← Chapters

အခန်း (၂၁၁)

Vol. 15 Ch. 211

အခန်း (၂၁၁)

Vol. 15 Ch. 211

မှန်ပေသည်။ မြက်မှိုကျောင်း၌ လူ(၂)ယောက်ရှိနေ၏။

တစ်ယောက်က လှပသော မိန်းကလေးတစ်ဦးဖြစ်ပြီး အနီရောင်၀တ်ရုံအား ၀တ်ဆင်ထားသည်။ သူမအား ဤမတိုင်ခင် တစ်ကြိမ်မှ မမြင်ဖူးပေ။ ထိုမိန်းကလေးက နည်းပြမှ အထူးခေါ်ဆောင်ထားသော ကျောင်းသူသစ်ဖြစ်ရပေမည်။

နောက်တစ်ယောက်က အဖြူရောင်၀တ်ရုံအား ၀တ်ဆင်ထားပြီး သူတို့ အပါတ်တိုင်းစောင့်မျှော်နေသည့် ရွှမ်ယီဖြစ်ပေသည်။

(၄)ယောက်လုံး ထိုင်ခုံကိုယ်စီ၀င်ထိုင်လိုက်ကြပြီး မှတ်စုစာအုပ်များလည်း ဖွင့်လိုက်၏။

အနီရောင်၀တ်စုံ ၀တ်ဆင်ထားသော မိန်းကလေးက သဘာ၀အတိုင်း ကိုင်လင်းအာဖြစ်ပေသည်။

သူမက ရောက်လာသူများအား တချက်ကြည့်လိုက်ပြီး အနည်းငယ်အံ့အားသင့်သွား၏။

သူမ အံ့ဩသွားသည်က အဘယ်ကြောင့် ရွှမ်ယီ၏ အတန်းသို့ လူအနည်းငယ်သာရောက်လာသနည်း။

‘ ငါ့ရဲ့ အဆင့်(၄) မှော်ဆေးပညာရှင်အဆင့်နဲ့တောင်မှ ရွှမ်ယီဆီက မှော်ဆေးပညာနဲ့ပတ်သက်ပြီး ဗဟုသုတတွေအများကြီးရတယ်.. ပြီးတော့ သူက မှော်ဆေးပညာရှင်အဖွဲ့အစည်းခေါင်းဆောင်ကိုတောင် သိမ်ငယ်သွားစေနိုင်တဲ့သူလေ…’

‘ ဒီ မှော်ဆေးပညာဌာနက မျက်စိကန်းနေကြတာများလား…’

‘ တကယ်ကြီး ဒီအတန်းကို လူ(၄)ယောက်ပဲ ရောက်လာတယ်…’

ကိုင်လင်းအာက အနည်းငယ်ခေါင်းယမ်းလိုက်ပြီး ရွှမ်ယီအားကြည့်ကာ သက်ပြင်းချလိုက်မိသည်။

‘ အတန်းလာမတက်တဲ့လူတွေကတော့ နှစ်နည်းနည်းကြာရင် နောင်တရနေတော့မှာပဲ…’

‘ အခွင့်အရေးက သူတို့မျက်စိရှေ့မှာပဲ.. ဒါကိုတောင် အရမယူနိုင်ကြဘူး.. ကံမပါတာပဲဖြစ်မှာပါ… ဘယ်သူ့ကို အပြစ်တင်လို့ရမှာလဲ…’

အတန်းစချိန်ရောက်သည်နှင့် ရွှမ်ယီက စတင်သင်ကြားလိုက်၏။

ကိုင်လင်းအာက သေချာအာရုံစိုက်နားထောင်လိုက်ပြီး မကြာခင် သင်ခန်းစာထဲနစ်မြောသွားတော့သည်။ ကျန်(၃)ယောက်လည်း ထိုနည်းတူစွာပင်။ ရွှမ်ယီ၏ သင်ခန်းစာထဲ မိန်းမောသွားကြ၏။ အမျိုးသမီးတစ်ဦးသာ အလွန်ထိတ်လန့်သွားလေသည်။

ရွှမ်ယီ၏ မှော်ဆေးပညာက ကျယ်ပြန့်လွန်းလှသည်။ သာမန် ပုံသေနည်းစနစ်များ ၊ သဘောတရားများနှင့် ကွာခြားလွန်းလှ၏။ ထူးဆန်းသည်မှာ ၎င်းတို့က အလွန်ရိုးရှင်းဟန်ရပြီး အလွန်နားလည်လွယ်လှသည်။

‘ ဒီလို နည်းစနစ်တွေကို ဘယ်သူမှ မသုံးဖူးဘူးမလား…’

‘ ဒါတွေက တကယ်ရော အလုပ်ဖြစ်ပါ့မလား…’

အတန်းပြီးဆုံးချိန်တွင် ရွှမ်ယီက အလွန်ကျေနပ်နေသော ကိုင်လင်းအာနှင့် အတူထွက်ခွာလာခဲ့သည်။ ကျန်(၃)ယောက်လည်း ပျော်ရွှင်စွာ ထွက်ခွာသွားကြ၏။

စူးစမ်းလိုစိတ်နှင့် လိုက်ပါလာသော အမျိုးသမီးတစ်ဦးတည်းသာ သံသယစိတ်များနှင့် မျက်မှောင်ကြုတ်ပြီး ပြန်လာခဲ့သည်။

သူမ၏ မှတ်စုစာအုပ်အတွင်း မှော်ဆေးပညာနှင့်ပတ်သက်သော ဗဟုသုတများ နှင့် နည်းစနစ်များစွာ ပါလာ၏။

(၃)ရက်ကြာပြီးနောက် မှော်ဆေးတာအိုဌာနမှလူများ အံ့အားသင့်သွားကြပြန်သည်။ ယခင် သုံးလေးပါတ်တုံးက ရုတ်တရက်တိုးတက်လာ‌ သော လူ(၃)ယောက် တစ်ဖန်ပြန်လည်း တိုးတက်လာသောကြောင့်ဖြစ်၏။

ထို့အပြင် လွန်ခဲ့သော သုံးလေးပါတ်အတွင်း သူတို့(၃)ယောက်နှင့် တပူးပူးတတွဲတွဲဖြစ်နေခဲ့သော အမျိုးသမီးလည်း ယခင်ထက် တိုးတက်လာခဲ့သည်။

မှော်ဆေးပညာဌာန အနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်သွား၏။

နောက်တစ်ပါတ်အကြာတွင် ရွှမ်ယီက ကိုင်လင်းအာနှင့်အတူ မြက်မှိုကျောင်းသို့ ထက်မံရောက်လာသည်။ ဤတစ်ကြိမ်တွင် ယခင်(၄)ယောက်အပြင် လူသစ်များကိုလည်း တွေ့လိုက်ရ၏။

သို့သော် နည်းပြဆရာနေရာတွင် ရပ်နေသော ရွှမ်ယီအား တွေ့လိုက်လျှင် လူသစ်တိုင်း ထိတ်လန့်သွားကြသည်။

သူတို့အားလုံး မှော်ဆေးပညာလျှို့ဝှက်ချက်အား စူးစမ်းလိုသောကြောင့် ရောက်လာကြခြင်းဖြစ်၏။

“ ငါ ဒီလို ဆရာငယ်ငယ်လေးသင်ကြားပေးတာ နားထောင်ဖို့စိတ်ကူးနဲ့လာတာမဟုတ်ဘူး.. ဒီနေ့ တခြားဆရာတစ်ယောက်အတန်းလည်းရှိတယ်.. ငါသွားတော့မယ်…”

လူအနည်းငယ်က ထွက်သွားခဲ့ကြသော်လည်း လူတချို့က ရောက်လာပြီးမှ မထူးဟုတွေးကာ အံကြိတ်လျက် ကျန်ခဲ့ကြ၏။

အတန်းပြီးဆုံးချိန်တွင် လူတိုင်း ခံစားချက်မျိုးစုံနှင့် ပြန်လည်ထွက်ခွာသွားကြသည်။

(၃)ရက်ခန့်အကြာတွင် သတင်းများထွက်ပေါ်လာ၏။

ထိုများအားလုံး ၎င်းတို့ မှော်ဆေးပညာများ တိုးတက်သွားခဲ့သည်။

မှော်ဆေးဌာနကြီးတစ်ခုလုံး ထိုသတင်းကြောင့် တုန်လှုပ်သွား၏။

ဤသို့ဖြင့် မြက်မှုကျောင်းနာမည်ကြီးလာခဲ့သည်။ ထိုနေရာတွင် ရွှမ်ယီဟူသည့် ဆရာအသစ်က ထူးခြားသော မှော်ဆေးပညာအားသင်ပေးနေ၏။ သင်ခန်းစာတစ်ခုနားထောင်ပြီး မိမိတို့၏ ပင်မမှော်ဆေးပညာနှင့် ပေါင်းစပ်နိုင်ပါက သေချာပေါက်တိုးတက်လာလိမ့်မည်။

ဤအပါတ်တွင် မြက်မှိုကျောင်း အလွန်စည်ကားနေလေသည်။ ရွှမ်ယီက သာမန်အတိုင်း ပေါ့ပေါးပါးပါးပြုံးပြီး အတန်းသွားလိုက်၏။ အတန်းချိန်အတွင်း လူတိုင်း ရွှမ်ယီ၏ စကားများတွင် မျောပါသွားခဲ့ပြီး အချိန်အား ဖြည်းညှင်းစွာကုန်စေရန်ပင် ဆုတောင်းနေခဲ့ကြသည်။

ဤသို့နှင့် အချိန်တစ်ပါတ်ကုန်ဆုံးသွားခဲ့ပြီး နောက်ထပ် အတန်းချိန် ရောက်လာပြန်သည်။ မြက်မှိုကျောင်း၏ အကျိုးကျေးဇူးအား သိပြီးသူတိုင်း မြက်မှိုကျောင်းသို့ တက်ကြွစွာ သွားခဲ့ကြသည်။ သို့သော် အချိန်အတော်ကြာအောင် စောင့်ခဲ့သော်လည်း ရွှမ်ယီက ပေါ်မလာခဲ့ပေ။

သိသူများအား မေးစမ်းကြည့်လိုက်သော်အခါ ရွှမ်ယီက သူ၏ တပည့်များနှင့် ခရီးထွက်သွားကြောင်း သိလိုက်ရ၏။

အပြင်သို့ ခရီးလွန်နေသည့် ကျောင်းသားများ ပြန်ရောက်လာချိန်တွင် မမှီလိုက်သည့်အတွက် ရင်ထုမနာဖြစ်သွားကြသည်။

သူတို့ရှေ့တွင် အခွင့်အရေးကြီးတစ်ခုရှိခဲ့သော်လည်း သူတို့က လက်လွှတ်ခဲ့ရသည်။ ကောင်းကင်ကြီးကလည်း သူတို့အား ဒုတိယအခွင့်အရေးမပေးခဲ့ပေ။

ရွှမ်ယီက အကယ်ဒမီမှ ဖြစ်ပျက်နေမှုများအား သတိပင်မထားမိချေ။ သူက တပည့်(၆)ယောက်အား ခေါ်ဆောင်ပြီး ပြင်ပလောကသို့ ခရီးထွက်လာခဲ့သည်။

လက်ရှိ သူ၏ ပန်းတိုင်မှာ တစ်နှစ်အပြီးကျင်းပမည့် ကျောင်းသားသစ်ပြိုင်ပွဲနှင့် အကယ်ဒမီ(၅)ခု ပြိုင်ပွဲဖြစ်လေသည်။

ကျင့်ကြံခြင်းလမ်းကြောင်း၌ အခန်းအောင်းကျင့်ကြံနေရုံနှင့် အောင်မြင်မှုရနိုင်မည်မဟုတ်ပေ။ ထူးခြားသော တိုးတက်မှုများလိုချင်ပါက ပြိုင်ဘက်ကင်းတာအိုနှလုံးသား တည်ဆောက်ရန်အတွက် နေရာတကာသို့ ခရီးများထွက်ရန်လိုအပ်သည်။

ရွှမ်ယီက သူ့တပည့်များအပေါ် တော်တော်လေး မျှော်လင့်ထား၏။

‘ ခရီးစဉ် စလိုက်ကြစို့…’

တစ်နှစ်အကြာတွင် သူ၏တပည့်များက တောင်ပိုင်းတိုက်ကြီးအား ကိုင်လှုပ်နိုင်ရမည်။

………

ရွှမ်ယီက သူ၏ တပည့်(၆)ဦးအား ဗဟိုသူတော်စင်အကယ်ဒမီမှ ခေါ်လာခဲ့ပြီး တောင်ပိုင်းတိုက်ကြီးတစ်ခွင်သို့ ခရီးထွက်ခဲ့သည်။

သူတို့(၇)ယောက်က ထိပ်တန်း(၂၀)အတွင်း ဒေသများအပါအ၀င် ဒေသတော်တော်များများသို့ ခြေချခဲ့ကြ၏။

ဤသို့နှင့် နှစ်၀က်ကုန်ဆုံးသွားခဲ့သည်။

လွန်ခဲ့သော(၆)လအတွင်း သူတို့က ရွှမ်ယီနှင့် တစ်ချိန်လုံးအတူရှိနေခဲ့သည်ဖြစ်ရာ ရွှမ်ယီထံမှ များစွာသင်ယူခဲ့ရ၏။

လွန်ခဲ့သော (၆)လမတိုင်ခင်က သူတို့ထဲတွင် ကျန်းချန်တစ်ယောက်သာ ဓားရည်ရွယ်ချက်အားနားလည်ထားခဲ့သည်။

နှစ်၀က်ကြာပြီးနောက် အားလုံး ဓားရည်ရွယ်ချက်အားနားလည်ခဲ့ကြသည်။ ဤသည်က ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြစ်၏။

ရွှမ်ယီ၏ တပည့်များဖြစ်သည့်အားလျော်စွာ ယခင်က သူတို့နားမလည်နိုင်ခဲ့သည့် ဓားရည်ရွယ်ချက်မှာ ယခုတွင် အေးဆေးဖြစ်နေချေပြီ။

ကျန်းချန်က အားလုံး၏ ရှေ့တစ်လှမ်းရောက်နေပြီး အဆင့်(၁) ဓားရည်ရွယ်ချက် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်၏။

ဤကာလအတွင်း အနည်းငယ် စိတ်ကြီး၀င်ကာ မောက်မာတတ်သော ယုလင်းလုံပင် ရွှမ်ယီ၏ လွှမ်းမိုးမှုခံလိုက်ရသည်။ ရွှမ်ယီ အမိန့်ပေးလျှင် မည်သူမှမငြင်းကြပေ။ သူတို့အားပေးအပ်သော တာ၀န်ကို ပြီးမြောက်အောက် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ရွှမ်ယီထံမှ သင်ကြားခွင့်ရခြင်းမှာ သူတို့အတွက် အလွန်ကောင်းမွန်သော အခွင့်အရေးကြီးဖြစ်ကြောင်း လွန်ခဲ့သော(၆)လအတွင်း နားလည်ခဲ့ကြသောကြောင့်ဖြစ်၏။

အကယ်၍ သူတို့သာ အကယ်ဒမီရှိ တခြားနည်းပြဆရာများအား ရွေးချယ်ခဲ့လျှင် (၆)လအတွင်း ဤမျှတိုးတက်လာမည်လော။

မဖြစ်နိုင်ချေ။

ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူအားပိုင်ဆိုင်ထားသော သူတော်စင်ဒေသ အရှေ့ကောင်းကင်ရှိ ယုမိသားစုပင် ထိုသို့မစွမ်းမရှိပေ။

ရွှမ်ယီက ကျေနပ်စွာပြုံးလိုက်၏။

သူက မူလဘုရင်အဆင့်သာဖြစ်သော်လည်း သူနားလည်ထားသည့် နယ်မြေစွမ်းအား ၊ ဓားရည်ရွယ်ချက်စွမ်းအား များနှင့်ဆိုလျှင် သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ မည်သည့်လူသားဘုရင်နှင့်မဆို ယှဉ်နိုင်ပေသည်။

ဤသို့ အစွမ်းအစများနှင့်ဆိုပါက အဆင့်တူတွင် သူ့အားယှဉ်နိုင်သူ တောင်ပိုင်းတိုက်ကြီး၌ ရှိမည်မထင်ပေ။

သူ၏ တပည့်များအား ဓားတာအိုကို သင်ကြားပေးခဲ့ပြီး တခြားလူများအတွက် ကောင်းကင်ကိုတက်သကဲ့သို့ ခက်ခဲသော ဓားရည်ရွယ်ချက်အား နှစ်၀က်အတွင်း နားလည်သဘောပေါက်စေခဲ့သည်။

သို့သော် ရွှမ်ယီအတွက် ထိုမျှက သိပ်မထူးခြားပေ။

ရွှမ်ယီက ၎င်းတို့အား ကမ္ဘာကြီးကို ခံစားရန် ခေါ်ဆောင်လာခဲ့၏။

သူတို့လေ့ကျင့်ရန် ပထမဆုံးအနေနှင့် ထိပ်တန်း(၁၀၀)အပြင်မှ ဒေသကြီးတစ်ခုနှင့် စတင်ခဲ့သည်။ ထို့နောက် ၎င်းတို့အား ပြန်လည်ခေါ်ဆောင်ကာ သင်ပေးစရာရှိသည်များ သင်ပေးခဲ့သည်။ ပြီးလျှင် နောက်ထပ် အဆင့်မြင့်သော ဒေသများသို့လိုက်ပို့၏။

၎င်းတို့အတွက် အသက်အန္တရာယ်မရှိပါက ရွှမ်ယီက လှုပ်ရှားမည်မဟုတ်ပေ။

ထို့အပြင် လူသားဘုရင်အဆင့်များက သူ့အားမယှဉ်နိုင်ပေ။ ထိပ်တန်းဒေသကြီး(၂၀)မှလွဲလျှင် သူ့အတွက် ပြိုင်ဘက်မရှိသလောက်ပင်။

ထိပ်တန်းဒေသ(၂၀)ထဲတွင်…

ရွှမ်ယီက သူ့တပည့်များအား ဂိုဏ်းကြီးများထံသို့ ခေါ်ဆောင်သွားပြီး ထိုဂိုဏ်းမှ ပါရမီရှင်များအား စိန်ခေါ်တိုက်ခိုက်စေသည်။ သူက မောက်မာလွန်း၍ ဤသို့ပြုမူနေခြင်းမဟုတ်ပေ။ တိုက်ပွဲမှတစ်ဆင့် ထိုးထွင်းသိမြင်မှုများ တိုးတက်မှုများ ရရှိရန်ရည်ရွယ်သည်။

ရွှမ်ယီသွားသော ဂိုဏ်းများက သူတို့ဒေသတွင် နာမည်ရှိသော ဂိုဏ်းကြီးများသာဖြစ်ပြီး ၎င်းတို့တွင်လည်း မာနနှင့် ယုံကြည်မှုရှိ၏။ တစ်စုံတစ်ယောက်၏ စိန်ခေါ်ခြင်းကို လက်မခံပါက နာမည်ပျက်သွားပေလိမ့်မည်။ သို့သော် ထွက်ပြီးယှဉ်ပြိုင်သူမှန်သမျှ ရှုံးနိမ့်သွားခဲ့သည်။

ထိုဂိုဏ်းများအားလုံး အံ့ဩသွား၏။

ထိုကဲ့သို့ ပါရမီရှင်များ တစ်ဦးပိုင်ဆိုင်လျှင်ပင် ဂိုဏ်းတစ်ခုအတွက် နှစ် ရာ၊ထောင်ချီအောင် ကံကောင်းသည်ဟုဆိုနိုင်သော်လည်း ၎င်းတို့တွင် (၆)ဦးတောင်ရှိသည်။

နက်နက်ဓားဂိုဏ်းတဲ့လား…!

အခုမှကြားဖူးတာဆိုပေမယ့် တော်တော်ကြောက်ဖို့ကောင်းတာပဲ…!

ရွှမ်ယီ နှင့် တပည့်များ သွားရောက်ခဲ့သော ဒေသတိုင်းတွင် နက်နဲဓားဂိုဏ်းဟူသော အမည်က ဒဏ္ဍာရီဆန်ဆန်ကျန်ခဲ့လေသည်။

All Chapters