← Chapters

သေတူရှင်မကွဲသူငယ်ချင်း

Vol. 13 Ch. 186

သေတူရှင်မကွဲသူငယ်ချင်း

Vol. 13 Ch. 186

လင်းဖန်သည် လီရှီမြို့ရှိလမ်းများကိုသိပ်မသိတော့သူသည်ပလိတ်ဟိုတယ်အဝသို့ရောက်ရန်နာရီဝက်နီးပါးကြာခဲ့သည်။

ဤသည်မှာ အပြာရောင် အုတ်များနှင့် အစိမ်းရောင် ကြွေပြားများဖြင့် သေသေချာချာတည်ဆောက်ထားသောမြင့်မားပြီး ခမ်းနားထည်ဝါသော အဆောက်အအုံဖြစ်သည်။

အဝင်ဝ၏ဘေးနှစ်ဖက်တွင် ခြင်္သေ့နှစ်ကောင် ရုပ်ထုကိုထားရှိသည်။ အတွင်း၏တစ်ဇိုင်းများသည်လဲရှေးယခင်ကဘုရင်တွေနေတဲ့နန်းတော်ကဲ့သို့ဖြစ်နေပြီးလေထုကလဲအလွန်ကိုခမ်းနားလှသည်။

အဝင်ဝမှာ ချိတ်ဆွဲထားတဲ့ ပလိတ်ဟိုတယ်ဆိုတဲ့စကားလုံးတွေကိုသာမတွေ့ရင်ဒီနေရာကတော်ဝင်နန်းတော်နဲ့ ဆင်တူတဲ့ စိတ်ဝင်စားစရာ နေရာတစ်ခုလို့ လူတိုင်း ထင်မှာကို ကြောက်သည်။

စျေးကြီးတန်အဝတ်အစားများကို၀တ်ဆင်ထားသော အမျိုးသား အမျိုးသမီး အများအပြားသည် ပျော်ရွှင်စွာစကားပြောနေကြပြီးဝင်ချည်ထွက်ချည်လုပ်နေကြသည်။

စုရန်က တံခါးဝမှာ ရပ်လိုက်ပြီး “ဝိုး၊ဒီနေရာက အရမ်းလှတယ်!”

ဒီနေရာကိုမြင်ပြီးနောက်စုနမ် တုံ့ဆိုင်းသွားပြီး “ညစာစားဖို့ နေရာပြောင်းရအောင်” လို့ပြောလိုက်သည်။

သူမသည် ထိုသို့သောနေရာကောင်းတွင် စားသောက်ရန် ပိုက်ဆံကို မဖြုန်းတီးချင်ပေ။

လင်းဖန်သည် သူမ၏ အတွေးအမြင်ကို မသိဘဲ ပြုံးကာ “ဘာလို့ နေရာ ပြောင်းရမှာလဲ၊ငါ့ကိုယ်ပိုင်စားသောက်ဆိုင်မှာစားတာကပိုသက်သာတယ်မဟုတ်ဘူးလား “

စုနမ်ကဒါကိုကြားသောအခါတွင်သူမကလင်းဖန်ကိုသံသရအပြည့်ဖြင့်ကြည့်နေလိုက်သည်။

ထိုအချိန်တွင် သူ့တို့နောက်မှ အံ့ဩသောအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

“စုနမ်! မင်းလဲဒီမှာနေ့လယ်စာစားဖို့လာတာလား”

ဟွမ်ကိုင်သည် စုနမ်ကိုဒီနေရာမှာတွေ့မယ်လို့မမျှော်လင့်ထားပေ။

စုနမ်သည်လဲဟွမ်ကိုင်ကိုလှည့်ကြည့်လိုက်ပြီး “ဟုတ်ကဲ့” ဟု ပြောလိုက်သည်။

ဟွမ်ကိုင်က “ဒါဟာ တိုက်ဆိုင်မှုတစ်ခုဘဲ။ ပလိတ်ဟိုတယ်ရဲ့ ဂုဏ်သတင်းကြောင့် မင်းကို ဆွဲဆောင်ခဲ့တာ ဖြစ်မယ်။မင်းတို့လာတာလဲမှန်တယ်။ဒီမှာရှိတဲ့အစားအသောက်တွေကအရမ်းကိုကောင်းတာတယ်”

“ပိုအရေးကြီးတာက သူတို့စားသောက်ဆိုင်ရဲ့ ဟင်းချက်နည်းတွေကို အရင်​ခေတ်မှာရှိတဲ့စားဖိုမှူးတွေက လက်ဆင့်ကမ်းပေးခဲ့တယ်”

ဟွမ်ကိုင်က ဒီလိုပြောတဲ့အခါ အရသာရှိတဲ့အစားအစာကို အနံ့ခံပြီး မျိုချလို့ မရပါဘူး။

“အဲဒါကြောင့် ပလိတ်ဟိုတယ်ရဲ့စားသောက်ဆိုင်က အရမ်းနာမည်ကြီးတယ်။ အခုလိုအချိန်မှာ နေရာကြိုတင်မှာဖို့ကမဖြစ်နိုင်တော့ဘူး” ဟု ထပ်မံပြောလိုက်သည်။

“ဒါပေမယ့် လဲဒါကကိစ္စမရှိဘူး။ငါကဒီစားသောက်ဆိုင်ပိုင်ရှင်နဲ့ သေတူရှင်မကွဲသူငယ်ချင်းတွေမို့ နေရာက ကိစ္စမရှိဘူး” ဟွမ်ကိုင်က သူ့ရင်ဘတ်ကို ရှေ့သို့ကော့ကာ ဂုဏ်ယူသောလေသံဖြင့်ပြောလိုက်သည်။

တကယ်တော့ သူဘယ်သည်ပလိတ်ဟိုတယ်ပိုင်ရှင်မပြောနဲ့နာမည်တောင်မသိသောသူဖြစ်သည်။

သို့သော်လည်း စုနမ်ရှေ့မှာ သူ့ရဲ့ ခွန်အားကို ပြသဖို့အတွက်သူက ကြွားဝါခဲ့ခြင်းဖြစ်သည်။

ဟွမ်ကိုင်သည် လင်းဖန်အားမာနကြီးသောအကြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။

သူ့အကြည့်တွင်- မင်း ကတ့်ယူနီ ကို မောင်းနိုင်ပေမယ့် ငါကပလိတ်ရဲ့ ပိုင်ရှင်ကို သိတာကြောင့်ငါ မင်းထက်အဆင့်အတန်းမြင့်တယ်ဆိုတဲ့အထာပင်ဖြစ်သည်။

လင်းဖန်က သူ၏အကြည့်ကို​မြင်တော့လှောင်ရယ်ပြီး “မင်းနဲ့ သူကခိုင်မာတဲ့ ဆက်ဆံရေးရှိလို့လား?”

ဟွမ်ကိုင်က ခဏလောက် အံ့အားသင့်သွားပြီး “ရှိတယ်လေ၊ငါတို့ကသေတူရှင်မကွဲသူငယ်ချင်းတွေပဲ”

လင်းဖန်က ပြုံးပြီးခေါင်းညိတ်လိုက်သည်။

ထို့နောက် ဟွမ်ကိုင်ဦးဆောင်ပြီး ရှေ့သို့သွားလိုက်သည်။

“ပလိတ်ဟိုတယ်မှကြိုဆိုပါတယ်” တံခါးဝမှာရပ်နေတဲ့ အလှလေးနှစ်ယောက်က ပြုံးပြပြီးပြောလိုက်သည်။

ဟွမ်ကိုင်က “ထိုင်ဖို့နေရာရှိသေးလား။အခန်းတစ်ခန်းလောင်ရှိရင်တော့အကောင်းဆုံးပဲ” ဟုပြောလိုက်သည်။

အလှမယ်တစ်ယောက်က “တောင်းပန်ပါတယ် ဧည့်သည်။ ငါတို့ဟိုတယ်က အပြည့်သွားပြီ။မင်းတို့စိတ်မရှိရင် ခဏလောက်ထိုင်စောင့်လို့ရတယ်။”

ဟွမ်ကိုင်သည်နေရာမရှိဘူးဟုသူမထင်ခဲ့ပေ။

ထို့ကြောင့် သူက “မင်းရဲ့သူဌေးနဲ့ ငါက သေတူရှင်မကွဲသူငယ်ချင်းတွေပဲ၊ မင်း​ဇောင်ဂျန်ကိုသွားခေါ်လိုက်ပါ။အဲ့အချိန်ကျရင်မင်းကိုရာထူးတစ်ခုစီစဉ်ပေးမယ်။”

အလှလေးသည် လူမျိုးပေါင်းစုံကို မြင်ဖူးသည်၊ သို့သော်ဟွမ်ကိုင်လိုမျိုးမသိဘဲသိတယ်လို့​ပြောတဲ့သူကိုသူမမမြင်ဘူးပေ။ဘာလို့ဒီလိုပြောရလဲဆိုင်ဟွမ်ကိုင်ပြောသောဇောင်ဂျန်သည်သူတို့လိုဝန်ထမ်းထက်တစ်ဆင့်သာမြင့်သောကြောင့်ပင်ဖြစ်သည်။အဲ့လိုလူကသူတို့ကိုဘယ်လိုရာထူးတိုးပေးလို့ရမှာလဲ။

စိတ်ထဲတွင်အလှလေးက မထီမဲ့မြင်ပြုနေသော်လည်း သူမသည် ပြုံးပြီး “ တောင်းပန်ပါတယ်လူကြီးမင်း အကြီးအကဲ ဇောင်ဂျန် ဒီနေ့ အလုပ်မလာလို့မင်းအတွက် နေရာမစီစဉ်ပေးနိုင်မှာကို ငါကြောက်တယ် “

“မဟုတ်ရင် မင်းခဏလေးစောင့်နေသင့်တယ်”

ဟွမ်ကိုင်က ဒါကိုကြားတော့ သူက “ငါ့ရဲ့အမည်ကို သိတဲ့လူဒီနေ့ ဒီမှာ မရှိဘူးဆိုတော့စုနမ်ငါတို့တစ်ခြားမှာစားမှာလား။ဒါမှမဟုတ်စောင့်နေမှာလား။”

ထိုအချိန်တွင် အဝေးမှ ခြေသံများထွက်လာသည်။

အနောက်တိုင်း ဝတ်စုံနှင့် သားရေဖိနပ် ၀တ်ထားသော အမျိုးသားတစ်ဦးသည် လမ်းတစ်လျှောက်လုံး ပြေးပြီးလာခဲ့သည်။

တံခါးနားမှာရပ်နေတဲ့ စားပွဲထိုးနှစ်ယောက်ကသူ့ကိုမြင်သောအခါ “မင်္ဂလာပါ အထွေထွေမန်နေဂျာ”

အထွေထွေမန်နေဂျာဇောင်ကောင်းက သူတို့နှစ်ယောက်ကို ဂရုမစိုက်ပါဘဲသူသည် လင်းဖန်ထံသို့ တိုက်ရိုက်လာကာ ခါးကိုငုံ့ကာ အလွန်ရိုသေလေးစားသော လေသံဖြင့် “မင်္ဂလာပါ သူဌေး!”

ပလိတ်ဟိုတယ်၏အစားအစာကိုလူကြိုက်များရခြင်း၏ အကြောင်းရင်း နှစ်ခုရှိသည်။

ပထမအချက်က ပလိတ်ဟိုတယ်စားသောက်ဆိုင်ရဲ့ ဟင်းပွဲတွေနဲ့ ပတ်ဝန်းကျင်က ကောင်းလို့ပင်ဖြစ်သည်။

ဒုတိယအချက်မှာ ဇောင်ကောင်းသည် ဒီအလုပ်တွင်သူ့တစ်ဘဝလုံးနီးပါးကို မြှုပ်နှံထားခြင်းဖြစ်သည်။

လင်းဖန်က “အထွေထွေမန်နေဂျာလား။ မင်းက ပလိတ်ဟိုတယ် ရဲ့ အထွေထွေမန်နေဂျာလား။”

ဇောင်ကောင်းက “ဟုတ်တယ်ငါ့နာမည် ဇောင်ကောင်းပါ၊ မင်းငါ့ကို ရှောင်ကောင်းလို့ သူဌေးခေါ်နိုင်တယ်။”

လင်းဖန်က ခေါင်းညိတ်ပြီး “ငါ မင်းကို ဇောင်ကောင်းလို့ပဲခေါ်မယ်”

လင်းဖန်က “မင်းဟိုတယ်ကို ကောင်းကောင်း စီမံခန့်ခွဲတာပဲ’’ဟုပြောလိုက်သည်။

“ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် သူဌေး” ဇောင်ကောင်း က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ဒီစပါးလုံးများသည်အနည်းငယ်သာရှိပေမဲ့ဇောင်ကောင်းအတွက်မူဒီစကားလုံးများကြောင့်သူကြိုးစားထားသမျှအရာထင်သည်ဟုခံစားလိုက်ရသည်။

လင်းဖန်က “စားဖို့နေရာရှိသေးလား ငါ့သူငယ်ချင်း ညစာအတူတူစားမလို့”

“ရှိပါတယ်၊ ငါတို့ဟိုတယ်က မင်းအတွက် အခမ်းနားဆုံး အခန်းကို သီးသန့်ဖယ်ပေးထားတယ်။ ကျေးဇူးပြုပြီး ကျနော့်နောက်လိုက်ခဲ့ပါ။” ဇောင်ကောင်း က လေးစားစွာ ပြောကြားလိုက်သည်။

အနီးအနားမှာ ရပ်နေတဲ့ ဟွမ်ကိုင်က “သူ...သူက ဘာသူဌေးလဲ” လို့ မေးလိုက်သည်။

ဇောင်ကောင်းကဟွမ်ကိုင်ကိုလင်းဖန်ရဲ့သူငယ်ချင်းဟုထင်လိုက်သည်။

ထို့ကြောင့်သူက “ဟုတ်ပါတယ် ဒါက ငါတို့ပ​လိတ်ဟိုတယ်ရဲ့ ပိုင်ရှင်ပဲ!”

ဒီစကားလုံးများသည်ဟွမ်ကိုင်၏နားထဲတွင်မိုးခြုံန်းသံပမာကျယ်လောင်စွာ​ကြားလိုက်ရသည်။

ဇောင်ကောင်းက လင်းဖန်ကိုသူဌေးလို့ ခေါ်တဲ့အခါကတည်းကသူ့ မှန်းဆပြီးသားဖြစ်သည်။

သို့သော် ယခုပြောလိုက်တဲ့အချိန်တွင် သူသည် အလွန်ထိတ်လန့်တုန်လှုပ်နေသေးသည်။

လင်းဖန်က ပလိတ်ဟိုတယ် ပိုင်ရှင်လား။ !

သူက ပလိတ်ဟိုတယ်ပိုင်ရှင်နဲ့ သေတူရှင်မကွဲသူငယ်ချင်းလို့ပြောခဲ့သည်။

လင်းဖန်သည် သူနှင့် ခိုင်မာသော ဆက်ဆံရေးရှိမရှိကို မေးသည်မှာ အံ့သြစရာမဟုတ်ပေ။

ဒီ……

ဒီ……

ယခုအချိန်တွင် ဟွမ်ကိုင်သည် တွင်းတူးပြီးဝင်ရန်မစောင့်နိုင်တော့ပေ။

ထို့ကြောင့် လင်းဖန်နှင့် အခြားသူများနှင့်အတူ ဇိမ်ခံအခန်းထဲသို့ လုံးဝမလိုက်ဘဲ ခေါင်းငုံ့ကာ ပလိတ်ဟိုတယ်မှ အမြန်ထွက်ခွာလာခဲ့သည်။

ရှက်စရာ!

ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်သလဲ!

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန့-စောင့်ချောကြီး

All Chapters