အခန်း (၂၂၅)
Vol. 15 Ch. 225
ထိုလူက ထိပ်တန်းဒေသကြီး(၁၀)ခုထံမှ အလွန်အစွမ်းထက်သည့် ကျင့်ကြံသူဖြစ်၏။
သို့သော် တစ်ချိန်က ထိုလူနှင့်ဆုံခဲ့ဖူးသည်။
ကောင်းကင်ဒေသရှိ ဖီးနစ်လှိုဏ်ဂူပျက်စီးကာနီး အချိန်၌ ၎င်းက စိတ်ဝိညာဉ်ကိုယ်ပွားအဖြစ်ရောက်လာခဲ့၏။ သို့သော် ယခုတစ်ကြိမ်၌ ခန္ဓာကိုယ်အစစ်ဖြင့် ရောက်လာသည်။
“ ဘယ်လိုလဲ.. ခင်ဗျားက ဒီတစ်ကြိမ် ခန္ဓာကိုယ်အစစ်နဲ့ရောက်လာပါလား.. အခု ပြန်တော့မှာလား..? ဒါမှမဟုတ် ကျုပ်ကို တိုက်ခိုက်မှာလား…?”
ရွှမ်ယီက ပြုံးရင်း နောက်ပြောင်လိုက်သည်။
သူ၏ နံဘေး၌ အလွန်ရင်းနှီးသော အငွေ့အသက်တစ်ခုအား ခံစားလိုက်ရသောကြောင့်ဖြစ်၏။ ပင်းယုရောက်လာချေပြီ။
ထိုရွှေဘုရင်လင်းအား ဂရုစိုက်နေစရာလိုမည်လော။
သူ၏ စကားက ပတ်၀န်းကျင်မှ လူတိုင်းအား အအံ့ဩသွားစေသည်။
ဒီကောင်..?
တော်တော်လေးသတ္တိရှိတာဘဲ..!
ရူးမိုက်တယ်လို့ဘဲ ဆိုရမလား..?
ကောင်းကင်ဘုရင်တစ်ယောက်ကိုတောင် ဒီလိုပြောရဲတယ်…!
‘ မကြာခင် ကောင်းကင်ဘုရင်ဒေါသ သူ့အပေါ် ကျလာရင် လွယ်မှာမဟုတ်ဘူး…’
သို့သော် ဆက်လက်ဖြစ်ပေါ်လာစည့်အခြေအနေက လူတိုင်းအား ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
ရွှေဘုရင်လင်းက အနည်းငယ်မျှပင် ဒေါသမထွက်ဘဲ သူ၏ အရှိန်အဝါအား ရုတ်သိမ်းလိုက်သောကြောင့်ဖြစ်သည်။
သူ့ပုံစံက ရွှမ်ယီ နားလည်မှုလွဲမည်ကို မလိုလားဟန်ရ၏။
“ ကျုပ်က တိုက်ခိုက်ဖို့ ရည်ရွယ်ချက် လုံး၀မရှိပါဘူး…”
ရွှေဘုရင်လင်း မချိပြုံးပြုံးပြီး ခေါင်းယမ်းလိုက်မိသည်။
သူအိမ်က ထွက်ခွာလာတိုင်း အဘယ်ကြောင့် ထိုလူနှင့် သွားသွားတိုးနေရသနည်း။
သူဘဲကံဆိုးနေတာလား.. ထိုလူဘဲ နေရာအနှံ့သွားနေတာလား မသဲကွဲပေ။
ပင်းယုရောက်လာချိန်၌ သူမ၏ အရှိန်အဝါအား တကူးတကဖုံးကွယ်ထားခြင်းမရှိပေ။
သာမန် ဘုရင်အဆင့်ကျင့်ကြံသူများက သူမအား သတိမပြုသော်လည်း ကောင်းကင်ဘုရင်အဆင့်ရောက်နေသည့် သူက သတိပြုမိခဲ့သည်။
သူ၏ တစ်ကိုယ်လုံးအား ကြက်သီးထပြီး ကြောက်လန့်သွားစေနိုင်သည့် အငွေ့အသက်က ထိုအမျိုးသမီးထံမှသာဖြစ်နိုင်ကြောင်း ကောင်းစွာနားလည်ထား၏။
လက်ရှိအချိန်တွင် ရွှေဘုရင်လင်း အလွန်ထိတ်လန့်နေပြီး အနည်းငယ်မဆင်မခြင်လုပ်မိသည်နှင့် အသက်ထွက်သွားနိုင်ကြောင်း သံသယရှိရာမလိုပေ။
သူကကောင်းကင်ဘုရင်အဆင့်သို့ရောက်နေသော်လည်း ထိုအမျိုးသမီး၏ တိုက်ခိုက်မှုတစ်ခုအား ခုခံနိုင်ရန် ယုံကြည်ချက်မရှိချေ။ သူ့အား စောင့်ကြိုနေမည့်အရာမှာ သေခြင်းတစ်ခုတည်းသာရှိ၏။
ကောင်းကင်ဘုရင်၏ ကျင့်ကြံမှုအား မြှင့်တင်ပေးနိုင်သည့်ရတနာက ထိုမျှ ထိုက်တန်မှုမရှိပေ။
“ စီနီယာ ရောက်နေပြီဆိုမှတော့.. ကျုပ်အနှောက်အယှက်မပေးတော့ပါဘူး.. အဲ့ဒီပစ္စည်းက စီနီယာအပိုင်ပါ.. ကျုပ် ချက်ချင်းထွက်သွားပါတော့မယ်…”
ရွှေဘုရင်လင်းက နှိမ့်ချစကားဆိုကာ ဦးညွှတ်လိုက်ပြီးလျှင် လေဟာနယ်တံခါးရှိရာသို့ ချက်ချင်းလှည့်ထွက်လာ၏။
ထိုအမျိုးသမီးနှင့် ရင်မဆိုင်လိုသောကြောင့် ဖီးနစ်လှိုဏ်ဂူကိုပင်စွန့်လွှတ်ခဲ့သည်။
ယခုတစ်ကြိမ်တွင် ရတနာတစ်ခုအတွက် ထိုအမျိုးသမီးနှင့် ပြသနာဖြစ်ရန် မလိုလားချေ။
သူအတတ်နိုင်ဆုံး နှိမ့်ချမှဖြစ်မည်။ ထိုသို့မဟုတ်လျှင် ပေးဆပ်ရမည်က သူ့အသက်ဖြစ်၏။
လူတိုင်းထိတ်လန့်သွားပြီး ရွှမ်ယီအား ကြည့်လိုက်သော်လည်း နံဘေးတွင် မည့်သူ့ကိုမှမတွေ့ရချေ။
ထိုနေရာတွင် အလွန်လှပသော နှင်းဖြူရောင် ရေခဲမင်းသမီးရှိနေကြောင်း သူတို့မသိနိုင် မမြင်နိုင်ပေ။
ရွှေဘုရင်လင်းက သူ၏ လေးစားမှုအား ပြသရန် နောက်တစ်ကြိမ်ဦးညွှတ်လိုက်၏။
“ ခန…”
ရွှမ်ယီက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ရွှေဘုရင်လင်းအား ညင်သာစွာ မေးလိုက်သည်။
“ ခင်ဗျား ဘာလို့ဒီမှာဆက်နေပြီး လက်၀ါးတစ်ချက်လောက် မခံသွားတာလဲ…”
ရွှေဘုရင်လင်းက ထိုစကားအားကြားလျှင် အလွန်ထိတ်လန့်သွားခဲ့သည်။
တစ်ပြိုင်နက်တည်း သူ့အနားသို့ အလွန်ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ရောက်ရှိလာကြောင်း ခံစားမိလိုက်၏။
“ ကျုပ် မခံရဲဘူး…”
ရွှစ်…
စကားပင်မဆုံးလိုက်ဘဲ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး နေရာမှပျောက်ကွယ်သွားတော့သည်။
အဆုံးမဲ့ရွှေနန်းတော်မှ လူများ အလွန်အံ့အားသင့်သွားကြသည်။
ရွှေဘုရင်လင်း မပျောက်ကွယ်သွားချိန်တွင် သူတို့အား ပြင်းပြင်းထန်ထန်စိုက်ကြည့်သွားသကဲ့သို့ ခံစားလိုက်ရသောကြောင့်ဖြစ်၏။
ထို့အပြင် ရွှမ်ယီ နံဘေး၌ ရုတ်တရက်ပေါ်လာသော အမျိုးသမီးက မည်သူနည်း။
ရွှေဘုရင်လင်းအား ထိုအမျိုးသမီးထံမှ လက်ဝါးတစ်ချက် ခံယူရန်မေးလိုက်ရာ ရွှေဘုရင်လင်း အဘယ်ကြောင့် ဤမျှကြောက်လန့်သွားသနည်း။
ရွှမ်ယီက ရွှေဘုရင်လင်းအား အမှန်တကယ် တိုက်ခိုက်ရန်စိတ်ကူးမရှိချေ။ ပင်းယုအား အရှိန်အဝါဖြင့်ဖြဲခြောက်ရုံသာ စေခိုင်းခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဖြစ်ပျက်သွားသော ကိစ္စများကြောင့် ပတ်၀န်းကျင်မှလူတိုင်း အလွန်တုန်လှုပ်နေကြပြီး သံသယများဖြစ်ပေါ်နေ၏။
ကောင်းကင်ဘုရင်အဆင့်နောက်ခံရှိသော အင်အားစုများပင် ရွှေဘုရင်လင်းအား လေးစားမှုပြခဲ့ကြရသည်။
ထိုလူအား ဘယ်အရာက ဤမျှကြောက်လန့်စေသနည်း။
တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး နှဖူးထက်မှ ချွေးများစီးကျလာခဲ့ကြသည်။
ထိုအချိန်တွင်
အဆုံးမဲ့ရွှေနန်းတော်ရှိ ကောင်းကင်နန်းတော်တွင်
ရွှေဘုရင်လင်း သက်ပြင်းချလိုက်ပြီး ယခုအချိန်ထိ ကြောက်လန့်နေသေးဟန်ဖြင့် ဖြည်းညှင်းစွာ ထိုင်လိုက်သည်။
သူက နှစ်ကြိမ်တိုင်တိုင် ကောင်းကင်ဘုရင် အထွတ်အထိပ်အဆင့် ရန်သူရှေ့မှောက်သို့ ဆင်ခေါ်ခြင်းခံခဲ့ရပြီး အမျှော်အမြင်ရှိမှုကြောင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်၏။
တတိယတစ်ကြိမ်ရှိလာခဲ့လျှင် သူထပ်မံလွတ်မြောက်မည်ဟု အာမမခံနိုင်ပေ။
အထွတ်အထိပ် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူနဲ့ ရန်သူဖြစ်ရမည်လော…?
ဦးနှောက်ရှိသူတိုင်း ထိုသို့မလုပ်ရန် သေချာသည်။ သို့သော် သူလုပ်ခဲ့သော အရာတစ်ခုရှိ၏။
၎င်းက ရွှမ်ယီ၏ အရှိန်အဝါနှင့် အငွေ့အသက်အား အသည်းထဲစွဲအောင် မှတ်သားလာခဲ့ခြင်းပင်။
‘ နောက်တစ်ကြိမ် အဲ့ဒီ အငွေ့အသက်ကိုခံစားမိတာနဲ့ ငါအဝေးဆုံးကို ရောက်နေမှဖြစ်မယ်…’
‘ ဟင်း… သူ့ကို လုံး၀ ရန်စလို့မဖြစ်ဘူး….’
………
ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။
လူတိုင်းတစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြသည်။ သူတို့အတွက် လက်ရှိကမ္ဘာကြီးက အလွန်ထူးဆန်းသွားပြီး လိုက်မမှီနိုင်တော့သလိုပင်။
အလွန်အစွမ်းထက်သည့် ကောင်းကင်ဘုရင်တောင်မှ ထွက်ပြေးသွားသည်ဖြစ်ရာ မူလဘုရင်များနှင့် လူသားဘုရင်များက ဤနေရာ၌ ဘာဆက်လုပ်ရမည်နည်း။
တိုက်ရိုက် ဒူးထောက် အရှုံးလိုက်ရမည်လော…?
“ တစ်ခုခုလွဲနေတယ်…”
လူအုပ်ကြားထဲမှ လူတချို့က ရွှမ်ယီနှင့် ပင်းယုအား စိုက်ကြည့်နေကြ၏။ ယခင်တိုက်ပွဲတွင် ရွှမ်ယီက လူသားဘုရင်အစောပိုင်းအဆင့် စွမ်းအားကိုပြသခဲ့ပြီး ပင်းယုက အနည်းငယ်မျှမလှုပ်ရှားရသေးပေ။
ထို့ကြောင့် သူမနှင့်ပတ်သက်ပြီး ဘာမှမသိရချေ။
လျှို့ဝှက်လူတစ်ဦးက အဆုံးမဲ့ ရွှေနန်းတော်က ကောင်းကင်ဘုရင်ကိုတောင် ထိတ်လန့်စေသလား…?
လူတချို့က သတိပြန်၀င်လာခဲ့ပြီး တစ်ခုခုမှားနေကြောင်း ရိပ်မိလာခဲ့သည်။
တချို့လူများကမူ အဆုံးမဲ့ရွှေနန်းတော်နှင့် ရွှမ်ယီတို့ ဇာတ်တိုက်ထားခြင်းဖြစ်မည်ဟု ယုံကြည်နေကြ၏။
ဘုန်း..
ထိုအချိန်တွင် လေဟာနယ်ကွဲအက်သွားပြီး အားကောင်းသော ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။
ကျန်းယန်ဂိုဏ်းမှ လူများရှေ့တိုးသွားပြီး သူတို့ဘိုးဘေးအား ဖြစ်ခဲ့သည်များကိုရှင်းပြလိုက်၏။
ကျန်းယန်ဂိုဏ်း၏ ဘိုးဘေးက ဂိုဏ်းချုပ်ကိုဆက်သွယ်အကြောင်းကြားလိုက်ပြီး မျက်မှောင်ကြုတ်သွားကာ စဉ်းစားခန်း၀င်လိုက်သည်။
အကယ်၍ ရွှေဘုရင်လင်း အမှန်တကယ်ကြောက်ရွံ့ကာထွက်ပြေးသွားခြင်းမှန်ပါက သူတို့ဂိုဏ်းချုပ်ရောက်လာလျှင်လည်း အသုံး၀င်မည်မဟုတ်ချေ။ ထိုသို့မဟုတ်ဘဲ လိမ်ဆင်ကြီးဖြစ်နေပါက သူတို့အတွက် နှောင့်နှေးမှုဖြစ်သွားနိုင်၏။
ဘုန်း..
လေဟာနယ် ထပ်မံကွဲထွက်သွားပြီး ကြောက်မက်ဖွယ် မျက်၀န်းများနှင့် လူတစ်ဦး ထွက်ပေါ်လာပြန်သည်။
၎င်းထံမှ ထွက်ပေါ်နေသည့် ဖိအားများက ရွှေဘုရင်လင်းနှင့် တူညီနေပြီး ကောင်းကင်ဘုရင်တစ်ဦးဖြစ်ရမည်။
“ ဂိုဏ်းချုပ်…”
ကျန်းယန်နန်းတော်မှလူများ ၀မ်းသာအားရနှုတ်ဆက်လိုက်ပြီ ဖြစ်ပျက်ခဲ့သည်များအား အသေးစိတ်ရှင်းပြလိုက်ပြန်သည်။
ကျန်းယန်ဂိုဏ်းချုပ်က ပင်းယုအား သံသယမျက်၀န်းများဖြင့်ကြည့်လိုက်၏။
တောင်းပိုင်းတိုက်ကြီးရှိ ကောင်းကင်ဘုရင်အများစုအား သူတွေ့ဖူးသည်။ ရွှေဘုရင်လင်းအား ထိုမျှ ကြောက်လန့်စေရန်မှာ ပြိုင်ဘက်က ကောင်းကင်ဘုရင်အဆင့် နှောင်းပိုင်းအနည်းဆုံးရှိရမည်။
ထိုအဆင့်ကျင့်ကြံသူများ အလွန်ရှားပါး၏။
ကျန်းယန်ဂိုဏ်းချုပ်က ပင်းယုအား ကြည့်နေရင်း ထူးဆန်းသလိုခံစားလိုက်ရသည်။
သူမက တည်ငြိမ်စွာရပ်နေခဲ့ပြီး သူမ၏ အရှိန်အဝါအနည်းငယ်ကိုမျှ မခံစားနိုင်သည်ဖြစ်ရာ ခွန်အားမည်မျှရှိမှန်းလည်း မတွက်ချက်နိုင်ပေ။