← Chapters

အခန်း (၂၂၁)

Vol. 15 Ch. 221

အခန်း (၂၂၁)

Vol. 15 Ch. 221

ထိုမှော်ဆေးဘုရင်အနီးတွင် တခြားလူများလည်းရှိနေသည်ဖြစ်ရာ အံ့ဩသွားခဲ့ကြသည်။

ရီဝေဝေပန်း လီလီမြက်က ဘာကြီးလဲ…?

ထိုမှော်ဆေးဘုရင်က ပတ်၀န်းကျင်ရှိ နားမလည်သောလူများအား လျစ်လျူရှုလိုက်ပြီး ဘုန်းတော်ကြီးအား လေးနက်စွာကြည့်ကာ

“ အဲ့တာက ရှားပါးတဲ့ စိတ်ဝိညာဉ်နာမ်ပစ္စည်းဘဲ.. ကျုပ်တောင် စိတ်လှုပ်ရှားသွားတယ်.. ဒီခရီးကို ဆရာတော်ဦးဆောင်ပေးပါ.. ဖမ်းဆီးပြီးသွားရင် ကျုပ် အဖိုးအခပေးပါ့မယ်….”

ထို့နောက် ဘုန်းကြီးအား ခေါ်ဆောင်လျက် ထိုနေရာမှ ချက်ချင်းထွက်လာခဲ့သည်။ ထို့အပြင် နှစ်ပေါင်းများစွာစုဆောင်းခဲ့သော အဆက်အသွယ်များအားအသုံးပြုပြီး သူ့အား ကူညီပေးရန်အတွက် အစွမ်းထက်ဘုရင်အဆင့်ကျင့်ကြံသူများထံသို့လည်း အကြောင်းကြာစာများပေးပို့လိုက်၏။

ထိုဘုန်းကြီးက သူ့မတိုင်ခင် မှော်ဆေးပညာရှင် မည်မျှအား သတင်ပေးခဲ့မှန်းမသိပေ။ ထို့ကြောင့် ဤသတင်းက အချိန်ကြာကြီး ဖုံးကွယ်ထားရန်မဖြစ်နိုင်ကြောင်း သူနားလည်ထား၏။

ရီဝေဝေပန်း လီလီမြက်က အလွန်ရှားပါးသော်လည်း အဆင့်(၁)၌ လုံးဝအသုံးမ၀င်ပေ။ အဆင့်(၂) ၊ (၃) ၊ (၄) သို့ရောက်လျှင်တောင် သိပ်ပြီး အသုံးမ၀င်သေးချေ။

အဘယ်ကြောင့်ဆိုသော် ၎င်း၏ ပုံသဏ္ဍန်က အဆက်မပြတ်ပြောင်းလဲနေသောကြောင့်ဖြစ်၏။ အဆင့်(၁)တွင် သာမန်ပန်းတစ်ပွင့်နှင့်တူပြီး အဆင့်(၂)တွင် ကြာပန်းနှင့်တူသွားသည်။ အဆင့်(၃)သို့ရောက်လျှင် မြက်တစ်ပင်ကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး အဆင့်(၄)တွင် ဆေးဖက်၀င်မြူခိုးများ ထွက်ပေါ်နေပေလိမ့်မည်။

သို့သော် အဆင့်(၅)သို့ရောက်သည်နှင့် ၎င်းထံတွင် ဝိညာဉ်အသိစိတ်မွေးဖွားလာမည်ဖြစ်သည်။ ၎င်းအား မြူခိုးများ အပြည့်၀န်းရံထားမည်ဖြစ်ပြီး ယခင်တုံ့းက ပြောင်းလဲခဲ့သည့် ပုံစံများအားလုံးလည်း ပေါင်းစပ်သွားပေလိမ့်မည်။ ထိုအချိန်ရောက်မှ (၁၀၀)ရာခိုင်နှုန်း အာနိသင်ရှိမည်ဖြစ်သည်။

၎င်းအား ဆေးလုံးအဖြစ်သန့်စင်လိုက်မည်ဆိုလျှင် ဆေးစွမ်းတစ်ခုတည်းသာရှိ၏။

ထိုဆေးလုံးအား ကောင်းကင်ဘုရင်အဆင့်အပါအ၀င် အောက်အဆင့်တိုင်း အသုံးပြု၍ရသည်။ ၎င်းအား စားလိုက်လျှင် မူဘုရင်အဆင့်ဆိုပါက အဆင့်တစ်ဆင့်တိုးသွားမည်ဖြစ်ပြီး လူသားဘုရင်အဆင့်ဖြစ်လျှင် အဆင့်တစ်၀က်တိုးသွားနိုင်သည်။ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေလျှင်ပင် နှစ်ထောင်နှင့်ချီကျင့်ကြံရမည့် အချိန်အား လျော့ပါးသွားစေနိုင်၏။

သဘာ၀အတိုင်း ကျင့်ကြံအဆင့်မြင့်လေ နောက်တစ်ဆင့်တိုးရန် ခက်ခဲလေဖြစ်၏။

ယခု သူတို့ရှေ့တွင် အဆင့်တက်ရန် အခွင့်အရေးကြီးတစ်ရပ်ပေါ်လာပြီဖြစ်ရာ မည်သူက လက်လွှတ်ခံချင်မည်နည်း။

ဘုရင်အဆင့်ကျင့်ကြံသူများပင် ချွင်းချက်မဟုတ်ပေ။

ဆေးလုံးအဖြစ်သန့်စင်မည်ဆိုပါက တစ်လုံးမက သန့်စင်နိုင်၏။ ထို့ကြောင့် လူတစ်ဦးတည်းသာ အဆင့်တိုးသွားမည်မဟုတ်ချေ။

ဒါက မိမိတို့အဖွဲ့အစည်းများ၏ ခွန်အားကို မြှင့်တင်နိုင်မည့် အခွင့်အရေးကြီးတစ်ရပ်ဖြစ်သည်။

ဤသို့နှင့် ၎င်းတို့နောက်ကွယ်မှ အဖွဲ့အစည်းများအား ချက်ချင်းဆက်သွယ်လိုက်ကြ၏။ မှော်ဆေးပညာရှင်များကလည်း ၎င်းတို့၏ အဆက်အသွယ်များကို ဆက်သွယ်ခေါ်ယူလိုက်ကြသည်။

ရီဝေဝေပန်း လီလီမြက်၏ သတင်းက တဖြည်းဖြည်းပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော အင်အားစုကြီးများ အရှေ့ငြိမ်းခြမ်းရေးနယ်မြေရှိ လရောင်တောင်စောင်းသို့ ထွက်ခွာလာကြ၏။

ရွှမ်ယီလည်း သတင်းကြားပြီးနောက် တပည့်များအား ခေါ်ဆောင်လျက် ချက်ချင်းထွက်ခွာလာခဲ့သည်။

စိတ်ဝိညာဉ်မီးတောက်အား မိစ္ဆာမီးလျှံနယ်မြေအတွင်း ပေါင်းစပ်ခဲ့ပြီးနောက် သူ၏ ခွန်အားက ထပ်မံမြင့်တက်လာခဲ့သည်။ ယခင်က လူသားဘုရင်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်နိုင်စွမ်းရှိခဲ့သော်လည်း ယခုတွင် အစောပိုင်း လူသားဘုရင်အဆင့်(၃)ယောက်အား တစ်ပြိုင်တည်းတိုက်ခိုက်ရန် ယုံကြည်ချက်ရှိနေပြီဖြစ်၏။

သူဆက်ခံထားသော မှော်ဆေးပညာမှတ်ညာဏ်များအရ ထိုစိတ်ဝိညာဉ်အပင်က အလွန်အဖိုးတန်ကြောင်း နားလည်ထားသည်။ ဆေးလုံးအဖြစ် သန့်စင်ပြီးပါက သူ့အတွက်သာမက တပည့်များအတွက်လည်း အကျိုးရှိမည်ဖြစ်၏။

ထို့ကြောင့် သူတို့အရှုပ်အထွေးများကြားပါ၀င်ပြီး လုယူရန် ဆုံးဖြတ်လိုက်သည်။

အရှေ့ငြိမ်းခြမ်းရေးဒေသသို့ရောက်လျှင် တပည့်(၆)ဦး နေထိုင်ရန် နေရာတစ်ခုအား ဦးစွာ ရှာဖွေလိုက်၏။ ဤဒေသ သေးငယ်သောဒေသလေးတစ်ခုဖြစ်ပြီး အစွမ်းထက်ဆုံးအနေဖြင့် မူလဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးတည်းသာရှိသည်။ သူ၏ တပည့်များ လုံခြုံနေသ၍ သူ စိတ်လွတ်ကိုယ်လွတ် လှုပ်ရှားနိုင်ပေလိမ့်မည်။

တပည့်များအား နေရာချထားခဲ့ပြီးနောက် ရွှမ်ယီ လရောင်တောင်စောင်းသို့ ချက်ချင်းပြေးသွားခဲ့၏။ လမ်းတွင် အဖွဲ့အစည်းများစွာတို့အား တွေ့ခဲ့ရသည်။

ထိုအဖွဲ့အစည်းများအနက်မှ လှပသော အမျိုးသမီးတစ်ဦးက ငယ်ရွယ်‌သော ရွှမ်ယီအားမြင်လျှင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိ၏။

“ အခြေတည်ဝိညာဉ်အဆင့်…”

ရွှမ်ယီက ငယ်ရွယ်နုပျိုသောပုံစံအရ သူ့အား မြင်သူတိုင်း အခြေတည်ဝိညာဉ်အဆင့်ဟု တွေးကြသည်မှာ မဆန်းပေ။

ထိုအရွယ်မျိုးဆက်သစ် လူငယ်များအနေဖြင့် အလွန်ဆုံးရှိလှ အခြေနေဝိညာဉ်အဆင့် အထွတ်အထိပ်သာဖြစ်၏။

လှပသော အမျိုးသမီးက အနည်းငယ် စိတ်ပူသွားလေသည်။

ဤနေရာသို့ လာကြသူများမှာ အင်အားကြီးအဖွဲ့အစည်းများ ဒါမှမဟုတ် အဆင့်တက်ရန် ပိတ်ဆို့မှုတစ်ခုနှင့် ကြုံတွေ့နေသော ရက်စက်ကြမ်းကြုတ်သည့် သင်းကွဲဝံပလွေများဖြစ်၏။

ဒီကောင်လေး… အသေခံဖို့ရောက်လာတာလား…?

ဤသို့နှင့် လှပသောအမျိုးသမီးက ရွှမ်ယီအား ကြင်နာစွာသတိပေးလိုက်သည်။

“ ကောင်လေး.. ဒီမှာရောက်နေတဲ့လူတိုင်းက ဘုရင်အဆင့်မှာ အစွမ်းထက်တဲ့လူတွေချည်းဘဲ.. ရီဝေဝေပန်း လီလီမြက်အကြောင်း နင် ဘယ်က သတင်းကြားခဲ့လဲမသိပေမယ့်.. ငါ့အမြင်ပြောရရင် မင်းမလာသင့်ဘူး.. အရမ်း အန္တရာယ်များလွန်းတယ်….”

ထိုစကားအားကြားလျှင် ရွှမ်ယီက လှည့်ကြည့်လိုက်ပြီးနောက် မည့်သည့်စကားမှမဆိုဘဲ လျစ်လျူရှုလိုက်ကာ အခြားတစ်ဖက်သို့ ပြေးထွက်လာလိုက်သည်။

ရွှမ်ယီက အကြံပေးခဲ့သည့် လှပသော အမျိုးသမီး အနည်းငယ်ခေါင်းယမ်းလိုက်၏။

‘ သူက ဒီအရွယ်နဲ့ ‌အခြေတည်ဝိညာဉ်အဆင့်ကိုရောက်နေပြီ.. ပါရမီကောင်းပေမယ့် နည်းနည်း မောက်မာပုံဘဲ… အင်း.. သူ့မှာ တောက်ပတဲ့အနာဂါတ်တစ်ခုရှိတယ်.. ဒီနေရာမှာ သေဖို့က နှမြောဖို့ကောင်းတယ်….’

ယခုအချိန်တွင်

အရှေ့ငြိမ်းခြမ်းရေးဒေသ လရောင်တောင်စောင်း၏ မိုင်(၁၀၀၀)ပတ်၀န်းကျင်တွင် အစွမ်းထက်သော အရှိန်အဝါများ ပြည့်နှက်နေလေသည်။

တောင်ပိုင်းတိုက်ကြီး၏ အနယ်နယ်အရပ်ရပ်မှ အစွမ်းထက်အင်အားစုများ ၊ တစ်ကိုယ်တော် ကျင့်ကြံသူများ ရောက်ရှိနေခြင်းဖြစ်၏။ အစပိုင်းတွင် အရှေ့ငြမ်းခြမ်းရေးဒေသမှ ဘုရင်က ၎င်းတို့အား နှင်ထုတ်လိုသော်လည်း ထွက်ပေါ်နေသည့် အရှိန်အဝါများအရ မည်သည့်စကားမှ မဆိုဝံ့တော့ချေ။

အရှေ့ငြိမ်းခြမ်းရေးဒေသက သေးငယ်သော နယ်မြေလေးတစ်ခုသာဖြစ်၏။ ယခု ဤနေရာသို့ရောက်ရှိနေသူများက အနယ်နယ်အရပ်ရပ်မှ အစွမ်းထက်ကျင့်ကြံသူများ ၊ အဖွဲ့အစည်းများ ဖြစ်ကြသည်။ မည်သို့သော သတ္တိဖြင့် မောင်းထုတ်ရဲမည်နည်း။

ရွှစ်…

လရောင်တောင်စောင်းအနီး၌ ရွှမ်ယီထွက်ပေါ်လာ၏။

သူ၏ ငယ်ရွယ်ချောမောသော ပုံစံကြောင့် ပတ်၀န်းကျင်မှလူများ၏ အာရုံများကို ဆွဲဆောင်မိလိုက်သည်။

ထိုလူငယ်က အသက်သိပ်ကြီးသေဟန်မရချေ။ အလွန်ဆုံးရှိလှ အခြေတည်ဝိညာဉ်အဆင့်(၉) လောက်သာဖြစ်နိုင်၏။ သူတို့အမြင်တွင် ဘယ်ချိန်သတ်သတ် ရသော မြေစာပင်လေးတစ်ပင်နှင့် မခြားချေ။

ပတ်၀န်းကျင်မှတစ်ယောက်က ထအော်လိုက်၏။

“ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် ဒီနေရာကို ကံစမ်းဖို့ လာရဲနေပြီလား…”

“ ဟေး.. ရှောင်ပိုင်ဟိုင် တကယ်လို့ တိုက်ပွဲဖြစ်လာတဲ့အချိန်ကျရင် သူက မတောင်းပန်ဖို့ မျှော်လင့်တယ်…”

“ ဟားဟားးဟားးး…”

ပတ်၀န်းကျင်မှ လူတစ်ချို့က လှောင်ရယ်လိုက်ကြ၏။

ရွှမ်ယီ အနည်းငယ်မျက်ခုံးပင့်လိုက်မိသည်။

အ‌ခြေတည်ဝိညာဉ်အဆင့်လား..?

သူက ထိုအဆင့်မှ ကျော်လွန်သွားသည်မှာ ကြာချေပြီ။

ရုတ်တရက် ရွှမ်ယီထံမှ ဘုရင်အဆင့်အရှိန်အဝါနှင့် ဖိအားများ ထွက်ပေါ်လာ၏။

ပတ်၀န်းကျင်တစ်ခုလုံး တဒင်္ဂမျှတိတ်ဆိတ်သွားပြီး ယခင်ကလှောင်ပြောင်ခဲ့သူများ မသိချင်ယောင်ဆောင်ကာ အဝေးသို့ ငေးကြည့်နေလိုက်ကြသည်။

လာမည့်တိုက်ပွဲ၌ ဘုရင်အဆင့် ကျင့်ကြံသူများသာ ပါ၀င်နိုင်မည်ဖြစ်ပြီး အလယ်အလတ်မူလ ဘုရင်အဆင့်က ထိုလူများအား ပါးစပ်ပိတ်သွားစေရန်လုံလောက်သည်။ လက်ရှိ သူရောက်နေသော နေရာပတ်၀န်းကျင်၌ အစွမ်းထက်ကျင့်ကြံသူများ မရှိပေ။

နောက်(၃) ရက်အကြာတွင် လပြည့်မည်ဖြစ်ပြီး ရီဝေဝေပန်း လီလီမြက် ပွင့်လန်းလာပေလိမ့်မည်။

ထိုအချိန်တွင် အစစ်အမှန် တိုက်ပွဲစတင်မည်ဖြစ်၏။

All Chapters