← Chapters

အခန်း (၂၂၂)

Vol. 15 Ch. 222

အခန်း (၂၂၂)

Vol. 15 Ch. 222

(၃)ရက်အတွင်း အရှေ့ငြိမ်းချမ်းရေး ဒေသသို့ လူပေါင်းများစွာ ရောက်လာခဲ့သည်။

ယခင်က တိတ်ဆိတ်ငြိမ်သက်သော ဒေသငယ်လေးမှာ ယခုတွင် အလွန်စည်ကားလျက်ရှိ၏။

ပြင်းထန်သော အရှိန်အဝါများရှိသည့် လူများစွာတို့ လရောင်တောင်စောင်းသို့ ရောက်ရှိလာခဲ့သည်။

တစ်စုံတစ်ယောက်က ရောက်လာသည့် အင်အားစုများအား စောင့်ကြည့်နေခဲ့၏။

“အနောက်ပိုင်းဒေသက တန်ချီမိသားစု…ဟမ့်…”

“အဆုံးမဲ့ဒေသက ရွှေနန်းတော်…”

“ယွီမိသားစုလဲ ရောက်လာတာပဲ…”

သဘာဝအတိုင်း တောင်ပိုင်းတိုက်ကြီးရှိ လူသိများသော အင်အားစု များစွာလည်း ရောက်ရှိလာခဲ့၏။မကြာမီ တိုက်ပွဲဖြစ်တော့မည်ဖြစ်ရာ လူတိုင်းအချင်းချင်း သတိထားနေကြသည်။

နဂိုကသိထားသောသူများသာမက မသိသည့်လူများကိုလည်း ပို၍သတိထားနေရ၏။

စိမ်းသက်သော အဖွဲ့အစည်းများမှာ မှော်ဆေးပညာရှင်များက ဆင့်ခေါ်ထားသော အစွမ်းထက်ဘုရင်များဖြစ်ကြသည်။

ထိုဘုရင်များက ပုံမှန်ဆိုလျှင် သီးခြားနေထိုင်သောသူများ ဖြစ်၏။၎င်းတို့က ထူးမခြားနားဟန်ရှိသော်လည်း လှုပ်ရှားလိုက်ချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသောကြောင့် ၎င်းတို့အား လျော့တွက်၍မရပေ။

လူတိုင်းကို ဂရုစိုက်ရန်လိုအပ်၏။

သင်းကွဲဝံပလွေများအားလည်း ပို၍ဂရုစိုက်ရန် လိုအပ်သည်။၎င်းတို့က သက်တမ်းကုန်ဆုံးတော့မည့်သူများဖြစ်ပြီး ဤတိုက်ပွဲက သူတို့၏ နောက်ဆုံးတိုက်ပွဲဖြစ်ကောင်းဖြစ်နိုင်သည်။ထို့ကြောင့် ၎င်းတို့က အပြင်းထန်ဆုံး တိုက်ခိုက်ကြရန် ဖြစ်နိုင်ချေများသည်။

သို့သော် ထိုအထီးကျန်ဝံပလွေများကြားထဲတွင် လူတိုင်းအား အံ့အားသင့်စေသည့် လူတစ်ယောက်ရှိနေခဲ့သည်။

ရွှမ်ယီ က တည်ငြိမ်စွာထိုင်လျက် ပန်းပွင့်လာမည့် အချိန်ကိုစောင့်နေခဲ့သည်။

လူအများစု တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။

ထိုကဲ့သို့ ငယ်ရွယ်သောကောင်လေးက အလွန်အစွမ်းထက်ရန်မဖြစ်နိုင်ပေ။

တစ်ချို့သောလူများက ရွှမ်ယီ၏ အရှိန်အဝါအား သိရှိခဲ့ကြပြီးဖြစ်သော်လည်း နှလုံးသားထဲ၌ လှောင်ရယ်လိုက်ကြ၏။ယခင်က ရွှမ်ယီ ထုတ်ဖော်ပြသခဲ့သည့် အရှိန်အဝါက မူလဘုရင်အဆင့်ထက်မပိုပေ။သို့သော် ဤနေရာတွင် ဘုရင်အဆင့်ကျွမ်းကျင်သူ အများအပြားရှိနေ၏။

ထိုလူငယ်အား သူတို့အနေဖြင့် ကြောက်ရွံ့နေစရာမလိုပေ။

၃ ရက်ကြာပြီးနောက်…

လပြည့်ညရောက်လာချေပြီ။

လရောင်တောင်စောင်း တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သည့်အသံမှ မကြားရတော့သလိုပင်။

နောက်ဆုံးတွင် ကောင်းကင်ထက်မှ လရောင်က ဖြာကျလာခဲ့၏။

လရောင် ဖြာကျလာသည်နှင့် ရီဝေဝေပန်း လီလီမြက်က မြေကြီးထဲမှ တွန့်လိမ်လျက်ထွက်ပေါ်လာပြီး လရောင်အားစုပ်ယူလိုက်သည်။

“အချိန်ကျပြီ…”

ရီဝေဝေပန်း လီလီမြက်…

မှန်ပေသည် ၎င်းကား ရီဝေဝေပန်း လီလီမြက်ဖြစ်၏။

အစွမ်းထက်သော ဘုရင်များတောင်မှ ၎င်း၏အစစ်အမှန် အသွင်အပြင်အားမြင်ပြီးနောက် စိတ်ခံစားချက်များ လှုပ်ခတ်သွားပြီး အသံအနည်းငယ်ပင် မထွက်ရဲတော့ချေ။

ရွှစ်…

ရီဝေဝေပန်း လီလီမြက် လရောင်စုပ်ယူခြင်းအား ရပ်တန့်လိုက်၏။

၎င်း၏ခန္ဓာကိုယ်က လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာတည်းက စိတ်ဝိညာဥ်စွမ်းအားများ စုဆောင်းခဲ့ခြင်းဖြစ်သည်။ယခုအဆင့်အားရောက်ရှိပြီးနောက် ဝိညာဥ်ကိန်းအောင်းပြီး အသိညာဥ်ရှိလာကာ အန္တရာယ်ရှောင်ရှားခြင်းနည်းလမ်းများကိုလဲ သိရှိလာ၏။ထို့ကြောင့် သာမန်အချိန်များတွင် မြေပြင်အထက်၌ ထွက်မနေပဲ မြေအောက်ထဲ၌ ပုန်းအောင်းနေလေ့ ရှိ၏။

ဤသို့ဖြင့် အန္တရာယ်တစ်ခုနှင့်ကြုံလာတိုင်း ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။

သို့သော် ၎င်း၏သဘာဝအရ ကောင်းကင်နှင့်မြေကြီးမှ သဘာဝစွမ်းအားများစုပ်ယူရန်အတွက် လပြည့်ညတိုင်း လရောင်ကိုစုပ်ယူရန်အတွက် မြေပြင်အထက်သို့ ထွက်လာရန်လိုအပ်သည်။

ယခု လပြည့်နေ့ညဖြစ်ရာ ၎င်းအတွက် စွမ်းအားစုပ်ယူရမည့် အချိန်ဖြစ်၏။သို့သော် ယနေ့တွင် အန္တရာယ်အား ယောင်ဝါးဝါး ခံစားမိနေ၏။

တိုက်ခိုက်ခံရတော့မယ်…

ရီဝေဝေပန်း လီလီမြက်က အနည်းငယ်လှုပ်ခါသွားပြီး ချက်ချင်းထွက်ပြေးရန် ပြင်လိုက်၏။

၎င်းက အဆင့် ၅ စိတ်ဝိညာဥ်အပင်ဖြစ်လာပြီးနောက် အသိစိတ်ရှိလာခဲ့သည်။

အဆင့် ၅ စိတ်ဝိညာဥ်အပင်က လူသားများအတွက်သာမက နတ်ဆိုးသားရဲများကိုလည်း ဆွဲဆောင်နိုင်စွမ်းရှိ၏။

သူ့အနေဖြင့် ယခုအချိန်ထိ အသက်ရှင်နေနိုင်ခဲ့ခြင်းမှာ ၎င်း၏ အန္တရာယ်အား ခံစားလွယ်သော သဘောသဘာဝကြောင့်ဖြစ်၏။

အနည်းငယ် လွဲမှားနေသည်ဟု ခံစားမိသည်နှင့် လရောင်စုပ်ယူရမည့် အခွင့်အရေးအား ချက်ချင်းစွန့်လွှတ်ကာ မြေကြီးထဲသို့

ထွက်ပြေးသွားပေလိမ့်မည်။

မြေကြီးထဲရောက်သွားသည်နှင့် မည်သည့်နေရာကိုမဆို သွားနိုင်စွမ်းရှိ၏။

အန္တရာယ်ကင်းသည်ဟု ခံစားမိသည့်အချိန်ထိ မြေကြီးထဲ၌ ပုန်းအောင်းနေမည်ဖြစ်ပြီး တစ်နှစ် နှစ်နှစ် ကြာအောင်အထိ ပုန်းအောင်းနေနိုင်စွမ်းရှိသည်။

ရွှစ်…

ရီဝေဝေပန်း လီလီမြက်က လျှင်မြန်စွာတုန့်ပြန်ခဲ့သော်လည်း ဘုရင်အဆင့်များစွာတို့က ထောင်ချောက်များအား ပြင်ဆင်ထားပြီးဖြစ်၏။

ဤနေရာတွင် မှော်ဆေးပညာရှင်များစွာ ရှိနေပေသည်။၎င်းတို့က တိုက်ခိုက်ရာတွင် မကျွမ်းကျင်သော်လည်း စိတ်ဝိညာဥ်ပစ္စည်းများ ဖမ်းယူရာ၌ ထူးခြားသော အစွမ်းများပိုင်ဆိုင်ထား၏။

ယခုအချိန်တွင် ၎င်းတို့က မှော်ပိုက်ကွန်များ၊အနီရောင်ကြိုးများ ကို ချက်ချင်းအသုံးပြုလိုက်ကြပြီး တစ်ချို့ကမူ ၎င်းတို့၏ ဆေးမီးဖိုများအား အသုံးပြုလိုက်ကြသည်။

ရီဝေဝေပန်း လီလီမြက်က အနီရောင်ကြိုးများအား ရှောင်တိမ်းပြီး မှော်ပိုက်ကွန်များကို ကွဲအက်သွားစေသော်လည်း ဆေးမီးဖိုများ၏ ဖိနှိပ်မှုအောက်တွင် ဆေးမီးဖို့တစ်ခုထဲသို့ရောက်သွားခဲ့၏။

“ဟားဟားဟား…”

လူအုပ်ထဲမှ မှော်ဆေးပညာရှင်တစ်ဦးက တခြားသောမှော်ဆေးပညာရှင်များအားကြည့်ပြီး ရယ်မောလိုက်သည်။သူ၏ဆေးမီးဖိုက ရီဝေဝေပန်း လီလီမြက်အား ဖမ်းဆီးခဲ့နိုင်သောကြောင့်ဖြစ်၏။မှော်ဆေးပညာရှင်များစွာတို့ထဲမှ ၎င်းကဖမ်းဆီးနိုင်ခဲ့သည်ဖြစ်ရာ သူ၏မှော်ဆေးပညာက ထူးခြားလှကြောင်း သိသာလှသည်။

ရွှစ်…

သူကလှမ်းခေါ်လိုက်သည်နှင့် ဆေးမီးဖိုက သူ့ထံသို့ ချက်ချင်းပြန်ရောက်လာ၏။

သို့သော် ထိုအချိန်တွင် လူတိုင်းက လှုပ်ရှားလိုက်ကြချေပြီ။

ရီဝေဝေပန်း လီလီမြက် ဖမ်းဆီးခံလိုက်ရသည်အားမြင်လျှင် ပတ်ဝန်းကျင်မှ လူအုပ်ကြီးက အငြိမ်မနေနိုင်တော့ချေ။ရီဝေဝေပန်း လီလီမြက်က တစ်စုံတစ်ယောက်၏ လက်ထဲသို့ရောက်သွားသည်နှင့် ထိုလူက လူအုပ်ကြီး၏ အဓိကပစ်မှတ်ဖြစ်သွားပေလိမ့်မည်။

ထို မှော်ဆေးပညာရှင်၏ မျက်လုံးများပြုးကျယ်သွားပြီး နောက်သို့ဆုတ်ကာရှောင်တိမ်းလိုက်သည်။ သူ၏တာဝန်မှာ ရီဝေဝေပန်း လီလီမြက်အား ဖန်းဆီးရန်သာဖြစ်၏။ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အခြအနေများအား သူဖိတ်ခေါ်ထားသည့် ဘုရင်အဆင့်ကျင့်ကြံ သူများက ဆက်လက် ကိုင်တွယ်သွားပေလိမ်မည်။ ထိုမှော်ဆေးပညာရှင်၏ရှေ့တွင် ဘုရင်အဆင့်ကျင့်ကြံသူ လေး ငါး ဦးပေါ်လာပြီး တိုက်ခိုက်မှုများအားလုံးကို ကာကွယ်လိုက်၏။

သို့သော် လူတစ်ယောက်က ၎င်း၏စိတ်ဝိညာဥ်စွမ်းအင်များကို ကြီးမားသော လက်ကြီးအဖြစ် ပြောင်းလဲပြီး ဆေးမီးဖိုအား ဖမ်းယူလိုက်၏။

“ဘယ်လိုတောင် ရဲတင်းလိုက်သလဲ…”

“ချထားလိုက်စမ်း…”

ထိုလူက ပတ်ဝန်းကျင်မှလူများစွာတို့၏ ပစ်မှတ်ဖြစ်သွားပြန်သည်။ တစ်ခဏအတွင်း လရောင်တောင်စောင်းတစ်ခုလုံး တောက်ပလင်းထိန်သွားပြီး အရှေ့ငြိမ်းချမ်းရေး ဒေသ တစ်ခုလုံး တုန်လှုပ်သွား၏။

ဆေးမီးဖိုအား ဆုပ်ကိုင်ထားသော ဘုရင်အဆင့်ကျင့်ကြံသူ၏ ပါးစပ်၊ နား နှင့် နှာခေါင်းမှ သွေးများစီးကျလာပြီး ၎င်း၏ရင်ဘတ်အား လက်ဖြင့်အုပ်ကာ အဝေးသို့လွင့်စင်ထွက်သွားသည်။

ထိုလူလက်ထဲမှ ပြုတ်ကျသွားသော ဆေးမီးဖိုအား လုယူရန်ပြင်လိုက်ကြ၏။

ရွှစ်…

ရုတ်တရက် စူးရှထက်မြက်သည့် ဓားအရှိန်အဝါများ ဖုံးအုပ်နေသည့် ပုံရိပ်တစ်ခုက ဆေးမီးဖိုအား လုယူသွားခဲ့သည်။

“ဟမ်…”

ပတ်ဝန်းကျင်မှလူတိုင်း တုန်လှုပ်သွားကြသည်။

ဘယ်သူကသေမှာမကြောက်ပဲ လုယူရဲတာလဲ…?

အရာအားလုံးရှင်းရှင်းလင်းလင်းဖြစ်သွားချိန်တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးက အပြုံးတစ်ခုဖြင့်ရပ်နေခဲ့ပြီး ဆေးမီးဖိုအား ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ဒီချိန်မှာ ဆေးမီးဖိုကို ကိုင်ထားတာက သေဖို့အလွယ်ဆုံးပဲဆိုတာ မင်းမသိဘူးလား…?

ရွှမ်ယီ အနည်းငယ်ပြုံးလိုက်၏။

ပတ်ဝန်းကျင်အား တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူ့အားကြည့်နေသော လူတိုင်း၏ အကြည့်များအောက်တွင် ဆေးမီးဖို့အတွင်းမှ ရီဝေဝေပန်း လီလီမြက်အား ထုတ်ပြီး သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်၏။

“တော်တော် သတ္တိရှိတာပဲ…”

ဝမ်ချင်းရှီက ရယ်မောလိုက်၏။

ပြီးနောက် သူက ရွှမ်ယီ အား ချက်ချင်းတိုက်ခိုက်လိုက်သည်။ထိုလက်သီးချက်က လေဟာနယ်ကိုပင် တုန်ခါသွားစေသည်။

ရွှစ်…

ရွှမ်ယီက သူ့အားထူးမခြားနားဟန်ဖြင့်ကြည့်လိုက်ပြီး လက်ထဲမှဓားအား အသာအယာဝှေ့ယမ်းလိုက်သည်။

ဓားအား ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ကိုပင် ဖုံးအုပ်စေနိုင်လောက်သော ဓားချီအလင်းတန်းထွက်ပေါ်လာပြီး ပြိုင်ဘက်ကို ထွက်ပြေးရန်အချိန်မပေးပဲ တိုက်ရိုက် သတ်ဖြတ်ပစ်လိုက်၏။

ဓားတစ်ချက်… ဘုရင်အဆင့်တစ်ယောက်၏ သေဆုံးခြင်း…

All Chapters