်းများစွာနဲ့အလှဆင်ထားလေသည်။
လင်းဖန်ကတော့ဘာမှမထူးခြားပေ။သို့သော်သူ့အတန်းဖော်များကမူအံ့သြနေကြသည်။လင်းဖမ်သူတို့ကိုဂရုမစိုက်ပဲအေစီကလပ်ရှိစားသောက်ဆိုင်သို့ခေါ်သွားခဲ့လေသည်။
စားသောက်ဆိုင်ရောက်ပြီးတာနဲ့လင်းဖန်သည်ဝိုင်းတစ်ဝိုင်းတွင်ထိုင်ကာ”လူတိုင်း ဘာမှမစားရသေးဘူးမလား။ အရင်စားရအောင်။”
ဟင်းပွဲများကိုများကိုမှာပြီးမကြာမီတွင်လှပသော စားပွဲထိုးအမျိုးသမီးသည်သြစတေးလျပုဇွန်နဲ့အမဲသားစွပ်ပြုတ်၊ သိုးသားကင်များ၊ ဝက်နံရိုးကင်စသည့်..ဇိမ်ခံဟင်းလျာများ အများအပြားကိုလာချပေးလေသည်။(ဒါတွေကလင်းဖန်တို့မှာထားတာပါ)
အမှန်တော့ ကျောင်းသားအားလုံးသည်ဗိုက်သိပ်မဆာပေ။
သို့သော် ဤဟင်းပွဲပုံစံများနဲ့ရနံ့များကြောင့်လူတိုင်းသရေကျသွားခဲ့လေသည်။
လင်းဖန်သည်သူတို့ပုံစံကိုကြည့်ပြီးရယ်ကာ”မင်းတို့ဘာလုပ်နေတာလဲ၊ စားလေ” ဟုပြောလိုက်သည်။
လင်းဖန်စကားကြောင့်အတန်းဖော်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင်သူတို့သည်လာချပေးသောအစားအစာများကိုဆွဲစားလေတော့သည်။
ပါဝင်ပစ္စည်းများကလဲလတ်ဆတ်ပြီးချက်ပြုတ်သောသူသည်လဲတော်သောကြောင့်သူတို့သည်စားပြီးရင်းစားနေလေသည်။
မကြာမီတွင်သူတို့ရဲ့ ဗိုက်တွေက သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ အရှိန်နဲ့ အဆက်မပြတ် ဖောင်းကားလာခဲ့သည်။အဲ့ဒါမှသူတို့ရပ်သွားခဲ့လေသည်။သူတို့ကမရပ်ချင်ပေ။သို့သော်သူတို့ဗိုက်ကခွင့်မပြုသောကြောင့်ကျေကွဲလေသည်။
သူတို့ဗိုက်တင်းကားနေအောင်စားပြီးသည်ကိုကြည့်ပြီးနောက်လင်းဖန်က “အေစီကလပ်မှာရှိတဲ့ အရာအားလုံးကို မင်းတို့လုပ်နိုင်တယ်။ ‘’ လို့ ပြောလိုက်သည်။
ဇောင်ချင်းဘိုက ပြုံးပြီး “ဒါဆိုငါတို့အားမနာတော့ဘူး၊ငါလုပ်စရာရှိလို့သွားပြီ?”ဟုဆိုကာထွက်သွားလေသည်။
“ငါလည်းသွားလိုက်အုံးမယ်၊အစ်ကိုလင်းလေ!” စုရီ က ပြုံးပြပြီး လိုက်သွားသည် ။
သူ့ဘေးနားရှိ မူဇောင် သည် လဲသူတို့နောက်လိုက်သွားလေသည်။
စုရီနှင့် ဇောင်ချင်းဘိုတို့ရဲ့ ဆွေးနွေးပြောဆိုမှုကို အမျိုးသား ကျောင်းသားတစ်ဦးက ကြားလိုက်ပြီး “ဘာလုပ်စရာရှိလို့လဲ၊ အရင်ကမင်းတို့ဒီနေရာက်ုရောက်ဖူးလို့လား” လို့ မေးလိုက်သည်။
“အစ်ကို လင်းက ငါတို့ကို ဒီကိုအရင်ခေါ်လာတာ၊မင်းတို့လိုက်ချင်လိုက်ခဲ့လိုက်...အဲ့ဒီအခါမှမင်းသိမယ်။’’ဟု ဇောင်ချင်းဘိုသည် လူတိုင်းသိသော အမူအရာဖြင့်ပြောလိုက်သည်။
အတန်းဖော် ယောက်ျားလေး... နဲ့ သူ့တို့ဘေးနားက လူတစ်စုသည်ဒီစကားတွေကြားတော့ သူ့တို့ရဲ့မျက်လုံးတွေဟာတောက်ပလာတော့သည်။
သူတို့သည်မကြာမီတွင်ရေကူးကန်သို့ရောက်သောအခါရေကူးဘီကီနီဝတ်ထားသောလှပပြီးကောက်ကြောင်းရှိသောမိန်းကလေးများကိုမြင်သောအခါဇောင်ချင်းဘိုမျက်လုံးများတောက်ပသွားတော့သည်။
ထိုနေ့တွင် ကျောင်းသားများအားလုံးသည် ဒါတွေကိုကြည့်ပြီးရယ်ပြီးစကားပြေနေလေသည်။
ည ၉ နာရီရောက်သောအခါလူအားလုံးသည် မျက်နှာများပေါ်တွင် အပြုံးကိုယ်စီဖြင့် အေစီကလပ်အပြင်ဘက်သို့ လျှောက်လာကြသည်။
အတန်းဖော်တစ်ဦးက “ငါတို့စားထားတာ၊ဘာညာလုပ်တဲ့ဟာတွေစျေးကြီးတာလား မသိဘူး” ဟု တိုးတိုးလေးပြောလိုက်သည်။
ထင်ရှားသည်မှာ သူသည် အေစီကလပ်ကိုထပ်လာချင်သောကြောင့်မေးခြင်းဖြစ်သည်။
“ဘယ်လောက်လဲဆိုတာတော့မသိပေမဲ့လင်းဖန်ငွေပေးတော့ 780,000 ကုန်သွားတယ်ဆိုတော့တွေ့လိုက်တယ်”
ဒါကိုကြားပြီးနောက်အနီးနားရှိ ကျောင်းသားများအားလုံး အသက်ရှုကြပ်သွားကြသည်။
ထို့နောက် သူတို့သည် လင်းဖန်ကို သဘောကျသောအကြည့်ဖြင့်ကြည့်လိုက်သည်။
အေစီကလပ်မှ ထွက်သွားသောအခါ လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! လျှို့ဝှက်မစ်ရှင်ပြီးမြောက်ခြင်း။ ကျေနပပျော်ရွှင််စရာကောင်းတဲ့ အတန်းပါတီတစ်ခု ကျင်းပခဲ့သောကြောင့်ငွေရောင်စာအိတ် ၅ အိတ်ကို ရရှိသည်။ 】
လင်းဖန် သည် ထိုစကားကိုကြားသောအခါ သူ့အနည်းငယ်ပြုံးလိုက်သည်။
ပါတီတစ်ခုကျင်းပပြီးမစ်ရှင်တစခုပြီးတာကမဆိုးဘူးလို့လင်းဖန်ကတွေးလိုက်သည်။
ထို့နောက် ဇိမ်ခံဘတ်စ်ကားသည် ကျောင်းသားများကို ကျန်ပေ့တက္ကသိုလ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
အမျိုးသားအိပ်ဆောင်။
ဒီနေ့ အတန်းပါတီကျင်းပပြီးတဲ့ နောက်မှာတော့ အတန်းဖော်တွေက လင်းဖန်နဲ့ ပိုရင်းနှီးလာကြသည်။
104 အိပ်ဆောင်တွင်ကျောင်းသားအုပ်စုတစ်စုသည် လင်းဖန်နှင့် 12 နာရီအထိ စကားစမြည်ပြောဆိုကြပြီးနောက်သူတို့သည်သူတို့၏အိပ့်ဆောင်ကိုပြန်ချင်မပြန်ချင်ဖြစ်သွားလိုက်ကြသည်။
…………
လင်းဖန်သည်စကားစမြည်ပြောနေချိန်တွင်။
ကျန်ပေ့တက္ကသိုလ်၊ အမျိုးသမီးအိပ်ဆောင်၊ အခန်း ၆၀၆။
ဆောင်ကျင်းအန်းသည် အခြားသော အခန်းဖော် သုံးယောက်နှင့်အတူစကားပြောပြီးနောက်သူမရဲ့အခန်းဖော်တွေကအိပ့်သွားခဲ့လေသည်။
ဒီအချိန်မှာသူမ၏ အပြုံးသည် ချက်ခြင်း ပျောက်ကွယ်သွားပြီး သူမ၏ မျက်နှာတစ်ခုလုံး လေးနက်ပြီးအေးစက်လာခဲ့သည်။
ဆောင်ကျင်းးအန်းသည် သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ပြီး ဝီချက်’ကျန်ပေ့ရန်ပုံငွေ’ အဖွဲ့တွင် မက်ဆေ့ချ် တစ်ခုပေးပို့လိုက်သည်။
ဆောင်ကျင်းအန်း- လင်းဖန်ကိုအေလန်အဖွဲ့ရဲ့လူငယ်သခင်လေးဂန်ကျောက်ရဲ့အနိုင်ကျင့်ခြင်းကိုခံခဲ့ရတယ်။
ဒီမက်ဆေ့ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ မူလငြိမ်းချမ်းတဲ့ အဖွဲ့ဟာ ချက်ချင်း ပင်ဆူညံသွားတော့သည်။
လီယွင်ဟိုင်: ဘာ ဂန်ကျောက်, ဒီကောင်ဘယ်လိုလုပ်ပြီးအစ်ကိုလင်းကိုအနိုင်ကျင့်ဝံတာလဲ။
တန်ရှိန်: ဂန်ကျောက် သူ ဘယ်တုန်းက ဒီလောက် မောက်မာသွားတာလဲ။
ဒူချမ်: ဒီကောင် စိတ်မမှန်ဘူးထင်တယ်။ အစ်ကို လင်းကို တောင်စော်ကားရဲတယ်။
လီယွင်ဟိုင်: အင်း။ ငါ့အှာပြောစရာအများကြီးရှိပေမဲ့အကျဉ်းခုပ်ပြီးပြောလိုက်မယ်။အဲ့ကောင်ကိုသင်ခန်းစာပေးလိုက်မယ်။
တန်ရှိန်: အစ်ကို လီငါလဲမင်းနဲ့အတူတူပဲယ.
ဒူချမ်: ငါရောပဲ။
လဲ့လင်: ငါ့ကိုလဲထည့်!
စုလင်းဟို - အားလုံး ခဏနေပါအုံး
လီယွင်ဟိုင်: စုလင်းမင်းတို့ကအေလန်အဖွဲ့နဲ့ပူးပေါင်းထားလို့ဒီဂန်ကျောက်ကိုသင်ခန်းစာမပေးချင်တာလား။
စုလင်းဟို : မင်းဦးနှောက်မကောင်းလား။ငါတို့နဲ့အေလန်အဖွဲ့ပူးပေါင်းဆောင်ရွက်မှု ရှိရင်တောင်မှ သူကအစ်ကို လင်း ကို စော်ကားတာကြောင့်ပူပေါင်းဆောင်ရွက်တာကိုချက်ချင်းကိုရပ်မှာ။
စုလင်းဟို - မင်းတို့ငါပြောတဲ့ဟာကိုနားမလည်ဘူးပဲ၊ငါပြောချင်တာကဂန်ကျောက်ကိုပဲသင်ခန်းစာပေးတာကအရမ်းပေါ့လျော့လွန်းတယ်။
စုလင်းဟို- ငါတို့တစ်ယောက်ချင်းစီက မိသားစုတစ်ခုစီကို ကိုယ်စားပြုနိုင်တယ်လေ။
စုလင်းဟို - ငါတို့ရဲ့ အားသာချက်တွေကိုပေါင်းပြီး စတော့တွေ၊ ဘဏ်တွေ၊ အိမ်ခြံမြေတွေ၊ ဖျော်ဖြေရေးတွေ၊ ဟိုတယ် စတာတွေကနေ အေလန်အဖွဲ့ကို ဒေဝါလီခံတဲ့အထိလုပ်မယ်... အဲ့ဒါကိုမင်းတို့ဘယ်လိုထင်လဲ။
ဆောင်ကျင်းအန်း: ကောင်းတယ်။
လီယွင်ဟိုင်- စုလင်းဟို မင်းကိုအရင်ကအသုံးမဝင်ဘူးလို့ ငါထင်ခဲ့တယ်၊ ဒါပေမယ့် အခုတော့မင်းကအသုံးဝင်နေသေးတာပဲ။
စုလင်းဟို:...
တန်ရှိန်: ငါတော့အစ်ကိုစုပြောတဲ့အတိုင်းလိုက်နာမယ်။
ဒူချမ် : အစ်ကို လင်းကို စော်ကားတဲ့အတွက်ထိုက်တန်တယ်။
လဲ့လင်: ငါလည်းသဘောတူတယ်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး