← Chapters

ငါ့ညီမလာတာလား

Vol. 13 Ch. 189

ငါ့ညီမလာတာလား

Vol. 13 Ch. 189

ထိုအချိန်တွင် စုရန်သည် သူ့မမျက်နှာကို အကြိမ်ကြိမ် အထပ်ထပ် ဆေးပြီးနောက် ခေါင်းကို မြှောက်ကာ “အစ်ကို အစ်မ၊ ငါ့မျက်နှာမှာ ပေနေတာတွေ ရှိလား” ဟု မေးလိုက်သည်။

သူမ၏ အသံသည် ငှက်ကလအသံကဲ့သို့အလွန်ကြည်လင်ပြီး ချိုမြိန်သည်။

ဤအချိန်စုနမ်သည် ယခုမြင်ကွင်းကို တွေးလိုက်မိရာသူမ၏ နှလုံးခုန်သံများမြန်လာခဲ့သည်။ သူမ၏ မျက်နှာလေးကနီရဲလာကာ ခေါင်းကို ကမန်းကတန်းတစ်ခြားဘက်လှည့်လိုက်သည်။

လင်းဖန်သည် စုရန်ကိုပြုံးကာ “အင်း... မတွေ့တော့ဘူး၊ အခုအရမ်းသန့်သွားပြီ”

ဒါကိုကြားတော့စုရန်က ပျော်သွားခဲ့သည်။

ထိုအချိန်တွင် ဝါးခြင်းတောင်းကို ကိုင်ဆောင်ထားသော အဖိုးအိုသည် ဖြည်းညှင်းစွာ လျှောက်လာပြီး လင်းဖန်ကိုပြုံးကာ”လးငယ်လေး၊ မင်းရဲ့ စိုက်ပျိုးမှု စွမ်းရည်က တကယ်ကိုကောင်းတယ်!”

လင်းဖန် က “အဲ့လောက်လဲမဟုတ်ပါဘူးဗျ”

…………

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်ရက်ကုန်လွန်သွားခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်တွင် လင်းဖန်သည် ငါးဖမ်းရန် မြစ်ထဲသို့ ဆင်းခြင်း၊သစ်သီးခူးရန် သစ်ပင်ပေါ်တက်ခြင်း၊ပန်းများခူးရန်နှင့်ပတ်ဝန်းကျင်ရှုခင်းများကိုခံစားရန်တောင်ပေါ်သို့တက်လေ့ရှိသည်။

ထို့အပြင် တောင်ကုန်းပေါ်တွင် ပရီမီယံကော်ဖီ အားလုံးကိုလဲ စိုက်ပျိုးထားသည်။

ယနေ့တွင် လင်းဖန် သည် သူ၏ ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီး စုနမ် နှင့်အတူ ကတ့်ယူနီ(ကား)ပေါ်တွင် ထိုင်နေသည်။ ကားအပြင်ဘက်တွင်အဖွား၊စုရန်၊အဝါ​ရောင်ခွေးတို့၏အကြည့်အောက်တွင်သူတို့သည်လေဆိပ်သို့သွားလိုက်ကြသည်။

အဖွားရဲ့ ခန္ဓာကိုယ်က လုံးဝပြန်ကောင်းလာပြီး မရီမီယံကော်ဖီတွေကိုလဲစိုက်ထားသည်။

ပြီးတော့တောင်တန်းတွေနဲ့သဘာဝပတ်ဝန်းကျင်တို့ကကောင်းပေမဲ့လင်းဖန်သည် သူ့အတွက် ဒီအရွယ်တွင်ဒီမှာနေရန် မသင့်တော်ဟု ခံစားမိသည်။

လင်းဖန်သည် ကတ့်ယူနီ(ကား)ကို လေဆိပ်၏ ကားရပ်နားရာနေရာသို့ရပ်လိုက်ပြီးနောက်လင်းဖန်သည်လေယာဉ်လက်မှတ်စစ်သည့်နေရာသို့သွားလိုင်သည်။

အချိန်ခဏကြာပြီးနောက်လေဆိပ်ဝန်ထမ်းများ၏ စေ့စေ့စပ်စပ် စစ်ဆေးမှုပြီးနောက်သူသည်VIPလေယာဉ်အခန်းပေါ်သို့တက်သွားခဲ့သည်။လင်းဖန်တက်ပြီးခဏအကြာတွင်

လေယာဉ်မှပြင်းထန်သောထွက်ပြီးနောက်၊ ကောင်းကင်ပြာသို့တက်သွားခဲ့လေသည်။

နှစ်နာရီခန့်အကြာတွင် လေယာဉ်သည် ကျန်ပေ့တွင်ချောမွေ့စွာ ဆင်းသက်နိုင်ခဲ့သည်။

ထို့နောက်လင်းဖန်သည် ကားပါကင်တွင် Pagani Fengshen(ကား)ကို မောင်းနှင်ပြီး ပန်းလုံဗီလာသို့ဆီသို့ ပြန်လာခဲ့သည်။

ပန်လုံဗီလာကိုညနေ နေဝင်ချိန်မှရောက်သည်။

စုနမ် သည် လွတ်နေသော ​ဗီလာတွင် လင်းဖန်၏ ရနံ့ကို ရှူရှိုက်ရင်း သူ၏ လှပသော မျက်နှာတစ်ခုလုံးနီရဲသွားသည် ။

“ဂရု!”

ထိုအချိန်တွင် လင်းဖန်၏ဗိုက်သည် ရုတ်တရက်အသံထွက်လာသည်။

ဒီအသံကိုကြားတော့စုနမ်က “ငါ ထမင်းချက်လိုက်အုံးမယ်”

ပန်းလုံဗီလာရှိ ရေခဲသေတ္တာထဲကို လင်းဖန်ကယွမ် 100,000 သုံးပြီးဟင်းသီးဟင်းရွက်၊အသားအားလုံးအပြည့်ရှိသည်။

ခဏအကြာတွင်ဟင်းသီး ဟင်းရွက်များ ဆေးကြောသံနှင့် ဟင်းချက်သံများသည် မီးဖိုချောင်ကနေထွက်လာခဲ့သည်။

ကျန်ပေ့ကိုမပြန်ခင် ရက်အနည်းငယ်ကြာ တောင်ပေါ်မှာ နေခဲ့ရသောကြောင့်အခုလင်းဖန်သည်ဗီလာသို့ပြန်ရောက်သောအခါနေသားမကျသလိုခံစားလိုက်ရသည်။

ထမင်းစားပြီးနောက် လင်းဖန်သည် ရေချိုးခန်းသို့ တိုက်ရိုက်သွားပြီး ရေနွေးဖြင့် ရေချိုးလိုက်သည်။

ထို့နောက် ဆိုဖာပေါ်တွင် အေးအေးဆေးဆေး လှဲအိပ်ကာ ဖုန်းသုံးနေလိုက်သည်။

စုနမ် သည် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီး ဗီလာကို တစ်ဖန် သန့်ရှင်းရေလုပ်ပြီးနောက် ရေချိုးခန်းသို့ သွားလိုက်သည်။

လင်းဖန်သည် သူ့ဖုန်းအသုံးတာအချိန်အနည်းငယ်ကြားသောအခါအနည်းငယ်ပျင်းလာခဲ့သည်။

ထို့ကြောင့် သူသည် အကောင့်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။

သူ့စိတ်ထဲမှာ -လွန်ခဲ့တဲ့ ရက်အနည်းငယ်က... ငွေသား 10 သန်း တွေပဲရတယ်။ ဒီနေ့တော့ ထူးခြားတာလေးတွေရမယ်လို့ မျှော်လင့်တယ်’’ဆိုပြီးရေရွတ်လိုက်သည်။

“အကောင့်ဝင်မယ်”

【ဒင်း! အကောင့်ဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါတယ် မင်း ချူရီရှယ်51% ကို ရရှိသည် ။ 】

ချူရီသည် လီရှီတွင်ရှိသောနို့လက်ဖက်ရည်ဆိုင်တစ်ခုဖြစ်သော်လည်း၎င်းကိုနိုင်ငံတစ်ဝှမ်းရှိလူများသိသောနို့လက်ဖက်ရည်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။(စားသောက်ဆိုင်ကြီးတွေမျိုးပါ)

လီရှီမြို့တွင်လဲဆိုင်ခွဲမြောက်များစွာရှိသည်။

လင်းဖန်က သူ့မေးစေ့ကို ကိုင်လိုက်ပြီး “တစ်နည်းအားဖြင့်ပြောရရင်၊ ငါက အခု ခိူရီရဲ့ အကြီးဆုံးရှယ်ယာရှင် ဖြစ်နေပြီပေါ့။ ဒီနေ့ အကောင့်ဝင်တာက နည်းနည်းတော့ ကောင်းတယ်။”

နည်း​နည်းကောင်းတာလား?

ချူရီဖးတန်ဖိုးသည် အနည်းဆုံး မီလီယံဆယ်ဂဏန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။

တစ်နည်းအားဖြင့် လင်းဖန် သည် သန်းပေါင်းများစွာသော ပိုင်ဆိုင်မှုများကို တိုက်ရိုက်ရယူခဲ့သည်။

ထိုအချိန်တွင် ရေချိုးခန်းတံခါးပွင့်လာခဲ့သည်။ထို့နောက် ဖြူဖျော့ဖျော့ ရေချိုးဝတ်စုံကို ၀တ်ဆင်ထားသော စုနမ်သည်ဖြေးညင်းစွာထွက်လာခဲ့သည်။

ထိုအချိန်တွင် စုနမ်၏ အနက်ရောင် ဆံပင်များသည် အနည်းငယ် ရေများဖြင့်အနည်းငယ်စိုစွတ်နေသည်။

နှင်းဖြူ အသားအရေ၊ လှပသော မျက်နှာအသွင်အပြင်၊ ပြီးပြည့်စုံသော ခန္ဓာကိုယ်။

ယခုအချိန်တွင် စုနမ်သည် သေမျိုးကမ္ဘာသ်ု့ဆင်းသက်လာသော နတ်သမီးတစ်ဦးအဖြစ်သို့ပြောင်းလဲသွားသည်။

လင်းဖန်က သူ့မကို စိုက်ကြည့်နေတာကို မြင်လိုက်ရတော့အနည်းငယ် ရှက်နေသလို ခံစားလိုက်ရသည်။

သူမ ရေချိုးထားသောကြောင့်သူမ၏ဖိနပ်ပေါ်တွင် ရေများရှိနေသဖြင့် ခြေလှမ်းလမ်းလိုက်တာနဲ့မမျှော်ပဲခြေချော်ကမြေပြင်ပေါ်သို့မတော်တဆ ပြုတ်ကျသွားခဲ့သည်။

လင်းဖန်သည်စုနမ်ပြုတ်ကျတာကိုမြင်သောအခါသူသည်လျင်မြန်စွာပြေးလိုက်ပြီးပြုတ်ကျနေသောစုနမ်၏ခါးကိုကိုင်ပြီးထိန်းပေးလိုက်လေသည်။

စုနမ်နှင့်လင်းဖန်တို့သည်တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း နှစ်ယောက်လုံး၏နှလုံးခုန်သံများကအဆက်မပြတ်ခုန်လာခဲ့သည်။

နောက်ဆုံးမှာတော့သူတို့နှစ်ယောက်သည်မနေနိုင်ပဲတစ်ယောက်ကို​တစ်ယောက်နမ်းလိုက်ရင်းကုတင်ပေါ်သို့ရောက်သွားလေသည်။

ယနေ့ညသည်ပန်းလုံဗီလာတွင်ဆူညံသောညတစ်ညပင်ဖြစ်သည်။

…………

နောက်တစ်နေ့တွင် ပြတင်းပေါက်မှနေရောင်ခြည်ကျရောက်လာသောအခါ လင်းဖန်သည် မျက်လုံးများကိုဖွင့်လိုက်သည်။

သူသည် အဖြူရောင် ကုတင်ပေါ်ရှိ အနီရောင်အကွက်ကို ငုံ့ကြည့်ပြီးနောက် ဖုန်းကို ကောက်ကိုင်လိုက်သည် ။

ပုံမှန်အတိုင်း ဖုန်းမျက်နှာပြင်ပေါ်တွင် စာသားမက်ဆေ့ခ်ျတစ်ခု ပေါ်နေသည်။

“၀:၀၀ နာရီတွင်၊ တရုတ်ဘဏ်မှ ယွမ် ၃,၆၆၀,၀၀၀ ရရှိသည်။”

ထို့နောက် လင်းဖန်သည် ဖြည်းညှင်းစွာထကာ အပြင်သို့ ထွက်လာခဲ့သည်။

ထိုအချိန်တွင် ဖက်ထုပ်ကြော်၊ ကြက်ဥကျော်နှင့် အခြားအရသာများကို စားပွဲပေါ်တွင် တင်ထားသည်။

လင်းဖန်က “မင်းမနေ့ညကငါ့ကြောင့် အရမ်းပင်ပန်းခဲ့တယ်။ဒါကြောင့် ဒီနေ့တော့ ကောင်းကောင်းအနားယူသင့်တယ်”

မနေ့ညကအကြောင်းကိုတွေးရင်းစုနမ် က တစ်ခုခုကို ချက်ခြင်းသတိရသွားပြီး သူမရဲ့လှပတဲ့မျက်နှာလေးက နီရဲသွားပြီး သူမကခေါင်းကိုချက်ချင်းငုံ့လိုက်သည်။

ဒါကိုကြည့်ပြီးလင်းဖန်ကရယ်လိုက်လေသည်။

မနက်စာစားပြီးသောအခါ လင်းဖန် နှင့် စုနမ်သည် ခဏတာ အတူစကားပြောနေခဲ့ကြသည် ထိုအချိန်တွင် သူ့လက်ကိုင်ဖုန်းမှ ဖုန်းလာတဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လင်းဖန်ကဖုန်းချက်ချင်းကောက်ကိုင်လိုက်သည်။

“အစ်ကို၊ ငါ အခုကျန့်ပေ့ကိုရောက်နေပြီ” ဖုန်းကိုင်တာနဲ့ သူ့ညီမ လင်းရှောင်ရီရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံက ထွက်လာခဲ့သည်။

“အမ် မင်းဘာလို့ ကျ်ပေ့ကိုလာတာလဲ။” ဟုလင်းဖန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“အစ်ကို၊ မင်းညီမ ကျန်ပေ့ကိုလာတယ်ဆိုတာကိုကြားရင် အရမ်းပျော်သင့်တာမဟုတ်ဘူးလား။” လင်းရှောင်ရီက ပြောသည်။

လင်းဖန် က “ပျော်ပါတယ်။ ငါပျော်တာပေါ့၊ ဒါပေမယ့် မင်း အခုကျောင်းတက်မနေသင့်ဘူးလား?”

“မနေ့က နောက်ဆုံး စာမေးပွဲ ပြီးသွားပြီလေ။စာမေးပွဲပီးတော့ကျောင်းပိတ်တယ်လေ။ဒါကြောင့် လမ်းလျှောက်ဖို့ အတန်းဖော် နှစ်ယောက်နဲ့ ကျန်ပေ့ကို ရောက်လာတယ်။” လင်းရှောင်ရီက စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ဒါကိုကြားပြီးနောင်လင်းဖန်က ခေါင်းညိတ်ပြပြီး “ကောင်းပြီ၊ မင်းဘယ်မှာလဲ၊ ငါ အခုချက်ချင်း လာခဲ့မယ်!”

“ကောင်းပြီ ငါမင်းကိုမက်ဆေ့ပို့လိုက်မယ်” လင်းရှောင်ရီ က ရွှင်လန်းဧ်ာပြောလိုက်သည်။

ဖုန်းချပြီးနောက် လင်းဖန် သ​ည် အပြင်သို့ထွက်ကာ Mercedes-Benz G(ကား)ပေါ်၌ ထိုင်ကာ အရှိန်မြှင့်စက်ကို နင်းပြီးအရှေ့ကိုအမြန်ထွက်ခွာသွားခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters