← Chapters

နို့လက်ဖက်ရည် လာပို့ပေးပါ

Vol. 13 Ch. 194

နို့လက်ဖက်ရည် လာပို့ပေးပါ

Vol. 13 Ch. 194

အားလုံးက ခဏလောက် စကားစမြည်ပြောကြပြီး လင်းဖန်သည် အချိန်နှောင်းသွားသည်ကို မြင်လိုက်သောကြောင့် လင်းရှောင်ရီ၊ဒူယု၊တန်ကျင်တို့သည်ချမ်ရီရီနှင့် ဟန်စီဒီ၏ဝန်ထမ်းများ၏မျက်စိရှေ့တွင်ဖန်းရီ အဆောက်အဦးမှ ထွက်ခွာသွားကြသည်။

Mercedes-Benz G(ကား)တွင်ထိုင်နေသော လင်းရှောင်ရီ၊ တန်ကျင်နှင့် ဒူယု တို့သည် လက်ထဲတွင်ရှိသော ပန်းအနှစ်သာရအိတ်ကြီးကို ကြည့်လိုက်ရာ သူမတို့မျက်နှာများတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။

ပန်း အနှစ်သာရသည် သူမတို့အမြဲတမ်း လိုချင်တောင့်တခဲ့သော အရာဖြစ်သည်။အခုသူမတို့ရလိုက်သောကြောင့်ပျော်တာသဘာဝပင်ဖြစ်သည်။

ဒီအချိန်မှာ လင်းရှောင်ရီ က “အစ်ကို၊ အစ်မချမ် ကို ဘယ်လိုသိတာလဲ၊ ဒါ့ပြင် သူမက ငါတို့ကို ဘာလို့ပန်းအနှစ်သာရတွေအများကြီး ပေးရတာလဲ!”

လင်းဖန်က “ငါနဲ့သူနဲ့ကအရင်က ရေမွှေးပြပွဲမှာ တွေ့ဖူးတာလေ။ပြီးတော့မင်းကိုပန်းအနှစ်သာရအများကြီးပေးလဲဆိုတာတော့မသိဘူး။ဒါမှမဟုတ်ငါကဟန်စီဒီရဲ့ အကြီးဆုံး ရှယ်ယာရှင်မို့လို့လားမသိဘူး။”

Mercedes-Benz Grand G(ကား)လေထုသည် ရုတ်တရက် ငြိမ်သက်သွားလေသည်။

လင်းရှောင်ရီ၊ ဒူယု နှင့် တန်ကျင် တို့အားလုံး အံ့သြသွားကြသည်။

အချိန်အတော်ကြာပြီးနောက် လင်းရှောင်ရီက”အစ်ကို... မင်းဘာပြောလဲ”

“ငါတို့ရေမွှေးပြပွဲမှာတွေ့တာ။” လင်းဖန်က ပြောသည်။

“နောက်တစ်ကြောင်း။” လင်းရှောင်ရီ က ပြောသည်။

“ပန်းအနှစ်​​တွေ အများကြီး ​ပေးလဲဆိုတာကိုမသိဘူး” လင်းဖန်က ပြောသည်။

“နောက်တစ်ကြောင်း။” လင်းရှောင်ရီ က ပြောသည်။

“ဖြစ်နိုင်တာက ငါကဟန်စီဒီ ၏အကြီးဆုံးရှယ်ယာရှင်ဖြစ်တာကြောင့်။” လင်းဖန်က ပြောသည်။

“အာ့ ဘုရားသခင်၊ ငါ့အစ်ကိုက ဟန်စီဒီ ရဲ့ အကြီးဆုံးရှယ်ယာရှင်၊ဒါဆို ဟန်စီဒီ က ငါတို့မိသားစုနဲ့ သက်ဆိုင်တယ်။ အနာဂတ်မှာ ဟန်စီဒီ ရဲ့ထုတ်ကုန်တွေကိုစိတ်ကြိုက်သုံးလို့ရပြီ” လင်းရှောင်ရီ က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

ထို့နောက် သူမသည် လင်းဖန်၏လည်ပင်းကို ပွေ့ဖက်ကာ “အစ်ကို၊ ငါမင်းကို အရမ်းချစ်တယ်!”

လင်းဖန်သည် ချောင်းဆိုးလိုက်ပြီး “ငါတို့ ကမောင်နှမတွေဆိုတာသတိရအုံး” ဟု သတိပေးလိုက်ရသည်။

ဒူယုနဲ့တန်ကျင်တို့သည်လင်းဖန်ကိုတောက်ပသောမျက်လုံးဖြင့်ကြည့်လိုက်သည်။

လင်းရှောင်ရီ ရဲ့တောင်းဆိုချက်အတိုင်းဟော့ပေါ့ကိုအတူတူသွားစားလိုက်ကြသည်။

ဟော့ပေါ့ စားသောက်ဆိုင်က ထွက်လာတော့ အားလုံးက ကျေနပ်နေပုံသည်။

ထိုအချိန်တွင်လင်းရှောင်ရီသည်ချူရီဆိုင်ရှေ့တွင်ရှည်တန်းနေသောလူများကိုကြည့်ပြီးသက်ပြင်းချကာ “ချူရီဆိုင်ကလူတွေအများကြီးပြည့်နေတာပဲ”

“ဒီတစ်ခါ ငါကျန့်ပေ့ကိုလာတာငါ့မှာလက်ကိုင်အိတ်ရှိ။ပြီးတော့ပန်းအနှစ်သာရလဲရှိတယ်။ငါနို့လက်ဖက်ရည်တစ်ခွက်သာရရင် အဲဒါက လုံးဝကို ပြီးပြည့်စုံသွားလိမ့်မယ်။”

လင်းဖန်က “ဒါဆို သွားလောက်မယ်လေ”

“လူတွေအရမ်းနေတယ်။​နို့လက်ဖက်ရည်ဝယ်ဖို့ အနည်းဆုံး တစ်နာရီ နှစ်နာရီလောက်ကြာမယ်လို့ ငါခန့်မှန်းရတယ်။ ငါတို့ မီးရထားက တစ်နာရီအတွင်း ထွက်လိမ့်မယ်။” လင်းရှောင်ရီက ပြောလိုက်သည်။

လင်းဖန်က “ရပါတယ်၊ ငါ မိုဘိုင်းဖုန်းနဲ့မှာလို့ရတယ်။မကြာခင် လာပို့ပေးလိမ့်မယ်”

လင်းရှောင်ရီက “မိုဘိုင်းအော်ဒါမှာတာလား။ ချူရီနို့လက်ဖက်ရည်ကအော်ဒါမပို့ပေးဘူးလေ”

လင်းဖန်သည် သူမပြောတာကိုမကြားရဟန်ဖြင့် သူ့ဆဲလ်ဖုန်းကို ထုတ်ကာ ချူရီဥက္ကဋ္ဌ ဖန်းလျန်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

မနေ့က လင်းဖန် သည် ချူရီရှယ်ယာ 51% ကိုရရှိ​ထားသောကြောင့်မကြာမီသူ့ကိုဖုန်းဆက်မယ်ဆိုတာကိုသိသည်။ဒါကြောင့်သူကအရင်ဆက်တာကအဆင်ပြေသည်။

........

ချူရီဌာနချုပ်။

ဖန်းလျန်သည် အထွေထွေမန်နေဂျာများနှင့် ဒါရိုက်တာများစွာတို့နဲ့အဆင့်မြင့်အစည်းအဝေးများ ကျင်းပနေသည်။

“ကလင်”

ထိုအချိန်တွင် ဖန်းလျန်၏ ဆဲလ်ဖုန်းသည် အသံမြည်လာခဲ့သည်။

သူသည် မျက်မှောင်ကြုတ်ကာ လက်ကို မြှောက်ကာ ဖုန်းကိုကိုင်လိုက်သည်။

သို့သော် ခေါ်ဆိုသူကို မြင်သောအခါ အလွန်လေးနက်လိုက်ပြီးတည့်တည့်မတ်တပ်ရပ်ကာ အလွန်လေးစားသောလေသံဖြင့် “မင်္ဂလာပါ မစ္စတာလင်း!”

အစည်းဝေးခန်းမရှိလေထုက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

အမှုဆောင်များအားလုံးသည် ဆွေးနွေးမှုကို ရပ်လိုက်ပြီး ဥက္ကဋ္ဌဖန်လျန်ကို အလွန်အံ့သြသောမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

သူတို့ထဲက တော်တော်များများဟာ ဖန်းလျန်ရဲ့ လက်အောက်မှာ ဆယ်နှစ်ကြာ အလုပ်လုပ်ခဲ့ကြသည်။

ဒါပေမယ့်ဖန်းလျန်သည်လေးနက်စွာနဲ့လေးစားသောအသံဖြစ်ဖုန်းပြောတာကိုသူတို့တစ်ခါမှမမြင်ဖူးပေ။

မစ္စတာလင်း?

နာမည်က လင်း ?

ဖြစ်နိုင်မလားချူရီရဲ့ဒဏ္ဍာရီလာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရှယ်ယာရှင်တွေထဲမှာအကြီးမားဆုံး ရှယ်ယာရှင်လား။

ဒါကို တွေးမိလိုက်တော့ အမှုဆောင်တွေ အားလုံး အသက်ရှူကြပ်သွားခဲ့သည်။

ထိုအချိန်တွင် လင်းဖန်၏ အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“ကျနော်အခုကျန်ပေ့ မြို့မှာရှိတဲ့ ချူရီနို့လက်ဖက်ရည်ဆိုင်မှာ ရောက်နေတယ်။ရောက်တယ်ဆိုတော့သိတယ်မလားငါနို့လက်ဖက်ရည်သောက်မလို့၊ဒါပေမဲ့ဒီမှာလူတွေကအရမ်းများနေတယ်ဒါကြောင့်ငါ့ကိုတစ်​ယောက်ယောက်ကနေနို့လက်ဖက်ရည်ပို့ပေးလို့ရလား။”

“ကိစ္စမရှိဘူး၊မစ္စတာလင်းအခု ပို့ခိုင်းလိုက်မယ်” ဖန်းလျန်က ပြောလိုက်သည်။

“ကောင်းပြီ၊ ဒါဆိုနောက်မတွေ့ကြတာပေါ့” လင်းဖန်က ပြောသည်။

“နှုတ်ဆက်ပါတယ် မစ္စတာလင်း။” ဖန်းလျန်က ပြောသည်။

နို့ လက်ဖက်ရည် တစ်ခွက်လောက် သောက်ချင်လို့သူ့ကိုဖုန်းဆက်တာကဒီလိုအသေးအမွှားကိစ္စလေးအတွက်ပဲလား။

သို့သော် ဖန်းလျန် သည် လုံးဝဒေါသမထွက်ပေ။

ဆန့်ကျင်ဘက်အ​နေဲ့သူ့မျက်နှာမှာ အပြုံးတွေ နဲ့ပြည့်နှက်နေသည်။

…………

လင်းဖန်ဖုန်းချတာနဲ့လင်းရှောင်ရီက “အစ်ကို၊ မင်းဘယ်သူ့ကိုခေါ်လိုက်တာလဲ?”

လင်းဖန်က “အိုး၊ အဲဒါ ချူရီရဲ့ ဥက္ကဌကိုပါ”

“ဘာ?”

လင်းရှောင်ရီ၊ ဒူယုနှင့် တန်ကျင်တို့အားလုံး အံ့အားသင့်သွားကြသည်။

ထိုအချိန်တွင် ချူရီဆိုင်အကူ သုံးဦးသည် နို့လက်ဖက်ရည်အမျိုးအစားပေါင်း တစ်ဒါဇင်ကျော် နဲ့အတူရောက်ရှိလာသည်။

“မစ္စတာလင်းလား” ရှေဆုံးမှာ ရပ်နေတဲ့ လူကမေးလိုက်သည်။

“ဟုတ်ပါတယ်။” လင်းဖန်က ပြောသည်။

“ဟယ်လို၊ ဒါ ဥက္ကဌ ပို့ခိုင်းတဲ့ နို့လက်ဖက်ရည်။” ဟုရှေ့ဆုံးကလူကပြောလိုက်သည်။

“ကောင်းပြီ ကျေးဇူးပါ။” လင်းဖန် က “လင်းရှောင်ရီ၊ ဒူယု၊ တန်ကျင်၊ မင်းတို့ငါ့ကို ကူသယ်ပေးအောင်လေ၊ငါတစ်ယောက်ထဲမသယ်နိုင်ဘူး” လို့ပြောလိုက်သည်။

“အာ...အာ...ဟုတ်..ဟုတ်” သူတို့သုံးယောက်က ပြန်ဖြေလိုက်သည်။

လင်းရှောင်ရီ၊ ဒူယုနှင့်တန်ကျင် တို့သည် ချူရီဆိုင်ဝန်ထမ်းများထွက်ခွာသွားပြီးနောက်သူမတို့ကလင်းဖန်ကိုကြည့်လိုက်သည်။

လင်းရှောင်ရီ”အစ်ကို၊ မင်းနဲ့ ချူရီဥက္ကဌ ဘယ်လိုတွေ့တာလဲ။”

လင်းဖန်က “ငါ သူ့ကို မတွေ့ဖူးဘူး”

ဒါကိုကြားမှလင်းရှောင်ရီကသက်ပြင်းတစ်ချက်ချလိုက်သည်။

အဲ့အချိန်မှာလင်းဖန်က “ဒါပေမယ့် ငါက ချူရီရဲ့ အကြီးဆုံးရှယ်ယာရှင်ပါ”

တိတ်တိတ်လေထုတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။

လင်းရှောင်ရီ၊ ဒူယု နှင့် တန်ကျင် တို့သည်အံသြလွန်းလို့ဘာပြောရမှနမသိဖြစ်သွားသည်။

ခုနကဟန်စီဒီ၏ရှယ်ယာရှင်ယခု လဲချူရီရဲ့ရှယ်ယာရှင်လား။

ထို့အပြင်၊ ဗီလာကြီး တစ်ဒါဇင်ကျော် ရှိပါသည်။

ဒီနေ့ ကြုံလာသမျှ အရာအားလုံးဟာ သူမတို့သုံးယောက်ရဲ့ ခေါင်းတွေကဆက်တိုက်တုန်ခါနေသည်။ ​​ဒါက တကယ်ကို အံ့သြဖို့ကောင်းလွန်းသည်။

လင်းဖန် က ဒါကို သိပ်ဂရုမစိုက်ပေ။ သူကနာရီကို ကြည့်လိုက်တော့ “အချိန်နီးနေပြီ၊ သွားရအောင်၊ လိုက်ပို့ပေးမယ်” လို့ ပြောလိုက်သည်။

လူ​လေးဦးသည် Mercedes-Benz Big G(ကား)ပေါ်တွင်ထိုင်ပြီးနောက် အရှိန်မြှင့်စက်ကို နင်းကာအရှေ့ကိုမောင်းလိုက်သည်။

များမကြာမီပင်၊ လူစည်ကားသော ကျန်ပေ့ရှိရထားဘူတာသည်သူမတို့မျက်လုံးထဲတွင်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် လင်း​ရှောင်ရီတို့သုံးယောက်သည် တုန်လှုပ်ချောက်ချားမှုကနေပြန်လည်သက်သာလာခဲ့သည်။

လင်းဖန် က လင်းရှောင်ရီ ရဲ့ မျက်နှာကို ညှစ်လိုက်ပြီး “လမ်းမှာ သတိထားပါ” လို့ ပြောလိုက်သည်။

“ကောင်းပြီ။” လင်းရှောင်ရီ က ပြန်ဖြေသည်။

“နေညက်ခါကျရင်မျများစား၊ပါးမပိန်စေနဲ့’’လို့လင်းဖန်ကပြောလိုက်သည်ယ

“အစ်ကို!” လင်းရှောင်ရီ က ကန့်ကွက့်လိုက်သည်။

လင်ဖန်းသည် လင်းရှောင်ရီနှင့် ရထားဘူတာထဲသို့ ပို့ပြီး ထွက်မသွားမီ သမူတို့သုံးယောက်ကို ကြည့်လိုက်သည်။

ရထားခန်းထဲမှာ။

ဒူယုက “ရှောင်ရီ၊ မင်းအကိုကစင်ဂယ်လို့ ပြောခဲ့တာမလား။”

ဒါကိုကြားတော့တန်ကျင်သည်လဲနားစွင့်လိုင်သည်။

ချောမောပြီးချမ်းသာတယ်။ဒါကပြည့်ပြည့်စုံတဲ့အျမိုးသားပင်ဖြစ်သည်။

လင်းရှောင်ရီကသူမတို့ရဲ့ အတွေးတွေကိုလုံးဝနားလည်သည်။

ထို့ကြောင့်သူမက “စင်ဂယ်လား။ ငါကနင်တို့ကိုနောက်ပြီးပြောလိုက်တာကိုနင်တို့ကတစ်ကယ်ယုံတယ်ဟားဟား”

ငါ့အစ်ကိုကိုလိုချင်ရင်ဆုတောင်းလေ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters