← Chapters

အံ့ဖွယ်တစ်ခု

Vol. 13 Ch. 184

အံ့ဖွယ်တစ်ခု

Vol. 13 Ch. 184

စုနမ်၏ မိဘများသည် အလွန်စောစွာ ကွယ်လွန်သွားခဲ့သည်။မိဘတွေကွယ်လွန်သွားသောအခါစုနမ်သည်သူ့ညီမစုရန်နဲ့အဖွားနဲ့သာအတူနေခဲ့ရသည်။

အရွယ်ရောက်လာသောအခါစုနမ်သည်မိသားစုတစ်ခုလုံးကို ထောက်ပံ့ရန်အတွက် ​မွေးရပ်မြေကနေထွက်လာခဲ့သည်။

သူသည်သူ့ညီမကိုမတွေ့ရတာကြာပြီဖြစ်သောကြောင့်အခုတွေ့ရသောအခါတင်းတင်းကြပ်ကြပ်ဖက်လိုက်ခြင်းဖြစ်သည်။

“အဖွား နေကောင်းရဲ့လား” လို့စုနမ်က သူ့ညီမကိုမေးလိုက်သည်။

“အဖွား...”စုရန်သည်စကားကိုဆက်မပြောပဲငိုတော့သည်။

ခဏအကြာတွင်စုရန်သည်ငိုနေရင်းတန်းလန်းနဲ့”အဖွားက ခွဲစိတ်မှု မအောင်မြင်ဘူးလို့ ဆရာဝန်က ပြောတယ်... ဝါး...အမ်ဟမ်....’’’ဟုငိုပြီးပြောလိုက်လေသည်။

ဒါကိုစုနမ်ကြားသောအခါတွင်သူမတစ်ကိုယ်လုံးတုန်လှုပ်သွားကာ​ကြမ်းပြင်သို့ပြုတ်ကျမလိုဖြစ်သွားခဲ့သည်။

လင်းဖန်ကဒါကိုမြင်လိုက်သောအခါတွင်သူကအလျင်အမြန်စုနမ်ကိုဖမ်းလိုက်ပြီး “စိတ်မပူပါနဲ့၊ နည်းလမ်းတစ်ခုခုတော့ရှိအုံး။အခု အဖွားကို အရင်သွားကြည့်ရအောင်” လို့ ပြောလိုက်သည်။

“အင်း’’ စုနမ်ကသူမရဲ့ခံစားချက်ကိုထိန်းပြီးခေါင်းညိတ်ပြီးပြောလိုက်သည်။

မနက် ၂ နာရီ ထိုးခါနီးဖြစ်သောကြောင့်လူနာနှင့် လူနာ၏မိသားစုဝင်များ အားလုံးအိပ်ပျော်နေကြပြီးဟောက်သံများကိုလဲကြားရသည်။

မကြာခင်တွင်စုနမ်သည် ပင်ပန်းနေသောမျက်နှာပုံစံရှိသည့်အဖွားအိုသည်ကုတင်ပေါ်တွင်လဲလျောင်းနေသည်ကိုတွေ့လိုက်သည်။

ဒါကိုတွေ့သောအခါတွင်ရုတ်​တရက်​သူမရဲ့မျက်လုံးထဲကနေမျက်မျက်​ရည်​ကြီး​တွေထွက်လာသည်။

“ဒီဒီဒီ!”

ထိုအချိန်တွင်၊ သူ့မအဖွား၏ဘေးနားရှိ အသက်ကိရိယာသည် လျင်မြန်သော အချက်ပေးသံ ထွက်ပေါ်လာပြီး ECG မျဉ်းများသည် ဖြောင့်လုနီးပါး ဖြစ်နေသည်။(ECGဆိုတာကအရှင်းဆုံးပြောရရင်ကိုးရီယားဇာတ်လမ်းထဲမှာပါတဲ့အသက်မျဉ်းတွေပါ၊ဖြောင့်ရင်သေတယ်။အတွန့်တွန့်တွေကမသေဘူးပေါ့😁)

ဒါကိုမြင်သောအခါတွင်စုနမ်နှင့်စုရန် တို့က ထိတ်လန့်သွားပြီး “အဖွား၊ အဖွား!”ဟုအော်ခေါ်လိုက်သည်။

လင်းဖန်လဲဒါကိုမြင်သောအခါတွင်သူသည် မျက်ခုံးပင့်ကာ ယွမ် 10 သန်း သုံးစွဲပြီး ဆေးဘက်ဆိုင်ရာရေကို ဝယ်ယူကာ အဖွား၏ပါးစပ်ထဲသို့ အမြန်လောင်းထည့်ပေးလိုက်သည်။

ဆေးရေရဲ့ ထိရောက်မှုကတော့ တကယ်ကောင်းတယ်လို့ ပြောရပါမည်ဖြစ်သည်။

မကြာမီတွင်၊ အသက်ကိရိယာ၏ အချက်ပေးသံများကရပ်သွားပြီး မျဉ်းများကလဲအပေါ်တက်၊အောက်ဆင်းပြန်ဖြစ်သွားလေသည်။

အဲ့အချိန်မှာသူမအဖွားရဲ့ မျက်လုံးများသည် ဖြည်းညှင်းစွာဖွင့်လာလဲ့ပြီးအဖွားကစုနမ်ကိုမြင်သောအခါ “စုနမ်၊အဲ့ဒါနင်လား?”

“ဟုတ်ပါတယ် ငါပါအဖွား၊ ငါပါ” စုနမ်ကစိတ်လှုပ်ရှားစွာပြောလိုက်သည်။

“အဖွား!” စုရန်ကလဲမောက်ကနေလိုက်ပြောလိုက်သည်။

“မင်းကိုတွေ့ရတာ အရမ်းကောင်းတယ်။” အဖွားကစုနမ်ကိုကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။

“အဖွား၊ နောင်တစ်ချိန်ကျရင်မင်းငါ့ကို မကြာခဏတွေ့လိမ့်မယ်” စုနမ် က ပြောသည်။

ထိုညသည် စုနမ် ၏မိသားစုအားလုံးတစ်ညတာအားလုံး ပျော်ရွှင်စွာကုန်ဆုံးသွားခဲ့သည်။

...

နောက်တစ်နေ့။

မနက်စာဝယ်ဖို့ လင်ဖန် က ကားနဲ့ဆေးရုံကနေထွက်လာခဲ့သည်။

“ဘန်း”

သို့သော်လည်း အဝေးသို့ မရောက်မီတွင်ငှားရမ်းထားသော တိုယိုတာ၏ကားဘီးသည်ပေါက်သွားခဲ့လေသည်။

“ဒီကားကဘာလိုဒီလောက်မကောင်းတာလား” ဟု လင်းဖန်က နှုတ်ခမ်းစူကာပြောလိုက်သည်။(😁)

ထို့နောက် သူသည်လက်ကိုင်ဖုန်းကို ထုတ်ယူကာ အငှားကုမ္ပဏီ ၏နံပါတ်ကို ခေါ်ဆိုကာ တိုယိုတာအာ၎င်းတို့ထံ ပြန်ပေးခဲ့သည်။

လင်းဖန်သည်လမ်းလျှောက်ရင်းမကြာမီတွင်ကားအရောင်းဆိုင်တစ်ဆိုင်ကိုတွေ့သောအခါတွင်သူကချက်ချင်းကားရောင်းဆိုင်ထဲသို့ဝင်သွားလိုက်သည်။

“ကားအရောင်းဆိုင် မှ ကြိုဆိုပါတယ်။” ဟု တံခါးနားမှာ ရပ်နေတဲ့ အရောင်းသမားက ပြုံးပြီးပြောလိုက်သည်။

လင်းဖန်ကလဲ ခေါင်းညိတ်ကာ “မင်းတို့မှာSUV ကားရှိလား” ဟု မေးလိုက်သည်။

စုနမ်၏မိသားစုသည် တောင်ပေါ်တွင်နေထိုင်ကြောင်း လင်းဖန် မှတ်မိသောကြောင့် SUV ကားများကသာ ပို၍အဆင်ပြေသည်။

“ရှိပါတယ်။” အရောင်းဝန်ထမ်းကလင်းဖန်ကို အထဲသို့ခေါ်ဆောင်သွားကာ အရပ်ရှည်ပြီး ခပ်မိုက်မိုက် အဖြူရောင် SUV ကားကို ညွှန်ပြပြီး “ဒါက ကတ့်ယူနီ ပါ၊ သူက...”

အရောင်းဝန်ထမ်းက ဒီကားကိုမမိတ်ဆက်ရသေးခင်မှာလင်းဖန်က”ကောင်းပြီ၊ ဒါငါယူမယ်”

စကားပြောပြီးမောက်တွင် သူသည် ဘဏ်ကတ်ကို တိုက်ရိုက်ထုတ်လိုက်သည်။

ဒါကိုမြင်သောအခါတွင်အရောင်းသမားက အံ့အားသင့်သွားခဲ့သည်။

အခုအခြေအနေကဘယ်လိုလဲ

ငါဒီကားကိုမိတ်လဲမဆက်ရသေးသလိုဈေးနှုန်းကိုလဲမပြောရသေးပေ။

ခဏကြာတော့ အရောင်းဝန်ထမ်းက “ဒါဆိုဒီကားကိုအာမခံတွေဘာတွေလုပ်ပေးရမှာလား”

လင်းဖန်က”လုပ်မယ်။ဒါပေမဲ့မက်းတို့ဘက်ကပြဿမာအရှိအောင်လုပ်ရမယ်’’

“ကိစ္စမရှိပါဘူး” ဟု အရောင်းသမားကပြန်ပြောလိုက်သည်။ဒါကိုကြားတော့

လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်ပြီးငွေချေလိုက်သည်။

ကားအတွက်လင်းဖန်သည်၂.၅၆ သန်းကိုပေးချေလိုက်ပြီးစာရင်းသွင်းခြင်း၊ အာမခံဝယ်ယူခြင်းစသည့်ကိစ္စများဆောင်ရွက်ပေးရန်အတွက် လင်းဖန်သည်ကားအရောင်းဆိုင်ကိုနောက်ထပ် ယွမ် 10,000 ပေးလိုက်သည်။

လင်းဖန်သည် မနက်စာစားပြီး ဆေးရုံသို့ ပြန်ရောက်သောအခါ ဆရာဝန်အုပ်စုကြီးသည် အဖွား၏ခန္ဓာကိုယ်ကို အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေပါသည်။

အားလုံးသော ဆရာဝန်များ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအကြည့်များ ရှိနေသည်။

ဘာကြောင့်လဲဆိုတော့ အဖွားရဲ့အခြေအနေကိုသူတို့အားလုံး ကောင်းကောင်းသိသည်။

အဖွား၏ခန္ဓာကိုယ်သည်မကောင်းတော့သောကြောင့်ခွဲစိတ်မှုကိုမအောင်မြင်ခဲ့ပေ။သူတို့ရဲ့ဆရာဝန်အတွေ့အကြုံအရ၊ နှစ်ရက်... ဒီအဖွားက အနည်းဆုံး နှစ်ရက်ပဲ ​​နေနိုင်တော့မယ်ဆိုတာကိုသိသည်။

သို့သော်အခုအခြေအနေက ဘယ်လိုလဲ။

အခုလေးတင် စစ်ဆေးခြင်းရဲ့ ရလဒ်အနေနဲ့ အဖွားရဲ့ အမျိုးမျိုးသော ရုပ်ပိုင်းဆိုင်ရာ အညွှန်းကိန်းတွေဟာ ပုံမှန်ပြန်ဖြစ်နေပြီဆိုတာ မမျှော်လင့်ဘဲ တွေ့ရှိခဲ့သည်။

ပုံမှန်လား’’?

“ဒါအံ့ဖွယ်!”ဟုထိပ်ပြောင် ဆရာဝန်က ေပြာလိုက်သည်။

စုနမ် ကလင်းဖန်ကို ဖြည်းညှင်းစွာ စိုက်ကြည့်လိုက်သည်

သူမသည်ဒါဟာ အံ့ဖွယ်တစ်ခု မဟုတ်ဘူးဆိုတာကိုသိသည်။(အံဖွယ်ဆိုတာကနေမကောင်းတဲ့သူကဒီအတိုင်းကောင်းသွားတာကိုပြောတာပါ)

ဘာလို့သူမကလင်းဖန်သည်သူမအဖွားကိုကယ်ခဲ့တယ်ဆိုတာကိုသိလို့ပင်ဖြစ်သည်။

ခဏအကြာတွင်၊ ထိပ်ပြောင်သောဆရာဝန်က “အဖွားကိုဘာဆေးမှမတိုက်ပါနဲ့အုံး ဆေးရုံမှာ နှစ်ရက်လောက် ဆက်စောင့်ကြည့်ရအောင်အခြေအနေကောငရင်ဆေးရုံကဆင်းလို့ရပါပြီ” လို့ ပြောလိုက်သည်။

စကားပြောပြီးနောက် သူသည် ဆရာဝန်အုပ်စုကို ခေါ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

စုနမ် က “လင်းဖန်ကျေးဇူးတင်ပါတယ်” ဟု တိုးတိုးလေးပြောလိုက်သည်။

လင်းဖန်သည်သူမကဘာကို ကျေးဇူးတင်ဘာကိစ္စလဲဆိုတာကိုသဘာဝကျကျ နားလည်သည်။ထို့ကြောင့်သူက လက်ကိုဝှေ့ယမ်းပြီး “ဒါက ကိစ္စသေးသေးလေးပဲလေ၊အခုအရင် တစ်ခုခုစားရအောင်”

အဖွားက ပုံမှန်ပြန်ဖြစ်သွားတဲ့အတွက်စုနမ်နဲ့ စုရန် တို့ရဲ့ အစာစားချင်စိတ်တွေလည်း အများကြီး ရှိလာသည်။ခဏအကြာတွင်လင်းဖန်ဝယ်လာခဲ့သောအစားအစာအားလုံးကုန်သွားခဲ့လေသည်။

ထိုအချိန်တွင် အနက်ရောင် မျက်မှန်တပ်ထားသည့် ဆရာဝန်က ဖြည်းညှင်းစွာ လျှောက်လာပြီး “အဖွား ဆေးသောက်ပြီးပြီလား” ဟု မေးလိုက်သည်။

စုနမ် က “မင်းတို့ကဆေးသောက်စရာမလိုဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား?”

မျက်မှန်တပ်ထားသောဆရာဝန်က“ဟုတ်ပါတယ်ငါ ဆေးသောက်စရာမလိုဘူးလို့ သတိပေးဖို့ လာခဲ့တာပါ ” လို့ ပြောလိုက်သည်။

ထို့နောက် နားကြပ်ကို ကောက်ယူ၍ အဖွား၏ ခန္ဓာကိုယ်ကို အချိန်အတော်ကြာ တိုင်းတာရန် ဟန်ဆောင်လိုက်သည်။

အမှန်တော့ မျက်မှန်ဆရာဝန်က ဆေးမသောက်ဖို့ သတိပေးဖို့လာတာမဟုတ်ပေ။

မနက်ပိုင်း တွင်သူသည်အဖွားခန္ဓာကိုယ်ကိုစစ်ဆေးရန်လာသောအခါတွင်လှပသောစုနမ်ကိုတွေ့လိုက်သည်။

ထိုအချိန်တွင် မျက်မှန်တပ်ထားသောဆရာဝန်ကစုနမ်အလှက်ုကြည့်ပြီးအံ့အားသင့်သွားသည်။

သို့သော်၊ အခင်းဖြစ်ပွားရာနေရာတွင် အခြားဆရာဝန်များရှိနေသောကြောင့် စုနမ်ကိုတိုက်ရိုက်စကားပြောဆိုခြင်းမပြုခဲ့ပေ။

သို့သော် ယခုအချိန်တွင် စကားပြောရန် တမင်တကာ လာခြင်းဖြစ်သည်။

လင်းဖန်က “မင်းစားပြီးပြီးဆိုတော့ရေသောက်ပါအုံးလို့’’ လို့ပြောပြီးရေခွက်ပေးလိုက်သည်။

“ကောင်းပြီ။” စုနမ်က ပြန်ပြောပြီး ဖန်ခွက်ကိုကိုင်ကာသောက်လိုက်လေသည်။

ထိုမှသာ မျက်မှန်ဆရာဝန်က လင်းဖန်ကို သတိထားမိသည်။

သူသည် လင်းဖန်၏ အရပ်ရှည်ပြီး ချောမောသောအသွင်အပြင်ကို ကြည့်ပြီး အကြပ်အတည်းကို ခံစားလိုက်ရသည်။

“မင်းက...သူ့အစ်ကိုလား” မျက်မှန်ကို ဆရာဝန်က မမေးဘဲ မနေနိုင်ပေ။

လင်းဖန်က ပြုံးပြီး “အိုး၊ ငါကသူ့သူငယ်ချင်းပါ”

စကားပြောနေစဉ်တွင် သူသည် စုနမ်၏ ပခုံးကို ပွတ်သပ်ရင်း သူ၏ရင်းနှီးသောဆက်ဆံရေးကိုပြသလိုက်သည်။

တခြားတစ်ယောက်ယောက်က ဒီလိုလုပ်ရပ်မျိုးလုပ်ရင် စုနမ် က ချက်ချင်းတွန်းပစ်လိုက်မည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် လင်းဖန်ဖြစ်သောကြောင့်သူမ၏လှပသောမျက်နှာသည် နီမြန်းနေပြီး သူမ၏နှလုံးသားတစ်ခုလုံးမှာ တုန်လှုပ်ချောက်ချားမှုတစ်လှည့်ပျော်ရွှင်မှုတစ်လှည့်ရှိနေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters