← Chapters

ဇနီးလေး သိချင်ရင် ကိုယ့်ကိုနမ်းပါလား

Vol. 3 Ch. 40

ဇနီးလေး သိချင်ရင် ကိုယ့်ကိုနမ်းပါလား

Vol. 3 Ch. 40

“ရွှေကြက်က တကယ်အားပြည့်စေတာပဲ”

ချန်ကျဲ့‌ တွေးလိုက်သည်။ ဝူကျုံးသည် ချန်ကျဲ့ ပြန်သွားသည့်တိုင် ဆက်လက်၍ သိုင်းလေ့ကျင့်နေခဲ့သည်။

သခင်မပိုင်သည် ချန်ကျဲ့အား ပေါက်စီနှစ်လုံးနှင့် ဒီနေ့ညစာမှ ကြွင်းကျန်ရစ်သော ဝက်သားတရုတ်နံနံကြော်တစ်ပွဲကို ထည့်ပေးလိုက်သည်။

ချန်ကျဲ့သည် ထိုစားသောက်ဖွယ်များကို သယ်ယူ၍ အိမ်ပြန်ခဲ့သည်။

စူးယွင်ကျင်းနှင့် ကလေးမလေးသည် ခြံဝင်းထဲတွင် ချန်ကျဲ့ပြန်အလာကို စောင့်နေကြသည်။ စူးယွင်ကျင်းသည် စိုးရိမ်ပူပန်လျက်ရှိ၏။

ချန်ကျဲ့သည် ဒီနေ့မနက် တောင်ပေါ်မှ ပြန်ဆင်းလာချိန်တွင် စူးယွင်ကျင်းအား အမြန်ပြန်လာပြောခဲ့၏။ ထို့နောက် အိတ်တစ်လုံးဖြင့် ပိုင်မိသားစုနေအိမ်သို့ ထွက်သွားခဲ့သည်။ ထိုအချိန်မှစ၍ တစ်နေ့လုံးပြန်မလာခဲ့ရာ စူးယွင်ကျင်းမှာ အလွန်စိတ်ပူနေခဲ့တော့သည်။

ယခင်က ချန်ကျိုစစ်သည် မျှော်လင့်ချက်မရှိသည့် လောင်းကစားသမားတစ်ယောက်ဖြစ်သည်။

ထိုအချိန်က စူးယွင်ကျင်းသည် ချန်ကျိုစစ်အား အပြင်၌သေသွားရန်သာ မျှော်လင့်ခဲ့၏။ သို့သော် ဤရက်အနည်းငယ်အတွင်း ပြောင်းလဲမှုများပြီးနောက်၊ အထူးသဖြင့် ဒီနေ့မနက် ထင်းစီပေးခဲ့ခြင်းနှင့် ရေခပ်ပေးခဲ့ခြင်းတို့သည် အခြားလူတစ်ယောက်ကဲ့သို့ အပြုအမူများကို ပြသ‌ခဲ့သည်။

“ငါပြန်လာပြီ”

“အစ်ကိုကြီး!”

ကလေးမလေးသည် ချန်ကျဲ့သို့ ပြေးလာသည်။ သူမ၏မျက်လုံးများသည်တော့ ချန်ကျဲ့၏လက်များထံမှ အကြည့်မလွှဲပေ။

“အစ်ကိုကြီး ဘယ်လိုစားကောင်းတဲ့ စားစရာတွေ ယူလာခဲ့လဲ”

“မင်း ဝက်သားတရုတ်နံနံကြော်ကြိုက်လား”

ချန်ကျဲ့သည် ကလေးမလေးကို ပြုံးလျက် စနောက်နေသည်။ အစားအသာက်အကြောင်းပြောလိုက်သောအခါ ကလေး‌မလေးသည် မထိန်းချုပ်နိုင်စွာ တံတွေးမျိုချ၏။

“မိန်းမ ဒီဟင်းနဲ့ ပေါက်စီနှစ်လုံးကို ‌နွှေးပေးပါဦး”

ချန်ကျဲ့ စူးယွင်ကျင်းကို အစားအသောက်များ ပေးလိုက်သည်။

“ယောက်ျား ရှင်ဘာလို့ အစားအသောက်တွေ ယူလာပြန်တာလဲ။ တစ်ကြိမ်၊ နှစ်ကြိမ်က ကိစ္စမရှိဘူး။ ဒါပေမဲ့ ခဏတိုင်းဖြစ်လာရင်တော့ ဘဘောမကျဖြစ်လာနိုင်တယ်။ ရှင်က အခုမှ တပည့်ခံတာ သမားတော်ပိုင်ကို ရှင့်အပေါ် မကောင်းတဲ့ပုံရိပ်မျိုး မြင်သွားမှာ မဖြစ်စေနဲ့”

“ပြီးတော့ ရှင် ကျွန်မနဲ့ရွေ့ရွေ့ကို အရမ်းစိတ်ပူနေဖို့ မလိုဘူး။ ကျွန်မတို့အိမ်မှာ ဝက်ဆီနဲ့ ပြောင်းဆန်ရှိနေသေးတယ်။ လက်ရှိဘဝက အရင်ထက် အများကြီးပိုကောင်းနေပါပြီ။ ကျွန်မ အရင်ကလို တောဟင်းရွက်တွေ သွားရှာခူးနိုင်တာပဲ။ အဲဒါဆို ကျွန်မတို့ ကောင်းကောင်းစားလို့ရပြီ။ နေ့တိုင်း ကျွန်မတို့ဖို့ အစားအသောက်တွေ ယူလာပေးဖို့ မလိုပါဘူး”

“လူဆိုတာ အချိန်ကြာလာရင် စိတ်အနှောင့်အယှက်ဖြစ်လာလိမ့်မယ်”

စူးယွင်ကျင်း ဆက်ပြောခဲ့သည်။

ချန်ကျဲ့ ခေါင်းညိတ်၏။

“မိန်းမ ငါနားလည်ပါတယ်။ ငါတောင်းခဲ့တာ မဟုတ်ပါဘူး။ အဒေါ်ပိုင်က ငါ့ကို အတင်းထည့်ပေးလိုက်တာ”

စူးယွင်ကျင်းမှ ပြောသည်။

“အဲဒီလိုဆိုရင်တောင် ရှင် အမြဲလက်ခံယူလာလို့ မဖြစ်ဘူးလေ”

“ကောင်းပါပြီ ကောင်းပါပြီ၊ ဇနီးလေးပြောတာကို နားထောင်ပါ့မယ်။ ဇနီးလေးပြောသမျှ အကုန်နားထောင်ပါ့မယ်”

…

အစားအသောက်များကို လျင်မြန်စွာ နွှေးပြီးသွား၏။ စားသောက်ပြီးဖြစ်သော ချန်ကျဲ့သည် ရွေ့ရွေ့နှင့် စူးယွင်ကျင်းတို့ စားပွဲ၌ ဝက်သားတရုတ်နံနံကြော်စားနေသည့် မြင်ကွင်းကို ကြည့်နေခဲ့သည်။ စူးယွင်ကျင်းသည် များသောအားဖြင့် တရုတ်နံနံရွက်များကိုသာ စားနေခဲ့ပြီး ဝက်သားဖတ်အများစုကို ကလေးမလေးကိုသာ ပေးနေခဲ့သည်။

“မမ၊ မမ အသားမစားဘူးလား”

“ဟမ် မမ မစားချင်ဘူး”

စူးယွင်ကျင်းသည် အလိုလိုက်ဟန်သော အမူအရာဖြင့် ပြောသည်။ ကလေးမလေးသည် သူမကို နားမလည်နိုင်စွာ ကြည့်နေ၏။

“အသားက အရမ်းစားကောင်းတာကို မမက ဘယ်လိုလုပ်ပြီး မကြိုက်နိုင်ရတာလဲ။ ရွေ့ရွေ့တော့ အရမ်းကြိုက်တယ်”

ထိုအခါ ချန်ကျဲ့သည် ပန်းကန်ထဲမှ အသားတစ်ဖတ်ကိုယူ၍ စူးယွင်ကျင်း၏ ထမင်းပန်းကန်လုံးထဲသို့ ထည့်ပေးသည်။

စူးယွင်ကျင်း ခေါင်းမော့ကြည့်လာရာ ချန်ကျဲ့နှင့် အကြည့်ချင်းဆုံးသွားခဲ့၏။ သူမ၏အကြည့်များထဲတွင် ရှုပ်ထွေးမှုအချို့ ထင်ဟပ်နေခဲ့သည်။

“ရွေ့‌ရွေ့ပြောတာ မှန်တယ်။ အသားက အရမ်းစားကောင်းတာကို ဘယ်လိုလုပ်ပြီး မကြိုက်နိုင်မှာလဲ။ မင်း ကြိုက်တတ်အောင် သင်ယူသင့်တယ်။ အဲဒါက မင်းကို အများကြီးပိုလှလာစေမှာ၊ ဟုတ်တယ်မလား ရွေ့ရွေ့”

“အမ်း အသားစားရင် လှလာတယ်။ မမ အသားစား”

ရွေ့ရွေ့သည် အလိုက်သိစွာဖြင့် သူမ၏အကြိုက်‌ဆုံးအသားတစ်ဖတ်ကို စူးယွင်ကျင်း၏ ပန်းကန်ထဲသို့ ထည့်ပေးသည်။

ထိုအခါ ချန်ကျဲ့မှလည်း နောက်တစ်ဖတ် ထပ်ထည့်ပေးသည်။

“နောက်တစ်ဖတ်စားဦး”

“အမ်-ဟမ်း နောက်တစ်ဖတ် ထပ်စားဦး”

“တော်ပြီ တော်ပြီ။ ကျွန်မ တကယ် ထပ်မစားနိုင်တော့ဘူး”

စူးယွင်ကျင်းသည် ပျော်ရွှင်ကြည်နူးစွာ ပြုံးရယ်လျက် သူမ၏ထမင်းပန်းကန်လုံးကို လက်ဖြင့်ကာသည်။ သို့မဟုတ်ပါက ဝက်သားတရုတ်နံနံကြော်ဟင်းထဲရှိ အသားဖတ်အားလုံးမှာ သူ့ပန်းကန်ထဲသို့ ရောက်လာနိုင်‌၏။

ချန်ကျဲ့သည်လည်း လုံလောက်ပြီဟု ခံစားရသောကြောင့် ရွေ့ရွေ့ကို ပြောလိုက်သည်။

“ကောင်းပြီ၊ မင်းရဲ့မမကို ခဏလောက် အနားပေးလိုက်ရအောင်။ ကျန်တာအကုန် ရွေ့ရွေ့အတွက်ပဲ။ သူငယ်ချင်းလေး အပြီးသတ်လိုက်တော့”

“အင်း!”

ရွေ့ရွေ့သည် တက်ကြွစွာ ခေါင်းညိတ်၏။ သူမ၏ပန်းကန်လုံးထဲတွင် အသား၄၊၅ခု ကျန်နေသေးရာ ပျော်ရွှင်မြူးတူးနေပေသည်။

စူးယွင်ကျင်းသည် အသားတစ်ဖတ်ကို ကိုက်ဝါးနေရင်း စိတ်အစဉ်မှာ အတွေးများဖြင့် လေးလံလာခဲ့သည်။ သူမသည် ချန်ကျဲ့ကိုကြည့်၍ တစ်စုံတစ်ရာပြောလိုသည့်အလား ပါးစပ်ဟသည်။ သို့သော် မပြောဖြစ်ပေ။ ချန်ကျဲ့သည် သူမ တုံ့ဆိုင်းနေရခြင်းအား နားလည်ပါ၏။

“မာလျို့ရဲ့ကိစ္စအကြောင်း မေးချင်လို့လား”

စူးယွင်ကျင်း တန့်သွား၏။ ထို့နောက် ချန်ကျဲ့ကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်လာခဲ့သည်။

“ယောက်ျား ကျွန်မဒီနေ့ အိမ်မှာ တွက်ချက်ကြည့်ခဲ့တယ်။ ကျွန်မတို့ အိမ်ကိုရောင်းလိုက်ရင်တောင် အများဆုံးမှ ငွေ၅တုံးလောက်ပဲ ခြစ်ကုတ်ရနိုင်မှာ။ ၂၅တုံး‌ပြည့်ဖို့ဆိုတာ အရမ်းဝေးနေသေးတယ်”

ထိုသို့ပြောပြီးနောက်တွင် စူးယွင်ကျင်း၏မျက်နှာလေးမှာ ဝမ်းနည်းမှုဖြင့် ညှိုးနွမ်းသွားခဲ့သည်။

“အာ အဲဒီကိစ္စအတွက် စိတ်မပူပါနဲ့။ ငါဖြေရှင်းပြီးသွားပြီ”

“ဟမ်? ဖြေရှင်းပြီးသွားပြီလား”

စူးယွင်ကျင်းသည် ချန်ကျဲ့အား အံ့အားသင့်စွာဖြင့် ငေးစိုက်ကြည့်နေ၏။ သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပေသည်။

အသားစား‌ထားသောကြောင့် အဆီဝင်းလဲ့နေသော သူမ၏နှုတ်ခမ်းဖူးလေးများ ခပ်ဟဟ ပွင့်အာနေသည်မှာလည်း အလွန်ဆွဲဆောင်မှုရှိလှသည်။

“တကယ်လား??”

သူမ မယုံသင်္ကာဖြင့် မေးမြန်းသည်။

စူးယွင်ကျင်းသည် သူမ၏နှလုံးခုန်နှုန်းကို တည်ငြိမ်စေရန် ကြိုးစားရင်းဖြင့် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။

“ယောက်ျား ရှင်တကယ် ဖြေရှင်းပြီးသွားပြီလား”

ချန်ကျဲ့ ရယ်မောလိုက်သည်။

“ဉာဏ်ပညာရှိတဲ့ယောက်ျားတစ်ယောက်မှာ ထက်မြက်တဲ့ ကိုယ်ပိုင်အစီအစဉ်တွေရှိတယ်တဲ့”

စူးယွင်ကျင်းမှ စိုးရိမ်တကြီးဖြင့် ပြောသည်။

“ယောက်ျား လှည့်ပတ်ပြောနေတာရပ်လိုက်တော့။ ကျွန်မကို ပြောပြစမ်းပါ”

“မင်း သိချင်လို့လား”

ချန်ကျဲ့ စူးယွင်ကျင်း၏ မျက်နှာလှလှလေးအား ကြည့်လိုက်သည်။ အချိန်ကြာမြင့်စွာ အာဟာရချို့တဲ့ခဲ့ခြင်းကြောင့် အနည်းငယ်ဖြူဖျော့နေသော်ငြား ပညာရှိမိသားစုမျိုးရိုး၌ ကြီးပြင်းလာခဲ့ခြင်း၏ အခြေခံအုတ်မြစ်မှာ ရှိမြဲအတိုင်း ရှိနေသေးပေသည်။ ကောင်းမွန်သည့် အစားအသောက်များကို သေချာစားသောက်နိုင်လျှင် စူးယွင်ကျင်းသည် သေချာပေါက် ပို၍ကျန်းမာသည့်အသွင်အပြင် ရှိလာလိမ့်မည်ဖြစ်သည်။

“အမ်း”

စူးယွင်ကျင်း ခေါင်းညိတ်သည်။ စူးယွင်ကျင်းသည် မနေ့က အဖြစ်အပျက်မှ အရင်းခံလာသည့် စိတ်နှလုံးအတွင်းရှိ ဖိအားကြောင့် ပြိုလဲလုနီးပါးဖြစ်ခဲ့ရသည်။ သို့‌တိုင် ချန်ကျဲ့သည် ထိုကိစ္စကြီးကို အလွန်လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့၏။ ထို့ကြောင့် စူးယွင်ကျင်းသည် ချန်ကျဲ့ မည်သို့‌ဖြေရှင်းခဲ့သည်ကို အလွန်သိချင်နေခဲ့သည်။

“ကိုယ့်ကိုနမ်း အဲဒါဆိုပြောပြမယ်”

ချန်ကျဲ့သည် စူးယွင်ကျင်း၏မျက်လုံးများကို စူးစိုက်ကြည့်နေခဲ့သည်။

သူမ၏မျက်လုံးများသည် ကျောက်မျက်ရတနာများကဲ့သို့ တောက်ပ၏။

စူးယွင်ကျင်းသည် ချန်ကျဲ့၏စကားကြောင့် ရုတ်ချည်း ရှက်သွေးဖြာသွားခဲ့၍ ချန်ကျဲ့အား ရှက်ရွံ့ဟန်သော ပြစ်တင်မောင်းမဲသည့် အကြည့်မျိုးဖြင့် ကြည့်လာခဲ့သည်။

“ရွေ့ရွေ့ ရှိနေတယ်လေ၊ ရှင်ဘယ်လိုအဓိပ္ပာယ်မရှိတွေ လျှောက်ပြောနေတာလဲ!”

ထို့နောက် စူးယွင်ကျင်းသည် ခေါင်းငုံ့၍ သူမ၏အင်္ကျီစကို ဟိုကိုင်သည်ကိုင်လုပ်နေတော့သည်။

ချန်ကျဲ့ စူးယွင်ကျင်းကိုကြည့်၍ ပြောသည်။

“ငါတို့က ဇနီးမောင်နှံတွေပဲ။ ဒါတွေအားလုံးက တရားဝင်တယ်။ အနမ်းပေးတာက ဘာလို့ အဓိပ္ပာယ်မရှိတာ ဖြစ်ရမှာလဲ။ ရွေ့ရွေ့ရေ ဒါက ဘာမဟုတ်တဲ့ကိစ္စလေးကို နော့!”

“ဟမ်?”

ရွေ့ရွေ့ ခေါင်းမော့ကြည့်လာသည်။

ချန်ကျဲ့သည် သူ၏လည်ပင်းကိုညွှန်ပြ၍ ပြော၏။

“ရွေ့ရွေ့ အစ်ကိုကြီးကို နမ်းပါဦး”

“အို”

ရွေ့ရွေ့ ရှေ့တိုးလာ၏။ ထို့နောက် သူမ၏ အဆီလဲ့နေသော နှုတ်ခမ်းပိစိလေးများဖြင့် ချန်ကျဲ့ကို နမ်းလိုက်သည်။

ပြွတ်!

“လိမ္မာ‌တယ်၊ သွား.. သွားစားတော့”

ချန်ကျဲ့ စူးယွင်ကျင်းကို ပြုံးဖြဲဖြဲလုပ်ပြ၏။

“မြင်တယ်မလား ရွေ့ရွေ့ကို၊ မင်းကိုယ်မင်း ကြည့်စမ်းပါဦး”

စူးယွင်ကျင်းသည် ချန်ကျဲ့အား မျက်စောင်းထိုးလိုက်သည်။

“သေပါလား၊ ရွေ့ရွေ့က ကလေးလေ။ ကျွန်မက… ကျွန်မနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ”

“ဟားဟား ငါ မာလျို့ရဲ့ကိစ္စကို ဘယ်လိုဖြေရှင်းလိုက်လဲဆိုတာ သိချင်သေးလား”

စူးယွင်ကျင်း အချိန်ခဏမျှ စဉ်းစားလိုက်သည်။

“ရှင် ကျွန်မကို ပြောမပြချင်ရင်လည်း မပြောနဲ့တော့။ ဘယ်လိုပဲဖြစ်ဖြစ်…”

ပြွတ်!

စူးယွင်းကျင်း စကားပြောနေစဉ် ချန်ကျဲ့မှ သူမ၏မျက်နှာကို နမ်းရှိုက်လိုက်ရာ စူးယွင်ကျင်းမှာ စကားဆက်မပြောနိုင်တော့ဘဲ တစ်ကိုယ်လုံးတောင့်တင်းသွား၏။ လုံးဝ တောင့်ခဲသွားခြင်းပင်။

အပူချိန်သတိပေးချက်!

သူမ၏မျက်နှာမှာ ဆူပွက်ကာ မီးခိုးငွေ့ထွက်လာတော့မည့် ရေနွေးအိုးကဲ့သို့ နီရဲလာခဲ့သည်။

နှလုံးခုန်နှုန်းသည်လည်း အလွန်အမင်း လျင်မြန်နေသည်။

(အယ်ဒီတာလေရှည်မှု - စာဖတ်နေတဲ့ဂေါင်းကြီးတို့ သူ့လို နမ်းဖို့စော်ရှိလား XD)

ဖိုဝါဒကြီးစိုး၍ရှေးရိုးစွဲသည့် ဤလူမှုအဖွဲ့အစည်း၌ အမျိုးသမီးများသည် ယခုမျက်မှောက်ခေတ်ကာလများကဲ့သို့ ပွင့်လင်းမြင်သာမှု မရှိကြပေ။ ထို့ကြောင့် ချန်ကျဲ့၏အပြုအမူသည် ရဲတင်းလွန်းသည်ဟု သတ်မှတ်နိုင်ပေသည်။

စူးယွင်ကျင်း၏တုံ့ပြန်မှုကို မြင်သောအခါ ချန်ကျဲ့သည် မိန်းမငယ်လေးများ ရှက်သွေးဖြာတတ်သည့် အထက်တန်းဂျူနီယာတန်း စိတ်ကူးယဉ်အချစ်ဇာတ်လမ်းထဲသို့ ရောက်သွားသည့်အလား ခံစားလိုက်‌ရပေသည်…

“အဟွတ် အဟွတ် မိန်းမ၊ မင်းက သိလည်းသိချင်ပြီး ငါ့ကိုလည်း မနမ်းချင်ဘူးဆိုမှတော့ ငါကပဲ အနစ်နာခံပြီး မင်းကိုနမ်းပေးရတော့တာပေါ့။ အခု အပေးအယူက လုပ်ပြီးသွားပြီဆိုတော့ ငါမင်းကို ပြောပြနိုင်ပြီလေ။ မင်းသိချင်သေးလား”

“အမ်း~”

စူးယွင်ကျင်း ခပ်ဖျော့ဖျော့ ခေါင်းညိတ်သည်။ အလွန်အမင်းပူနွေးသည့် ခံစားချက်အပြင် သိချင်စိတ်သည်လည်း ရှိနေသေး၏။ သူမ၏စိတ်ထဲရှိ ဖိအားကြီးမှာလည်း ပျောက်ကွယ်မ‌သွားသေးချေ။

ထိုအခါ ချန်ကျဲ့သည် သူ၏အင်္ကျီရင်အုံထဲမှ အကြွေးစာရင်းစာရွက်ကို ထုတ်ယူလိုက်သည်။

“ကြည့်ကြည့်”

ချန်ကျဲ့ စူးယွင်ကျင်းကို စာရွက်ပြလိုက်သည်။

စူးယွင်ကျင်းသည် အကြွေးစာရင်းစာရွက်ကိုယူ၍ ဖတ်ကြည့်သည်။ နောက်ဆုံး‌တွင်တော့ သူမ လုံးလုံးလျားလျား စိတ်အေးသက်သာနိုင်ခဲ့ပေပြီ။ ဤသည်မှာ မာလျို့အကြွေးလာတောင်းသည့် အကြွေးစာရင်းစာရွက်ဖြစ်ပါ၏။ အကြွေးစာရင်းစာရွက်ကို လက်ထဲအရယူနိုင်ခဲ့ပြီဖြစ်ရာ အကြွေးမှာလည်း ရှင်းလင်းသွားခဲ့ပေပြီ။

“ယောက်ျား ရှင်ဘယ်လိုလုပ်လိုက်တာလဲ”

စူးယွင်ကျင်း၏မျက်လုံးလေးများမှာ စူးစမ်းသိလိုစိတ်ဖြင့် တဖိတ်ဖိတ်လက်နေခဲ့ပေသည်။

All Chapters