← Chapters

လယ်သမားလုပ်ခိုင်းနေတာလား

Vol. 13 Ch. 187

လယ်သမားလုပ်ခိုင်းနေတာလား

Vol. 13 Ch. 187

ပလိတ်ဟိုတယ်၏ အပေါ်ဆုံးတွင်အလွန်ကျယ်ဝန်းပြီးဇိမ်ခံပစ္စည်းများဖြင့်ပြည့်နေသောသီးသန့်ခန်းတစ်ခုရှိသည်။

လင်းဖန်ရောင်ပြီးခဏအကြာတွင်ဇောင်ကောင်းသည်အဖုံးများဖြင့်အုပ်ထားသောဟင်းပွဲအမြောက်အများကိုယူလာခဲ့သည်။ပြီးနောက်သူသည်သူယူလာသောဟင်းပွဲများထဲမှတစ်ခု၏အဖုံးကိုဖွင့်လိုက်ရာတခဏချင်းမှာပဲ သင်းပျံ့တဲ့ရနံ့က အခန်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး လင်းဖန်တို့ရဲ့မျက်လုံးတွေက တောက်ပသွားခဲ့သည်။

“ဒီဟင်းကိုအရသာရှိသောငှက်ငါးကောင်အသားကိုအသုံးပြုထားပြီး အရသာ ၁၈ မျိုးကိုလဲပေါင်းထည့်ထားသည်။ဒီလိုဟင်းမျိုးထွက်အောင်၄၈ နာရီကြာအောင်ပြုလုပ်ထားပါတယ်။သူရဲ့အသားကအာဟာရကြွယ်ဝပြီးကျန်မာရေးလဲကောင်းသည်’’

ထို့နောက် ချက်ခြင်းပင်ဇောင်ကောင်းသည်တစ်တစ်ခြားပန်ကန်တစ်ခုကိုယူပြီးအဖုံးကိုဖွင့်လိုက်သည်။

“ဒါက ကြက်ဆင်ကျော်ပါ။ဒီကြကိုကျနော်တို့ကချက်ချင်းမကျော်ပဲအရသာမှုတွေကို၁၂နာရီလောက်နပ်ထားပြီးမှကျော်ထားတာပါ”

ထို့နောက် ဇောင်ကောင်းနောက်ထပ် ပန်ကန်တစ်ခု၏အဖုံးကိုဖွင့်ပြီး

“ဒါက ဝက်သားပေါင်းပါ။”

“ဒီဝက်သားပေါင်းရိုးရိုးဝက်သားပေါင်းမဟုတ်ပါဘူး။ဒီဝက်သားပေါင်းကိုဝက်သား၊ အပ်မှို၊ ကြက်ဥနဲ့ တခြားကုန်ကြမ်းတွေကနေ လုပ်ထားတဲ့ အရသာပါ။ ဒီဝက်သားပေါငကတော်တော်အရသာရှိတယ်။”

ခဏအကြာ ဇောင်ကောင်းသည် ရွှေအိုးကြီးကိုယူလိုက်​သည်။

သူသည်ရွှေရောင်အိုကိုယူကာအဖုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

တခဏချင်းမှာပဲ အငွေတွေတစ်ထောင်းထောင်းထွက်လာတော့သည်။

အဖိုးတန် ဟင်းခတ်အမွှေးအကြိုင်မျိုးစုံ၏အလယ်တွင် ဘဲတစ်ကောင်လုံးကို ထားထားသည်။

ဇောင်ကောင်းက “ဒါက ဘဲသားပြုတ်ပါ “

“ဘဲသားကို ရေဆေးပြီးရင် ဟင်းခတ်အမယ် ၁၅ မျိုးကို ထည့်ပြီး ကြွေအိုးတစ်လုံးထဲမှာ ထည့်ပြီး ၃ နာရီလောက် မီးနှေးနှေးနဲ့ ပြုတ်ထားပါတယ်။”

ဇောင်ကောင်းသည် ပန်းကန်တစ်ခု၏အဖုံးကိုဖွင့်တိုင်းဖွင့်လိုက်သည့်ဟင်းပွဲအကြောင်းကိုရှင်းပြသည်။

“ဂလု”

လင်းဖန်၏ နားတွင် ထိုင်နေသောစုရန်သည် နောက်ဆုံးတွင် မနေနိုင်ဘဲတံတွေးတစ်လုတ်မျိုချလိုက်သည်။

ဒါကိုမြင်တော့လင်းဖန်က ပြုံးပြီး “ပူတုန်းငါတို့မြန်မြန်စားသင့်တယ်၊အေးရင်စားလို့မကောင်းပဲနေမယ် နောက်မှ အေးရင် စားလို့မကောင်းဖြစ်မယ်” လို့ပြောလိုက်သည်။

သို့သော် စုနမ် နှင့် စုရန် တို့သည်ဘာမှ မလှုပ်ရှားသေးဘဲ စားပွဲပေါ်တွင်ရှိသောအရသာရှိသည့်အစားအစာများကို တောက်ပသော မျက်လုံးများဖြင့် ငြိမ်ငြိမ်လေးကြည့်နေကြသည်။

လင်းဖန်သည် သူမတို့ကသူအရင်စားသည်ကိုစောင့်နေကြောင်းရိပ်မိလိုက်သည်။

“စုနမ်နင်တို့စားလေဘာလုပ်နေတာလဲ”

“စုရန် ဗိုက်ဆာနေပြီလေ။တော်ဗိုက်တွေဘာတွေအောက်နေအုံးမယ်”

စုနမ်သည်လင်းဖန်၏ပထမ်အပိုင်းစကားကိုကြားပြီးနောက်ဘာမှမပြောပေ။သို့သော်ဒတိယပြောသောစကားကိုကြားသောအခါသူမ တုံ့ဆိုင်းသွားခဲ့သည်။

သူမသည်အဆက်မပြတ်တံတွေးမျိုချနေသော စုရန် ၏အသွင်အပြင်ကိုကြည့်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်ကာ “စုရန်စားရအောင်”

“အင်း” စုရန်ကက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

လင်းဖန်၊ စုနမ်နှင့်စုရန်တို့သည် အစားအစာများကို အလွန်ပျော်ရွှင်စွာ စားသောက်နေကြသည်။

သူတို့ပလိတ်ဟိုတယ်မှမထွက်ခင် ဂျုံယာဂုတစ်ပွဲကိုဝယ်လိုက်သည်။သူတို့ထွက်သောအခါဇောင်ကောင်းက ကိုယ်တိုင်ကိုယ်ကျ လိုက်​ပို့ပေးလိုက်သည်။

နောက်နှစ်ရက်အကြာတွင် အဖွား၏ အခြေအနေသည် အလွန် ကောင်းမွန်လာခဲ့သည်။

ပုံမှန်လူတစ်ယောက်လိုမျိုးလမ်းလျှောက်လိုက်စားလိုက်လုပ်နိုင်နေပြီဖြစ်သည်။

ဆရာဝန်များသည်ဒီစစ်ဆေးမှုရလဒ်ကိုကြည့်ပြီးဒါကိုအံ့ဖွယ်တစ်ခုလို့တောင် တင်စားခေါ်ဝေါ်လိုက်ကြသည်။

အဖွားပုံမှန်ပြန်ဖြစ်သွားသောကြောင့်ဆေးရုံက ဆင်းခွင့်ပေးခဲ့သည်။

ခုအချိန်တွင် လင်းဖန်သည် အကွေ့အကောက်များသော တောင်လမ်းပေါ်တွင် စုနမ်၊ စုရန်နှင့် အဖွားတို့ ကို တင်ဆောင်ပြီး ကတ့်ယူနီကားကို မောင်းနှင်ကာ ရှေ့သို့ မောင်းနေခဲ့သည်။

စိမ်းလန်းသောသစ်ပင်များ၊ ကောင်းကင်ပေါ်တွင်ပျံသန်းနေသောငှက်အုပ်များကိုလဲမြင်လိုက်ရသည်။

တောင်ပေါ်၌ တည်ရှိသောနိမ့်အိမ်ကလေးတစ်လုံးသည် နောက်ဆုံးတွင် လူပေါင်းများစွာ၏ မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

စုရန် က “ငါတို့ပြန်လာပြီ!”

အိမ်တံခါးဝတွင်ထိုင်နေသော အဝါရောင်ခွေးကြီးတစ်ကောင်သည် လူသခင်ရနံ့ကို သတိပြုမိပြီး စိတ်လှုပ်ရှားစွာအော်ကာ ပျော်ရွှင်စွာ ပြေးလာခဲ့သည်။

လင်းဖန်သည် ကားပေါ်မှ ဆင်းကာ လေထဲတွင် တမူထူးခြားသော ရနံ့ကို ရှူရှိုက်ရင်း အဝေးတွင်ရှိသောတောင်ထိပ်များ၊ စိမ်းလန်းသော သစ်တောများ၊ ချောင်းများ၊ ရေတံခွန်များကို တွေ့လိုက်သည်..။

ကောင်းတယ်!

ဒါကတစ်ကယ့်ကို သဘာဝရဲ့ ထူးခြားတဲ့ အလှပင်ဖြစ်သည်။

“ဒင်း!”

ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲမှ ဖုန်းသည် အနည်းငယ် တုန်ခါသွားခဲ့သည်။

12:00 တွင် စာအိတ်အနီပေါ်လာတော့သည်။

“ဒင်း ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းမှာ ယွမ် ၁၀၀၀ ရသည်။”

…………

“ဒင်း! ဂုဏ်ယူပါတယ် မင်းအကောင်းဆုံးပရီမီယံကော်ဖီမျိုးစေ့ကိုရခဲ့သည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရခဲ့သည်”

…………

ယနေ့စာအိတ်အနီဖွင့်ရာတွင်လင်းဖန်သည်စုစုပေါင်း ၄၂,၁၂၁ ယွမ် ရရှိခဲ့သည်။

လင်းဖန့က ဒါကို ဂရုမစိုက်ပေ။သူသည် ပရီမီယံ ကော်ဖီမျိုးစေ့များကို တိုက်ရိုက် အာရုံစိုက်ကြည့်နေသည်။

【ပရီမီယံကော်ဖီမျိုးစေ့- အရသာအလွန်ရှိသော ကော်ဖီစေ့များကို စိုက်ပျိုးရန်အတွက် မတူညီသောပတ်ဝန်းကျင်တွင်ကော်ဖီစေ့များက လျင်မြန်စွာကြီးထွားနိုင်သည်။ 】

ဒါကိုကြည့်ပြီးလင်းဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။

အကောင်းဆုံးပရီမီယံကော်ဖီ?

ကော်ဖီသောက်ရမှာလား?

အခုဒီဆုလာဘ်က ပိုထူးဆန်းလာသည်။

လင်းဖန်သည် ထိုအကြောင်းကိုမေ့ကာအကောင့်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။

“အကောင့်ဝင်မယ်!”

【ဒင်း! ဂုဏ်ယူပါတယ် ၊ ကျွမ်းကျင်တဲ့ စိုက်ပျိုးနည်းစနစ်ကို သင်ရရှိထားပါသည်။ 】

【ကျွမ်းကျင်အဆင့် စိုက်ပျိုးနည်းပညာစိုက်ပျိုးလုပ်ကိုင်ခြင်း ၊ ရေကဲ့သို့ ချွေးများထွက်အောင်စိုက်ပျိုးရင်းမင်းရဲ့ကျက်သရေရှိမှုကို ပြသမည်ဖြစ်သည်။ 】

ဒါကိုကြည့်ပြီးလင်းဖန် ကမျက်တောင်ခတ်လိုက်သည်။

အကောင်းဆုံးပရီမီယံကော်ဖီမျိုးစေ့တွေကို အခုမှရရှိပြီး ကျွမ်းကျင်အဆင့် စိုက်ပျိုးနည်းစနစ်တွေ ကိုလဲရသည်။

ဒီစနစ်သည်သူ့ကိုလယ်သမားဦးဖြစ်အောင်လုပ်နေတယ်လို့သံသရဝင်မိသည်။

ထိုအချိန်တွင် စုနမ်သည် အလွန်အရသာရှိသော ကော်ဖီစေ့များကို ယူလာခဲ့သည်။

လင်းဖန် သည်စုနမ်ယူလာတာကိုမြင်သောအခါ “ဒါကို မင်းကိုယ်တိုင် စိုက်ပျိုးခဲ့တာလား။”

စုနမ်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး “ဟုတ်တယ်”

“မင်းကိုယ်တိုင်စိုင်ထားတာဆိုတော့ မြည်းစမ်းရမှာပေါ့” လင်းဖန်က ပြုံးလိုက်သည်။

ထို့နောက် လင်းဖန်သည် ရေဘူးကိုယူပြီးကော်ဖီစေ့ကိုရေနဲ့ဆေးဖို့လုပ်လိုက်သည်။

ထိုအချိန်တွင် သူ၏ကားထဲတွင် ကော်ဖီစေ့အိတ်ကြီးတစ်လုံးပေယ်လာတယ်ဆိုတာကိုခံစားလိုက်ရသည်။ဒါကသူရထားတဲ့ပရီမီကော်ဖီဆိုတာကိုသိလိုက်သည်။

ထို့နောက်သူကော်ဖီစေ့ကိုရေဆေးပြိးပါးစပ်ထဲသို့ ပစ်ချလိုက်သည်။ပါးစပ်ထဲထည့်ပြီးဝါးလိုက်တာနဲ့မွှေးကြိုင်သောရံ့နံ့နဲ့အတူဘယ်လိုပြောရမှန်းမသိသောအရသာကိုလဲရလိုက်သည်။

လင်းဖန်က “အင်း! ဒါတွေကအရသာရှိလိုက်တာ။ မင်းတို့ဒီမှာ ဂျူလီပင်တွေကိုလဲစိုက်လို့ရတယ်”

“ဂျူပလီပင်တွေတင်မကဘူး၊ ငါတို့မှာ လိမ္မော်ပင်တွေ၊ စပျစ်သီးပင်တွေ၊ မက်မွန်ပင်တွေ၊ ဇီးသီးပင်တွေရှိတယ်... ပြီးတော့ဟိုမှာ မြေတွေ အများကြီးရှိသေးတယ်” ဟု စုနမ် က ပြောလိုက်သည်။

လင်းဖန်သည် စုနမ် ညွှန်ပြသည့် လမ်းကြောင်းကို ကြည့်လိုက်သည်။

သူသည် 30 ဒီဂရီစောင်းစောင်းတွင် ပေါင်းပင်ကြီးတစ်ပင်ရှိပြီး ၎င်းပတ်ပတ်လည်တွင် သစ်ပင်များနှင့် တောင်များမရှိပါ။ နေ့စဥ် နေရောင်ခြည် လုံလောက်စွာ ရရှိနိုင်ပြီး အမှန်တကယ် စိုက်ပျိုးရန် နေရာကောင်းတစ်ခု ဖြစ်သည်ဆိုတာကိုတွေ့လိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters