← Chapters

သမိုင်းသစ်ရေးထိုးခြင်း

Vol. 013 Ch. 1296

သမိုင်းသစ်ရေးထိုးခြင်း

Vol. 013 Ch. 1296

ရှေးဟောင်း ခေါင်းလောင်းများသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းအထက်တွင် တုန်ခါနေသည်။ မရေတွက်နိုင်သည့် လူများသည် ထိုနေရာသို့ စူးစိုက် ကြည့်နေကြ၏။

ဆယ့်ငါးခုမြောက် ရှေးဟောင်းခေါင်းလောင်း ပေါ်လာလိမ့်မည်လား။

ရှင်းခိုင်သည် ယခင် မက်မွန်ပွဲတော်၏ အမြင့်ဆုံး စံချိန်ကို ချိုးဖျက်၍ ဆယ့်လေးလှမ်းမြောက်ကို လှမ်းနိုင်လိမ့်မည်လား။

တဝီဝီအသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်နေပြီး နောက်ထပ် ခြေတစ်လှမ်းနှင့် ခေါင်းလောင်းသည် မြည်ဟည်းခြင်း စတင်တော့မလို ဖြစ်လာပေသည်။

ဘုန်း ...

ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အားလုံးသည် ပြာမှုန်များ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ရှေးဟောင်းခေါင်းလောင်းများသည်  ဆက်လက်၍ ပေါက်ကွဲနေပြီး အပိုင်းပိုင်းအစစ အဖြစ် ပြောင်းလဲသွားသည်။

မရေတွက်နိုင်သည့် မျက်လုံးအစုံတို့မှာ ထိုမြင်ကွင်းကို ကြည့်နေကြပြီး လူအများသည် ပင့်သက်ရှိုက်လိုက်ကြသည်။

နောက်ဆုံးတော့ အောင်မြင်ခြင်း မရှိခဲ့။

ရှင်းခိုင်သည် ခြေတစ်လှမ်းသာ လိုတော့ခြင်း ဖြစ်သည်။

ထိုအခိုက်တွင် လူအများက တွေးကြသည်မှာ ဆယ့်လေးခုမြောက် ခေါင်းလောင်းက စတင်မြည်ဟည်း လာလိမ့်မည် ဟူ၍ ဖြစ်သော်လည်း နောက်ဆုံး၌ ထိုကဲ့သို့ ကျရှုံးခဲ့လေသည်။

လူရိပ်တစ်ခုသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း အဝင်ဝတွင် ပေါ်ပေါက်လာသည်။ ထိုသူမှာ ရှင်းခိုင်ဖြစ်သည်။

သူသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းရှိ ရှေးဟောင်း ခေါင်းလောင်းများ၏ ခါထုတ်ခြင်းကို ခံလိုက်ရသည်။

သို့သော်လည်း ရှင်းခိုင်၏ မျက်နှာထက်တွင် မည်သည့် နှမြောတသ ဖြစ်ခြင်းမှ ရှိမနေပေ။ သူသည် သူလုပ်နိုင်သည့် အကန့်အသတ် အတွင်း အားလုံး လုပ်ခဲ့ကာ အဆုံးစွန်ဖြစ်သော ခြေလှမ်းဆယ့်သုံးလှမ်း ကိုပင် လှမ်းနိုင်ခဲ့သည်။

သူသည် ယခင် တိုက်ပွဲတွင် ရီဖူရှင်းကို ရှုံးနိမ့်ခဲ့သည့် အတွက် အရှက်တကွဲ ခံစားခဲ့ရသည်။

နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် တစ်လောကလုံးအား သက်သေပြကာ သူ၏ အရှက်တရားကို ပြန်လည် အဖတ်ဆယ် နိုင်ပေလိမ့်မည်။

လေပြင်းများက သူ့မျက်နှာကို လာရောက်ရိုက်ခတ်၏။ ရှင်းခိုင်၏ အဝတ်များက ပြင်းထန်သည့် လေများအကြား မျောလွင့်နေသည်။

သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုများသည် တည်ငြိမ်ကာ ဟန်ချက်ညီနေသည်။ သူက အနည်းငယ် နာကျင်နေသော်လည်း အသက်ကို မှန်မှန်ရှူကာ တည်ငြိမ်မှုရရန် ကြိုးစား၏။

ထို့နောက် သူ၏ပြင်းထန်သော အရောင်အဝါကို ရုပ်သိမ်းကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

ထိုအခိုက်လေး အတွင်းတွင် ရှင်းခိုင်၏ အကြည့်များက ထိုနေရာ၌ အေးခဲသွား၏။

သူသည် ခေါင်းကို မော့၍ နတ်ဘုရားသိုင်းပညာ လျှောက်လမ်း အထက်ရှိ မြင်ကွင်းကို ကြည့်လိုက်ကာ ဆွံ့အသွားသည်။ ထို ဆယ့်လေးခုသော ပုဆိန်ကြီးနှင့် ကြယ်တာရာ ကျောက်တုံးများက သူ့ မျက်လုံးများကို ဖမ်းစားထားကာ ထိတ်လန့်တုန်လှုပ် သွားစေသည်။

သူ့အပြင် အခြားသော တန်ခိုးရှင် နှစ်ဦးသည်လည်း လုပ်ဆောင်နိုင်ခဲ့သည်လား။

ထို့အပြင် သူတို့သည် အထဲမှာပင် ရှိနေသေးကာ သူ လုပ်ခဲ့သလိုပင် ခြေလှမ်း ဆယ့်လေးလှမ်းမြောက်ကို စိန်ခေါ်ရန် ကြိုးစားနေကြသည်။

ထိုလူများက မည်သူများ ဖြစ်ကြသနည်း။

သူက ဘေးဘီဝဲယာကို ကြည့်သည်။ နတ်တောင်တစ်ခုလုံးသည် ယခုအခါ၌ တိတ်ဆိတ်နေပေသည်။ လူအများက သူ့ကို ကြည့်နေကြသော်လည်း အံ့အားသင့်မှုနှင့် လေးစား ကြည်ညိုခြင်းတို့ ရှိမနေပေ။ ရှုကျီပင်လျှင် သူ အောင်မြင်ခဲ့သည်နှင့် ပတ်သက်ပြီး မည်သည့် လေးစားခြင်း၊ စိတ်လှုပ်ရှား အံ့သြခြင်းကိုမှ ဖော်ပြခြင်း မရှိခဲ့ပေ။

သူသည် ပုံမှန်အားဖြင့် တခြားလူများ၏အမြင်ကို သိပ်ဂရုစိုက်ခြင်း မရှိပေ။

သို့သော် ယနေ့တွင် မကြာသေးခင်က ရှုံးနိမ့်ခြင်း အရသာကို မြည်းစမ်းခဲ့ရပြီး နောက်၌ သူ့ထံတွင် ရုတ်တရက် ထိုကဲသို့ ချီးကျူးခံလိုသော ခံစားမှုမျိုး ပေါ်ပေါက်လာသည်။

သို့သော်လည်း ထိုသို့ ဖော်ပြမည့်လူ တစ်ယောက်မှ ရှိမနေပေ။

သူ့လို မည်သူက လုပ်နိုင်သနည်း။

သူသည် အကြမ်းဖျင်း ခန့်မှန်း ကြည့်လိုက်ပြီးနောက် သူ့မျက်နှာက မှောင်မည်းသွားသည်။ သူက သူနှင့် အတူလာခဲ့သည့် သူများကို မေးလိုက်၏။ “အထဲမှာ ဘယ်သူ ရှိနေသေးတာလဲ”

ရှုကျီသည် သူ့ဆီသို့ သူမ၏ လှပရွှန်းစိုသော မျက်လုံးအစုံဖြင့် ကြည့်ကာ ညင်သာစွာ ပြောလိုက်၏။ “ရီဖူရှင်း နဲ့ ယူချင်း ...”

ဤနာမည်နှစ်ခုက ရှင်းခိုင် မကြားလိုဆုံးသော နာမည်များ ဖြစ်သည်ကို သူမ သိသည်။

ရှင်းခိုင်သည် သူ့အလုပ်ကို ပြီးပြည့်စုံစွာ လုပ်ဆောင်ခဲ့သည်။ ဆယ့်သုံးလှမ်းဖြင့် ယခင် မက်မွန်ပွဲတော် စံချိန်ကို ပြည့်မီခဲ့သည်။ ထိုရမှတ်သည် မည်သည့် အချိန်အခါတွင် မဆို ထူးချွန်သည်ဟု သတ်မှတ်နိုင်လိမ့်မည်။

သို့သော်လည်း ဤတစ်ကြိမ်၌ ကွဲပြားခြားနားပေသည်။

ချန်ယဲ့မြို့နှင့် ရှေးဟောင်းတော်ဝင်မြို့၏ ပြိုင်ဆိုင်မှုတွင် ရှင်းခိုင်သည် ရီဖူရှင်းထံ၌ ရှုံးနိမ့်ခဲ့ပြီး ရှင်းချိုးသည်လည်း ယူချင်းထံ၌ အကြိမ်များစွာ အရိုက်ခံခဲ့ရသည်။

ရှင်းခိုင်သည် ထိုအရာများ အားလုံးကို စိတ်ထဲ သိမ်းဆည်း မထားသော်လည်း ဤတစ်ကြိမ်၌ သူသည် ရီဖူရှင်းနှင့် ယူချင်းထက် ပို၍ ထူးချွန်သည်ဟု သက်သေပြလိုမိသည်။

သို့သော်လည်း ကိစ္စရပ်များက သူ ဖြစ်ချင်သလို ဖြစ်မလာခဲ့ပေ။ လူနှစ်ဦးသည် အထဲ၌ ကျန်ရှိနေဆဲဖြစ်ကာ တစ်ယောက်မှာ ရှင်းခိုင်နှင့် အဆင့်တူ တိုက်ခိုက်ခဲ့သည့် ရီဖူရှင်းနှင့် နောက်တစ်ယောက်က ယူချင်းဖြစ်ပေသည်။

ထို့ကြောင့် ရှင်းခိုင်က စံချိန် ပြည့်မီခဲ့လျှင်ပင် အရေးမပါတော့။

ရီဖူရှင်းသည် ယခင်တိုက်ပွဲတွင် သူ့ကို အနိုင်ယူခဲ့၏။ သူက ယခုအကြိမ်၌ စံချိန်ပြည့်မီ ခဲ့လျှင်ပင် သူက ရှုံးနိမ့်နေဆဲ ဖြစ်၏။

သို့ဖြစ်ရာ ရှင်းခိုင် လုပ်ခဲ့သည့် အရာမှာ အဓိပ္ပာယ် မရှိ ဖြစ်သွားပေတော့သည်။

သူက အကြမ်းဖျင်း ခန့်မှန်းခဲ့ပြီး ဖြစ်လျှင်ပင် ရှုကျီ နှုတ်ဖျားမှ ထိုနှစ်ယောက်၏ နာမည် ထွက်ကျလာသည့် အခါ သူ့မျက်နှာက ပြာနှမ်းသွားပေသည်။

ရီဖူရှင်းနှင့် ယူချင်း။

သူတို့က နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် သူ လုပ်နိုင်ခဲ့သည့်အရာထက် ပိုစွမ်းကြသည်လား။

ဤသည်ကို သူမယုံပေ။

ရီဖူရှင်းနှင့် ယူချင်းသည် နောက်ထပ် ခြေလှမ်းကို လှမ်းနိုင်မည် မဟုတ်ပေ။

ထိုအခိုက်တွင် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း အထက်တွင် ပြင်းထန်သည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းသည် ကောင်းကင်ကို တုန်ခါသွားစေ၏။ ပုဆိန်ကြီး၏ အလင်းသည် ကောင်းကင်ကို လွှမ်းခြုံသွားကာ ကြောက်မက်ဖွယ် လှိုင်းများသည် ရှုးသွပ်စွာဖြင့် ရှေ့သို့ တိုးသွားခဲ့သည်။ ကောင်းကင်သည် တိုက်ပွဲကွင်းပြင်ကဲ့သို့ ပြောင်းလဲသွားသည်။ ဤက ပုဆိန်များနှင့် ရာချီသည့် စစ်သားနှင့် ထောင်ချီသော မြင်းများသည် ပြင်းထန်စွာ ဟစ်ကြွေး နေသကဲ့သို့ ဖြစ်သည်။

ယူချင်းသည် ဆယ့်လေးလှမ်းမြောက် ခြေလှမ်းကို စိန်ခေါ်လိုက်ပြီ ဖြစ်၏။

ရှင်းခိုင်သည် ရီဖူရှင်းနှင့် ယူချင်းတို့ လုပ်ဆောင် နိုင်လိမ့်မည်ဟု ယုံကြည်ရန် တွန့်ဆုတ်နေခဲ့သည်။ ထိုသည်က မဖြစ်နိုင်ဟုသာ သူ တွေးနေခဲ့သည်။

သို့သော်လည်း အခြားလူများကတော့ သူနှင့် မတူညီပေ။ လူအများသည် ထူးခြားဆန်းကြယ်မှုများ ဖြစ်ပေါ်လာသည်ကို မြင်တွေ့ရရန် မျှော်လင့်နေကြသည်။

ဘုန်း ...

အားကောင်းသည့် အလင်းရောင်တန်းများ ပေါက်ကွဲထွက်လာသည်။ ပုဆိန်ကြီး တစ်လက်သည် ကောင်းကင်တွင် ပေါ်လာကာ မဟာလမ်းစဉ်၏ လမ်းအားလုံးကို ခုတ်ပိုင်းကာ ကောင်းကင်တစ်ဝက် ပိုင်းဖြတ်သွားခဲ့၏။ ခဏအကြာ၌ လူများအားလုံးသည် နှိုင်းယှဉ်မရသော ပုဆိန်ကြီးတစ်လက် မွေးဖွားလာသည်ကို မျက်မြင် တွေ့ခဲ့ရပေသည်။

ပုဆိန်ကြီး ပေါ်ပေါက်လာသည့် အခိုက်အတန့်တွင် မရေတွက်နိုင်သော မျက်လုံးအစုံတို့သည် ပုဆိန်ကြီးအား ကြည့်ကာ အေးခဲသွားခဲ့ကြသည်။

ယခု သူက အောင်မြင်သွားခဲ့သည်လား။

ရှင်းခိုင်၏ မျက်လုံးများသည်လည်း ဖမ်းစား ခံထားလိုက်ရကာ သူသည် ထိုမြင်ကွင်းကို ကြည့်၍ ကျောက်ရုပ်ကဲ့သို့ တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။

ဆယ့်လေးလှမ်းမြောက်တဲ့လား။

သူသည် ဆယ့်သုံးလှမ်း လှမ်းနိုင်ခဲ့ကာ ယခင် မက်မွန်ပွဲတော်၏ နောက်ဆုံး စံချိန်ကို ပြည့်မီခဲ့သည်။

သူက ထိုစံချိန်ကို အကန့်အသတ်ဟု မှတ်ယူခဲ့သည်။ ထို့ကြောင့် သူ မလုပ်ဆောင် နိုင်ခဲ့သည်ကိုပင် ဆိုးဝါးသည်ဟု မခံစားခဲ့ရပေ။

ဆယ့်လေးလှမ်းသည် မက်မွန်ပွဲတော်၏ သမိုင်းတွင်မည့် စံချိန်ဖြစ်သည်။

မက်မွန်ပွဲတော် စတင် ကျင်းပခဲ့ကတည်းက ယခုထိ အမြင့်ဆုံး စံချိန်ပင် ဖြစ်၏။

သူ မလုပ်နိုင်ခဲ့လျှင်ပင် စိတ်ပျက်စရာ အကြောင်းမရှိဟု တွေးခဲ့သည်။

သို့သော်လည်း ပုဆိန်ကြီးသည် တဖြည်းဖြည်း ပေါ်ပေါက်လာနေသည်။

ထိုအခိုက်တွင် ကြီးမားသည့် ပုဆိန်ကြီးသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းပေါ်တွင် လဲလျောင်းနေပြီး စွမ်းအားများကို ဝါးမျိုကာ တိုက်ပွဲဝင်ပုဆိန်၏ ခြိမ်းခြောက်နိုင်သော အရောင်အဝါများကို ထုတ်လွှတ်ပေးနေသည်။ ပုဆိန်သည် လောကရှိ အရာအားလုံးကို ခုတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရသည်။

ဆယ့်ငါးခုမြောက် ပုဆိန်က ပေါ်ပေါက်လာပြီ ဖြစ်သည်။

ယူချင်းသည် သမိုင်းဝင် စံချိန်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်၏။

အခြားသော သမိုင်းဝင်ပုဂ္ဂိုလ် သည်လည်း မက်မွန်ပွဲတော်တွင် ပေါ်ပေါက် လာလိမ့်မည်ဟု ဆိုလိုသည်လား။

နောက်ဆုံးတိုက်ပွဲ အတွင်းတွင် ရီဖူရှင်းသည် ရှင်းခိုင်ကို အနိုင်ပိုင်း နိုင်ခဲ့သည်။

အခုချိန်မှာတော့ ယူချင်းသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၏ အတိတ်က စံချိန်များကို ချိုးဖျက်နိုင်ခဲ့၏။

ဤလူနှစ်ဦးသည် ချန်ယဲ့မြို့မှ ဖြစ်သည်။

ယနေ့ မက်မွန်ပွဲတော်သို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ အားလုံးသည် သွေးနဂါးဘုံ၏ အထူးချွန်ဆုံး ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်ရှန့်ထိုနှင့် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရှန့်ထိုများ အားလုံးသည် လက်ရှိတွင် ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် အဆင့်ဝင်သူများ ဖြစ်ကြသည်။

သို့သော်လည်း ထိုသို့သော စာရင်းဝင်သူများ သည်ပင် မည်သူမှ ရီဖူရှင်းနှင့် ယူချင်း၏ အောင်မြင်မှုကို မတုနိုင်ခဲ့ကြပေ။

သူတို့သည် ရှင်းခိုင်၊ လော့ယန်၊ ဖေမင် အစရှိသည့် များပြားလှသော ထူးချွန်သူများကို အောင်နိုင်ခဲ့ပေသည်။

သွေးနဂါးမြစ် တိုက်ပွဲတွင် ကျော်ကြားလာသည့် ယူချင်းသည် လောကကြီးအား သူသည် ခန့်မှန်းထားသည်ထက် ပို၍ အားကောင်းကာ အစွမ်းထက်သည်ဟု သက်သေပြနိုင်ခဲ့၏။

“စိတ်ဝင်စားစရာပဲ” ချီရှန်းက ရေရွတ်သည်။ သူသည် ငြိမ်သက်စွာ ကြည့်နေနိုင်ခြင်း မရှိတော့ပေ။ ထိုသို့သော လုပ်နိုင်စွမ်းသည် ထူးချွန်ထက်မြက်ခြင်းထက် စံချိန်သစ်တင်ကာ သမိုင်းတွင်စေခြင်းဖြစ်၏။

ထို့အပြင် ရီဖူရှင်းနှင့် ရှင်းခိုင်သည်လည်း ယခင် မက်မွန်ပွဲတော်မှ စံချိန်ကို ပြည့်မီခဲ့ပြီး ဖြစ်သည်။

ဤတစ်ကြိမ်၌ မည်မျှ တောက်ပသည့် စံချိန် ဖြစ်လာသနည်း။

ရှင်းခိုင်၏ မျက်နှာထက်မှ အကြည့်တို့သည် အဆက်မပြတ် ပြောင်းလဲနေသည်။

သူ၏ နှလုံးသား လမ်းစဉ်သည်ပင် မတည်မငြိမ်နှင့် လှုပ်ရှားနေခဲ့သည်။

သူသည် ယခင်က စာလုံးထောင်ချီ မှော်စာလိပ်ကို နားလည် သဘောပေါက်ခြင်း၌ ရီဖူရှင်းကို ရှုံးနိမ့်ခဲ့သော်လည်း တကယ့် စွမ်းအားတွင်တော့ သူသည်သာ ပို၍ သန်မာသည်ဟု ယုံကြည်ခဲ့၏။

ထို့ကြောင့်ပင် သူသည် နတ်ဘုရားသိုင်းပညာ လျှောက်လှမ်းတွင် တခြားလူများထက် ဦးစွာ ရှေ့ကို လှမ်းခဲ့ခြင်းဖြစ်သည်။

သို့ပေမယ့် ရလဒ်က မည်သို့ ဖြစ်လာသနည်။

ရီဖူရှင်းနှင့် ယူချင်းသည် သူလုပ်နိုင်သည်ကို လုပ်နိုင်ခဲ့ကြသည်။

ယခု ယူချင်းသည် သူ့ကိုပင် သာလွန်သွားခဲ့ပြီ ဖြစ်၏။

ထိုအခိုက်တွင် တောက်ပသော ကြယ်များသည် ကောင်းကင်နှင့် မြေကြီးကြားတွင် အလွန်ပင် လင်းလက် တောက်ပလာသည်။ လူတိုင်း၏ နှလုံးသားများသည် အနည်းငယ် တင်းကျပ်လာကြသည်။ သူတို့က ထူးခြားမှုတစ်ခုကို ခံစားလိုက်ရ၏။

သူတို့ အားလုံးသည် အခြားလမ်းကို မော့ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် အံ့အားသင့်မှုများက အတိုင်းသား ပေါ်လွင်နေသည်။

ထိုအချိန်တွင် နတ်တောင်တစ်ခုလုံးသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ် သွားခဲ့လေသည်။

မည်သူမှ အသံမထွက် နိုင်ကြဘဲ သူတို့သည် ကြယ်များဖြင့် တောက်ပနေသည့် ကောင်းကင်ကိုသာ ကြည့်နေကြသည်။ ကြယ်အလင်းများသည် ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ကြီးမားသည့် ကျောက်တုံးကြီး သဏ္ဌာန် ဖြစ်တည်လာသည်။

များလှစွာသော လူများ၏ နှလုံးသားသည် ကဆုန်စိုင်း နေကြပြီး ထိုမြင်ကွင်းက သူတို့ကို တုန်ယင်နေစေသည်။

ဤသည်က ရူးသွပ်စရာ မဟုတ်ပါလား။

သည်တစ်ခေါက် မက်မွန်ပွဲတော်သည် အလွန် ထူးခြားပေသည်။

ဆယ့်လေးလှမ်း။ အခြားသော ခြေလှမ်းဆယ့်လေးလှမ်း။ သူ လုပ်နိုင်ခဲ့၏။

ချန်ယဲ့မြို့မှ တန်ခိုးရှင် နှစ်ဦးဖြစ်သည့် ရီဖူရှင်းနှင့် ယူချင်းသည် ရှင်းခိုင်ကို နောက်၌ ချန်ရစ်ခဲ့ကာ တစ်ချိန်တည်းမှာပင် လုပ်ဆောင်နိုင်ခဲ့သည်။

မကြာသေးခင်က ရှင်းခိုင်သည် ခြေလှမ်း ဆယ့်သုံးလှမ်း လှမ်းနိုင်ခဲ့သည်ကို ကြည့်ကာ သူတို့အားလုံးသည် ရှင်းခိုင်က သူ့အရည်အချင်းကို သက်သေပြနိုင်ခဲ့ပြီဟု တွေးထင်ခဲ့ကြသည်။

သို့သော်လည်း ယခုအချိန်တွင် ....

များလှစွာသော လူများသည် ရှင်းခိုင်အပေါ် စတင်၍ ကရုဏာသက်လာကြသည်။

သူသည် သာမည တစ်ယောက် မဟုတ်ပေ။ ယခင် မက်မွန်ပွဲတော်၏ စံချိန်ကို ပြည့်မီခဲ့ပြီး သမိုင်းဝင်စံချိန်ကို ချိုးဖျက်ရန် ခြေတစ်လှမ်းသာ လိုခဲ့ခြင်း ဖြစ်၏။ ခြေတစ်လှမ်းမျှသာ ဖြစ်ပေသည်။

ထိုသည်က လုံလောက်သည့် ထူးချွန်ပြောင်မြောက်မှု မဟုတ်ပေဘူးလား။

အခြားသော တန်ခိုးရှင်နှစ်ဦးက သူ့ထက် သာလွန် သွားလိမ့်မည်ဟု မည်သူက ခန့်မှန်း နိုင်ခဲ့မည်နည်း။

ထို့အပြင် ကံမကောင်းသည်က ထိုနှစ်ဦးသည် သူနှင့် ပဋိပက္ခ ရှိခဲ့ကြသူများ ဖြစ်သည်။

ထိုမြင်ကွင်းက ရှင်းခိုင်အတွက် မည်မျှ အရှက်ရ စေခဲ့မည်နည်း။

ရှင်းခိုင်သည် ဟမ့်ခနဲ ခပ်တိုးတိုး ပြုလုပ်သည်။ ယူချင်းက စံချိန်ကို ချိုးဖျက်ခဲ့သည့် အခါ၌ သူသည် ဒေါသထွက်သလို ခံစားရကာ မိမိကိုယ်ကိုယ် ဂုဏ်ယူမှုများ ပျောက်ဆုံးသွားသော်လည်း ယခင်တိုက်ပွဲ၌ သူသည် ယူချင်းကို နောက်ကောက်ချ ထားနိုင်ခဲ့သည့်အတွက် လက်ခံနိုင်သည့် အတိုင်းအတာအတွင်း ထားနိုင်ခဲ့သည်။

သို့သော် ရီဖူရှင်းသည်လည်း ခြေလှမ်းခဲ့လေသည်။ ဤက မည်သို့သော အဓိပ္ပာယ်နည်း။

ဤက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။

ရှင်းခိုင်သည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း ပြိုင်ပွဲပြီးနောက် အနည်းငယ် ထိခိုက်ခဲ့သော်လည်း သူ၏ စိတ်အခြေအနေမှာ မဆိုးဝါးသောကြောင့် သူ၏ စွမ်းအားများမှာလည်း တည်ငြိမ်သည်။ သူ၏ နှလုံးသားလမ်းစဉ်မှာ ခိုင်မာသောကြောင့် သူ၏ စွမ်းအားအသိများမှာ ပို၍ပင် သန်မာလာခဲ့သေး၏။

သို့ပေမယ့် သည်တစ်ခေါက် သူ ခံစားလိုက်ရသည့် ရိုက်ချက်က သူ့အတွက် ပြင်းထန်လွန်းလှသည်။

မက်မွန်ပွဲတော်တွင် ရှင်းခိုင်၏ စိတ်အခြေအနေက မည်မျှ ပြင်းထန်စွာ သက်ရောက်ကာ ပြောင်းလဲသွားမည်ကို ခန့်မှန်းကြည့်နိုင်ကြပေသည်။

ယခု သူသည် အမှန်တကယ်ပင် သူ့ကိုသူ မေးခွန်း ထုတ်နေခဲ့ပြီ ဖြစ်၏။ သူ့နှလုံးသား လမ်းစဉ်လည်း ခိုင်မာခြင်း မရှိတော့ပေ။ သူ့စိတ်အခြေအနေက ထိခိုက်သွားခဲ့ပြီ ဖြစ်ကာ ထို့ကြောင့်ပင် သူက ဟမ့်ခနဲ အသံပြုလိုက်ခြင်း ဖြစ်သည်။

ရှုကျီက ထိုအသံကို ကြား၏။ သူမသည် ရှင်းခိုင်ကို စိုးရိမ်ပူပန်စွာ ကြည့်သည်။

သူမက ရှင်းခိုင်သည် ဂုဏ်ယူစရာ အပြည့်နှင့် ထူးချွန်လှသူ ဖြစ်ကြောင်း သိရှိပေသည်။ သို့ရာတွင် ဤတစ်ကြိမ်၌ သူသည် ဆက်တိုက် ရှုံးနိမ့်ခြင်းကို ခံစားခဲ့ရသည်။

သူ၏ စိတ်ထဲတွင် မည်မျှ ထိတ်လန့်တုန်လှုပ်မှုတို့ ရှိနေလိမ့်မည်နည်း။

ရုတ်ခြည်းပင် ရှင်းခိုင်၏ စိတ်အခြေအနေက အကြိမ်ပေါင်းများစွာ ပြောင်းလဲနေခဲ့သည်။ သူသည် သူ၏ နှလုံးသားလမ်းစဉ်ကို တည်ငြိမ်ပြီး ယုံကြည်မှုတို့ သန်မာ လာစေလိုသော်လည်း အောင်မြင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ သူ၏ ယုံကြည်မှုက ယိမ်းယိုင်သွားခဲ့သည်။

သူသည် လောက၏ ကျင့်ကြံခြင်းလမ်းစဉ် အားလုံးကို နားလည် သဘောပေါက်သည် ဆိုလျှင်ပင် တစ်စုံတစ်ယောက်က အမြဲထာဝရ အောင်နိုင်နေသည် မဟုတ်ဟူသည် အမှန်တရားကို သိရှိသော်လည်း ထိုအရာသည် သူ့အတွက် အယူအဆ တစ်ခုသာ ဖြစ်၍ တကယ်တမ်း လက်တွေ့ကြုံလာသော အခါတွင် လက်ခံရန် ခက်ခဲလှ၏။

ထိုအခိုက်တွင် ရှင်းခိုင်သည် အရာအားလုံးကို ရှင်းလင်းစွာ မမြင်နိုင်တော့ပေ။

သူသည် ဝန်ခံရန် တွန့်ဆုတ်နေသည်။ သူ့အတွက် လက်ခံရန် ခက်ခဲ၏။

သို့သော်လည်း ဖြစ်ပြီးသည်ကို ပြန်ပြောင်းလဲနိုင်ခြင်း မရှိပေ။

ရီဖူရှင်းနှင့် ယူချင်းသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၌ သူ့ထက် သာလွန်အောင် စွမ်းဆောင်နိုင်ကြသည်။ ရီဖူရှင်းသည် ယခင်တိုက်ပွဲတွင်လည်း သူ့ထက် သာလွန်ခဲ့သေးပေသည်။

ရီဖူရှင်းသည် တိုက်ပွဲနှစ်ခု၌ သူ့ထက် ကောင်းမွန် သာလွန်သည့် အရည်အချင်းကို ရှေ့ဆင့်နောက်ဆင့် ပြသခဲ့သည်။

ဆိုလိုသည်က သူသည် ရီဖူရှင်းနှင့် အဆင့်တစ်ခုတည်း ဖြစ်ခဲ့လျှင် တကယ့် ခွန်အား၌ သူက သာလွန်သည်ဟု ယုံကြည်ချက်ရှိရှိ ပြောနိုင်ဦးမည်လား။

မည်သူက ထိုသို့ တွေးလိမ့်မည်နည်း။

မက်မွန်ပွဲတော်ပြီးနောက် လူတိုင်းက ရီဖူရှင်းသည် ရှင်းခိုင်ထက် ပို၍ အစွမ်းထက်သည် ဟုသာ တွေးကြပေလိမ့်မည်။

သူက အခြားလူများကို လျစ်လျူရှု နိုင်ခဲ့လျှင်ပင် သူ၏ ကိုယ်ပိုင် နှလုံးသားနှင့် ရင်ဆိုင်သည့်အခါ မည်သို့ ဖြတ်ကျော်ရမည်နည်း။

ရှင်းခိုင် တစ်ဦးတည်းသာ စိတ်ထဲတွင် ယောက်ယက်ခတ် နေခဲ့သည် မဟုတ်ပေ။ ထိုအချိန်၌ အချို့လူများသည် သမိုင်းဝင် အခိုက်အတန့်ကို မျက်မြင် တွေ့ခဲ့ရသည့်အတွက် စိတ်လှုပ်ရှားနေကြပြီး ရီဖူရှင်းကို မနာလိုနေကြသည့် ရှင်းခိုင်၊ ရှင်းချိုး၊ ရှန်းကျယ်နှင့် ရှန်းနန်တို့ သည်တော့ စိတ်မသက်မသာ ဖြစ်နေကြပေသည်။

သူတို့အားလုံး အလွန် ကယောင်ချောက်ချား ဖြစ်နေကြသည်။

သို့သော်လည်း သူတို့ ကယောင်ချောက်ချား ဖြစ်နေလျှင်ပင် ကိစ္စများက ဖြစ်ပျက်ပြီးခဲ့ပြီ ဖြစ်၏။

ဤတစ်ကြိမ်၌ မက်မွန်ပွဲတော်တွင် ရီဖူရှင်းနှင့် ယူချင်းသည် သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ပေသည်။

***

All Chapters