← Chapters

အခန်း (၂၁၂)

Vol. 15 Ch. 212

အခန်း (၂၁၂)

Vol. 15 Ch. 212

ယခု ကြယ်ဒေသတွင်ဖြစ်၏။

ကြယ်ဒေသက တောင်းပိုင်းတိုက်ကြီး၌ အဆင့်(၉)ဖြစ်ပြီး ၎င်းတွင် ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများလည်းရှိသည်။

မတော်တဆတစ်ခုဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်လာလျှင်မူ သူ၏ တပည့်(၆)ယောက်ထား ရွှမ်ယီပင်လျှင် အခက်တွေ့နိုင်၏။

သို့သော်လည်း ဤနေရာတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်ပါက နှစ်ကုန်ပြိုင်ပွဲများ၌ လူတိုင်းကို အံ့ဩအောင်လုပ်နိုင်လိမ့်မည်။

အကြိမ်တိုင်းကဲ့သို့ပင် ရွှမ်ယီက စိန်ခေါ်ရန်သင့်တော်မည့်ဂိုဏ်းတစ်ခုအား ရှာဖွေရန် ပြင်နေခဲ့သည်။

ထိုအချိန်တွင်

“ ကြယ်ပြိုင်ပွဲ.. ကြယ်ပြိုင်ပွဲကို မကြာခင် ကျင်းပတော့မယ်နော်…”

“ အသက်(၂၅)နှစ်အောက် ကျင့်ကြံသူတိုင်း၀င်ရောက်ယှဉ်ပြိုင်နိုင်တယ်… ကြီးကျယ်ခမ်းနားတဲ့ ပါရမီရှင်တွေထဲကမှ အကြီးကျယ်ဆုံးကို ရွေးထုတ်မယ့်ပွဲဘဲ… ပြိုင်ပွဲရဲ့ဆုလာဘ်ကတော့ စိတ်ဝိညာဉ်မီးတောက်ပဲဗျို့…”

သတင်းရောင်းသူက ရွှမ်ယီတို့နံဘေးမှ ဖြတ်သွားရင်းအော်ဟစ်ကြော်ငြာသွားသည်။

ထိုလူများက သတင်းများစုဆောင်းကာ ရောင်းချပြီးအသက်မွေးသည့် ကုန်သည်များဖြစ်ကြ၏။

ရွှမ်ယီ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ထိုလူအား လှမ်းခေါ်လိုက်သည်။

“ ကြယ်ပြိုင်ပွဲရဲ့ သတင်းက ဒီမှာပါဗျ…”

ရွှမ်ယီက သူလက်ခံရရှိခဲ့သော ကျောက်စိမ်းပြားလေးအား နှဖူး‌တွင်ထိလိုက်ပြီး အတွင်းမှ သတင်းများကို လက်ခံလိုက်သည်။

သူတို့ ဤဒေသသို့ ရောက်လာသောအချိန်က ကြယ်ပြိုင်ပွဲကျင်းပမည့်အချိန်ဖြစ်ကာ အလွန်တိုက်ဆိုင်လှ၏။ ကြယ်ပြိုင်ပွဲက ကြယ်ဒေသ၌ နှစ်အနည်းငယ်ကြာတိုင်း တစ်ကြိမ်ကျင်းပလေ့ရှိသည့် ပြိုင်ပွဲကြီးတစ်ခုဖြစ်သည်။

ဤ ကြယ်ဒေသမဟာပြိုင်ပွဲကြီးက အဇူရာဒေသမဟာပြိုင်ပွဲကြီးနှင့် ဆင်တူပေသည်။ ပတ်၀န်းကျင်ဒေသများမှ ပါရမီရှင်များလည်းပါ၀င်ပြီး မရေအတွက်နိုင်သော ပါရမီရှင်အပေါင်းတို့၏ ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲလည်းဖြစ်၏။

ဤအချိန်က အလွန်အစွမ်းထက်သည့် ရွက်ပုန်းသီးပါရမီရှင်များ ထွက်ပေါ်လာမည့်အချိန်လည်းဖြစ်သည်။

ပထမနေရာရရှိရင် အလွန်ပြင်းထန်မည့်ပြိုင်ပွဲလည်းဖြစ်၏။

ထို့အပြင် ရွှမ်ယီအား စိတ်၀င်စားစေသောအရာမှာ စိတ်ဝိညာဉ်မီးတောက်ဖြစ်သည်။

စိတ်ဝိညာဉ်မီးတောက်…!

၎င်းက မှော်ဆန်သည့် မီးတောက်တစ်ခုဖြစ်ပြီး မည်သို့ဖန်တီးရသည်ကိုမသိချေ။ ပြောရမည်ဆိုလျှင် မြေမီးတောက်ကလည်း စိတ်ဝိညာဉ်မီးတောက်တစ်မျိုးဖြစ်သည်။ သို့သော် သူက အစစ်အမှန် စိတ်ဝိညာဉ်မီးတောက်နှင့် ယှဉ်ပါက အလွန်အားပျော့လှ၏။

မီးဓာတ်သဘာ၀ကိုလေ့ကျင့်နေသူဖြစ်ပါက စိတ်ဝိညာဉ်မီးတောက်အား ၎င်း၏ နဖူးအလယ်တည့်တည့်ထဲတွင် သိမ်းဆည်းထားနိုင်သည်။

တိုက်ခိုက်သောအချိန်တွင် ၎င်းအား ထုတ်ဖော်အသုံးပြုပါက အသုံးပြုသူအား မီးနတ်ဘုရားတစ်ပါးသဖွယ်ဖြစ်သွားစေပြီး မီးဓာတ်သိုင်းပညာများ၏ စွမ်းအားလည်း အဆင့်တစ်ခုမက တိုးလာပေလိမ့်မည်။

စိတ်ဝိညာဉ်မီးတောက်ကို မှော်ဆေးပညာရှင်များလည်းအသုံးပြုနိုင်သည်။

မီးတောက်ဆိုသည်မှာ မှော်ဆေးပညာရှင်များအတွက် မရှိမဖြစ်ပစ္စည်းဖြစ်၏။ စိတ်ဝိညာဉ်မီးတောက်က အရည်အသွေးကောင်းသော ဆေးလုံးများအား သန့်စင်ပေးနိုင်သည်။

ရွှမ်ယီက စိတ်ဝိညာဉ်မီးတောက်အား ယခုအချိန်ထိ မပိုင်ဆိုင်ခဲ့သေးသော်လည်း အလွန်လိုချင်နေ၏။

သူက မီးဓာတ်ကျင့်ကြံသူမဟုတ်သော်လည်း အဆင့်မြင့်မှော်ဆေးပညာရှင်တစ်ဦးဖြစ်သည့်အပြင် မိစ္ဆာမီးလျှံနယ်မြေကိုလည်း ပိုင်ဆိုင်ထားသေး၏။

အကယ်၍ စိတ်ဝိညာဉ်မီးတောက်အား စုပ်ယူနိုင်ပါက သူ၏ မိစ္ဆာမီးလျှံနယ်မြေက များစွာ တိုးတက်လာပေလိမ့်မည်။

“ ဆရာ…”

ရွှမ်ယီက လက်တွင်းမှ ကျောက်စိမ်းတုံးလေးအား အောက်သို့ပြန်ချလိုက်သည်မြင်လျှင် ကျန်းချန်က စိတ်လှုပ်ရှားနေသော မျက်၀န်းများနှင့် ရှေ့တိုးလာ၏။

လက်ရှိအခြေအနေက သူတို့အတွက် အလွန်ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ သူတို့သာ ကြယ်ပြိုင်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်ခွင့်ရပါက အဆင့်(၉)ဒေသရှိ ထိပ်သီးပါရမီရှင်များနှင့် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

ပြိုင်ပွဲ၌ ဗိုလ်ဆွဲသည်ဖြစ်စေ မဆွဲသည်ဖြစ်စေ အတွေ့အကြုံတော်တော်ရမည်ဖြစ်သည်။

ရွှမ်ယီက အသာအယာခေါင်းညိတ်ပြလိုက်ပြီး လေးနက်စွာပြောလိုက်၏။

“ ကြယ်မြို့ကိုသွားပြီး ကြယ်ဒေသမဟာပြိုင်ပွဲမှာ စာရင်းသွင်းချေ… ပြိုင်ပွဲမှာ အနိုင်ရအောင်ကြိုးစားပြီး စိတ်ဝိညာဉ်မီးတောက်ကို ယူခဲ့ကြ…”

ထိုစကားအားကြားလိုက်လျှင် (၆)ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လက်သီးဆုပ်ပြီး အော်ပြောလိုက်ကြသည်။

“ ဟောဒီ တပည့်တွေက ဆရာ့စကားကို နားထောင်ပါ့မယ်…”

တစ်ချိန်တည်းတွင် တခြားလူများလည်း ကြယ်မြို့သို့ ပျံသန်းသွားနေကြ၏။

“ ဒီကြယ်ဒေသက စိတ်ဝိညာဉ်မီးတောက်ကိုတောင် တကယ်ကြီးဆုချတာပဲ…”

ရွှေရောင်ချပ်ကာအား၀တ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးက အံ့ဩမှုအပြည့်နှင့်ပြောလိုက်သည်။

“ ဟေ… ငါတို့ ပိုင်ချန်အကယ်ဒမီရဲ့ သန်မာမှုနဲ့ဆိုရင် ငါ့တို့ဆီ အလကားလာပေးတာနဲ့မတူဘူးလား…”

ဘေးမှတစ်ယောက်က ပြုံးလိုက်ပြီး ခေါင်းအနည်းငယ်မော့ကာ မောက်မာဟန်ဖြင့်ပြောလိုက်သည်။

ကြယ်ဒေသက အဆင့်(၉)ဒေသတစ်ခုဖြစ်နေလျှင်တောင် ထိုနေရာမှ ပါရမီရှင်များက သူတို့ မျက်လုံးထဲသို့မ၀င်ချေ။

“ ဟုတ်တယ်.. ငါတို့ ၀င်ပြိုင်မှာဆိုတော့ ဒီပြိုင်ပွဲက သိပ်ပြီး စိတ်လှုပ်ရှားစရာကောင်းတော့မယ်မထင်ဘူး… ကြယ်ဒေသက တစ်ယောက်မှ ငါတို့ပြိုင်ဘက်မဖြစ်နိုင်မှာ စိုးမိတယ်…”

ထိပ်ချွန်ဓားရှည် ကိုင်ထားသည့် လူငယ်တစ်ဦးက တည်ကြည်သော မျက်နှာဖြင့်ပြောလိုက်သည်။ သူ၏ လေသံက တည်ငြိမ်နေကာ ယုံကြည်မှုအပြည့်ပါ၀နေသည်။

“ မင်းတို့ နည်းနည်းတော့ သတိထားဖို့လိုဦးမယ်ထင်တယ်.. ဒါပေမယ့် စိတ်ပူစရာတော့သိပ်မရှိပါဘူး.. အဲ့ဒီ စိတ်ဝိညာဉ်မီးတောက်က ငါတို့အတွက်ပဲ…”

ထို့အဖွဲ့ ဦးတည်ရာက ကြယ်မြို့သို့ဖြစ်၏။

[ ထိပ်ချွန်ဓားရှည် - ဓားသိုင်းအလှကစားရန် အဖျားတုံးထားသည့် ဓား ]

……..

ကြယ်ဒေသ မဟာပြိုင်ပွဲကြီးက မရေမတွက်နိုင်သော ပါရမီရှင်များ၏ စုဝေးမှုကြီးဖြစ်သည်။

ကြယ်ဒေသက တောင်ပိုင်းတိုက်ကြီး၏ အဆင့်(၉)နေရာတွင်ရှိနေသည့်အားလျော်စွာ ၎င်းတွင် ကိုယ်ပိုင်ထူးခြားမှုများရှိ၏။ ၎င်းက စိတ်ဝိညာဉ်စွမ်းအင်ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင် အလွန်ပေါများကြွယ်၀ပြီး ပါရမီရှင်များစွာ မွေးထုတ်ပေးနိုင်သည်။ ၎င်းတို့ကြီးပြင်းလာပါက ကြယ်ဒေသအား နှစ်ထောင်ပေါင်းများစွာ ဆက်လက်ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

ကြယ်ဒေသ မဟာပြိုင်ပွဲကြီးဆိုသည်မှာ ဒေသအတွင်းမှ ထိပ်သီးပါရမီရှင်များကြား ပြိုင်ဆိုင်လိုစိတ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကြယ်ဒေသ ခေါင်းဆောင်များ ဖန်တီးထားသည့်ပြိုင်ပွဲတစ်ခုဖြစ်၏။

ထိပ်တန်းဒေသ (၁၀)ခုအတွင်းမှ တစ်ခု၏ ကြီးကျယ်သောပြိုင်ပွဲကြီးဖြစ်လေရာ ပတ်၀န်းကျင်ဒေသများမှ ပါရမီရှင်များကိုလည်း ဆွဲဆောင်နိုင်သည်။ ထိုအချက်က ကြယ်ဒေသမှ ပါရမီရှင်များအား ပိုမို၍ ပြိုင်ဆိုင်လိုစိတ်ဖြစ်ပေါ်စေသည်။

စိတ်ဝိညာဉ်မီးတောက်ဆိုသည်မှာ ဘုရင်အဆင့် ရတနာတစ်ခုဖြစ်၏။

၎င်းက စစ်မှန်သော ပါရမီရှင်များအတွက် ဘုရင်အဆင့်အုတ်မြစ်ချပေးနိုင်သည်။

ကြယ်ဒေသ ခေါင်းဆောင်များအနေဖြင့် ၎င်းအား ဆုလာဘ်အဖြစ်ထုတ်ပြထားသည်ဆိုကတည်းက သူတို့ ကြယ်ဒေသမှ ပါရမီရှင်များအား မည်မျှယုံကြည်ထားကြောင်း သိနိုင်သည်။

ကြယ်ဒေသက စိန်ခေါ်မှုများကို မကြောက်ပေ။

မဟာပြိုင်ပွဲကြီးအား ကြယ်ဒေသ ၊ ကြယ်မြို့၏ အဓိကနေရာတွင် ကျင်းပသည်။

ကြယ်မြို့က ကြယ်ဒေသ၏ အလယ်ဗဟိုတွင်တည်ရှိပြီး ငွေရောင်အလင်းတန်းများဖြာထွက်နေကာ ကြယ်များ၀န်းရံနေသည့်ဟန် ဖြစ်နေသော မြို့ကြီးတစ်မြို့ဖြစ်၏။ လူတိုင်းအား ဖိနှိပ်ချုပ်ချယ်နိုင်သည့် အငွေ့အသက်များထွက်ပေါ်နေသည်။ ဥပဒေသ စွမ်းအားများအောက်တွင် ပွဲကြည့်ပရိတ်သတ်ပေါင်း (၁)သန်းလောက် အသာလေး၀င်ဆံ့နိုင်၏။

ကြယ်ဒေသ၏ မဟာပြိုင်ပွဲကြီးစတင်တော့မည်ဖြစ်ရာ လူများ ဒီရေတက်လာသည့်အလား ကြယ်မြို့သို့သွားနေကြသည်။

ထို့အပြင် ပြိုင်ပွဲ၌ ဗိုလ်စွဲမည့်လူအကြောင်းကိုလည်း အားတက်သရော်ဆွေးနွေးနေကြ၏။

“ ငါပြောမယ်… ရှင်းဝူဟန်က ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ… အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်ကွ… ပြိုင်ပွဲမှာ အနိုင်ရမယ့်လူက သူပဲဖြစ်လိမ့်မယ်…”

“ ရှင်းဝူဟန် အစွမ်းထက်တာမှန်ပါတယ်.. ဒါပေမယ့် နတ်သမီး ရင်မန်ကို မေ့ထားလို့မရဘူးနော်…”

ထိုစကားအားကြားသည့်နှင့် ပတ်၀န်းကျင်မှာလူများ ငြိမ်သွားပြီး အချင်းချင်း ခေါင်းညိတ်ပြလိုက်ကြသည်။

‌ကြယ်ဒေသ၏ ကြယ်အဆင့်တွင် နံပါတ်(၁)နေရာက ရှင်းဝူဟန်နှင့် နတ်သမီး ရင်မန် တို့အကြား အဆက်မပြတ် ပြောင်း‌လဲနေသည်မှာ လူတိုင်းအသိပင်။

ထိုနှစ်ယောက်က ကြယ်ဒေသ၏ အကောင်းဆုံးသော ပါရမီရှင်များဖြစ်ကြသည်။

တခါတရံတွင် ရှင်းဝူဟန်က နံပါတ်(၁) ဖြစ်နေပြီး တခါတရံတွင် နတ်သမီး ရင်မန်က နံပါတ်(၁) ဖြစ်နေတတ်၏။ နံပါတ်(၁) နေရာအား ထို(၂)ယောက်က သိမ်းပိုက်ထားသည်။

လူအများအမြင်တွင် ထို(၂)ယောက်၏ ခွန်အားက အဆင့်တူဖြစ်ပြီး ၎င်းတို့အား ခွဲခြားရန် ခက်ခဲလှ၏။

All Chapters