← Chapters

အခန်း (၂၁၉)

Vol. 15 Ch. 219

အခန်း (၂၁၉)

Vol. 15 Ch. 219

ထိုအချိန်တွင် အဇူရာဘုရင်ဦးဆောင်သည့် အဇူရာဒေသမှ ဘုရင်များ ပင်လယ်သားရဲဘုရင်အဆင့်များ၏ ဖိအားပေးတိုက်ခိုက်ခြင်းကိုခံနေရသည်။

“ သခင်လေးရွှမ်ယီက ဘယ်ချိန်မှ ရောက်လာမလဲ မသိဘူး…”

‘ နည်းနည်းပိုကြာနေရင် အားလုံးသေကုန်တော့မယ်…’

လူတိုင်းက အဖြူ၀တ်လူငယ်လေးနှင့် နှင်းဖြူရောင်၀တ်ရုံနှင့် ရေခဲနတ်သမီးပေါ်လာမည့် အချိန်အား မျှော်လင့်စောင့်စားနေကြ၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ မျှော်လင့်ချက်များနေရာတွင် စိတ်ပျက်မှုများ အစားထိုး၀င်ရောက်လာခဲ့သည်။

အများစုက မျက်စိမျက်နှာပျက်နေကြချေပြီ။

ဝုန်း… ဒုန်း..

ထိုအချိန်တွင် ကောင်းကင်ထက်၌ အရောင်အသွေးစုံလင်သော အရှိန်အဝါများနှင့်တကွ ဖိအားများစွာ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ထံမှ အလွန်ပြင်းထန်သော တိုက်ခိုက်မှုမျိုးစုံ ထွက်ပေါ်လာ၏။

ထို့နောက် အဇူရာဘုရင်တို့အဖွဲ့အား ဖိအားပေးတိုက်ခိုက်နေသည့် ပင်လယ်သားရဲများအားလုံး သွေးမှုန်းများအဖြစ်ပြောင်းလဲသွားလေသည်။

လူတိုင်း၏ မျက်ခမ်းများ တစ်ဆတ်ဆတ်တုန်ခါသွား၏။

ရာနှင့်ချီသော ဘုရင်အဆင့်များ ရုတ်တရက်ထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်သည့် မြင်ကွင်းက အလွန်ခမ်းနားလှသည်။

အဇူရာဘုရင်က အံ့အားသင့်နေသည့်ကြားမှ ရှေ့ထွက်သွားပြီး

“ မိတ်ဆွေ‌တို့က ဘယ်သူတွေများလဲ သိပါရစေ…”

ရွှမ်မိသားစုအားဦးဆောင်လာသည့် ခေါင်းဆောင်က ရယ်မောလိုက်ပြီး

“ ဟားဟား.. တွေ့တာ၀မ်းသာပါတယ်.. ငါတို့က ကောင်းကင်ဒေသ ရွှမ်မိသားစုကပါ.. သခင်လေးရွှမ်ရဲ့ အမိန့်ကြောင့် လာကူညီပေးတာဘဲ…”

ထို့နောက် ၎င်းတို့အားလုံး လေဟာနယ်အားခွဲလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားကြတော့သည်။

အဇူရာဒေသမှ ဘုရင်များအားလုံး အံ့အားသင့်သွားကြ၏။

ကောင်းကင်ဒေသရွှမ်မိသားစု…

သခင်လေးရွှမ်ယီ…?

အဇူရာဒေသမှ ဘုရင်များအားလုံး အန္တရယ်ကင်းသွားပြီဖြစ်သောကြောင့် စိတ်လှုပ်ရှားပြီး တစ်ယောက်ကိုတစ်ယောက် ၀မ်းသာအားရကြည့်လိုက်ကြသည်။

ထိုအချိန်တွင်

ကြက်သွေးနတ်ဆိုးဒေသ ၊ နက်နဲဓားဂိုဏ်း…

မုန်ညင်းဘုရင်နှင့် ဆီးနှင်းဘုရင်တို့က ရှေ့ဆုံးမှဦးဆောင်ပြီး ကာကွယ်တိုက်ခိုက်နေ၏။ သို့သော် အင်အားမမျှသည်ဖြစ်ရာ မကြာမီရှုံးနိမ့်တော့မည်ဖြစ်ပြီး မျက်၀န်းများထဲ၌ စိတ်ပျက်မှုများ ထွက်ပေါ်လာခဲ့သည်။

သို့သော် ကောင်းကင်ယံထက်၌ တောက်ပသော အလင်းတန်းများစွာ ထွက်ပေါ်လာ၏။ ထို့နောက် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားသကဲ့သို့ဖြစ်သွားပြီး လေဟာနယ်အား ကွဲထွက်သွားစေကာ ကျူးကျော်လားသည့် ပင်လယ်သားရဲများအားလုံး ပျက်စီးသွားခဲ့လေသည်။

မုန်ညင်းဘုရင်က အလွန်အံ့အားသင့်သွားပြီး မော့ကြည့်မိလိုက်၏။

ကောင်းကင်ထက်၌ ရာနှင့်ချီသော ဘုရင်များ ပြည့်နှက်နေခဲ့သည်။

“ ခင်ဗျားတို့ရဲ့ အကူအညီအတွက်.. နက်နဲဓားဂိုဏ်းက သခင်ရွှမ်ယီကိုယ်စား ကျုပ်က ကျေးဇူးအများကြီးတင်ပါတယ်…”

မုန်ညင်းဘုရင်က ပါးနပ်စွာစကားဆိုလိုက်၏။ ထိုဘုရင်များက ကြက်သွေးနတ်ဆိုးဒေသအား သိမ်းပိုက်သွားမည်စိုးသောကြောင့် ရွှမ်ယီ၏ အမည်အား ကာဗာယူလိုက်ခြင်းဖြစ်သည်။

ရွှမ်မိသားစုအား ဦးဆောင်လာသော ဘုရင်အလွန်အံ့ဩသွား၏။

နက်နဲဓားဂိုဏ်း…?

ဒါက ရွှမ်ယီရဲ့ ဂိုဏ်းမဟုတ်ပေလော…!

“ ကျေးဇူးတင်နေစရာမလိုပါဘူး… ကျုပ်တို့အားလုံး မိသားစုတွေပါဘဲ…”

သူက ပျော်ရွှင်စွာ တုံ့ပြန်လိုက်၏။

“ ဟမ်…”

မိသားစု…?

မုန်ညင်းဘုရင်က နားကြားမှားသွားသည်ဟု ထင်လိုက်မိသည်။

သူတို့မိသားစုထဲ ဤမျှ များပြားပြီး အစွမ်းထက်သော ဘုရင်များ ဘယ်တုန်းက ပေါ်ပေါက်လာခဲ့သနည်း…?

“ တောင်ပိုင်းဒေသကိုကျူးကျော်လာတဲ့ ပင်လယ်သားရဲတွေကိုသတ်ဖို့ ကျုပ်တို့ကို သခင်လေးရွှမ်ယီက တောင်းဆိုခဲ့တယ်…”

“ ပြီးတော့ ကောင်းကင်ဒေသမှ ကိုင်မိသားစုနှင့် ရွှမ်မိသားစုတို့က ထာ၀ရမဟာမိတ်တွေဘဲ.. ဒီတော့ အရမ်းယဉ်ကျေးနေစရာမလိုပါဘူး…”

ကောင်းကင်ထက်မှဘုရင်များအားလုံး ကြင်နာသောအမူအရာများဖြင့် ပြုံးနေကြ၏။

မုန်ညင်းဘုရင်နှင့် ဆီးနှင်းဘုရင်တို့၏ နှလုံးသားများ တုန်ခါသွားပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ရွှမ်ယီ သူတို့ဒေသမှ ထွက်ခွာသွားတာ ဘယ်လောက်ကြာသေးလို့လဲ…

ဒီလောက်အင်အားစုကြီးကို ဘယ်လိုများ စုဆောင်းလိုက်ပါလိမ့်…!

ဤကဲ့သို့ စွမ်းဆောင်မှုအား ရာဇ၀င်ထဲတွင် သူရဲကောင်းဘယ်လောက်များများ လုပ်နိုင်ခဲ့ကြသနည်း…?

………….

ယခုတစ်ကြိမ်တွင် ထိပ်တန်းကလန်တစ်ခုဖြစ်သည့် ကာရာကန် ကလန်က အဇူရာ ဒေသနှင့် ကြက်သွေးနတ်ဆိုး ဒေသအပါအဝင် အခြားသောဒေသများကို တစ်ချိန်တည်း ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့၏။

အဆင့်နိမ့်ဒေသများအား ပင်လယ်သားရဲများက သိမ်းပိုက်ထားပြီးဖြစ်သည်။

ကာရာကန် ကလန်၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် အခြားသော ဒေသအားလုံးမှ ဘုရင်အဆင့်ကျွမ်းကျင်သူများ အားလုံးကို ကျဆုံးစေခဲ့သည်။

ထို့ကြောင့် ကြက်သွေးနတ်ဆိုး ဒေသအား ကယ်တင်ပြီးနောက် ကိုင်မိသားစု ခေါင်းဆောင်၏မျက်နှာ

သုန်မှုန်သွားခဲ့သည်။သူက ဘုရင်အဆင့် ကျင့်ကြံသူရာကျော်အား ခေါင်းဆောင်ပြီး တစ်ခြားသော ဒေသများသို့ သွားရောက်ပြီး အရူးအမူးတိုက်ခိုက်ခဲ့သည်။

အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် ဒန်လန် ဒေသသို့ ရောက်လာခဲ့၏။

ဘုန်း….

ရာနှင့်ချီသော ဘုရင်အဆင့်များထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါများက ပင်လယ်သားရဲများ အားလုံးကို အငွေ့ပျံ ပျောက်ကွယ်သွားစေခဲ့သည်။ပင်လယ်သားရဲများဘက်မှ ဘုရင်အဆင့် ကျွမ်းကျင်သူများက အခြေအနေမကောင်းတော့မှန်းကို ရိပ်မိပြီး ချက်ချင်းလှည့်ပြေးရန် ကြိုးစားလိုက်ကြ၏။

ရွှစ်….

လေဟာနယ် ကွဲအက်သွားပြီး လူတိုင်း၏ ပုံရိပ်များ မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။သူတို့၏ နောက်ထပ်ဦးတည်ရာက တိမ် ဒေသဖြစ်၏။

တိမ် ဒေသပြီးနောက် မြစ် ဒေသ ၊ ပန်း ဒေသ ၊ လျှို ဒေသ ၊ ဂွမ်လန် ဒေသနှင့် အန်း ဒေသထိ သွားရောက်ခဲ့ကြသည်။ထို လူသားမျိုးနွယ် ဒေသများအတွင်း မရွေမတွက်နိုင်သော လေဟာနယ် အက်ကွဲကြောင်းများ ထွက်ပေါ်လာ၏။

ထို လေဟာနယ် အက်ကွဲကြောင်းများမှ တဆင့် ရာနှင့်ချီသော ဘုရင်အဆင့်ကျွမ်းကျင်သူများ ထွက်ပေါ်လာကာ အားနည်းသော ပင်လယ်သားရဲများ အားလုံးကို ချေမှုန်းခဲ့သည်။သူတို့၏ ပြင်းထန်သော စွမ်းအားများအောက်တွင် ပင်လယ်သားရဲများ အားလုံး ပျက်ဆီးပျောက်ကွယ်သွား၏။

ကျူးကျော်တိုက်ခိုက်သော ပင်လယ်သားရဲများ အားလုံးမှာ ပင်လယ်သားရဲ ကလန်များမှ လာကြခြင်းဖြစ်သည်။၎င်းတို့၏ ကလန်များ မည်မျှအားကောင်းသည် ဖြစ်စေကာမူ ၎င်းတို့ထံတွင် ဘုရင်အဆင့်သားရဲ တစ်ဒါဇင် ခန့်လောက်သာရှိ၏။၎င်းတို့အနေဖြင့် ရာနှင့်ချီသော လူသားမျိုးနွယ်၏ ဘုရင်အဆင့်ကျွမ်းကျင်သူများအား မည်သို့ခုခံနိုင်မည်နည်း..။

ထို ရာနှင့်ချီသော ဘုရင်များကြားထဲတွင် အထွတ်အထိပ် လူသားဘုရင်အဆင့်များလဲ ပါဝင်သည်။

နာရီအနည်းငယ်အတွင်း လူသားမျိုးနွယ်၏ နယ်မြေများအား ကျူးကျော်လာခဲ့သော ပင်လယ်သားရဲများ အားလုံး သတ်ဖြတ်ခြင်းခံလိုက်ရ၏။

အလွန်ရည်မှန်းချက်ကြီးသော ကာရာကန် ကလန်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် မည်သူမှ ညှာတာခြင်းမရှိခဲ့ပေ။

“အခု နောက်ထပ်ဒေသတစ်ခုပဲ ကျန်တော့တယ်…”

ကိုင်မိသားစု ခေါင်းဆောင်က သတ်ဖြတ်ငွေ့များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ရှေ့သို့လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။

အကယ်၍ ထိုပင်လယ်သားရဲများ အားလုံး ယနေ့ မသေဆုံးပါက လူသားမျိုးနွယ်သည် နောက်ထပ်နှစ်အနည်းငယ် ကြာတိုင်း တိုက်ခိုက်ခံနေရမည်ဖြစ်၏။ ထိုအချိန်တွင် ပို၍ပင် အင်အားတောင့်တင်းလာနိုင်သည်။

ယခုအချိန်တွင် သူတို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ၎င်းတို့အားလုံးကို သတ်ဖြတ်ရန်ဖြစ်၏။

နောက်ဆုံးဒေသအား ရှင်းလင်းပြီးလျှင် အဆုံးမဲ့ ပင်လယ်ကို တိုက်ခိုက်ရမည်။

နောက်ဆုံးသော ဒေသ..

တောင်ပိုင်းကောင်းကင် ဒေသ…

ဤဒေသသည် အဆုံးမဲ့ ပင်လယ်နှင့် အနီးစပ်ဆုံး လူသားမျိုးနွယ် ဒေသဖြစ်၏။အဆုံးမဲ့ပင်လယ်၏ တိုက်ခိုက်မှုအား ခုခံကာကွယ်ရာ၌ ပထမတန်းခံစစ် ဟုပင် ဆို၍ရသည်။

တောင်ပိုင်းကောင်းကင် ဒေသတွင် ဘုရင်အဆင့်ကျွမ်းကျင်သူ တစ်ဦးတည်းသာရှိသော်လည်း သူက အလွန်အစွမ်းထက်လှ၏။လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ပင်လယ်သားရဲများအား ရက်ရက်စက်စက် သတ်ဖြတ်ကာ ၎င်းတို့အား ထိတ်လန့်စေခဲ့သည်။

သို့သော် ဤတစ်ကြိမ် အသေအချာစီစဥ်ထားသော ပင်လယ်သားရဲ ကျူးကျော်မှုတွင် တောင်ပိုင်းကောင်းကင် နယ်မြေ၏ဘုရင် ကျရှူံးသွားပြီး တောင်ပိုင်းကောင်းကင် ဒေသလဲ ပျက်စီးသွားခဲ့သည်။

ကိုင်မိသားစု ခေါင်းဆောင်က ဤဒေသမှ ဘုရင်အဆင့်ကျွမ်းကျင်သူအား ရင်းနှီးသည်။ယခုအချိန်တွင် သူ၏မျက်နှာက အလွန်အေးစက်နေပြီး ရုတ်တရက်ရုတ်တရက် ရှေ့တိုးသွား၏။

သူ့ထံမှထွက်ပေါ်လာသော စွမ်းအားက လေဟာနယ် တစ်ခုလုံးအား တုန်ခါသွားစေပြီး အနီးအနားရှိ ပင်လယ်သားရဲများအားလုံး ပေါက်ကွဲသွားစေသည်။

All Chapters