← Chapters

အခန်း (၂၂၀)

Vol. 15 Ch. 220

အခန်း (၂၂၀)

Vol. 15 Ch. 220

“လူသား.. ရပ်လိုက်တော့… ငါ့ရဲ့ပင်လယ်သားရဲကလန်က အခု နောက်ပြန်ဆုတ်တော့မယ်..”

တိုက်ခိုက်မှုတစ်ခုကြောင့် ပင်လယ်သားရဲများစွာ သေဆုံးသွားသည်ဖြစ်ရာ ထိုအထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသော တစ်ကောင်က ရှေ့ထွက်လာပြီး အော်ပြောလိုက်သည်။လူသားမျိုးနွယ်ဘက်မှ အဆင့်မြင့် ဘုရင်အဆင့်ကျွမ်းကျင်သူများ ရောက်လာကြပြီဖြစ်ရာ သူတို့အနေဖြင့် ဆက်လက်တိုက်ခိုက်နေလျှင်လဲ မည်သည့်အကျိုးကျေးဇူးမှ ရရှိတော့မည်မဟုတ်ပေ။

“ ပြန်ဆုတ်မှာလား..”

ကိုင်မိသားစုခေါင်းဆောင်က ရယ်မောလျက်

“မင်း ဒီကိုရောက်နေပြီဆိုမှတော့ ပြန်ဖို့မစဥ်းစားနဲ့တော့..”

ဘုန်း…

သူ့ထံမှ ကြီးကျယ်ခမ်းနားသော ခုနှစ်ရောင်ချယ်အလင်းတန်းများ ထွက်ပေါ်လာပြီး ထောင်ပေါင်းများစွာသော ပင်လယ်သားရဲများ မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

“ရပ်လိုက်စမ်း… ငါတို့ဖက်မှာ အစွမ်းထက်တဲ့ ဘုရင်အဆင့်ကျွမ်းကျင်သူတွေရှိသေးတယ် မင်းသေချင်နေတာလား…” ပင်လယ်နဂါးတစ်ကောင်က ကိုင်မိသားစု ခေါင်းဆောင်အား စိုက်ကြည့်ရင်း ခြိမ်းခြောက်စကားဆိုလိုက်သည်။

ဘုန်း…

သို့သော် ၎င်းအား နှုတ်ဆက်လိုက်သောအရာမှာ ကိုင်မိသားစု ခေါင်းဆောင်ထံမှ တိုက်ခိုက်မှုတစ်ခုသာဖြစ်၏။

“ငါသေချင်တာ မသေချင်တာနောက်ထား.. မင်းကတော့ ဒီနေ့ကစပြီး ကမ္ဘာပေါ်မှာ ဆက်ရှိနိုင်တော့မှာ မဟုတ်ဘူး…”

ရွှစ်…

ကိုင်မိသားစုခေါင်းဆောင် ဦးဆောင်သည့် ရာနှင့်ချီသောဘုရင်များက အဆုံးမဲ့ပင်လယ်၏ နက်ရှိုင်းသောအပိုင်းသို့ ဆက်လက် ဝင်ရောက်သွားခဲ့ကြသည်။

၎င်းတို့က လူသားဒေသအားကျူးကျော်ခဲ့သည့် ပင်လယ်သားရဲမျိုးနွယ်စုများစွာကို လိုက်လံဖမ်းဆီး သတ်ဖြတ်ခဲ့ကြသည်။ထိုအဖြစ်အပျက်က ထောင်ပေါင်းများစွာသော ပင်လယ်သားရဲ ကလန်တို့ကို ထိတ်လန့်ဒေါသထွက်စေခဲ့သည်။

သို့သော် ဝင်ရောက်စွတ်ဖက်သူတိုင်း အညှာအတာမဲ့ သတ်ဖြတ်ချင်းခံလိုက်ရ၏။

“ ကျေးဇူးပြုပြီး ဘိုးဘေးတို့ ကယ်ပါဦး…”

ပင်လယ်သားရဲ တစ်ကောင်က အော်ဟစ်ပြီး ဦးခေါင်းခွံတစ်ခုအား ထုတ်ယူကာ ခွဲချလိုက်၏။

ဘုန်း…

ပင်လယ်တစ်ခုလုံးတုန်ခါသွားပြီး အဆုံးမဲ့ပင်လယ်၏ နက်ရှိုင်းသော အရပ်ဒေသမှ အပြာရောင်မျက်နှာ၊ ချွန်ထက်သောအစွယ် နှင့် နက်ပြာရောင် သားရဲကြီးနှစ်ကောင် ရုတ်တရက်ရောက်ရှိလာခဲ့သည်။

ရွှစ်…

၎င်းတို့ထံမှ စွမ်းအားများထွက်ပေါ်လာပြီး ထိတ်လန့်ကြောက်ရွံ့နေသော ပင်လယ်သားရဲများကို ကာကွယ်ပေးလိုက်၏။

“ လူသား… ဒီလောက်ဆိုရပ်လိုက်သင့်ပြီ မဟုတ်လား…”

“ အဆုံးမဲ့ပင်လယ်က မင်းတို့လူသားမျိုးနွယ်တွေရဲ့နယ်မြေမဟုတ်ဘူး… ပြီးတော့ ငါတို့ပင်လယ်သားရဲမျိုးနွယ်မှာလဲ အစွမ်းထက်တဲ့ ဘုရင်တွေရှိသေးတယ်…”

၎င်းတို့က ကြီးမြတ်သော နတ်ဆိုးဘုရင်နှစ်ယောက်ဖြစ်ပြီး ယခုအချိန်တွင် ကိုင်မိသားစု ခေါင်းဆောင်အား အံကြိတ်လျက် စိုက်ကြည့်နေကြသည်။

သူတို့ကလဲ ကိုင်မိသားစုခေါင်းဆောင်ကဲ့သို့ လူသားဘုရင်အဆင့်များဖြစ်ကြသော်လည်း လူသားဘုရင်အထွတ်အထိပ်အဆင့်သို့ မရောက်ကြသေးပေ။

ထို့အပြင် ပင်လယ်သားရဲဖက်မှလူသားမျိုးနွယ်အား စတင်ကျူးကျော်ခဲ့ကြောင်း သူတို့သိထားကြသည်။ ပြောရမည်ဆိုလျှင် သူတို့အစကတည်းက ထိုကိစ္စအား သိထားပြီးဖြစ်၏။ သို့သော် လူသားမျိုးနွယ်၏ ပျော့ညံ့သောစိတ်ဓာတ်အား စမ်းသပ်လိုသဖြင့် တားဆီးခဲ့ခြင်းမရှိပေ။

ဤစစ်ပွဲ၌ ၎င်းတို့၏စနက်လဲ မကင်းပေ။ သို့သော် ယခုတွင် ကျူးကျော်ခဲ့သော ပင်လယ်သားရဲမျိုးနွယ်တိုင်း မျိုးတုန်းလုနီးပါး ဖြစ်နေချေပြီ။

ထို ပင်လယ်သားရဲများအားလုံး ပင်လယ်သားရဲ ကလန်၏ အစွမ်းထက်သော စစ်သည်များဖြစ်ကြ၏။ယခုအချိန်တွင် ပင်လယ်သားရဲဘုရင်နှစ်ပါး၏ စိတ်ထဲတွင် နောင်တများ ပြည့်နှက်နေချေပြီ။

“ အပိုတွေပြောမနေနဲ့…”

ကိုင်မိသားစု ခေါင်းဆောင်က အေးစက်စွာအော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ခုနှစ်ရောင်ချယ် အလင်းတန်းများပေါ်ထွက်လာခဲ့သည်။သူ၏အမူအရာက ကြောက်ရွံနေဟန် တစ်စက်မှမရှိပေ။

“ ပင်လယ်သားရဲတွေရဲ့ ဘုရင်လား…”

“တကယ်လို့ ကောင်းကင်ဘုရင် ရောက်မလာဘူးဆိုရင် မင်းတို့ကို ဒီနေ့ ဘယ်သူမှကယ်နိုင်မှာ မဟုတ်ဘူး…”

“ မင်းတို့ဘက်က ကောင်းကင်ဘုရင်တွေ ထွက်လာရဲမှာလား.. ဒါပေမယ့် ငါတို့လူသားတွေဘက်က ကောင်းကင်ဘုရင်က ချက်ချင်းရောက်လာလိမ့်မယ်…”

သူက ပင်းယု အကြောင်းကိုပြောလိုက်ခြင်းဖြစ်၏။ ပင်းယု၏ တည်ရှိမှုကို သူနားလည်ထားသည်။

“ မင်းတို့ လူသားမျိုးနွယ်ကို လာပြီးစော်ကားလို့မရဘူး…”

“မင်းတို့လုပ်ခဲ့တဲ့ အမှားရဲ့ တန်ကြေးကို မင်းတို့ပြန်ပေးဆပ်ရမယ်…”

ကိုင်မိသားစု ခေါင်းဆောင်က ၎င်း၏လက်နက်ကိုမြှောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အလင်းတန်းများထွက်ပေါ်လာကာ အဆုံးမဲ့ပင်လယ်အား လင်းထိန်သွားစေခဲ့သည်။

သူ့မျက်၀န်းများက အလွန်အေးစက်နေပြီး တစ်ခွန်းတည်းပြောလိုက်၏။

“ သေလိုက်တော့…”

ဘုန်း…

လူသားဘုရင် အထွတ်အထိပ်အဆင့်၏ ကြီးကျယ်ခမ်းနားသော စွမ်းအားများထွက်ပေါ်လာခဲ့သည်။ထိုစွမ်းအားက အဆုံးမဲ့ပင်လယ်၏ နက်ရှိုင်းသော အရပ်သို့တိုင်အောင် ပြန့်နှံ့သွားခဲ့သည်။

မရေမတွက်နိုင်သော ပင်လယ်သားရဲများ၏ ဒူးများအားနည်းသွားပြီး မြေပေါ်သို့

ဒူးထောက်ကျသွားခဲ့သည်။

ဧရာမ ပင်လယ်သားရဲဘုရင်နှစ်ကောင်၏ မျက်နှာ အလွန်ပျက်ယွင်းနေချေပြီ။၎င်းတို့က စိတ်ပျက်စွာနှင့် လက်သီးများအား တင်းကျပ်စွာ ဆုပ်လိုက်မိကြသည်။ထို့နောက် ကိုင်မိသားစုနှင့် ရွှမ်မိသားစု အဖွဲ့ဝင်တို့အား စိုက်ကြည့်လိုက်ပြီး ပင်လယ်အနက်ပိုင်းသို့ ပြန်လည်ဆုတ်ခွာသွားကြ၏။

ပင်လယ်သားရဲဘုရင်တစ်ပါး၏ မွေးဖွားခြင်းမှာ မလွယ်ကူလှပေ။ ပင်လယ်သားရဲမျိုးနွယ်စုအငယ်လေးများအတွက် လူသားမျိုးနွယ်၏ ထိပ်တန်းဘုရင်အဆင့်များအား ရန်စခြင်းကတန်ဖိုးမရှိလှပေ။

“မသွားပါနဲ့…”

ထိုမြင်ကွင်းအားမြင်လိုက်ရလျှင် ကာရာကန် ကလန်မှ သားရဲများ၏ မျက်လုံးများ ပြူးကျယ်လာပြီး အလွန်နောင်တရသွားခဲ့ကြသည်။

သူတို့ ကာရာကန် ကလန်က ပင်လယ်သားရဲ ကလန်အတွက် တိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ကာ ယခုတွင် ၎င်းတို့က သူတို့အား စွန့်ပစ်သွားချေပြီ။

“အသက်ချမ်းသာပေးပါ…”

ကာရာကန် ကလန်၏ ခေါင်းဆောင်က အသနားခံလိုက်သော်လည်း ရွှမ်မိသားစုက ၎င်းတို့အား မသက်ညှာပေးခဲ့ချေ။

၎င်းတို့အားခွင့်လွှတ်ရမည်လော…?

လူသားမျိုးနွယ်အား စတင်ကျူးကျော်စဥ်ကတည်းက အသက်ရှင်ရန် မတွေးသင့်တော့ပေ။

ယခုမှ နောင်တရဖို့ အလွန်နောက်ကျသွားခဲ့ပြီ။

အားလုံးပြီးဆုံးသွားချေပြီ။

“ သခင်လေးရဲ့ အမိန့်အတိုင်း ကာရာကန် ကလန်နဲ့ မဟာမိတ်အဖွဲ့တွေအားလုံး တစ်ကောင်မှ အသက်မရှင်စေနဲ့…”

“သတ်…”

“လူသားတွေရဲ့ နယ်မြေကိုကျူးကျော်တဲ့ကောင်တွေ တစ်ကောင်မှ အရှင်မထားနဲ့…”

ဘုန်း…

လူသားနယ်မြေအား ကျူးကျော်ခဲ့သည့် ပင်လယ်သားရဲများအားလုံး သုတ်သင်ရှင်းလင်းခြင်းခံလိုက်ရ၏။

ထိုကျူးကျော်တိုက်ပွဲတွင် မပါဝင်ခဲ့ကြသည့် ပင်လယ်သားရဲမျိုးနွယ်များ အားလုံး အလွန် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

………

ရွှမ်ယီထံသို့ အဆုံးမဲ့ပင်လယ်မှ သတင်းတစ်ခုရောက်လာခဲ့သည်။ ရွှမ်ယီက လက်ခံလိုက်ပြီးနောက် ခေါင်းတစ်ချက်ညိတ်ကာ ထိုကျောက်စိမ်းပြားလေးအား မင်ယွဲ့ရှုနှင့် ကျန်းချန်ထံသို့ပေးလိုက်၏။

“ လူသားနယ်မြေကိုကျူးကျော်တဲ့ ပင်လယ်သားရဲမျိုးနွယ်တွေအားလုံး ပျက်စီးသွားပြီ…”

မင်ယွဲ့ရှု မျက်လုံးပြူးသွားပြီး ရွှမ်ယီအား မယုံကြည်နိုင်စွာကြည့်လိုက်သည်။

ရွှမ်ယီက စကားတစ်ခွန်းက ဤမျှ အစွမ်းရှိသည်လော။

ရွှမ်ယီအား ငေးကြည့်နေရင်း ကျန်းချန်၏ ဓားနှလုံးသားပင် အနည်းငယ်လှုပ်ခတ်သွား၏။

‘ ဆရာရွှမ်ယီက ညကောင်းကင်ယံမှာ ထွန်းလင်းနေတဲ့ အတောက်ပဆုံးကြယ်တစ်ပွင့်လို လူတိုင်းထက်တောက်ပလွန်းတယ်.. အဲ့တာနဲ့မကသေးဘဲ သူ့နောက်ကွယ်က အင်အားတွေကလည်း တော်တော်ကြောက်စရာကောင်းတာဘဲ….’

ရွှမ်ယီက အသာအယာပြုံးလိုက်ပြီး သူ၏ တပည့်များအား အတွေ့အကြုံရစေရန်အတွက် နောက်ထပ်ဒေသများသို့ ဆက်လက်သွားရန်ဆုံးဖြတ်လိုက်သည်။

ပင်လယ်သားရဲများ ကျူးကျော်မှုသတင်းက တော်တော်ကြီးမား၏။

တောင်ပိုင်းတိုင်ကြီးရှိ ဒေသအများအပြားသို့ ပျံ့နှံ့သွားခဲ့သည်။

ထို့အပြင် နောက်ထပ်းသတင်းကြီးတစ်ခုလည်း ပျံ့နှံ့လာ၏။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က

တောင်ပိုင်းတိုက်ကြီး အရှေ့ငြိမ်းခြမ်းရေးဒေသရှိ လမြစ်၏ လရောင်တောင်စောင်းတွင် လမ်းလျှောက်နိုင် ၊ ပြေးနိုင် ၊ ပုန်းကွယ်နိုင်သော စိတ်ဝိညာဉ်မြက်အား တစ်စုံတစ်ယောက်က တွေ့ရှိခဲ့၏။

ထိုစိတ်ဝိညာဉ်မြက်ပင်က လပြည့်နေ့တွင်ပွင့်လန်းပြီး ၎င်းပတ်၀န်းကျင်တွင် အဖြူရောင်မြိုခိုးများ၀န်းရံလျက်ရှိသည်ဟု ဆိုသည်။ အရှည်က (၅)ပေ(၄)လက်မ၀န်းကျင်ရှိ၏။ ကြည့်ရသည်မှာ ပန်းတစ်ပွင့်နှင့်တူသော်လည်း ပန်းပွင့်လည်းဟုတ်ဟန်မရပေ။ ၎င်းက အနည်းဆုံး အဆင့်(၅)ရှိမည်ဟု လူတချို့က ခန့်မှန်းခဲ့ကြသည်။

အဆင့်(၅) စိတ်ဝိညာဉ်ပစ္စည်းအား ဘုရင်အဆင့်များ အသုံးပြုနိုင်သည်။ သေးငယ်ပြီး အရင်းအမြစ်နည်းပါးသော ဒေသလေးတစ်ခုအတွက် အလွန်ကြီးမားသော ရတနာတစ်ခုဖြစ်နေချေပြီ။

၎င်း၏ တန်ဖိုးအား သတိပြုမိသော တစ်စုံတစ်ယောက်က မိုင်ပေါင်းထောင်နှင့်ချီ၍ ခရီးထွက်ကာ မှော်ဆေးပညာရှင်များရှာဖွေပြီး သူတွေ့ခဲ့သော လက္ခဏာများအား ပြောပြခဲ့သည်။

မိမိဖာသာအန္တရာယ်များအား ရှောင်တိမ်းနိုင်သည့် စိတ်ဝိညာဉ်အပင်များမှာ သာမန်မဟုတ်ပေ။ အောင်မြင်စွာခူးဆွတ်နိုင်ရန် ၎င်း၏ သဘာ၀ကို ကောင်းစွာနားလည်သည့် မှော်ဆေးပညာရှင်တစ်ဦး လိုအပ်သည်။

အဆင့်(၅) မှော်ဆေးပညာရှင်တစ်ဦးက သတင်းကြားပြီး ထိုသတင်းလာပေးသော ဘုန်းတော်ကြီးထံသို့ အပြေးသွားခဲ့၏။

ထိုဘုန်းတော်ကြီး ရှင်းပြသည်များအား နားထောင်ပြီးနောက်

“ ဒါ.. ရီဝေဝေပန်း လီလီမြက်မဟုတ်လား…”

ထိတ်လန့်တကြား ရေရွတ်မိလိုက်၏။

All Chapters