← Chapters

ဘယ်သူလဲ

Vol. 13 Ch. 188

ဘယ်သူလဲ

Vol. 13 Ch. 188

လင်းဖန်နှင့် စုနမ် တို့သည် ရှုခင်းကြည့်ရင်း စကားစမြည်ပြောနေကြသည်။

ခဏကြာတော့ စုရန် က “အစ်ကို၊ အစ်မ ထမင်းစားရအောင်!”ဟုအော်ခေါ်လိုက်လေသည်။

လင်းဖန်က “လာပါပြီ”

ထို့နောက် သူသည်စုနမ်အတူတူ အိမ်ဆီသို့ လျှောက်လာကြသည်။

အိမ်ဆီသို့သွားသောလမ်းသည် စုနမ်သူမဘယ်နှစ်ခါလျှောက်သွားခဲ့သည်မှန်းမသိပေ။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ စုနမ်ဟာ ​​လုံးဝခြားနားသွားခဲ့ပြီဖြစ်သည်။

သူမဘေးတွင်အရပ်ရှည်ပြီး ချောမောလှပတဲ့ လင်းဖန်းရှိနေပြီဖြစ်သည်။

တဖြည်းဖြည်းနှင့် စုနမ်၏ နှလုံးခုန်သံသည် နားမလည်နိုင်စွာ အရှိန်မြန်လာပြီးသူမမျက်နှာလဲနီရဲလာခဲ့သည်။

ရှေ့မှာရပ်နေတဲ့ စုရန် က စုနမ်နီနေသည့်မျက်နှာကိုကြည့်ပြီး“အစ်မ၊ မင်းမျက်နှာဘာလို့ အရမ်းနီနေတာလဲ”

စုရန်၏အမေးစကားကြောင့်သူမကအထိန့်တစ်လန့်ဖြင့်”ဘာကို...အနီရောင်လဲ... မြန်မြန်သွားစားရအောင်..”

ထို့နောက် သူမသည်ခေါင်းငုံ့ကာ အိမ်စီသို့အမြန်သွားလိုက်သည်။

အိမ်အတွင်းပိုင်းတွင် သစ်သားစားပွဲငယ်နှင့် ကုလားထိုင်တစ်ချို့သာရှိပြီး အလွန်ရိုးရှင်းပြီး သပ်ရပ်သည်။

စုနမ်နှင့် စုရန် တို့သည် ဟင်းသီးဟင်းရွက်ကျော် ကြက်ဥမွှေကြော်၊ အချဉ်ဟင်း၊ ငါးပြုတ်၊ ဝက်သားကျော်..တို့ကို ယူဆောင်လာပြီး စားပွဲပေါ်တွင် တင်ထားလိုက်ကြသည်။

ဤဟင်းလျာများမှ မွှေးပျံ့နေသော ရနံ့များကို ရှူရှိုက်ရင်း လင်းဖန်သည်တံတွေးမမျိုချပဲမနေနိုင်ပေ။

စုနမ် ၊ စုရန် နှင့် အဖွား တို့သည် အနီးနားတွင် ရပ်နေကြပြီး စားပွဲဝိုင်းတွင် ထိုင်ရန် ရည်ရွယ်ချက်မရှိသည်ကို သူသတိပြုမိလိုက်သည်။

ပထမတော့သူသည်ဘာလို့လာမစားလဲဆိုတာကိုသံသယ အရိပ်အမြွက် ရှိခဲ့သည်။

မကြာမီတွင်၊ လင်းဖန်သည် စုနမ်ကသူစားပြမှစားသုံးသည့် အလေ့အထကို တွေးတောမိခဲ့သည်။

“စုနမ်၊ စုရန်၊ အဖွား၊ အတူတူစားရအောင်။”

သို့သော်သူတို့ သုံးယောက်လုံးကတစ်ယောက်မှမလှုပ်ပဲရပ်နေကြသည်။

လင်းဖန်ကဒါကိုတွေ့တော့”အဖွားတို့မစားရင်ကျနော်လဲမစားတော့ဘူး”

“အဖွားအခုကခေတ်ပြောင်းသွားပြီ၊ အားလုံးအတူတူ ပျော်ရွှင်စွာ စားသောက်သင့်တယ်”

စကားပြောပြီးနောက်လင်းဖန်ကအဖွားတို့နားသို့ ထာလိုက်သည်။

အချိန်ကြာလာရင်ပူနေသောဟင်းများက ဖြည်းဖြည်းချင်း အေးသွားမယ် ဆိုတာကို အဖွားနားလည်သည်။

ထို့ကြောင့် သူက ချီတုံချတုံ ခေါင်းညိတ်ကာ သက်ပြင်းချရင်း “ရှောင်ဖန်ပြောတာမှန်တယ်။ အခုခေတ်တွေ ပြောင်းလဲသွားပြီ...”

“စုနမ်၊ စုရန်၊လာ ထိုင်ပြီးအတူတူစားရအောင်။”

အဖွားစကားကြောင့်စုနမ်နဲ့စုရန်တို့ထမင်းစားပွဲမှာဝင်ထိုင်လိုက်ကြသည်။

ဒါကိုတွေ့ပြီးနောက်လင်းဖန်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။

သို့သော် စားပွဲပေါ်ရှိ ဟင်းလျာများသည် အလွန်ရိုးရှင်းသည်။

သို့သော် လင်းဖန်သည် သူ့ပါးစပ်ထဲတွင်ဟင်းများကိုအပြည့်ထည့်ပြီးစားနေသည်။

အစားအစာများစားပြီးသောအခါစုရန်သည် ကော်ဖီစေ့အနည်းငယ်ကို ဆေးကြောပြီး လင်းဖန်အား ပေးလိုက်သည်။လင်းဖန်သည်လဲသူမပေးသောကော်ဖီစေ့ကိုယူကာပါးစပ်ထဲသို့ထည့်လိုက်သည်။

အရသာကတော့ပထမစားခဲ့တဲ့ဟာနဲ့အတူတူပင်ဖြစ်သည်။

လင်းဖန်သည် စားသောက်ပွဲများနှင့် အဝေးတွင်ရှိသောသဘာဝအလှများကို ကြည့်နေသည်။

ထိုအချိန်တွင် လင်းဖန်သည် ဒီလိုမျိုး ထာဝရရှင်သန်နေမယ်ဆိုရင် အရမ်းပျော်မယ်လိုထင်လိုက်သည်။

လင်းဖန်သည် အခန်းတွင်းရှိ ရိုးရှင်းသော ပရိဘောဂများကို ကြည့်ပြီး အဝေးတွင် တောင်စောင်းကို ကြည့်လိုက်သည်။

ပြီးတော့ သူက “စုရန်၊ ဒီကိုခဏလာခဲ့ပါအုံး” ဟုပြောလိုက်သည်။

လင်းဖန်က စုရန် ရဲ့ ခေါင်းလေးကို ကိုင်လိုက်ပြီး “ဒါဆို ငါ့အတွက်ရေတစ်ပုံး ယူလာပေးနော်” လို့ပြောလိုက်သည်။

စကားပြောပြီးနောက် လင်းဖန်သည် ဂေါ်ပြားတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ကော်ဖီစေ့များကို ကားထဲကနေထုတ်ပြီးပခုံးပေါ်တင်ကာ တောင်စောင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

လင်းဖန်သည် တောင်စောင်းသို့ရောက်တာနဲ့ဂေါ်ပြားနဲ့မြေကိုတူးပြီးပရီမီယံကော်ဖီတွေကိုစိုက်တော့သည်။

သိရန်လင်းဖန်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သာမန်လူများနှင့် လုံးဝမယှဉ်နိုင်ပေ။

ထို့အပြင် မကြာသေးမီကပင် ကျွမ်းကျင်အဆင့် စိုက်ပျိုးနည်းပညာကို ရရှိခဲ့သည်။

ထို့ကြောင့်လင်းဖန်အတွက်ကော်ဖီစိုက်ပျိုးခြင်းသည် အလွန်ရိုးရှင်းလွယ်ကူသည်။

ထိုအချိန်တွင်စုရန်သည် ရေတစ်ပုံးနှင့် အတူရောက်လာခဲ့သည်။

ထို့ကြောင့် သူတူးပြီး​စိုက်ထားသောမျိုးစေ့များ ပေါ်သို့ရေလောင်းခြင်းလုပ်ငန်းကို ထပ်မံလုပ်ဆောင်ခဲ့သည်။

နှစ်ပေါင်းများစွာ ထွန်ယက်စိုက်ပျိုးခဲ့သော လယ်သမားအိုကြီးတစ်ယောက်ကဲ့သို့ လင်းဖန်၏လှုပ်ရှားမှုများသည် အလွန်ကျွမ်းကျင်သည်။

ဒီမြင်ကွင်းကိုပန်းကန်များကို သန့်ရှင်းရေးလုပ်နေသောစုနမ်ကမြင်လိုက်သည်။

စုနမ် ၏မျက်လုံးများတွင် လင်းဖန်သည် ပန်းချီဆရာသည် လှပသောရုပ်ပုံတစ်ပုံကို ရေးဆွဲနေသကဲ့သို့ ၊ သီချင်းကောင်းတစ်ပုဒ်၏သံစည်ကို တီးခတ်နေသည့် စန္ဒယားဆရာကဲ့သို့ပင်ဖြစ်သည်။လင်းဖန်သည် လယ်စိုက်နေပုံမပေါ်ပေ။

အချိန်ကြာလာသည်နှင့်အမျှလင်းဖန် ၏ခေါင်းပေါ်တွင်နေဝင်ချိန်နှင့်လင်းဖန်၏လယ်စိုက်နေသောပုံစံကြောင့်လင်းဖန်သည်အလွန်ချောမောလှပသွားခဲ့သည်။အလှသည် လွန်ကဲလာခဲ့သည်။(စုနမ်အတွေး)

ဒီအခိုက်အတန့်တွင်စုနမ်သည် လင်းဖန်ကသူမ၏နှလုံးသားထဲတွင်အရေးကြီးသောနေရာတွင်ပါသွားခဲ့သည်။

[ကျွမ်းကျင်မှု- ကျွမ်းကျင်အဆင့် စိုက်ပျိုးခြင်း၊ အကန့်အသတ်မရှိ ကျက်သရေရှိခြင်း။ 】

စုနမ်ရဲ့ နှလုံးခုန်သံတွေက တဖြေးဖြေးနဲ့ ခုန်မြန်လာခဲ့သည်။

နောက်အခိုက်အတန့်တွင် လင်းဖန်၏စိတ်ထဲတွင် ပြတ်သားသောသတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

【ဒင်း! စွဲမက်ဖွယ် ရောင်ဝါ၊ မမေ့နိုင်သော ချစ်ခြင်း။ 】

ဒါကိုကြားပြီးနောက်လင်းဖန် အနည်းငယ် အံ့အားသင့်သွားသည်။

သူသည်ကားကို နောက်ဆုံး မောင်းတုန်းက မမေ့နိုင်တဲ့အချစ် ကို ဖြစ်ပေါ်စေခဲ့တယ်။ ဘယ်သူလဲဆိုတာတော့ သူမတွေ့ခဲ့ပေ။

အခုသူသည်စိုက်ပျိုးနေရင်းနဲ့ ဘာကြောင့် မမေ့နိုင်သောအချစ်ကိုအစမျိုးခဲ့သနည်း။

ဒီတစ်ခါ ဘယ်သူလဲ

လင်းဖန်သည် သူ့နံဘေးသို့ ရေတစ်ပုံးယူလာပေးသောစုရန်ကို တစ်ချက်ကြည့်လိုက်ပြီး အမှန်တရားမျက်လုံးကိုအသုံးပြုလိုက်သည်။

[မျက်နှာတန်ဖိုး- 90]

[အကြိုက်ဆုံးတန်ဖိုး- 70]

လင်းဖန်သည် သူ့နှလုံးသားထဲတွင် တိတ်တဆိတ် တွေးတောကာ မကူညီနိုင်ပေ။ သူသည် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်သာရှိသေးပြီးသူမ၏ခန္ဓာကိုယ်သည် လဲအပြည့်အဝ မရင့်ကျက်သေးပေ။ သူ့မမှာ အမှတ် 90 အသွင်အပြင် ရှိသည်။ဒါဆိုသူမ ကြီးလာရင် ဘယ်လောက်တောင်လှပနေလိုက်မလဲ။

အမှတ် 70သည် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုဖြစ်ပြီး မမေ့နိုင်သောချစ်ခြင်းကို အစပျိုးသည်မှညသူမ မဖြစ်နိုင်ပေ။

လင်းဖန်က သမူ့ကိုယ်ကြည့်နေတာကို မြင်တော့ စုရန် က သူမရဲ့အနက်ရောင် မျက်လုံးတွေနဲ့လင်းဖန်ကိုကြည့်ကာ “အစ်ကို ဘာဖြစ်နေတာလဲ၊ ငါ့မျက်နှာမှာ တစ်ခုခုပေနေလို့လား”

စကားပြောပြီးနောက် သူမသည်ရွှံ့များဖြင့်ပေနေသောလက်ဖြင့်မျက်နှာကိုပွတ်လိုက်သည်။

မူလက သူ့မမျက်နှာမှာ ဘာမှမရှိဘူး။အခုသူမပွတ်လိုက်သောကြောင့်ရွှံ့တွေပေသွားခဲ့သည်။

စုရန်ကလဲဒါကိ ခံစားမိလိုက်ပြီး၊ ရေပုံးထဲကရေကို အမြန်ထုတ်ပြီး သူ့မမျက်နှာကို ဆေးလိုက်သည်။

လင်းဖန်က ခေါင်းခါပြီး မေးစေ့ကိုကိုင်လိုက်သည်။

စုရန်မဟုတ်ဘူးဆိုတော့ အဲဒါဘယ်သူလဲ။

သူ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်..။

နောက်အခိုက်အတန့်တွင် လင်းဖန် နှင့် စုနမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဒီအချိန်မှာ အချိန်တွေကခဏတာရပ်တန့်သွားသလိုခံစားလိုက်ရသည်။

စုနမ် ၏ ခန္ဓာကိုယ်သည် လုံးဝ အံ့အားသင့်သွားသည်။

[မျက်နှာတန်ဖိုး- 95]

[အကြိုက်ဆုံးတန်ဖိုး- 98]

မမေ့နိုင်သော အချစ်ကို အစပျိုးပေးခဲ့သော စုနမ်ပင် ဖြစ်ပေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters