← Chapters

အခန်း (၂၁၃)

Vol. 15 Ch. 213

အခန်း (၂၁၃)

Vol. 15 Ch. 213

“ ဒီတစ်ကြိမ် မဟာပြိုင်ပွဲကြီးမှာ ဘယ်သူ ပထမရမယ်ဆိုတာ မှန်းရခက်တယ်…”

“ ဟုတ်တယ်.. ဒါပေမယ့် ဖျက်မြင်းတစ်ကောင်ပေါ်လာပြီး သူတို့ကို အနိုင်ယူသွားမလားကြည့်ရမယ်… ဒါပေမယ့် လွယ်တော့မလွယ်ဘူး…”

စကားဆုံးသည်နှင့် အားလုံး တစ်ယောက်ကိုတစ်ယောက် မောက်မာစွာကြည့်လိုက်ကြသည်။

ကြယ်ဒေသ၏ ယခုမျိုးဆက်တွင် ပါရမီရှင်များစွာ ပေါ်ထွန်းခဲ့သော်လည်း ရှင်းဝူဟန်နှင့် နတ်သမီး ရင်မန်တို့က ထိုအထဲတွင် အကောင်းဆုံးဖြစ်၏။ ၎င်းတို့တစ်ဦးချင်းစီက အလွန်အစွမ်းထက်လှသည်။ လူတိုင်းအမြင်တွင် ကြယ်အဆင့် (၅)အထိ ၀င်သော တခြားသူများပင် ထိုနှစ်ယောက်နှင့်ယှဉ်ပါက ကွာခြားလွန်း၏။

ပြိုင်ပွဲပြီးနောက် စိတ်ဝိညာဉ်မီးတောက်ရရှိသွားသူက ပိုပြီး တိုးတက်သွားမည်မှာ သေချာသည်။ ထို့ပြင် ကြယ်ဒေသအား နောက်ထပ် နှစ်ထောင်ပေါင်းများစွာထိ ကောင်းမွန်သော ကံကြမ္မာများ သယ်ဆောင်လာပေလိမ့်မည်။

“ မဟာပြိုင်ပွဲကြီးစတင်တော့မယ်… ပထမပွဲစဉ်အနေနဲ့ ကြယ်သားရဲတွေကို သတ်ဖြတ်ရမှာဖြစ်ပြီး… အမှတ်ပိုများတဲ့လူတွေက နောက်တစ်ဆင့်တက်နိုင်လိမ့်မယ်…”

တစ်စုံတစ်ယောက်က သတင်းပျံ့နှံ့စေလိုက်ပြီး ပတ်၀န်းကျင်အား တုန်လှုပ်သွားစေသည်။

ကြယ်သားရဲများဆိုသည်မှာ နတ်ဆိုးသားရဲများ၏ စိတ်ဝိညာဉ်ကိုယ်ပွားများဖြစ်သည်။ ကြယ်မြို့၏ ဘုရင်က အထူးနည်းလမ်းများအား အသုံးပြုကာ ကြယ်အလင်းအား ဆွဲယူပြီး နတ်ဆိုးသားရဲများ၏ ပုံစံအတိုင်းဖန်တီးထားခြင်းဖြစ်သည်။ ထို့နောက် ထောင်ပေါင်းများစွာသော နတ်ဆိုးသားရဲများ၏ ဝိညာဉ်များအား ဖမ်းဆီးကာ ၎င်းတို့အတွင်း ထည့်သွင်းထား၏။

၎င်းတို့တွင် ပုံမှန်အသိစိတ်မရှိတော့ဘဲ သွေးဆာခြင်း ၊ ရက်စက်ခြင်းတို့သာရှိသည်။ ၎င်းတို့အား သတ်ဖြတ်လိုက်ပါက ကြယ်အလင်းအနည်းငယ်ထွက်ပေါ်လာမည်ဖြစ်ပြီး အဆင့်ရေတွက်မည့် အမှတ်များလည်းဖြစ်၏။

“ ထူးဆန်းတာတစ်ခုခုဖြစ်မလာဘူးဆိုရင် ရှင်းဝူဟန်နှင့် နတ်သမီး ရင်မန်တို့က ထိပ်တန်း (၂)နေရာကို သိမ်းပိုက်သွားလိမ့်မယ်.. အဆင့်(၃)က လူကိုတောင် အမှတ်အများကြီးဖြတ်ထားမှာ သေချာတယ်…”

“ အင်း.. သူတို့(၂)ယောက်ထဲက ဘယ်သူ အဆင့်(၁)ရမယ်ဆိုတာတော့ ငါလည်းမပြောတတ်ဘူး…”

“ အဆင့်(၃)တောင်မှ ငါတို့ ကြယ်ဒေသကပဲရဖို့များတယ်.. တကယ်လို့ မတော်တဆ တခြားဒေသကတစ်ယောက်သာ စိတ်ဝိညာဉ်မီးတောက်ကို ရသွားမယ်ဆိုရင် ကြယ်ဒေသအတွက် ထိုးနှက်ချက်ကြီးတစ်ခုဖြစ်သွားလိမ့်မယ်….”

အားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြ၏။

ယခုအချိန်တွင် ရွှမ်ယီက ကြယ်ဒေသ မဟာပြိုင်ပွဲ ကျင်းပရာနေရာ၌ အပြုံးတစ်ခုဖြင့် ရှိနေခဲ့သည်။

“ သွားတော့..နက်နဲဓားဂိုဏ်းက တပည့်တစ်ယောက်အနေနဲ့ မင်းတို့ ဘယ်အဆင့်ထိ အောင်မြင်နိုင်မလဲ ကြည့်မယ်… တစ်ခါတည်း လွန်ခဲ့တဲ့(၆)အတွင်း လေ့ကျင့်မှုရလဒ်တွေကိုလည်း ကြည့်ရတာပေါ့…”

(၆)ယောက်လုံး ခေါင်းညိတ်လိုက်ကြပြီး တိုက်ပွဲ၀င်လိုစိတ်အပြည့်နှင့် ကြယ်သားရဲ လျှို့ဝှက်နယ်မြေအတွင်း ၀င်သွားကြသည်။

တစ်ဖက်တွင် ရွှေချပ်ကာများ၀တ်ဆင်ထားသည့် ပိုင်ချန်အကယ်ဒမီမှ (၅)ဦးကလည်း အေးစက်ကာ မောက်မာဟန်အပြည့်နှင့် ပတ်၀န်းကျင်အား တစ်ချက်ဝေ့ကြည့်ပြီး နှာခေါင်းရှုံ့ကာ လျှို့ဝှက်နယ်မြေအတွင်း ၀င်သွားကြ၏။

ရွှစ်…

ကြယ်ရောင်များ တစ်ဖျတ်ဖျတ်နေသောလူတစ်ဦး ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ သူ၏ အမူအရာက ထူးမခြားနားဟန်ရှိနေခဲ့ပြီး တစ်ကိုယ်လုံးမှ ညင်သာစွာတောက်ပနေသည့် ကြယ်ရောင်များက သူ့အား အင်မော်တယ် ကြယ်နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရ၏။

ဟူး…

တစ်ချိန်တည်းတွင် လရောင်ဖျော့ဖျော့တောက်ပနေသည့် ပုံရိပ်တစ်ခုလည်း ရောက်လာခဲ့သည်။ ထိုပုံရိပ်က အဖြူရောင်၀တ်စုံ၀တ်ဆင်ထားပြီး အေးစက်သော မျက်နှာထားနှင့် လှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ရှင်းဝူဟန်ထံသို့ တောက်ပသောအကြည့်တစ်ချက် ပို့လွှတ်လိုက်၏။

နှစ်ယောက်သား အကြည့်ချင်းဆုံသွားပြီး လှောင်ရယ်သံသဲ့သဲ့ထွက်ပေါ်လာသည်။ ထို့နောက်သူတို့လည်း ကြယ်သားရဲ လျှို့ဝှက်မြေအတွင်း ၀င်သွားကြ၏။

“ ဘာများလဲ…”

ထိုနှစ်ယောက်က ထူးခြားနေဟန်ရသဖြင့် ရွှမ်ယီက စနစ်ဖြင့်စစ်ဆေးလိုက်ရာ တစ်ယောက်က ကြယ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီး နောက်တစ်ယောက်က လဝိညာဉ်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားကြောင်း တွေ့လိုက်ရသည်။

“ စိတ်၀င်စားစရာပဲ…”

ရွှမ်ယီ၏ မျက်နှာထက်၌ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

ကြယ်ဝိညာဉ်ခန္ဓာကိုယ်က ကြယ်များနှင့် နီးကပ်သော ဆက်နွယ်မှုရှိပြီး ကျင့်ကြံမှုအမြန်နှုန်းကို မြှင့်တင်ပေးနိုင်၏။ ထို့ပြင် တိုက်ပွဲတွင်လည်း တိုက်ခိုက်ရေးစွမ်းအားကိုမြှင့်တင်ပေးနိုင်သောကြောင့် အလွန်သန်မာသော စိတ်ဝိညာဉ်ခန္ဓာကိုယ်ဟု ဆိုနိုင်သည်။

လဝိညာဉ်ခန္ဓာကိုယ်ကမူ လနတ်ဘုရား၏ ကောင်းချီးပေးခြင်းခံရသော ခန္ဓာဖြစ်ပေသည်။ လရောင်အလင်းရောက်အောက်တွင် တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆတိတိမြှင့်တင်ပေးနိုင်၏။ သူကလည်း အားနည်းခြင်းမရှိပေ။

ရွှမ်ယီ အနည်းငယ်သက်ပြင်းချလိုက်မိသည်။

ဤကြယ်ဒေသကား အမှန်တကယ်ကို ပါရမီရှင်များ ပြည့်နှက်နေ၏။

ကြယ်ဝိညာဉ်ခန္ဓာနှင့် လဝိညာဉ်ခန္ဓာတို့က သန်မာသော်လည်း သူကိုယ်တိုင်သေချာလေ့ကျင့်ပေးထားသော တပည့်များအား ယှဉ်နိုင်မည်မထင်ပေ။ သူ့တပည့်များအတွက် ခြေနင်းကျောက်တုံးများ ဖြစ်သွားပေလိမ့်မည်။

တပည့်များအပေါ် ရွှမ်ယီ ယုံကြည်ထား၏။

ပြိုင်ပွဲ၀င်များအားလုံး ၀င်ရောက်ပြီးနောက် ကြယ်သားရဲလျှို့ဝှက်နယ်မြေ ပိတ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် ကောင်းကင်ထက်၌ ပုံရိပ်ယောင် အဆင့်ဘုတ်ပြားကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ပြိုင်ပွဲ တရား၀င်စတင်ချေပြီ။

ဆွှစ်ရှ်…

အသက်ရှုကြိမ် အနည်းငယ်ကြာပြီးနောက် အဆင့်ဘုတ်ပြားထက်မှ အဆင့်များ စတင်ပြောင်းလဲလာ၏။

ကြယ်ဒေသမှ လူများ၏ မျှော်လင့်ချက်မျက်၀န်းများ ရှင်းဝူဟန်နှင့် နတ်သမီး ရင်မန်တို့၏ အမည်များထက်၌ ရှိနေသည်။ သို့သော် သူတို့နှစ်ဦး နာမည်က ထိပ်ဆုံး၌မဟုတ်ပေ။ သို့သော် နောက်တစ်ကြိမ် အဆင့်ပြောင်းလဲချိန်၌ ထိပ်ဆုံးရောက်သွားမည်ဟု ယုံကြည်ကြသည်။

ဆွှစ်ရှ်.. ဆွှစ်ရှ်.. ဆွှစ်ရှ်…

အဆင့်ဘုတ်ပြားက အဆက်မပြတ်ပြောင်းလဲနေပြီး အဆင့်များလည်း အဆက်မပြတ်ပြောင်းလဲနေသည်။ တဖြည်းဖြည်း ကြယ်မြို့ထဲရှိ လူတိုင်း၏ မျက်၀န်းများ တဖြည်းဖြည်းထူးဆန်းလာခဲ့သည်။

ရှင်းဝူဟန်နှင့် နတ်သမီး ရင်မန်တို့နှစ်ဦးလုံး ထိပ်ဆုံးသို့မရောက်သေးပေ။ သူတို့ရှေ့တွင် လူတစ်ဒါဇင်ခန့်ရှိနေ၏။

“ အဆင့်သတ်မှတ်ချက်က မှားနေတာလား…”

“ နက်နဲဓားဂိုဏ်းဆိုတာ ဘာကြီးလဲဟ..”

လူတချို့က အဆင့်ဘုတ်ပြား၌ ချို့ယွင်းချက်ရှိနေသည်ဟု ထင်မြင်နေကြချေပြီ။

အချိန်အတန်ကြာသွားသည့်တိုင် ထိပ်ဆုံး(၆)ဦးအမည်များက မပြောင်းလဲပေ။ ထိုအမည်များက သူတို့တစ်ခါမှမကြားဖူးသော အမည်များဖြစ်နေပြီး တူညီသောဂိုဏ်းတစ်ခုတည်းမှ လာသူများဖြစ်ကြ၏။

သူတို့အမှတ်များအားကြည့်လိုက်လျှင် ထိပ်ဆုံးမှ တစ်ယောက်အမည်က ယုလင်းလုံဖြစ်ပြီး အမှတ်(၁)သိန်းရှိနေသည်။

အဆင့်(၂) - ကျန်းချန် ၊ အမှတ်(၈)သောင်း

အဆင့်(၃) - ကိုင်လင်းအာ …………..

“ ငါ အဲ့နာမည်တွေကို တစ်ခါမှမကြားဖူးဘူး.. သူတို့က ဘယ်သူတွေလဲ…”

ကြယ်မြို့တစ်ခုလုံး အံ့ဩမှုများ ပြည့်နှက်နေ၏။

အဆင့်(၇) နေရာတွင် ချန်ချင်းဖန်ဖြစ်ပြီး ထိုလူက သူတို့ ကြယ်ဒေသမှဖြစ်သည်ဟု ထင်ရသော်ငြား သူ့အမည်ကိုလည်း တစ်ခါမှမကြားဖူးခဲ့ပေ။

အဆင့် (၈) ၊ (၉) ၊ (၁၀) ၊ (၁၁) နေရာမှ လူများ၏ အမည်များကိုလည်း တစ်ခါမှမကြားဖူးချေ။

ကြယ်ဒေသ၌ အလွန်လူသိများသော ပါရမီရှင် ရှင်းဝူဟန်က အဆင့်(၁၂)၌ ရှိနေခဲ့သည်။

လူတိုင်း တိတ်ဆိတ်သွားခဲ့ပြီး အတန်းကြာမှ စကားသံတစ်ခုထွက်လာ၏။

“ သေချာတယ်.. အဆင့်ဘုတ်ပြား တစ်ခုခုမှားနေတာပဲဖြစ်ရမယ်…”

“ အဲ့တာတော့မဖြစ်နိုင်ဘူး.. ဒီအဆင့်သတ်မှတ်ချက် ဘုတ်ပြားကို ကြယ်မြို့သခင်ကိုယ်တိုင် ဖန်တီးထားတာ.. မှားမှာမဟုတ်ဘူး.. ရှင်းဝူဟန်က အမှန်တကယ် အဆင့်(၁၂)မှာ ရှိနေဝာာပဲဖြစ်မယ်…”

ကြယ်အဆင့်၌ နံပါတ်(၁)ဖြစ်သောငြား ပြိုင်ပွဲ၏ ပထမပွဲစဉ်၌ အဆင့်(၁၂)သာရှိလေသည်။

ထို့အပြင် ထိပ်ဆုံး(၆)ခုကို နက်နဲဓားဂိုဏ်းမှလူများအပိုင်သိမ်းထား၏။

နက်နဲဓားဂိုဏ်းဟူသောအမည်က လူတိုင်း၏ နှလုံးသားအား လေးလံသွားစေခဲ့သည်။

“ သူတို့ ပထမပွဲစဉ်မှာ ကံကောင်းသွားတာပဲဖြစ်မှာပါ.. ပြိုင်ပွဲက မပြီးသေးဘူး.. ကျန်သေးတယ်… ပြီးတော့ ရှင်းဝူဟန်နှင့် နတ်သမီး ရင်မန်တို့နှစ်ယောက်လုံး စွမ်းအားအပြည့်သုံးရဦးမှာမဟုတ်ဘူး….”

သူတို့အနေဖြင့် ဤသို့စကားဖြင့်သာ နှစ်သိမ့်နိုင်သည်။

သို့သော် ထိုစကားက ပတ်၀န်းကျင်မှ လူတိုင်း၏ စိတ်ထဲရောက်သွားခဲ့၏။

ပြိုင်ပွဲ၏ ပထမပွဲစဉ်တွင် ခွန်အားသာမက ကံကောင်းရန်လည်းလိုအပ်သည်။ နှစ်ခုလုံး မျှချေညီပါက ထိပ်ဆုံးရောက်သွားမည်ဖြစ်၏။

ထို့အပြင် ရှင်းဝူဟန်တို့နှစ်ဦး ခွန်အားအပြည့်အ၀ မသုံးရသေးခြင်းဖြစ်နိုင်ချေများသည်။

မဟာပြိုင်ပွဲကြီး၏ နောက်ဆုံးရလဒ်က နောက်ထပ်ပွဲစဉ်များနှင့် အဆင့်များအပေါ်မူတည်ပေသည်။

နောက်ပွဲစဉ်တွင် ထိပ်တန်း(၂၀)စစ်ထုတ်မည်ဖြစ်ပြီး

အစစ်အမှန်တိုက်ပွဲရင်ဆိုင်ရပေလိမ့်ည်။

အစစ်အမှန်တိုက်ပွဲတွင် ရှင်းဝူဟန်နှင့် နတ်းသမီရင်မန်တို့အား မည်သူမှ ယှဉ်နိုင်မည်မဟုတ်ဟု ကြယ်‌ဒေသမှလူများ ယုံကြည်နေ၏။

“ ပြိုင်ဘက်တိုင်းကို ချေမှုန်းနိုင်လိမ့်မယ်…”

တစ်စုံတစ်ယောက်ကအော်လိုက်သည်နှင့် ပတ်၀န်းကျင်မှ တုံ့ပြန်မှုများ လျင်မြန်စွာထွက်ပေါ်လာပြီး ပိုမိုကျယ်လောင်လာကာ လှိုင်းလုံးကြီးသဖွယ်ဖြစ်လာခဲ့၏။

ရွှမ်ယီက ၎င်းတို့အားကြည့်ကာ အနည်းငယ်ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

သူ၏ တပည့်များအားလုံး အင်ပါယာအဆင့်ကျင့်စဉ်အားကျင့်ကြံထားပြီး ဓားရည်ရွယ်ချက်ကိုနားလည်သည်ဖြစ်ရာ မည်သည့်တိုက်ပွဲကိုမှ မကြောက်ပေ။

All Chapters