← Chapters

အခန်း (၂၂၄)

Vol. 15 Ch. 224

အခန်း (၂၂၄)

Vol. 15 Ch. 224

“ မင်းအကြာကြီးစဉ်းစားနေဖို့ အချိန်မရှိဘူး.. ငါတို့ ကျန်းယန်ဂိုဏ်းမှာ လူသားဘုရင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေရှိတယ်.. သူတို့ကိုဆက်သွယ်လိုက်တာနဲ့ ချက်ချင်းရောက်လာလိမ့်မယ်.. အဲ့အချိန်ကျရင် လူသားဘုရင်နှောင်းပိုင်းအဆင့်အောက်ကလူတွေအားလုံး ဖျက်ဆီးခံရလိမ့်မယ်…”

ထိုစကားအားကြားလျှင် ပတ်၀န်းကျင်မှလူများ၏ မျက်လုံးများ တစ်ချက်လက်သွားပြီး အတွေးနက်သွားခဲ့ကြသည်။

ရွှမ်ယီက အနည်းငယ်ခေါင်းယမ်းပြီး ရယ်လိုက်မိ၏။ လူသားဘုရင်တစ်ဦးက ဤနေရာမှ လူတိုင်းကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။

လက်ရှိ လူအုပ်ထဲ၌ ဖုံးကွယ်ထားသော အရှိန်အဝါများကို ခံစားမိနေပြီး ၎င်းက လူသားဘုရင်အဆင့်အောက်မလျော့ပေ။

ထိုလူများ မတိုက်ခိုက်ရသေးသည့်အကြောင်းအရင်းက ရီဝေဝေပန်း လီလီမြက်က သူ့လက်ထဲတွင်ရှိနေသောကြောင့်ဖြစ်နိုင်သည်။

သူတို့လှုပ်ရှားလိုက်သည်နှင့် အခန့်မသင့်လျှင် ရီဝေဝေပန်း လီလီမြက်ပျက်စီးသွားနိုင်ပြီး ‌တွက်ချေမကိုက်လှပေ။

၎င်းတို့အနေဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်သည့်အချိန်အား စောင့်ဆိုင်းပြီး ပတ်၀န်းကျင်အား ပိတ်ချလိုက်ရုံသာ။

ထိုအခါ ရွှမ်ယီအား ချုပ်နှောင်ပြီး ရီဝေဝေပန်း လီလီမြက်အား အေးဆေးထုတ်ယူနိုင်ပေလိမ့်မည်။

ပတ်၀န်းကျင်မှ လူအများအမြင်တွင် ရွှမ်ယီအနေဖြင့် အသက်ရှင်လိုပါက နတ်မြက်အား အဖွဲ့အစည်းတစ်ခုထံသို့ ထုတ်ပေးရုံသာရှိ၏။

မည်သူ့ကိုပေးလိုက်ပါစေ ထိုလူက လူအုပ်ကြီး၏ နောက်ထပ်ပစ်မှတ်ဖြစ်လာပေလိမ့်မည်။ လူတိုင်းက တောက်ပသောမျက်၀န်းများဖြင့် ရွှမ်ယီ၏ ဆုံးဖြတ်ချက်အား စောင့်မျှော်နေကြသည်။

ရွှမ်ယီက ပတ်၀န်းကျင်အား ဝေ့ကြည့်ပြီး ပြုံးလိုက်၏။

“ ခင်ဗျားတို့ ကမ်းလှမ်းမှုတွေက အရမ်းဆွဲဆောင်မှုရှိတာကိုတော့ ၀န်ခံပါတယ်.. ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ.. ကျုပ်က ဘယ်သူကိုမှ မပေးချင်ဘူး…”

ရွှမ်ယီက ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး

“ ကျုပ်မှာ ပြောစရာတစ်ခုပဲရှိတယ်…”

“ ခင်‌ဗျားတို့ အရည်အချင်းရှိရင် လာယူလှည့်…”

လူတိုင်းခေါင်းယမ်းမိလိုက်ကြပြီး ရွှမ်ယီအား သနား‌‌ဟန်ဖြင့်ကြည့်လိုက်ကြသည်။

အဆုံးမဲ့ ရွှေနန်းတော်မှလူများက စိတ်မရှည်တော့ဘဲ ရှေ့တိုးလာခဲ့ကြ၏။

“ ရီဝေဝေပန်း လီလီမြက်ကို အခုလွှဲပေးမယ်ဆိုရင်.. မင်း အသက်ရှင်ခွင့်ရမယ်…”

ရွှမ်ယီက ၎င်းတို့အား တည်ငြိမ်စွာ ကြည့်လိုက်သည်။

အသက်ရှုသုံးကြိမ်စာလောက်ကြာပြီးနောက် အဆုံးမဲ့ရွှေနန်းတော်မှ ခေါင်းဆောင်ဖြစ်ဟန်ရသူက နက်မှောင်နေသော အမူအရာဖြင့် ကျောက်စိမ်းတုံးလေးတစ်ခုအား ထုတ်ပြီး ချေမွှလိုက်၏။

ဘုန်း…

အလွန်တောက်ပသော ရွှေရောင်အလင်းတန်းများနှင့်အတူ ထိတ်လန့်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

“ ကောင်းကင်ဘုရင်တစ်ယောက် ရောက်လာပြီ…”

တစ်စုံတစ်ယောက်က မြေပေါ်သို့ ဖင်ထိုင်ကျသွားပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်လေသည်။

……

ကျောက်စိမ်းတုံးလေး ကွဲအက်သွားသည်နှင့်

ကြောက်မယ်ဖွယ် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လရောင်တောင်စောင်းတစ်ခုလုံးအား ရွှေရောင်များ ဖုံးအုပ်သွားခဲ့သည်။

ရွှေရောင်များ ပြန်လည်မှိန်ဖျော့သွားသည်နှင့် တောက်ပသော လေဟာနယ်တံခါးပေါက်တစ်ခုဖြစ်ပေါ်လာပြီး ၎င်းအတွင်းမှ ရွှေနီရောင် စိတ်ဝိညာဉ်စွမ်းအားများ ဦးစွာထွက်ပေါ်ကာ တံခါးပေါက်အား တခြားလူများ၏ ဖျက်ဆီးခြင်းမှ ကာကွယ်ထားလိုက်သည်။

လေဟာနယ် တံခါးအားကာကွယ်လိုက်ပြီးနောက် ခြေထောက်တစ်ဖက်ထွက်ပေါ်လာကာ ရွှေနီရောင် အလင်းတန်းများ ပို၍တောက်ပလာ၏။

ထိုအခိုက်အတန့်တွင် ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်မှုက ဖုံးအုပ်သွားပြီး လေဟာနယ်ပင် အလိုလိုအက်ကွဲသွားခဲ့ရသည်။

ပတ်၀န်းကျင်မှ လူတိုင်း၏ မျက်နှာများ မှိန်ဖျော့သွားပြီး မျက်၀န်းများထဲ၌ စိုးရိမ်မှုများ ပြည့်နှက်လာလေသည်။

ရွှေရောင်နှင့် အနီရောင်ရောစပ်ထားသည့် စွမ်းအားက တောင်ပိုင်းတိုက်ကြီးမှ အလွန်ကျော်ကြားသည့် ပေါင်းစပ်ရွှေဘုရင်၏ သင်္ကေတပင်။

အဆုံးမဲ့ရွှေနန်းတော်က အလွန်ပြတ်သားလှ၏။ ရီဝေဝေပန်း လီလီမြက် အမှန်တကယ်ရှိနေကြောင်း အတည်ပြုပြီးသည်နှင့် ကောင်းကင်ဘုရင်တစ်ဦးအား တုံ့ဆိုင်းမနေဘဲ ဆင့်ခေါ်ခဲ့သည်။

ထိုမတိုင်ခင်က ရီဝေဝေပန်း လီလီမြက်က ရွှမ်ယီလက်တွင်း၌ ရှိနေခဲ့ပြီး ရွှမ်ယီ၏ စွမ်းအားက မူလဘုရင်အဆင့်အား ကျော်လွန်နေသည်ဖြစ်ရာ ဤနေရာမှ မူလဘုရင်များအတွက် ကံမကောင်းခဲ့ပေ။

သို့သော် ရွှမ်ယီတစ်ဦးတည်းဖြစ်နေခြင်းက သူတို့အတွက် အခြေအနေကောင်းတစ်ခုဖြစ်သွားပြန်သည်။

တစ်ယောက်တည်းအားဖြင့် ဤနေရာမှ လူအုပ်ကြီးအား ရေရှည် ယှဉ်ပြိုင်ရန်မှာ ခက်ခဲပေလိမ့်မည်။

ယခင်က ကျန်းယန်ဂိုဏ်းမှလူပြောခဲ့သော စကားအတိုင်းပင်။ ဤနေရာမှ လူတိုင်းတွင် နောက်ခံမရှိသောလူမရှိပေ။

ကောင်းကင်ဘုရင်နောက်ခံရှိသော အင်အားစုများလည်းရှိ၏။

မူလဘုရင်အဆင့်တစ်ဦးတည်းနှင့် ကောင်းကင်အား အံတုရန်မဖြစ်နိုင်ပေ။

သို့သော် အဆုံးမဲ့ရွှေနန်းတော်က လက်ဦးသွားခဲ့သည်။ ၎င်းတို့က ကောင်းကင်ဘုရင်နောက်ခံရှိသော အင်အားစုများထဲမှ တစ်ခုဖြစ်၏။ သူတို့အခြေစိုက်ရာဒေသက ငြိမ်းချမ်းရေးဒေသနှင့် အလွန်ဝေးကွာလှသော်လည်း အဆောင်ပညာရှင်များ၏ အကူအညီဖြင့် အသက်ရှုကြိမ်အနည်းငယ်အတွင်း ဆင့်ခေါ်နိုင်စွမ်းရှိသည်။

အဆုံးမဲ့ရွှေနန်းတော်မှ ရွှေဘုရင်က တိုက်ခိုက်ရေးစွမ်းအား အလွန်ကောင်းသူတစ်ဦးဖြစ်၏။

သူတို့ ခြေတစ်လှမ်းနောက်ကျသွားချေပြီ။ သူတို့ဘိုးဘေးများအား မည်မျှပင် လျှင်မြန်အောင် ဆင့်ခေါ်စေကာမူ အနည်းဆုံး အသက်ရှုကြိမ်အနည်းငယ်တော့ ကြာပေလိမ့်မည်။

သူတို့ဘိုးဘေးများ ရောက်လာချိန်၌ ရီဝေဝေပန်း လီလီမြက်က အဆုံးမဲ့ရွှေနန်း၏ လက်တွင်းရောက်သွားလောက်ပြီ။

အဆုံးမဲ့ရွှေနန်းတော်မှလူများ ဤမျှ လျှင်မြန်စွာလှုပ်ရှားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။

သတင်းအတည်ပြုပြီးသည်နှင့် ၎င်းတို့၏ ကောင်းကင်ဘုရင်အား ချက်ချင်းဆင့်ခေါ်ခဲ့သည်။

ရွှမ်ယီက လေဟာနယ်တံခါးအား သေချာကြည့်လိုက်၏။ ထိုနေရာမှ ထွက်ပေါ်လာသော အရှိန်အဝါအရ ကောင်းကင်ဘုရင်တစ်ဦးဖြစ်သည်မှာ သေချာသည်။ စိတ်ထဲ၌ အနည်းငယ်လှောင်ရယ်လိုက်ပြီး ပင်းယုအား တိတ်တဆိတ် ဆင့်ခေါ်လိုက်၏။

သူက ရီဝေဝေပန်း လီလီမြက်အား လက်၀ယ်ရရှိလိုက်ကတည်းက ပင်းယုအား ဆင့်ခေါ်ရန် တွေးမိခဲ့သော်လည်း အခြေအနေက သူကိုင်တွယ်နိုင်သေးသောကြောင့် ထိုအတွေးအား ရုတ်သိမ်းခဲ့လိုက်သည်။ သို့သော် လက်ရှိအခြေအနေက သူ့အတိုင်းအတာထက် အလွန်ကျော်လွန်သွားချေပြီ။ ပင်းယုရောက်လာမှ အဆင်ပြေတော့မည်။

ရွှစ်…

ပတ်း၀န်းကျင်ရှိ တုန်လှုပ်နေသော အကြည့်များအောက်တွင် ရွှေရောင်ချပ်၀တ်အား၀တ်ဆင်ထားပြီး ရွှေနီရောင် အလင်းတန်းများဖုံးလွှမ်းနေသည့် တည်ကြည်သောမျက်နှာနှင့် အမျိုးသားတစ်ဦး လေဟာနယ်တံခါးအတွင်းမှ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုရင်တစ်ဦး ရောက်လာချေပြီ။

“ တွေ့ရတာ၀မ်းသာပါတယ် အရှင်…”

“ ရီဝေဝေပန်း လီလီမြက်ရဲ့ သတင်းက မှန်ပါတယ်ခင်ဗျာ.. လက်ရှိကတော့ ဟိုလူငယ်ဆီမှာပါ…”

အဆုံးမဲ့ရွှေနန်းတော်မှ လူများက စိတ်အားထက်သန်စွာနှင့် လေးစားစွာ ဦးညွှတ်လိုက်ကြ၏။

ပတ်၀န်းကျင်မှ လူများကလည်း လေးစားစွာကြည့်နေခဲ့ကြပြီး ရိုသေမှုအား ဖော်ပြရန်အတွက် နောက်တစ်လှမ်းဆုတ်ပေးလိုက်ကြသည်။

ကောင်းကင်ဘုရင်တစ်ဦးရှေ့၌ လူသားဘုရင်အဆင့်ကျင့်သူများပင် အနည်းငယ်မရိုမသေမပြုဝံ့ချေ။

အဆုံးမဲ့ရွှေနန်းတော်မှ တစ်ဦးက ရွှမ်ယီအား ဒေါသမျက်၀န်းများနှင့်ကြည့်ပြီး လက်ညှိုးညွှန်ပြလိုက်သည်။

နောက်လာမည့်မြင်ကွင်းက ရွှမ်ယီသေဆုံးသွားပြီး ရီဝေဝေပန်း လီလီမြက်က သူတို့အဆုံးမဲ့ ရွှေနန်းတော်အပိုင်ဖြစ်ပေလိမ့်မည်။

ပတ်၀န်းကျင်မှလူများ စိတ်ဓာတ်ကျသွားခဲ့ရသည်။

ဤနေရာသို့ အဆုံးမဲ့ရွှေနန်းတော်မှ ကောင်းကင်ဘုရင်ရောင်နေချေပြီ။ သူတို့ ဘိုးဘေးများက အသက်ရှုကြိမ်အနည်းငယ်ခန့်ကြာဦးမည်။

ရွှေဘုရင်လင်း အတွက် ထိုအသက်ရှုကြိမ်အနည်းငယ်က ရွှမ်ယီထံမှ ရီဝေဝေပန်း လီလီမြက်ကိုယူပြီး အဆုံးမဲ့ရွှေနန်းတော်သို့ ပြန်သွားရန် လုံလောက်သည်။

သို့သော် အသက်ရှုကြိမ်အနည်းငယ်ကြာသွားသည့်တိုင် ရွှေဘုရင်လင်းလှုပ်ရှားမှုမရှိချေ။

လူတိုင်း အံ့အားသင့်သွားကြ၏။

“ ဘာတွေဖြစ်နေတာလဲ…”

လူအုပ်ထဲမှ တစ်ယောက်က မနေနိုင်တော့ဘဲ ခေါင်းမော့ကြည့်လိုက်လျှင် ရွှေနီရောင်အလင်းတန်းများကြား၌ မချိပြုံးပြုံးနေသော ရွှေဘုရင်လင်းအား တွေ့လိုက်ရသည်။

“ အရှင်…”

အဆုံးမဲ့ရွှေနန်းတော်မှ လူများကလည်း ရွှေဘုရင်လင်းအား ပဟေဠိဖြစ်စွာ ကြည့်လိုက်ကြ၏။

ထိုအချိန်တွင် ရွှမ်ယီ ပြုံးလိုက်သည်။

“ ခင်ဗျား ရောက်လာပြန်ပြီလား…?”

ရွှမ်ယီက ရွှေနီရောင် အလင်းတန်းများကြားမှ အမျိုးသားအားစိုက်ကြည့်နေရင်း သူ့မျက်နှာက အနည်းငယ်ထူးဆန်းသွားခဲ့သည်။

All Chapters