← Chapters

အခန်း (၂၁၇)

Vol. 15 Ch. 217

အခန်း (၂၁၇)

Vol. 15 Ch. 217

ဤသို့ဖြင့် တတိပွဲစဉ်ပြီးဆုံးသွားသည်။

ရလဒ်များအနေဖြင့်

အဆင့်(၁) ယုလင်းလုံ ၊

အဆင့်(၂) ကျန်းချန် ၊

အဆင့်(၃) ကိုင်လင်းအာ ၊

အဆင့်(၄) မင်ယွဲ့ရှု ၊

အဆင့်(၅) ရှောင်ဟောင် ၊

အဆင့်(၆) ရှောင်ဖန် ဖြစ်သည်။

နက်နဲဓားဂိုဏ်းမှ (၆)ဦးက ထိပ်တန်း(၆)နေရာအား သိမ်းပိုက်သွား၏။

ကြယ်မြို့မှလူတိုင်း စင်မြင့်ထက်၌ ဂုဏ်ယူစွာ ရပ်နေသည့် နက်နဲဓားဂိုဏ်းမှ (၆)ဦးကို ကြည့်နေကြသည်။ နက်နဲဓားဂိုဏ်း၏ အမည်က ကြယ်ဒေသ၌ တောက်ပထွန်းလင်းသွားချေပြီ။

အစောပိုင်းတွင် ပထမပွဲစဉ်၌ နက်နဲဓားဂိုဏ်းမှ လူများ ထိပ်တန်း(၆) နေရာ ရရှိခဲ့စဉ် ကံကောင်းခြင်းဟု ထင်ခဲ့ကြ၏။ အချို့က ထို(၆)ယောက်အား တပည့်အဖြစ် လက်ခံရန်ပင် စဉ်းစားခဲ့ကြသည်။

သို့သော် ပြိုင်ပွဲအဆုံးထိ ထိုရလဒ်အတိုင်းရှိနေမည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြချေ။

နက်နဲဓားဂိုဏ်းမှ လူများက ပြိုင်ပွဲစကတည်းက အဆုံးထိ ထိပ်ဆုံးနေရာ၌ ရှိနေခဲ့၏။

၎င်းတို့က စည်းလုံးပြီး ရည်မှန်းချက်မြင့်မားဟန်ရသည်။

ထိုကဲ့သို့ ပါရမီရှင်များအား မည်သို့သော သတ္တိဖြင့် တပည့်လက်ခံရဲမည်နည်း။

အစောပိုင်းက တပည့်အဖြစ်လက်ခံရန် စိတ်ကူးထားသူများ ရှက်ရွံသလို ခံစားလိုက်ရ၏။

ဘုန်း…

ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ကြယ်ရောင်များ၀န်းရံလျက် ကြယ်ဘုရင်ထွက်ပေါ်လာခဲ့သည်။

သူ၏ မျက်နှာထက်၌ ရှုပ်ထွေးသော ခံစားချက်များရှိနေပြီး လက်ထဲ၌ စိတ်ဝိညာဉ်မီးတောက်အား ကိုင်ဆောင်ထားခဲ့သည်။ သူ့မျက်၀န်းများထဲ၌ မယုံကြည်နိုင်မှုများနှင့် နှမျောမှုများလည်း ရောယှက်ပါ၀င်နေ၏။

စိတ်ဝိညာဉ်မီးတောက်က အသက်ရှင်နေသော ဝိညာဉ်တစ်ကောင်အလားပင်။ လူတိုင်းအမြင်တွင် ၎င်းက အသက်ရှုနေဟန်ရပြီး ထိုအတိုင်း အဆုံးမဲ့ သံသရာလည်နေလေသည်။ တခါတရံ ၎င်းမှ မီးပွာလေးများ ဖြာထွက်လာပြီး လေဟာနယ်‌အားလောင်ကျွမ်းစေပြီး တိုက်ရိုက်ကြည့်ရှုနေသူများ၏ မျက်၀န်းများကို နာကျင်သွားသည်။

“ ဒါက စိတ်ဝိညာဉ်မီးတောက်ပဲ.. ယူလိုက်ပါ…”

စိတ်ဝိညာဉ်မီးတောက်…!

ပတ်၀န်းကျင်မှလူတိုင်း စိတ်ဝိညာဉ်မီးတောက်အား စိုက်ကြည့်နေကြပြီး အသက်ရှုသံများပင် မြန်လာခဲ့၏။

ထို စိတ်ဝိညာဉ်မီးတောက်နှင့် ပေါင်းစပ်နိုင်ပါက မီးစွမ်းအင် ပညာရပ်များအားလုံး သိသိသာသာစွမ်းအားတိုးလာမည်ဖြစ်သည်။ မှော်ဆေးပညာရှင်များကလည်း ထိုမီးတောက်အား အလွန်လိုချင်ကြ၏။

၎င်းက ကြယ်ဒေသအတွက် အလွန်အဖိုးတန်လှသည်။

ကြယ်မြို့မှ လူတိုင်း၏ အကြည့်များအောက်တွင် စင်မြင့်ထက်မှ (၆)ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အငယ်ဆုံးမိန်းကလေးက ရှေ့ထွက် လက်ခံလိုက်၏။

“ ယုလင်းလုံ.. သူမက အငယ်ဆုံးဆိုပေမယ့် အစွမ်းထက်ဆုံးဘဲ…”

“ ဒီစိတ်ဝိညာဉ်မီးတောက်နဲ့ဆိုရင်.. သူမ အများကြီး ပိုသန်မာလာတော့မယ်…”

ယုလင်းလုံက စိတ်ဝိညာဉ်မီးတောက်ကို လက်ခံလိုက်ပြီး ကြယ်ဘုရင်အား ကျေးဇူးတင်စကားဆိုလိုက်၏။

လက်ထဲ၌ စိတ်ဝိညာဉ်မီးတောက်အား ကိုင်ဆောင်ထားသည့် ယုလင်းလုံ၏ ပုံစံက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် နတ်သူငယ်မလေးတစ်ဦး အလားပင်။

ပတ်၀န်းကျင်မှ သိန်းနှင့်ချီသော အကြည့်များအောက်တွင် (၆)ယောက်လုံး စင်မြင့်ထက်မှ ဆင်းသွားကြ၏။

သူတို့က တစ်နေရာသို့လျှောက်သွားနေဟန်ရပြီး ၀တ်စုံဖြူ၀တ် လူငယ်လေးတစ်ဦး ရှေ့သို့ရောက်လျှင် ရပ်တန့်လိုက်ကြ၏။

“ ဆရာ.. ဆရာ့ဆန္ဒအတိုင်း ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး စိတ်ဝိညာဉ်မီးတောက်ကို ယူလာပါပြီ…”

ယုလင်းလုံက ဦးဆောင်ကာပြောလိုက်ပြီးနောက် (၆)ယောက်လုံး ရွှမ်ယီအား ဂုဏ်ယူစွာ ဂါ၀ရပြုလိုက်ကြသည်။

ရွှမ်ယီလည်း ပြုံးလိုက်ပြီး ထို(၆)ယောက်အား နှစ်သက်သဘောကျစွာကြည့်လိုက်၏။

“ ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားတာပဲ…”

ထို့နောက် စိတ်ဝိညာဉ်မီးတောက်မား လှမ်းယူလိုက်သည်။

ဟမ်…

ကြယ်မြို့မှ လူတိုင်း မှင်သက်သွားခဲ့သည်။

ထို မွန်းစတာ(၆)ယောက်က နက်နဲဓားဂိုဏ်းမှဖြစ်၏။ ယခု သူတို့မြင်နေရသည့် မြင်ကွင်းအရဆိုလျှင် သူတို့အားလုံး ထိုလူငယ်လေး၏ တပည့်များဖြစ်နေသလော။ အစောပိုင်းတွင် ၎င်းတို့အားလုံး နက်နဲဓားဂိုဏ်းမှဖြစ်ကြောင်း သိပြီးသိတိုင် ဆရာတစ်ဦးတည်း၏ တပည့်များဖြစ်မည်ဟု လုံး၀မမျှော်လင့်ထားခဲ့ကြပေ။

ထိုလူငယ်က အလွန်သန်မာဟန်ရပြီး သူ၏ ကျင့်ကြံဆင့်အား ထွင်းဖောက်မမြင်နိုင်ပေ။ သူက ပိုပြီးအဆင့်မြင့်တဲ့ မွန်းစတားကြီးလော…?

နက်နဲဓားဂိုဏ်းမှ လူ(၆)ယောက်နှင့် ဇာတ်မြစ်မသိရသူ(၅)ယောက်ရောက်လာခဲ့ပြီး ပြိုင်ပွဲက ကမောက်ကမဖြစ်သွားခဲ့သည်။

သူတို့ ခန့်မှန်းစီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ပေ။

ယခုအချိန်တွင် သူတို့စိတ်ထဲ၌ အတွေးတစ်ခုသာရှိ၏။ ကြယ်ဒေသ နံပါတ်(၁) ရှင်းဝူဟန်အား ထိုအဖြူ၀တ်လူငယ်က တပည့်အဖြစ် ခေါ်ဆောင်သွားရန်ပင်။ ရှင်းဝူဟန်၏ ပင်ကိုယ်ပါရမီနှင့်ဆိုပါက ထိုလူငယ်၏ တပည့်ဖြစ်သွားလျှင် ကျားကိုအတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေမည်။

……

ထိုအချိန်တွင်

တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်း(၁၀၀) ၀န်းကျင်ရှိ ဒေသများ၌…

အလွန်များပြားသော ထူးဆန်းသည့် သတ္တဝါများ အုပ်စုလိုက်စုစည်းနေသည်။ ၎င်းတို့က လူသားများနှင့် အနည်းငယ်ဆင်တူသော်လည်း နတ်ဆိုးများနှင့် ပိုဆင်တူ၏။ ၎င်းတို့တွင် သံချပ်ကာများနှင့်တူသော အကြေးခွံများ ၊ ရှည်လျား ချွန်ထက်သည့် အပြာရောင်သွားများ ၊ ရှည်လားသော ခြေလက် အင်္ဂါများနှင့်ဖြစ်ပြီး ၎င်းတို့အား တစ်သျှူးအလွှာတစ်လွှာဖြင့် ဖုံးအုပ်ထားသေးသည်။

၎င်းတို့က အဆုံးမဲ့ပင်လယ်တွင် နေထိုင်ကြသော ပင်လယ်သားရဲများဖြစ်ကြသည်။ ၎င်းတို့၏ အရေအတွက်က အလွန်များပြားပြီး အစွမ်းလည်းထက်ပေသည်။

အဆုံးမဲ့ပင်လယ်ဆိုသည်မှာ နက်နဲခြင်း နတ်ဘုရားကုန်းမြေကြီး၏ တိုက်ကြီး(၅)ခုအား ၀န်းရံထားသည့် ကျယ်ပြန့်သောသမုဒ္ဒရာကြီးအား ဆိုလိုခြင်းဖြစ်သည်။

နက်နဲခြင်းနတ်ဘုရားကုန်းမြေကြီး၌ တိုက်ကြီး(၅)ခုအား အဆုံးမရှိသော ပင်လယ်ရေထုကြီးက ၀န်းရံထားသည်။ တောင်ပိုင်းတိုက်ကြီးအား ၀န်းရံထားသော အဆုံးမဲ့ပင်လယ်ကို တောင်ပိုင်းပင်လယ်ဧရိယာဟု ခေါ်တွင်သည်။

ကြီးမားကျယ်ပြန့်သော တောင်ပိုင်းပင်လယ်ကြီးထဲ၌ မရေမတွက်နိုင်သည့် ပင်လယ်သားရဲများ ရှိသည်။

ယခုအချိန်တွင် ၎င်းတို့က တောင်ပိုင်းတိုက်ကြီးအား ကျူးကျော်နေခြင်းဖြစ်၏။

ငံကျိကျိ အနံ့အသက်နှင့် မီးခိုးနက်ရောင်ရှိသည့် နတ်ဆိုးအော်ရာက အဓိကနေရာများသို့ ရိုက်ခတ်သွားသည်။ ထို့ထဲတွင် ဘုရင်အဆင့် နတ်ဆိုးအော်ရာများစွာ ပါ၀င်၏။

တောင်းပိုင်းတံခါးဒေသသည် တောင်ပင်လယ်နှင့် နီးစပ်သော နေရာတွင်တည်ရှိပြီး တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်းဒေသ(၁၀၀)ထဲ၌ ပါ၀င်သည်။ ထိုဒေသ၌ အစွမ်းထက်ဆုံးမှာ မူလဘုရင်အဆင့်သာရှိ၏။

လက်ရှိအချိန်တွင် ထိုဒေသ၌ စစ်ပွဲကြီးဖြစ်နေလေသည်။

“ ရဲတင်းလိုက်တဲ့ ကာရာကန်… မင်းက လူသားနယ်မြေကို ကျူးကျော်ရဲတာလား…”

ထိုဒေသမှ အဆင့်မြင့်ဆုံးကျင့်ကြံသူက ရန်သူအုပ်အတွင်း တိုက်ခိုက်ရန်ပြေး၀င်သွား၏။ တစ်ချိန်တည်းမှာ သူ၏ လက်အတွင်းကိုင်ဆောင်ထားသည့် ကျောက်စိမ်းတုံးမှနေပြီး တောက်ပသောအလင်းရောင်ထွက်ပေါ်လာပြီး သူ့လက်ထဲမှ ထွက်ခွာသွားတော့မည်။

ရွှစ်ရှ်..

သို့သော် သူ၏ တိုက်ခိုက်မှု မပြီးဆုံးသေးခင် အလွန်ကြီးမားသည့် လက်သည်းကြီးတစ်ခုက အပြာရောင်အလင်းတန်းများတောက်ပလျက် ထွက်ပေါ်လာပြီး သူ၏ တိုက်ခိုက်မှုအား ရပ်တန့်သွားစေသည်။

ထို့အပြင် ပင်လယ်သားရဲများအကြားမှ နောက်ထပ် ပုံရိပ်(၂)ခု ထက်မံထွက်ပေါ်လာပြန်၏။ သူတို့အား ရေအလင်းတန်းများဖြင့် ၀န်းရံထားပြီး ခရင်းခွအားကိုင်ဆောင်ကာ အေးစက်သော အကြည့်များဖြင့် ထွက်ပေါ်လာကြသော်လည်း ရုတ်တရက် သေဆုံးသွားကြ၏။

တိုက်ကွက်အနည်းငယ်ခန့်ကြာပြီးနောက် တောင်ပိုင်းတံခါးဒေသ၏ ဘုရင်အဆင့်ကျင့်ကြံသူလည်း ကျဆုံးသွားခဲ့သည်။

“ ဝှစ်ရှ်…”

သူမသေဆုံးခင် အရှိန်အဝါတစ်ခု အရှိန်အဟုန်အပြည့်ဖြင့် ထွက်ပေါ်လာပြီး လေဟာနယ်အတွင်းသို့ ၀င်ရောက်ပြီး ပတ်၀န်းကျင်ဒေသများသို့ ရောက်ရှိသွားခဲ့သည်။

ပင်လယ်သားရဲများအကြားမှ ခေါင်းဆောင်ဖြစ်သူက ထိုပျက်စီးသွားသော လေဟာနယ်နေရာကိုစိုက်ကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်၏။ ထို့နောက် သူက ထူးမခြားနားသော လေသံဖြင့် အမိန့်ပေးလိုက်လေသည်။

“ သတ်…”

ဘုန်း..

မရေမတွက်နိုင်လောက်သည့် ပင်လယ်သားရဲများ အော်ဟစ်ပြီး အဆင်မပြတ် ပြင်းထန်းစွာ တိုက်ခိုက်ကြတော့သည်။

၎င်းတို့အား စီရန်ဟု ခေါ်ဆိုရခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ ပင်လယ်အား ထိန်းချုပ်နိုင်သောကြောင့်ဖြစ်၏။

ထိုပင်လယ်သားရဲများက ၎င်းတို့ရှေ့ ရှိသမျှ အရာအားလုံးကို သတ်ဖြတ်လိုက်ပြီးပါက သူတို့သိမ်းပိုက်ထားသော ဒေသအား ပင်လယ်ရေများ ဖုံးလွှမ်းသွားပေလိမ်မည်။

နေ့၀က်အတွင်း တောင်းပိုင်းတံခါးဒေသ၏ နယ်မြေအများစု ပင်လယ်ရေအောက်ရောက်သွားချေပြီ။ ရေပေါ်၌ မရေမတွက်နိုင်သည့် သွေးများနှင့် အလောင်းများ ပြန့်ကျဲနေ၏။

တောင်ပိုင်းတံခါးဒေသ ပင်လယ်သားရဲများလက်အောက်၌ ရှုံးနိမ့်သွားချေပြီ။

All Chapters