← Chapters

သန်းရာချီလွတ်တာမသိဘူးလား

Vol. 13 Ch. 190

သန်းရာချီလွတ်တာမသိဘူးလား

Vol. 13 Ch. 190

ကျန်ပေ့ စန်းတက် သည် ​ကျန်ပေ့မြို့ရှိအကြီးဆုံးမီးရထားဘူတာဖြစ်ပြီးနိုင်ငံတွင်းအချက်အချာကျသောဘူတာလဲဖြစ်သည်။

နေ့စဉ်နှင့်အမျှ လူပေါင်း ရာနှင့်ချီ၍ ဤနေရာမှရထားလာစီးကြသည်။

လင်းဖန်သည် ကားကိုရပ်ပြီးနောက် လူများများသွားနေသောထွက်ပေါက်တွင် ရပ်နေခဲ့သည်။

မကြာမီတွင်ထွက်ပေါကနေအော်ဟစ်သံ တစ်ခုထွက်ပေါ်လာခဲ့သည်။

“အစ်ကို။ ငါ တို့ဒီမှာ!”

ထို့နောက် လင်းရှောင်ရီ သည် ပန်းရောင်မျက်မှန် ဝတ်ဆင်ထားသော မိန်းကလေး နှင့် အလယ်အလတ် အရွယ် ဆံပင်ရှိသော အရွယ်ရောက်ပြီးသူ မိန်းကလေးတစ်ဦးနဲ့အတူ လျင်မြန်စွာ လျှောက်လာခဲ့သည်။

“မင်းတို့ကိုကို မိတ်ဆက်ပေးပါရစေ၊ ဒါက ငါ့အစ်ကိုလင်းဖန် ပါ။ သူက ကျန်ပေ့ တက္ကသိုလ်မှာ ကျောင်းတက်နေပြီး အခုစင်ကယ်(ရည်းစားမရှိ)ပဲရှိသေးတယ်။ “ လင်းရှောင်ရီ က ပြုံးပြီးပြောလိုက်သည် ။

လင်းဖန်သည်ဒါကိုကြားသောအခါသီးမလိုတောင်ဖြစ်သွားသည်။

ဒီကလေးမလေးကသူရဲ့သူငယ်ချင်းနဲ့ငါ့ကိုမိတ်ဆက်ပေးချင်နေတာလား။

အထက်တန်းကျောင်းသူလေးနှစ်ယောက်။

လင်းဖန်သည် သူမတို့နှစ်ယောက်ကို အမှန်တရားမျက်လုံးဖြင့်ကြည့်လိုက်သည်။

ပထမမိန်းကလေး

[မျက်နှာတန်ဖိုး- 85]

[အကြိုက်ဆုံးတန်ဖိုး- 40]

ဒုတိယမိန်းကလေး

[မျက်နှာတန်ဖိုး- 84]

[အကြိုက်ဆုံးတန်ဖိုး- 40]

လင်းဖန်သည်သူမတို့နှစ်ယောကိုစိတ်မဝင်စားပေ။ဘာလို့ဆိုသူ့၏အမျိုးသမီးအားလုံးက အမှတ် 90 အထက်ဖြစ်နေလို့ပသ်ဖြစ်သည်။

လင်းရှောင်ရီ ကမျက်မှန်တပ်ထားတဲ့ မိန်းကလေးကို လက်ညှိုးထိုးပြပြီး “ဒါက တန်ကျင် ပဲ” လို့ ပြောသည်။

ထို့နောက် သူမသည် အရွယ်ရောက်ပြီးပုံစံရှိသည့် အမျိုးသမီးငယ်ကို လက်ညှိုးထိုးပြပြီး “ဒါက ဒူယု” လို့ ပြောလိုက်သည်။

လင်းဖန်က သူမတို့နှစ်ယောက်ကိုယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည်။

ပြီးနောက် သူက “မင်းတို့ ဗိုက်ဆာလုနီးပါး ဖြစ်နေပြီမဟုတ်လား၊ တစ်ခုခု သွားစားရအောင်”

“ငါ ကျန်ပေ့ ရဲ့ ပူပူနွေးနွေး ခေါက်ဆွဲပြုတ် နဲ့ ကောက်ညှင်းကြက်သား စားချင်တယ်!” လင်းရှောင်ရီက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

“ကောင်းပြီ!” လင်းဖန်က ပြန်ပြောပြီးသူမတို့ကို ကားရပ်နားရာသို့ ခေါ်သွားခဲ့သည်။

များမကြာမီတွင်၊ လူတိုင်းသည် Mercedes-Benz G သို့ ရောက်လာခဲ့ကြသည်။

လင်းရှောင်ရီသည် ကားအကြောင်း သိပ်မသိပေ။

ထို့အပြင် တန်ကျင် နှင့် ဒူယုတို့သည် အထက်တန်းကျောင်းသူများသာ ဖြစ်သည့်အတွက် ကားအကြောင်းကိုရှင်းရှင်းလင်းလင်း မသိပေ

သို့သော်လည်း သူတို့သည် Mercedes-Benz Big G(ကား) ၏ အသွင်အပြင်ကို ကြည့်ပြီး သူတို့၏ မျက်နှာလေးများက အံ့သြထိတ်လန့်နေသည်

“ဗွမ်း!”

လင်းဖန်သည် အရှိန်မြှင့်စက်ကို နင်းလိုက်ပြီးရှေ့သို့မောသ်းသွားခဲ့သည်။

တန်ကျင်နှင့် ဒူယုတို့သည် Mercedes-Benz Big G (ကား)၏ အမိုက်စားအသွင်ပြင်နဲ့အရှိန်တို့ကိုကြည့်ပြီး၎င်းတို့သည် ချောမောသော လင်းဖန်ကိုလည်း နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။

“ဒင်!”

ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲရှိ ဖုန်းသည် အနည်းငယ်တုန်ခါသွားခဲ့သည်။

12:00!

အနီရောင် စာအိတ်တွေ ပေါ်လာသည်။

ဒါနဲ့ လင်းဖန်က ဘရိတ်ကို ဆောင့်နင်းလိုက်သည်။

ထို့နောက် စတီယာရင်ကို အမြန်လှည့်ကာ လမ်းဘေးရှိ ယာယီရပ်နားသည့်နေရာ၌ ကားကို ရပ်လိုက်သည်။

ထို့နောက် ဖုန်းကို အမြန်ကောက်ကိုင်လိုက်ပြီး စာအိတ်အနီတွေကိုအမြန်နှိပ်လိုက်သည်။

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ၁၀ ယွမ် ရခဲ့သည်”

...

သူ့ဘေးက လင်းရှောင်ရီက “အစ်ကို မင်းဘာလုပ်နေလဲ” လို့ မေးလိုက်သည်။

“ငါ စာအိတ်အနီတွေကိုကောက်နေတာ။” ဟုလင်းဖန်က ပြန်ပြောသည်။

လင်းရှောင်ရီ:...

တန်ကျင်:...

ဒူယု :...

ဒါကိုကြည့်ပြီးသုံးယောက်လုံး စကားမပြောနိုင်တော့ပေ။

စာအိတ်အနီကိုကောက်တာလား။

သူမတို့မှတ်မိရင် စာအိတ်အနီအများစုကောက်ရာတွင် ယွမ် ၂၀၀တောင်ရဖို့မလွယ်ပေ။ဒါကိုအရမ်းစိတ်လှုပ်ရှားနေတာလား?

လင်းဖန်ဘယ်လို့အဲ့လောက်စိတ်လှုပ်ရှားနေလဲဆိုတာကိုသူမတို့မသိပေ။အကြောင်းကိုသိသွားရင်ထိန်လန့်သွားမည်မှာသေချာသည်။

မူလက တန်ကျင် နှင့် ဒူယုတို့သည်လင်းဖန်ကို အထင်ကြီးလေးစားခဲ့ကြသည်။

အခုအချိန်အှာတော့ဒီခံစားချက်တွေလုံးဝပျောက်ကွယ်သွားခဲ့သည်။

ခဏ​အကြာတွင်လင်းဖန်သည် အနည်းငယ်ပြုဒစလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် လင်းဖန်သည် စာအိတ်အနီတစ်ခုမှယူနပ့် ရှယ်ယာ 10% ကိုရရှိခဲ့သောကြောင့်ဖြစ်သည်။

သိရန်ယူနပ့်၏ စျေးကွက်တန်ဖိုးသည် သန်းရာနှင့်ချီရှိသော လုပ်ငန်းကြီးတစ်ခု။

ရှယ်ယာ 10% သည် သန်းဆယ်ဂဏန်းကျော်တန်ဖိုးရှိသည်။

အကယ်၍ လင်းဖန်သည် တန်ကျင်နှင့် ဒူယုတို့တွေးတာကို သိရင်ဒီစာအိတ်အနီတွေကိုသာလွတ်သွားရင်တော့ သန်း 100 ကျော်ရှုံးမယ်လို့သူတို့ကိုတိုက်ရိုက်ပြောမည်ဖြစ်သည်။

ထို့နောက် လင်းဖန်သည် ကားကို ပြန်လှည့်ပြီးမောင်းကာ ကန်ဂျေစားသောက်ဆိုင်ဆီသို့မောင်းသွားခဲ့သည်။

ကန်ဂျေသည် ကျန်ပေ့ရှိနာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်ဆိုရမည်ဖြစ်သည်။

ဘာလို့ဆိုစားသောက်ဆိုင်ထဲတွင် ထိုင်ခုံမရှိသလောက်အောင်လူများနေလို့ပင်ဖြစ်သည်။

စားသောက်ဆိုင်သို့ရောက်ပြီးနောက်လင်းရှောင်ရီနှင့် အခြားသူများ သည် ခေါက်ဆွဲပြုတ် ၊ ကောက်ညှင်းပေါင်း၊ ဖက်ထုပ်ပေါင်း ၊ ပလာတာ စသည့်အရသာရှိသောအစားအစာများကိုကမုဗိုတင်းသည်အထိသူတို့စားလိုက်သည်။

စားသောက်ပြီးနောက်လင်းဖန်က “ဒါဆို အခုငါတို့ ဘယ်သွားမလို့လဲ” လို့ မေးလိုက်သည်။

လင်းရှောင်ရီက “​ဒူယုကလက်ကိုင်အိတ်ဝယ်မယ်လို့မလာခင်ကတဘ်းကပြောခဲ့တယ်။”

“အိုး။ မင်းကော၊ မဝယ်ချင်ဘူးလား။” ဟု လင်းဖန်က မေးလိုက်သည်။

“ငါကဘာလုပ်ရမှာလဲဒါကသယ်ရတာအဆင်မပြေဘူး “ လင်းရှောင်ရီ သည် သူမ၏ လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်ပြီးပြောလိုင်လေသည်။

လင်းဖန်က “ဒူယုမင်းအိတ်ကိုဘယ်မှာဝယ်ချင်တာလဲ” ဟုဆိုလိုက်သည်။

“MK မော(MK Mall)မှာအိတ်​ဝယ်​မလို့!” ဒူယုက ဖြေလိုက်သည်။

ဒါကိုကြားပြီးနောက်လင်းဖန် သည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်လာသည်။

MK မောလား?

အဲဒါကငါ့ရဲ့ကိုယ်ပိုင်ကုန်တိုက်မဟုတ်ဘူးလား။

အဲဒါကို ပြောရရင် ငါ လဲအမ်ကေမော်(MK Mall)ကိုမရောက်တာကြာပြီ။

အိတ်နဲ့ပတ်သက်ရင်ငါ့မှာကုမ္ပဏီတစ်ခုရဲ့ရှယ်ယာ 5%ရှိတယ်။ဘယ်ကုမ္ပဏီလဲဆိုတာတော့မမှတ်မိဘူး။

လင်းဖန်သည် သူမတို့ကိုကားပေါ်တင်ဆောင်ကာ အမ်ကေမော(MK Mall)သို့ခေါ်လာခဲ့သည်။

လင်းဖန်သည်ဓာတ်လှေကားသို့ ရောက်သောအခါ အနောက်တိုင်း၀တ်စုံနှင့် ဖိနပ်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောက်လာခဲ့သည်။

သူက စိတ်လှုပ်ရှားစွာနဲ့ “မစ္စတာလင်း!”

“မင်းက...” လင်းဖန်က သံသယစိတ်ဖြင့် သူ့ကိုကြည့်ပြီးမေးလိုက်သည်။

“ကျွန်တော်က MK Mall ရဲ့ အထွေထွေမန်နေဂျာ ယန်ဟိုင် ပါ။” လင်းဖန်သည် သူ့ကို မသိသောကြောင့် လူလတ်ပိုင်းက အဆင်မပြေမှု လုံးဝမခံစားရပေ။

ဆန့်ကျင်ဘက်တွင်၊ သူသည် စိတ်လှုပ်ရှားသောအသံနဲ့လေးစားစားသောစိတ်ဖြင့်ကြည့်လိုက်သည်။

လင်းဖန်က ရုတ်တရက် “ဒါဆိုဒါက မန်နေဂျာ ယန်ပေါ့”

ယန်ဟိုင် က “မစ္စတာလင်း၊ ဒီနေ့ နှစ်ကုန် စုံညီအစည်းအဝေးအတွက် မင်းဒီကိုရောက်နေတာလား။”

“မဟုတ်ဘူး၊ ဒီနေ့ အိတ်ဝယ်ဖို့အတွက်ညီမနဲ့ အတန်းဖော်နဲ့အတူလာခဲ့တယ်” လင်းဖန်က ပြောသည်။

ခေတ္တနားပြီးနောက်တွင် သူသည် ဒီကုန်တိုက်၏သူဌေးဖြစ်ပြီးအစည်းအဝေးကို တစ်ခါမျှ မကျင်းပခဲ့ပေ။

သူမရှိပေမဲ့ကောင်းကောင်းကိုင်တွယ်နိုင််တယ်ဆိုပြီးဘာမှမပြောတော့ပေ။

လင်းဖန်က “ ငါတို့က လေးထပ်သွားမလို့မင်းလိုက်မလား” ဟု ပြောလိုက်သည်။

ယန်ဟိုင်’’ဟုတ်လိုက်ပါမယ်’’

ဓာတ်လှေကားပွင့်တာနဲ့ယန်ဟိုင်သည်လင်းဖန်တို့ကိုဦးညွတ်ပြီးလင်းဖန်တို့အရင်ဝင်မှဝင်လိုက်သည်။ပြီးနောက်လင်းဖန်ပြောသည့်လေးထပ်ကိုနှိပ်လိုက်သည်။

တန်ကျင်နှင့် ဒူယုသည် ဤမြင်ကွင်းကို အံသြသောအမူအရာများဖြစ်နေကြသည်။

သူ့ရှေ့မှာ လူလတ်ပိုင်းအရွယ်က MK ရဲ့ အထွေထွေမန်နေဂျာမဟုတ်ဘူးလား။

သူက လင်းရှောင်ရီရဲ့အစ်ကိုကို ဘာကြောင့် ဒီလောက် ယဉ်ကျေးနေရတာလဲ။

ယန်ဟိုင်သည် ထိုနေရာတွင်ရှိနေဆဲဖြစ်သောကြောင့် ၎င်းတို့သည် တိုက်ရိုက်မေးခွန်းများမေးရန် မလွယ်ကူသောကြောင့် လင်းရှောင်ရီ ကို သံသယများဖြင့် ကြည့်လိုက်သည်။

ရှင်းရှင်းပြောရရင် သူမဆီကသူတို့သိချင်နေတယ်ဆိုတာပင်ဖြစ်သည်။

သို့သော် လင်းရှောင်ရီကလဲ သူမမသိကြောင်း ခေါင်းခါပြလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters