← Chapters

အဖွားနေမကောင်းဘူး

Vol. 13 Ch. 183

အဖွားနေမကောင်းဘူး

Vol. 13 Ch. 183

လင်းဖန်သည် အေလန်အဖွဲ့တွင် ဘာတွေဖြစ်သွားလဲဆိုတာကိုမသိပေ။

ဒီသုံးရက်လုံးလုံး သူသည်နံနက်စာစားလိုက်၊ အတန်းသွားလိုက်၊ ပြီးတော့အိပ့်လိုက်နဲ့နေ့ရက်တွေကိုသက်သောင့်သက်သာဖြတ်သန်းနေသည်။

“ဒင်း!”

ဒီနေ့ ကျောင်းတက်ခေါင်းလောင်းသံကြားတော့ လင်းဖန်က သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးတဲ့အသံတစ်ခုထွက်လာသည်။

【ဒင်း! လျှို့ဝှက်မစ်ရှင်ပြီးခြင်း။မင်းကိုအကူအညီပေးမှုကြောင့်ငွေရောင်စာအိတ် ၅ အိတ်ရရှိသည်။ 】

လင်းဖန် သည် ၎င်းကိုကြားသောအခါတွင် သူ့မျက်နှာပေါ်တွင် သံသယဖြစ်သောအမူအရာများပေါ်လာသည်။

ဒီလျှို့ဝှက်မစ်ရှင်ကဘာလိုတွေဖြစ်သွားလို့ပြီးသွားတာလဲ။

ငါ့ကိုအကူညီပေးတယ်?

ငါဘာမှမလုပ်ခဲ့ပုံရသည်။

ထိုအချိန်တွင် ဆောင်ကျင်းအန်း သည် ဖြည်းညှင်းစွာ လျှောက်လာပြီး “ငါရယ်၊ လီယွင်ဟိုင်၊ စုလင်းဟို၊ တန်ရှိန်၊ ဒူချမ် နှင့်လဲ့လင်နဲ့တစ်ခြားသူတွေပေါင်းပြီးအေလန်အဖွဲ့ကို ဒေဝါလီခံရအောင်လုပ်လိုက်တယ်” ဟုပြောလိုက်သည်။

ဒါကိုကြားတော့လင်းဖန်၏ မျက်နှာသည် ကြောင်တက်တက် ဖြစ်သွားသည်။

ထိုအချိန်မှသာလျှင် ‘အကူအညီပေးမှု’ ဟူသော မစ်ရှင်နှင့် ပတ်သက်သည့်ကိစ္စကို ယခုမှပင် သူနားလည်သွားခဲ့သည်။

လင်းဖန်သည် ၎င်းတို့သည် ဤကိစ္စကိုလုံး၀အားစိုက်ထုတ်ခဲ့သည်ကို နားလည်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အဆိုပါအဖွဲ့သည် ဒေါ်လာဘီလီယံချီသော ကုမ္ပဏီတစ်ခုဖြစ်သည်။

လင်းဖန် က “မင်းတို့ရဲ့ ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးတင်ပါတယ်၊ဒါကြောင့် အားလုံးကို ခေါ်ပြီး အတူတူ သွားသောက်ကြရအောင်။”

“ကောင်းပြီ။” ဆောင်ကျင်းအန်း ခေါင်းညိတ်ပြီးပြောလိုက်သည်။

…………

ကျန်ပေ့ဟိုတယ်။

အခန်း ၈၈၈။

ဒူချမ် နှင့် လီယွင်ဟိုင်တို့သည် အခန်း၈၈၈သို့လျှောက်ဝင်လာကြသည်။

ဒူချမ် က “ငါ ညစာစားဖို့ ကျန်ပေ့ဟိုတယ်ကို လာဖူးပါတယ်... ဒါပေမယ့် အပေါ်ထပ်မှာအခန်း၈၈၈ရှိမယ်လို့ မထင်ခဲ့ဘူး!”

“ပြီးတော့ဒီအခန်းအလှဆင်ပုံကအရမ်းကိုမိုက်လွန်းတယ်”

လီယွင်ဟိုင် က “ဒါက ပုံမှန်မဟုတ်ဘူးဆိုတာ မင်းမသိဘူး! ၈၈၈အခန်းကို အကောင်ကြီးကြီးတစ်ချို့ပဲလာလို့ရတယ်။”

“အခန်း၈၈၈ကို လှပစွာ အလှဆင်ရုံသာမက၊ ဤအခန်းအတွင်းရှိ ပန်းကန်များ၊ စီးကရက်နှင့် ဝိုင်များအားလုံးကို ထားပေးထားသည်။ ဒါတွေကိုအပြင်မှာတောင်တော်တော်ရှားတယ်”

ဒါကိုကြားတော့ဒူချမ် သည် ချက်ချင်းပင် မျက်လုံးများ လင်းထိန်သွားတော့သည်။

လူအတော်များများသည် စကားစမြည်ပြောရင်း တစ်ချို့လူတွေကိုစောင့်နေကြသည်။

သိပ်မကြာခင်မှာပဲ လဲ့လင် နဲ့ တန်ရှိန်တို့လည်း အခန်း၈၈၈သို့ရောက်လာကြသည်။

တန်ရှိန်တို့ရောက်ပြီးသိပ်မကြာမီပင်စုလင်းဟိုက အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ပြီး လမ်းလျှောက်ဝင််လာတဲ့အခါ လီယွင်ဟိုင် က ချက်ချင်းပဲ “ငါက မင်းဒီကို ဘာလို့မလာသေးတယ်ဆိုတာကိုစဉ်းစားနေတာ၊အခုမှပဲသိတော့တယ်မင်းကစော်ကြည်မယ်ထင်ပြီးအ​ဖြူရောင်အင်္ကျီကြီးဝတ်ထားတာကို...ဟမ်”

စုလင်းဟိုသည် လီယွင်ဟိုင်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောပေ။

လူတွေစုံတာကိုမြင်တော့လင်းဖန် က “လူတိုင်းရောက်ပြီးဆိုတော့ ငါ ဟင်းလျာတွေကိုကြိုမှာထားတယ်။အဲ့တာတွေကိုလာပို့ခိုင်းလိုက်မယ်”

စကားပြောပြီးနောက် စားပွဲပေါ်ရှိ ခလုတ်ကို နှိပ်လိုက်သည်။

မကြာမီပင်စားပွဲထိုးများသည်အရသာရှိသော ဟင်းမျိုးစုံအပြင်စီကရက်၊ဝိုင်းများကိုလာချပေးတော့သည်။

လင်းဖန်ကဝိုင်ခွက်ကိုကိုင်ကာ “ငါ့အတွက် မင်းတို့လုပ်ခဲ့သမျှကို ငါမှတ်မိနေမှာပါ။ပြီးတော့မင်းတို့အားလုံးကငါ့ရဲ့ သူငယ်ချင်းကောင်းတွေပါပဲ၊ ပြီးတော့မင်းတို့အားလုံးကို ဒီခွက်နဲ့ကျေးဇူးတင်ပါရစေ”

စကားပြောပြီးသောအခါ လင်းဖန်က သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး တစ်ချက်တည်း သောက်လိုက်သည်။

လင်းဖန်၏အင်အားဖြင့် အေလန်အဖွဲ့ကို ဖျက်ဆီးရန် လုံးဝလွယ်ကူပါသည်။

သို့သော် လီယွင်ဟိုင်နှင့် စုလင်းဟိုတို့က ကူညီရန် ရွေးချယ်ခဲ့သောကြောင့်လင်းဖန်သည် ၎င်းကို နှလုံးသားထဲတွင် မှတ်မိနေမည်ဖြစ်သည်။

လင်းဖန် ၏ ဆိုလိုရင်းကို လူတိုင်း သဘာဝကျကျ နားလည်ကြပြီး သူတို့၏ မျက်နှာများတွင် ပျော်ရွှင်မှုများပေါ်လာသည်။

လင်းဖန်၏နောက်ကွယ်တွင် စွမ်းအားမည်မျှရှိသည်ကို မပြောဘဲ၊ သူနောက်ဆုံးပြသခဲ့သော ငွေကြေးစွမ်းရည်သည် လူတိုင်းနှင့်ရင်းနှီးစေရန်လုံလောက်သည်။

သူတို့က လဲလင်းဖန်ကို “အစ်ကိုလင်း၊ မင်း ယဉ်ကျေးလွန်နေပြီ” လို့ပြောလိုက်သည်။

ညကိုးနာရီခွဲအထိနေပြီးနောက်အားလုံးက ကျန်ပေ့ဟိုတယ် မှ ထွက်လာကြသည်။

နောက်ကျနေပြီဖြစ်သောကြောင့် လင်းဖန်သည် ကျောင်းသို့မပြန်ဘဲ ပန်လုံဗီလာသို့ ပြန်လာခဲ့သည်။

လင်းဖန်သည် တံခါးကိုဖွင့်လိုက်သောအခါတွင် စုနမ်သည် ကြမ်းပြင်ပေါ်သို့ကျနေပြီးသူမရဲ့မျက်လုံးနားမှာလဲမျက်ရည်တွေရှိနေသည်။

လင်းဖန်သည် လျင်မြန်စွာ ရှေ့သို့ လှမ်းကာ “စုနမ်၊ စုနမ်!”

သို့သော့သူမ လုံးဝမတုံ့ပြန်ခဲ့ပေ။

ဒါကြောင့် လင်းဖန်က သူမကို ကောက်ချီလိုက်ပြီး ဆိုဖာပေါ် တင်ပေးလိုက်သည်။

တင်ပေးလိုက်တာနဲ့စုနမ်သည်မျက်လုံက်ုဖွင့်လိုက်သည်။

ဒါကိုမြင်တော့လင်းဖန်က “စုနမ် မင်းက ဘာလို့ မြေပြင်ပေါ်မှာ မေ့လဲနေတာလဲ” လို့ မေးလိုက်သည်။

လင်းဖန်အမေးစကားက်ုကြားပြီးနောက်စုနမ်နမ် သည် တစ်ခုခုကို ချက်ခြင်းတွေးမိပြီး သူ့မျက်လုံးထောင့်များမှ မျက်ရည်များကျကာ “အဖွားရဲ့ခွဲစိတ်မှု မအောင်မြင်ဘူးတဲ့။ငါအဖွားကို ပြန်သွားကြည့်ချင်တယ်...”

စကားပြောနေစဉ် စုနမ် သည် မတ်တပ်ရပ်ဖို့လုပ်လိုက်သည်။

သို့​သော်သူမသည်မတ်တပ်မရပ်နိုင်ခဲ့ပေ။ဘာလို့ဆိုစုနမ်သည်ကြမ်းပြင်ပေါ်တွင်မေ့လဲနေတာကြာနေသောကြောင့်ခြေကျင်သွားသောကြောင့်ဖြစ်သည်။

လင်းဖန်က “မင်းအဖွားအိမ်က ဘယ်မှာလဲ၊ ငါ မင်းကို ခေါ်သွားပေးမယ်။”

ထို့နောက် လင်းဖန်သည် စုနမ်၏ အဖြေကို မစောင့်ဘဲ သူမအား ထပ်မံချီလိုက်လေသည်။

မူလကစုနမ်၏ နှလုံးသားသည် ထိတ်လန့်တုန်လှုပ်နေသေးသည် ။

ဒါပေမယ့် လင်းဖန် က သူမကို ချီလိုက်တဲ့အခါ စုနမ် က လင်းဖန်ရဲ့လက်မောင်းကနေ နွေးထွေးတဲ့ ပွေ့ဖက်မှုကို ခံစားလိုက်ရသည်။. အကြောင်းတစ်ခုခုကြောင့် သူမသည်ရုတ်တရက် သက်သာရာရသွားခဲ့သည်။

“ လီရှီမြို့” စုနမ် က ပြောသည်။

“ကောင်းပြီ။” လင်းဖန်က စုနမ် ကို Pagani Fengshen(ကား) ၏တွဲဖက်လေယာဉ်မှူးတွင် ထားခဲ့ပြီး တစ်ချိန်တည်းမှာပင် လက်မှတ်ဝယ်ရန်သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။

လီရှီမြို့ သည် ကျန်ပေ့ မှကီလိုမီတာ 2,000 ကျော်ကွာဝေးသည်။

သိသာထင်းရှားစွာပင်ကားထက်လေယာဉ်သည်ပိုမိုမြန်ဆန်လိမ့်မည်။

လင်းဖန်သည် ပထမတန်းစား အခန်းနှစ်ခန်းကို တိုက်ရိုက်ဝယ်ယူလိုက်သည်။

ထို့နောက် အရှိန်မြှင့်စက်ကို နင်းကာ လေဆိပ်ဆီသို့ ပြေးသွားခဲ့သည်။

လင်းဖန်သည် စုနမ် နှင့်အတူ လေဆိပ်သို့ ရောက်သောအခါ လက်မှတ်ကိုစစ်ပြီးတာနဲ့လေယာဉ်ပေယ်တက်သွားခဲ့သည်။တက်သွားပြီးမကြာခင်မှာပဲလေယာဉ်ကထွက်ခွာသွားလေသည်။

လင်းဖန်သည်စုနမ်ရဲ့မျက်နှာပေါ်မှာစိုးရိမ်မှုကိုမြင်သောအခါသူက “ စိတ်မပူပါနဲ့ မငရဲ့အဖွား နေကောင်းလာမှာပါ “ လို့ တိုးတိုးလေးပြောလိုက်သည်။

သာမာန်လူတွေက အဲဒီလိုပြောရင် စုနအ် က တစ်ဖက်လူက ကိုယ့်ကိုကိုယ် နှစ်သိမ့်ပေးနေတယ်လို့ ခံစားရမှာဖြစ်သည်။

ဒါပေမယ့် လင်းဖန်က ပြောပြီးနောက်အကြောင်းတစ်ခုခုကြောင့် စုနမ်သည်လင်းဖန်စကားကိယုံကြည်ရန် ရွေးချယ်ခဲ့သည်။

၂ နာရီခန့်အကြာတွင် လေယာဉ်သည် လီရှီလေဆိပ် တွင် ရပ်တန့်သွားခဲ့သည်ယခုအချိန်တွင် ကားပါကင်တွင်တိုယိုတာကားတစ်စီးသည်လင်းဖန်တို့ကိုစောင့်နေသည်။

ဒါက လေယာဉ်မတက်ခင် လင်းဖန်ငှားထားတဲ့ကားပင်ဖြစ်သည်။

ယာဉ်မောင်းလိုင်စင်ပြပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြပြီးနောက် လင်းဖန်တို့ ကို ဆေးရုံသို့ တိုက်ရိုက်မောင်းခေါ်သွားခဲ့သည်။

ဆေးရုံသို့ရောက်တာနဲ့သူမသည်သူမအဘွားစီသို့ပြေးသွားလေသည်။

သိမ်မကြာခင်မှာပဲစုနမ်သည်ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် ခုံတန်းလျားတစ်ခုပေါ်တွင် တစ်ယောက်တည်း ထိုင်နေသည်ကိုမြင်လိုက်သည်။

စုနမ်က “ညီမ!”

ကလေးမလေးကလဲစုနမ်ကိုမြင်ပြီးနောက် “အစ်မ!”ဟုခေါ်လိုက်ကာသူမ၏ သွယ်လျသော ခြေထောက်များဖြင့်စုနမ်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

ညီအစ်မတွေ အချင်းချင်း ပွေ့ဖက်လိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြနအ-စောင်ချောကြီး

All Chapters