ကြိုက်သလောက်ယူ
Vol. 13 Ch. 193
ရဟတ်ယာဉ်ပေါ်တွင်တန်ကျင်နှင့် ဒူယုတို့သည်လဲလင်းရှောင်ရီနဲ့ ထပ်တူထပ်မျှ အံ့သြသွားကြသည်။
သို့သော် ၎င်းတို့၏မျက်နှာအမူအရာမပေါ်အောင်အတော်လေး ချုပ်နှောင်ထားကြသည်။
အချိန်အတော်ကြာပြီးနောက် လင်းရှောင်ရီ၊ တန်ကျင်နှင့် ဒူယုတို့သည် ရဟတ်ယာဉ်ပေါ်မှ တုံ့ဆိုင်းစွာ ထွက်ခွာသွားကြသည်။
လင်းရှောင်ရီသည် ရဟတ်ယာဉ်ဘေးနားရှိ စူပါကားနှင့် မြင့်မားသော အိမ်ကြီးကို ကြည့်လိုက်ပြီးသူမကျေနပ်စွာ ခေါင်းညိတ်ကာ “ဒါက ငါ့တို့အိမ်ပဲ!”
ပြီးနောက်သူမက”အစ်ကို၊ ပန်း အနှစ်သာရကို သွားဝယ်ရအောင်!”
“ကောင်းပြီ။” လင်းဖန်က ပြန်ဖြေသည်။
ထို့ကြောင့် လင်းဖန်နှင့် အခြားသူများသည် လုံခြုံရေးနှစ်တန်းနှုတ်ဆက်ပြီးနောက်အပြင်သို့မောင်းသွားလေသည်။
လင်းဖန်သည် ကျယ်ပြန့်သောလမ်းတွင် Mercedes-Benz Grand G(ကား) ကို မောင်းနှင်လာပြီး မကြာမီ မြို့လယ်ခေါသ်သို့ ရောက်လာသည်။
လင်းရှောင်ရီ၊ တန်ကျင် နှင့်ဒူယု တို့သည် ပန်းအမှစ်သာရရောင်းသောဆိုင်များကိုကားထဲကနေတစ်ဆင့်ကြည့်နေကြသည်။
ဒီအချိန်မှာ လင်းရှောသ်ရိ က ရုတ်တရက် “ရပ်! အစ်ကို၊ ရပ်တော့!”
လင်းဖန်က ဘရိတ်ကိုနင်းပြီး “ဘာကိစ္စရှိလို့လဲ?”
“ဟန်စီဒီ၊ ဒါ ဟန်စီဒီ ဆိုင်!” လင်းရှောင်ရီသည် မဝေးလှသော လူများစွာ ဝန်းရံနေသော ဆိုင်ရှေ့ကို လက်ညှိုးထိုးပြကာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
ထို့နောက် သူမသည် တန်ကျင် နှင့် ဒူယု နှင့်အတူ သွားခဲ့သည်။ခဏအကြာတွင်သူမတို့သုံးယောက်သည်မျက်နှာမသာမယာဖြစ်ပြန်လာခဲ့သည်။
လင်းရှောင်ရီက သက်ပြင်းချရင်း “ဒီဆိုင်မှာပန်းအနှစ်သာရလည်း ကုန်သွားပြီ။”
လင်းဖန်က ပြုံးပြီး ‘’ဒါဆိုငါမသ်းတို့ကိုပန်းအနှစ်သာရရမည့်နေရာကိုခေါ်သွားပေးမယ်!”
“တကယ်လား?” လင်းရှောင်ရီက မေးလိုက်သည်။
“မင်းအစ်ကို ငါကဘယ်တုန်းကလိမ်ခဲ့လို့လဲ” လင်းဖန်က ပြောသည်။
ထို့နောက် လင်းဖန်သည် Mercedes-Benz Grand G(ကား)ကို ရှေ့သို့မောင်းသွားခဲ့သည်။
သိပ်မကြာခင်မှာပဲ ဖန်းရီအဆောက်အဦဟာ လူတိုင်းရဲ့မျက်လုံးထဲမှာ ပေါ်လာခဲ့သည်။
ဖန်းရီ အဆောက်အဦးတွင် ဟန်စီဒီ ကြော်ငြာများဖြင့်ပြည့်နေသည်။
“ဟန် စီ ဒီ! ဒါက ဟန်စီဒီရဲ့ဌာနချုပ်လား။” လင်းရှောင်ရီက မေးလိုက်သည်။
“မဆိုးပါဘူး၊ မင်းကဉာဏ်ကောင်းသားပဲ” လင်းဖန်က ပြောလိုက်သည်။
လင်းရှောင်ရီ၊ တန်ကျင် နှင့် ဒူယု တို့သည် ဤစကားလုံးများကို ကြားလိုက်သောအခါတွင် တုန်လှုပ်သွားကြသည်။
ဟန်စီဒီ ဌာနချုပ်။
လင်းဖန်တို့တစ်စသည်ု ဓာတ်လှေကားပေါ်တက်ပြီး 17 ထပ်ဆီသို့ တန်းတန်းမတ်မတ်သွာ လိုက်သည်။
“ဒင်!”
ဓာတ်လှေကားတံခါးပွင့်လာသည်နှင့်အမျှ မွှေးပျံ့သောရနံ့များကလဲ ထွက်ပေါ်လာသည်။
အပြင်ကနေတစ်ဆင့် ရုံးတွင်းရှိ ဝန်ထမ်းများ၏ အလုပ်များသော အသွင်အပြင်များကို မြင်တွေ့နိုင်သည်။
လင်းဖန်သည် ဘာမှမပြောဘဲ ဝင်လိုက် သည်။
ထိုအချိန်တွင်၊ လင်းရှောင်ရီ သည် ဂိတ်ရှေ့ရှိ ဆိုင်းဘုတ်ကို ညွှန်ပြပြီး- ကုမ္ပဏီ၏ ဝန်ထမ်းများမှအပတစ်ခြားသူများ၀င်ခွင့်မပြုပါ’’ဟုပြောလိုက်သည်။
သက်တံ့ရေမွှေး၏ အောင်မြင်မှု နှင့် ပန်းအရင်း၏ အနှစ်သာရကြောင့်ကြောင့်လူအများအပြားသည်သူမတို့စီသို့အမြဲရောက်လာကြသည်။လူအရမ်းများသောကြောင့်ဟန်စီဒီ၏ ပုံမှန်အလုပ်များကို ထမ်းဆောင်ရန် ခက်ခဲစေသည်။
ထို့ကြောင့် ဝန်ထမ်းမဟုတ်သူများကို အထဲကိုဝင်ခွင့်မပြုဆိုပြီးစာတန်းတွေကိုထားရှိထားသည်။
လင်းဖန် သည် လင်းရှောင်ရီ ၏ စကားကို ကြားပုံမပေါ်ပဲအထဲသို့ဆက်ဝင်လိုက်သည်။
အိမ်ရှေ့ စားပွဲမှ အလှလေးသည် တစ်စုံတစ်ယောက် ဝင်လာသည်ကို သတိပြုမိလိုက်တာနဲ့သူမလုပ်လက်စအလုပ်ကိုရပ်ကာခေါင်းကိုမော့လိုက်သည်။
ဒါကိုတွေ့ပြီးနောက်လင်းရှောင်ရီ၊ ဒူယု နှင့် တန်ကျင်တို့၏ စိတ်ထဲတွင် “ပြီးပြီ၊ ပြီးပြီ၊ ငါတို့ မောင်းထုတ်ခံရတော့မယ်’’လို့တွေးလိုက်ကြသည်။
သို့သော်နောက်အခိုက်အတန့်မှာ သူမတို့ သုံးယောက်လုံးအံ့သြသွားကြသည်။
ဘာလို့ဆိုအိမ်ရှေ့စာရေးစားပွဲမှ အလှလေးသည် ကမန်းကတန်း ထရပ်လိုက်ပြီး “မင်္ဂလာပါ မစ္စတာလင်း”ဟုနှုတ်ဆက်လိုက်သောကြောင့်ပင်ဖြစ်သည်။
လင်းဖန်က ခေါင်းညိတ်လိုက်ပြီး “မင်းတို့ကိုအလုပ်မှားစေမိပြီ” လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဒါကိုကြားတော့အိမ်ရှေ့စားပွဲရှိ အလှလေး၏ မျက်နှာပေါ်ရှိ အပြုံးတစ်ခုပေါ်လာပြီး
“မစ္စတာလင်းက ဥက္ကဋ္ဌကိုရှာဖို့ လာတာလဲ၊ အခု ရုံးခန်းထဲမှာဥက္ကဌ ရှိတယ်”
လင်းဖန်က “ကောင်းပြီ။”
ထို့နောက် လင်းဖန်သည် အထဲသို့ ဆက်လက် လျှောက်သွားခဲ့သည်။
သို့သော်လည်း လင်းရှောင်ရီ နှင့် အခြားသူများ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေကြသည်ကို သူ လျင်မြန်စွာ သတိပြုမိပြီး သူမတို့ကိုကြည့်ကာ “ရှောင်ရီ မင်းတို့ဘာလုပ်နေတာလဲ၊ သွားကြရအောင်။”
“အင်း...ကောင်းပြီ...ကောင်းပြီ”
လင်းရှောင်ရီတို့သုံးယောင်သည်လင်းဖန်နောက်ကိုလိုက်သွားကြသည်။
လင်းရှောင်ရီတစ်ခုခုမေးချင်ပေမယ့် ဥက္ကဌရုံးခန်းတံခါးကို ရောက်နေပြီဖြစ်သည်။
ဒါကြောင့် စကားလုံးတွေကိုပြန်လှည်မြိုသိပ်လိုက်သည်။
“ဒေါက် ဒေါက် ဒေါက်’’
လင်းဖန်က သူ့လက်ကို မြှောက်လိုက်ပြီး တံခါးကို ခေါက်လိုက်သည်နှင့် မကြာမီ အတွင်း၌ သာယာသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝင်လာခဲ့ပါ။”
ယခုအချိန်တွင် ချမ်ရီရီ သည် ခေါင်းငုံ့ကာ စာရွက်စာတမ်းများပေါ်တွင် အလုပ်လုပ်နေပြီး သူမကမောပန်းနေသောလဲ ကျေနပ်နေပုံရသည်။
ပြီးနောက်သူမကအဝင်ဝကိုလှမ်းကြည့်လိုက်နဲ့လမ်းလျှောက်လာသူတွေကို တွေ့လိုက်ရတော့ သူမရဲ့ ချောမောလှပတဲ့ မျက်နှာလေးပေါ်မှာ ပျော်ရွှင်မှုတစ်ခုပေါ်လာခဲ့သည်။
“လင်းဖန် မင်းဒီကိုရောက်ပြီ!”
မကြာခင်မှာပဲ လင်းရှောင်ရီ နဲ့ တခြားသူတွေ ကိုလင်းဖန် ရဲ့ဘေးမှာ ရပ်နေတာကို သူမ သတိထားမိလိုက်သည်။
လင်းဖန် က “ဒါက ငါ့ညီမ လင်းရှောင်ရီ နဲ့ သူ့အတန်းဖော် တန်ကျင်နဲ့ ဒူယု ပါ။”
ချမ်ရီရီ သည် ထိုစကားကိုကြားသောအခါ၊ပို၍ ပြုံးသွားခဲ့သည်။
“ဟယ်လို! ငါ့နာမည်က ချမ်ရီရီပါ” ချမ်ရီရီက ဝမ်းသာအားရနှုတ်ဆက်လိုက်သည်။
“ဥက္ကဌချမ်၊ မင်းအရမ်းလှတာပဲ” လင်းရှောင်ရီက မထိန်းနိုင်ဘဲ ပြောလိုက်သည်။
မည်သည့်အမျိုးသမီးမဆို အခြားသူများထံမှ ချီးကျူးစကားကြားရတာကို နှစ်သက်သည်။ ချမ်ရီရီသည် လဲချွင်းချက်မဟုတ်ပေ။
သူမက ဝမ်းသာအားရနဲ့” ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ရှောင်ရီ၊ မင်းက အရမ်းချစ်စရာကောင်းတယ်။ နောင်မှာ မင်းကငါ့ထက် ပိုလှလာမှာ သေချာတယ်။ နောက်ပြီး ဥက္ကဌလို့မခေါ်ပါနဲ့။ငါအဲ့လောက်အသက်ကြီးသေးတာမဟုတ်ဘူး။ငါ့ကိုအစ်မချမ်လို့ပဲခေါ်ပါ”
“ဟုတ်!” လင်းရှောင်ရီ ခေါင်းညိတ်သည်။
ခဏလောက်စကားပြောဆိုပြီးနောက်သူမတို့၏ဆက်ဆံရေးသည်တိုးတက်လာခဲ့သည်။
လင်းရှောင်ရီ သည် ဤခရီးစဉ်၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် ပြောကြားလိုက်သည်။
“အစ်မချမ်၊ ငါတို့က ပန်း အနှစ်သာရနည်းနည်းဝယ်ချင်လို့အာတာရှိသေးလဲမသိဘူး” လင်းရှောင်ရီသည် အလွန်မျှော်လင့်ထားသော မျက်လုံးများဖြင့် ပြောလိုက်သည်။
ချမ်ရီရီ သည် ထိုစကားကိုကြားသောအခါ လင်းဖန်အား ထူးဆန်းသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
သူမ၏အကြညိ့ထဲတွင်- မင်းညီမကို ပန်းအနှစ်သာရဝယ်ဖို့ ဒီကို ခေါ်လာချင်တာလား။ဟူ၍ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပန်းအနှစ်သာရကို လင်းဖန်၏ အလှကုန်ဆေးရည်နည်းနည်းနဲ့တစ်ခြားပါဝင်ပစ္စည်းတွေနဲ့ပေါင်းစပ်ဖော်လုပ်ထားသောကြောင့်ဖြစ်သည်။
သူမ၏အကြည့်ကြောင့်လင်းဖန်က ပခုံးတွန့်ပြလိုက်လေသည်။
ချမ်ရီရီ စကားပြောတာကိုမတွေ့တော့လင်းရှောင်ရှီက”ပန်းအနှစ်သာရမရှိတော့ဘူးလား”
ချမ်ရီရီ က ပြုံးပြီး “ ငါတို့မှာပန်းအနှစ်သာရအများကြီးကျန်ပါသေးတယ် ၊ ဒီနေ့ မင်းအပနအနှစ်သာရကိုလိုချင်သလောက် ယူလို့ရတယ်”
“တကယ်လား ကောင်းပြီ” လင်းရှောင်ရီ ဝမ်းသာအားရ ပြောလိုက်သည် ။
တန်ကျူ နှင့် ဒူယု တို့၏ မျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေလေသည်။
ထို့နောက်ချမ်ရီရီ ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ကုန်ပစ္စည်းဌာနသို့သွားလိုက်ကြသည်။
ဤနေရာတွင် ထည့်ထားသော သေတ္တာများစွာရှိပြီး သေတ္တာတစ်ခုစီတွင် ပန်းအနှစ်သာရနှင့် ပြည့်နေပါသည်။
ဒါကိုတွေ့တော့လင်းရှောင်ရီ က မထိန်းနိုင်ဘဲ တံတွေးတစ်လုတ်မျိုချလိုက်ပြီး “ချမ်... အစ်မချမ် ငါတို့လိုချင်သလောက်ယးလိူ့ရတာလား။”
ချမ်ရီရီက “ဟုတ်ပါတယ်၊ ဟိုမှာအိတ်တွေရှိ်ထည့်သွား”
ထို့နောက် လင်းရှောင်ရီသည် လင်းဖန်ကို ကြည့်လိုက်သည်။
ဒါကိုတွေ့တော့လင်းဖန်က ပြုံးပြီး “သွားယူပါ” လို့ပြောလိုက်သည်။
“ဒါဆို ငါအားမနာတော့ဘူးနော်!” လင်းရှောင်ရီ က ပြောလိုက်သည်။
ထို့ကြောင့် လင်းရှောင်ရီ၊ ဒူယုနှင့် တန်ကျင် တို့သည် ပန်းအနှစ်သာရများကိုအိတ်ကြီးတစ်လုံးအပြည့်ထည့်ကာ ကုန်ပစ္စည်းဌာနမှ ကျေနပ်စွာ ထွက်ခွာသွားကြသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး