ပြိုလဲခြင်း
Vol. 13 Ch. 182
ဆောင်ကျင်းအန်း၊ လီယွင်ဟိုင်၊ စုလင်းဟို ၊ တန်ရှိန် ၊ ဒူချမ် ၊ လဲ့လင် နဲ့ တခြားသူတွေကအဲဒီညမှာပဲသူတို့ရဲ့မိသားစုထဲက လူကြီးတွေကို ဆက်သွယ်ပြီး ဖြစ်ကြောင်းကုန်စင်ကိုပြောပြခဲ့သည်။
သူတို့အားလုံးဟာ မိသားစုတွေရဲ့ တိုက်ရိုက်သားမြေးတွေဖြစ်သည်။ ယခုဖြစ်ရပ်သည် မကြာသေးမီက လင်းဖန်ပြသခဲ့သည့် အလွန်ကြီးမားသော ရင်းနှီးမြုပ်နှံမှုစွမ်းရည်ကြောင့် ၎င်း၏မိသားစုများသည် ကြီးမားသောအမြတ်အစွန်းများကိုရရှိစေခဲ့သည်။
ဒါကြောင့်သူတို့သည်ဆန့်ကျင့်မည့်ကိစ္စကိုသူတို့ကလဲပါဝင်ကူညီမည်ဖြစ်သည်။
အေလန်အဖွဲ့ကို ဆန့်ကျင်သည့် ကိစ္စကြီးတစ်ခု ပေါ်လာခဲ့လေသည်။
ယင်းနှင့်ပတ်သက်၍အေလန်အဖွဲ့၏ဥက္ကဌ ဂန်ဖန်သည် ၎င်းကို လုံးဝမသိပေ။
နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ပင်ဂန်ဖန်သည်ကုမ္ပဏီဆီသို့ ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။
ကျယ်ဝန်းပြီး တိတ်ဆိတ်ငြိမ်သက်သော ဥက္ကဋ္ဌရုံးခန်းသို့ သူရောက်လာပြီးနောက်တွင်သူသည် မဆိုင်းမတွပင်ကော်ဖီမွှေးတစ်ခွက်ကို ဦးစွာသောက်လိုက်သည်။
ထို့နောက်သူသည်ပြတင်းပေါက်ကနေတစ်ဆင့်လူရှုပ်သော လမ်းကို အပေါ်စီးကြည့်နေလိုက်သည်။
ဤသို့ကြည့်နေရင်းဂန်ဖန်၏ မျက်နှာပေါ်တွင် ကျေနပ်သောအပြုံးတစ်ခု ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် အပေါ်စီးကနေပြီးလူသားအားကိုကြည့်ရခြင်းကိုခံစားရသောကြောင့်ဖြစ်သည်။
“ကလင်....ကလင်”
ထိုအချိန်တွင် တယ်လီဖုန်းသည်ကျယ်လောင်းစွာမြည်လာသောကြောင့်ဂန်ဖန်၏အေးချမ်းသာယာမှုကိုလည်း ချိုးဖျက်ပစ်လိုက်သည်။
ဒာကြောင့်ဂန်ဖန် က မျက်မှောင်ကြုတ်ပြိးဖုန်းကိုကိုင်လိုက်သည်။
“ဘာဖြစ်တာလဲ?” ဂန်ဖန်ကမေးလိုက်သည်။
“ဥက္ကဌ မကောင်းတော့ဘူး!” ဟု စိုးရိမ်သောကရောက်နေသော ယောက်ျားလေး၏ အသံသည် ဖုန်းထဲကနေထွက်လာသည်။
“ဘာကိုဥက္ကဌ မကောင်းတာလား။ ငါအရမ်းကိုကောင်းတယ်! မင်းစကားအသုံးအနှုန်းကို ဂရုစိုက်ပါ!” ဟုဂန်ဖန်ကအော်ပြောလိုက်သည်။
“ဟုတ်ကဲ့... တောင်းပန်ပါတယ် ဥက္ကဌ’’တစ်ဖက်ဖုန်းထဲကလူကချက်ချင်းပြန်ပြောလိုက်သည်။
ဂန်ဖန် က “မင်းဘာကိစ္စရှိလို့ဖုန်းချက်တာလဲဆိုတာကိုအရင်ပြော’’
“ ဘလို့စ်မင်းမက်ကန့်က ချက်ခြင်းဆိုသလိုပဲ ငါတို့ကုမ္ပဏီကို ဟင်းသီးဟင်းရွက်နဲ့ အသားတွေ ကိုထောက်ပံ့ပေးတာ ရပ်သွားခဲ့တယ်... အခု ငါတို့ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေ အားလုံးမှာလတ်ဆတ်တဲ့ အစားအစာတွေ မရှိတော့ဘူး” ဟုပြောလိုက်သည်။
“ငါတို့ကုမ္ပဏီ၏နေ့စဉ်ဝယ်လိုအားသည် အလွန်ကြီးမားသောကြောင့် ဘလိုစ်မင်းမက်ကန့်သည် ငွေမရှာချင်တော့ဘူးနဲ့တူတယ်။ဟုတ်တယ်မလား” ဂန်ဖန်ကမေးလိုက်သည်။
“ဟုတ်ပါတယ်၊ဟုတ်ပါတယ်” ဟုဖုန်းထဲကလူကပြောလိုက်သည်။
“သူတို့ငါတို့နဲ့မရောင်းဝယ်ချင်ရင်တစ်ခြားသူနဲ့စာချုပ်ချုပ်လိုက်!”
“ဟုတ်ကဲ့ ဥက္ကဌ” ဖုန်းထဲကလူသည်ဂန်ဖန်ဒေါသကိုခံစားရသောကြောင့်လုံးဝမငြင်းဆန်ဝံ့ပေ။
ဖုန်းချသွားပြီးနောက် ဂန်ဖန် က “ဒီနေ့နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။ဒါပေမဲ့ကိစ္စမရှိပါဘူး!”
သို့သော်ဂန်ဖန်က ဒီခေါ်ဆိုမှုဟာ ဒီနေ့ရဲ့အစပဲရှိသေးတယ်ဆိုတာ မသိခဲ့ပေ။
“ကလင်...ကလင်...ကလင်!”
သူ ဖုန်းချလိုက်ပြီးခဏအကြာတွင်ဖုန်းထပ်လာခဲ့သည်။
“ဘာကိစ္စရှိလို့လဲ’’ဟု ဂန်ဖန်က စိတ်မသက်မသာနဲ့ပြောလိုက်သည်။
“ဥက္ကဌ မကောင်းတော့ဘူး!” ဖုန်းထဲကနေ အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းရဲ့အသုံးအနှုန်းကို အာရုံစိုက်ပါ။ ငါ အရမ်းကောင်းတယ်လို့” ဂန်ဖန်က အော်ပြောလိုက်သည်။
“တောင်းပန်ပါတယ် ဥက္ကဌ” အမျိုးသမီးက ပြောသည်။
ဂန်ဖန်က အသက်ပြင်းပြင်းရှူပြီး “ဘာကိစ္စရှိလို့လဲ?”
“ဥက္ကဋ္ဌ၊ ငါတို့ကမကောင်းတဲ့ဆီသုံးတယ်ဆိုတဲ့ဗီဒီယိုကဘယ်ကနေဘယ်လိုင်းပေါ်တက်လာလဲမသိဘူး။ အခု ကွန်ရက်တစ်ခုလုံးက ဒီကိစ္စကို ဆွေးနွေးနေကြတယ်။” အမျိုးသမီးက ထိတ်လန့်တကြားနဲ့ပြောလိုက်သည်။
“အဲ့ဒါဆိုဘာလို့ဖုန်းဆက်နေတာလဲမြန်မြန် ငါ့အတွက် ဗီဒီယိုကို ဖျက်လိုက်!” ဂန်ဖန် က အော်ပြောလိုက်သည်။
“ဟုတ်ကဲ့…” အမျိုးသမီးက ထပ်ခါထပ်ခါ ပြန်ဖြေလိုက်ပြီးဖုန်းချလိုက်သည်။
ဖုန်းချပြီး မကြာခင်မှာပင် ဖုန်းမြည်သံ ထပ်မံထွက်လာပြန်သည်။
“ဥက္ကဌ မကောင်းတော့ဘူး!” ဖုန်းထဲမှာ ယောက်ျားလေးတစ်ယောက်ရဲ့ အသံထွက်ပေါ်လာသည်။
ဂန်ဖန် က “ငါအဆင်ပြေတယ်” လို့ပြောချင်ပေမဲ့မပြောလိုက်ပေ။
နောက်ဆုံးမှာတော့ သူ့သွားတွေကို အံကြိတ်ကာ”ပြောလေ!”ဟုပြောလိုက်သည်။
“ငါတို့ ရဲ့စတော့တွေ တစ်ဆယ်ရာခိုင်နှုန်းထိုးကျသွားပြီ…” လို့ ဖုန်းထဲကသူကပြောလိုက်သည်။
“ဘာ” ဂန်ဖန်ကအံအားသင့်စွာပြောလိုက်သည်။
စတော့စျေးကွက် 10% ကျသွားတယ်။
ဒါက သူလုံးဝလက်မခံနိုင်တဲ့အရာပင်ဖြစ်သည်။
“ဘာအကြောင်းအရင်းဖြစ်လို့ ဒီလိုဖြစ်နေတာလဲ!” ဂန်ဖန်က စိုးရိမ်တကြီးပြောလိုက်သည်။
“သုံးပြီးသားဆီတွေကို ကျွန်တော်တို့ ကုမ္ပဏီက အသုံးပြုတာကြောင့်ပါ။” ဟုဖုန်းထဲကသူကပြန်ပြောလိုက်သည်။
ဂန်ဖန်က ခဏလောက်စဉ်းစားပြီး “ငါမင်းကို သန်း 200 ပေးမယ်၊ မင်းကစတော့ဈေးကို တည်ငြိမ်အောင် လုပ်ပါ။”
“ဟုတ်ကဲ့!” ဖုန်းထဲကလူကပြောလိုက်သည်။
ဂန်ဖန်က ဖုန်းချသွားပြီးနောက်၊ သူသည်စတော့စျေးကွက်အတွက် ယွမ် သန်း ၂၀၀ ကို တိုက်ရိုက်ပေးချေလိုက်သည်။
ပေးချေပြီးသိပ်မကြာခင်မှာ သူ့ဖုန်းက ထပ်မြည်လာသည်။
“ကလင်...ကလင်....ကလင်”
“ဥက္ကဋ္ဌ၊ ဘဏ်က ကျွန်တော့်တို့ကိုဒီနေ့ အကြွေး၁ ဘီလီယံကို ပြန်ပေးရမယ်တဲ့၊ မဟုတ်ရင် အရေးယူခံရလိမ့်မယ်လို့ဘဏ်ကပြောတယ်” ဖုန်းထဲကလူက စိုးရိမ်တကြီးပြောလိုက်သည်။
“ဘာ” ဒါကိုကြားပြီးနောက်ဂန်ဖန် က ထိတ်လန့်စွာ အော်ပြောလိုက်သည်။
သိရန်သူတို့ကုမ္ပဏီရဲ့ စုစုပေါင်းလုပ်ငန်းအရင်းအနှီးက သန်း 300 ပဲရှိသည်။(အရင်းအနှီးဆိုတာကသူတို့မှာရှိတဲ့ငွေကျေးပမာဏပါ။ကျတဲ့န်ပိုက်ဆံတွေကတစ်ခြားနေရာမှာရင်းနှီးမြှပ်နှံထားတာပါ။)
ယွမ် သန်း 200 တန်ဖိုးလောက်ရှိသော စတော့ရှယ်ယာများကို ပြန်လည်ဝယ်ယူခြင်းသည် ကုမ္ပဏီ၏ရန်ပုံငွေအများစုကို သုံးစွဲထားပြီးဖြစ်သည်။
အခု... ဘဏ်ကို ၁ ဘီလီယံ ပြန်ပေးဖို့ကလုံးဝမဖြစ်နိုင်ပေ။
ထို့နောက် ဂန်ဖန်က ဘဏ်ဖုန်းကို ခေါ်လိုက်သည်။
သို့သော် ဘဏ်၏သဘောထားမှာလဲမပြောင်းလွဲပေ။
ဂန်ဖန်သည် စတော့ရှယ်ယာများဝယ်ယူရန် ရန်ပုံငွေ သန်း ၂၀၀ အသုံးပြုပြီးနောက်သူသည်အင်တက်နက်ကုမ္ပဏီများကိုဖုန်းခေါ်လိုက်သည်။
သို့သော် အခြေအနေတွေကနောက်ကျသွားပြီဖြစ်သည်။
ဂန်ဖန်ရဲ့ကုမ္ပဏီ၏မကောင်းသတက်းများသည်လိုင်းပေါ်တွင်မသိသူမရှိသလောက်ပျံ့နှံ့သွားခဲ့သည်။
အေလန်အဖွဲ့သည်ဒီလိုနဲ့ပဲသုံးရက်အတွင်းပြိုလဲသွားတော့သည်။
…………
ဒီနေ့……
ဂန်ကျောက် က သူ့ရဲ့ ဖယ်ရီယာကို မောင်းပြီး အိမ်သို့ပြန်ခဲ့သည်။
ဧည့်ခန်းထဲမှာထိုင်နေတဲ့ဂန်ဖန်က သူ့ကိုမြင်လိုက်ပြီးနောက် သူ့မျက်လုံးတွေ ချက်ချင်းနီရဲလာပြီး “သားဆိုးသားမိုက် မင်းငါစီပြန်လာဝံ့တယ်”
စကားပြောပြီးနောက်ကန်ဖန်သည်ဂန်ကျောက်နားကိုလာကာဆွဲထိုးလိုက်သည်။
“ဗွမ်း!”
ဂန်ကျောက်သည်သူအဖေထိုးလိုက်သောကြောင့်နောက်ပြန်လဲသွားလေသည် ။
လက်ညိုးတစ်ချောင်းစာလောက်ထူသော ပုလဲလည်ဆွဲကို ဝတ်ဆင်ထားသည့် မိတ်ကပ်ထူထူနှင့် အမျိုးသမီးက ဂန်ဖန် ကို တွန်းလိုက်ပြီး “မင်းငါ့သားကို ဘာလို့ထိုးလိုက်တာလဲ!”
ထိုအမျိုးသမီး၏ အကူအညီကြောင့်ဂန်ကျောက်သည်ကြမ်းပြင်ကနေထရပ်နိုင်ခဲ့သည်။
“ဖေဖေ မင်းဘာလို့ငါ့ကိုထိုးလိုက်တာလဲ” ဂန်ကျောက် က အံ့အားသင့်စွာ မေးလိုက်သည်။
ဂန်ဖန်ကသူ့သားကိုကြည့်ပြီး “မင်းကိုတစ်ခုမေးကြည့်မယ်။မင်းလင်းဖန်ကိုသိလား”
လွန်ခဲ့သည့် သုံးရက်အတွင်း ဘဏ္ဍာရေး၊ အစားအစာ၊ ထောက်ပံ့ပို့ဆောင်ရေး(စားသောက်ကုန်ဥပမာအရွက်၊အသား)၊ ဖျော်ဖြေရေးစသည့် ကဏ္ဍပေါင်းစုံတွင် အဓိကအင်အားစုများစွာကသူ့ကို ပစ်မှတ်ထားခဲ့သည်။
ဂန်ဖန် သည်ဒီကိစ္စကအလွန်ထူးဆန်းသည်ဟု ခံစားမိသောကြောင့်ဘာပြဿနာဖြစ်နေသည်ကို သိရှိရန် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။
“လင်းဖန်ကိုနှင်ထုတ်တဲ့အတွက် အဖေမင်းငါ့ကိုရိုက်တာလား” ဂန်ကျောက်ကဆိုလိုက်သည်။
ဂန်ကျောက်သည်လင်းဖန်ကသူ့ကိုနှင်အထုတ်ခံရသည့်အကြောင်း တွေးတိုင်း သူ့ဒေါသထွက်လာသည်။
အခုသူ့အဖေကလင်းဖန်ကြောင့်သူ့ကိုရိုက်တဲ့အတွက် စိတ်မချမ်းသာဖြစ်သွားသည်။
“ဟုတ်တယ် ကွာ!” ဂန်ဖန်ကအော်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် ဂန်ကျောက်၏ မျက်နှာကို လဲရိုက်လိုက်သည်။
“ မင်းငါ့သားကို ထပ်ရိုက်တယ်၊ နင်အဲ့လောက်ရန်ဖြစ်ချင်လဲဒီအဘွားကြီး ကနင်နဲ့အတူဖြစ်ပေးမယ်” အမျိုးသမီးက အော်ပြောပြီးတာနဲ့ သူမ၏လက်သဲများဖြင့်ဂန်ဖန်ကိုကုတ်လိုက်လေသည်။
ကုတ်လိုက်သောကြောင့်ဂန်ဖန်၏လက်မောင်းပေါ်တွင် နီမြန်းသောအစက်အပြောက်များစွာ ပေါ်လာပြီး သွေးအနည်းငယ်စီးဆင်းလာသည်။ထိုသည်ကိုဂန်ဖန်မြင်သောသောအခါသူ့ကိုကုတ်လိုက်သောအမျိုးသမီးပါးကိုရိုက်လိုက်သည်။
“မင်းက ကြွက်စုတ်အဘွားကြီးပဲ” ဂန်ဖန် က ပြောလိုက်သည်။’’နင်ငါ့ကိုရိုက်တဲ့အတွက် ငါမင်းနဲ့ကွာရှင်းမယ် “ဟုမိန်းမကငိုပြီးပြောလိုက်သည်။
ဒါကို့ကြားတော့ဂန်ဖန် က ဘာမှမတုန်လှုပ်ဘဲ”ကွာရှင်းချင်းရင် ကွာရှင်းတာပေါ့။ ငါ မင်းနဲ့ အချိန်အကြာကြီး မနေချင်တော့ဘူး။ကွာရှင်းပြီးတာနဲ့ မင်းရဲ့ သားကို ယူပြီး သွားတော့”
မိန်းမက လဲ၊ “ကောင်းပြီ၊ နောက်ဆုံးတော့ မင်းစိတ်ထဲမှာ ရှိတာကို မင်းပြောပြီပေါ့။ဒါဆို ငါထွက်သွား! ငါတို့လက်ထားတဲ့အတွက်နငရဲ့ရှယ်ယာတစ်ဝိုက်ငါ့ကိုချက်ချင်းလွဲပေ။”
“ရှယ်ယာတစ်ဝက်? ငါတို့အေလန်အဖွဲ့ မရှိတော့တာကိုမင်းကရှယ်ယာလိုချင်တာလား။” ဂန်ဖန် က ရယ်မောပြီးပြောလိုက်သည်။
“မင်းဘာကိုဆိုလိုတာလဲ?” အမျိုးသမီးက အံသြစွာ မေးလိုက်သည်။
“မင်းဘာကိုဆိုလိုတာလဲဟုတ်လား။ မင်းရဲ့ အဖိုးတန်သားကြောင့်ပဲသူ ကလင်းဖန်ကို စော်ကားတာကြောင့် ငါတို့အေလန်အဖွဲ့ လုံးဝပြီးသွားပြီ” ဟုဂန်ဖန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ဒါကိုကြားတာနဲ့တစ်အိမ်လုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။
ထိုအမျိုးသမီးနှင့် ဂန်ကျောက်တို့သည်လဲလုံးဝအံ့အားသင့်သွားခဲ့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး