← Chapters

ဒီလူရမ်းကားက ဘယ်သူလဲ။

Vol. 7 Ch. 74

ဒီလူရမ်းကားက ဘယ်သူလဲ။

Vol. 7 Ch. 74

ယွီတျန်ဟဲတစ်ယောက် အနည်းငယ် ငြိမ်သက်သွားပြီးနောက် အတွေးတစ်ခုပေါ် လာကာ အစေခံအချို့ ခေါ်ယူလိုက်၏။

“ မင်းတို့တွေ မြို့သခင်စံအိမ်၊ လီစံအိမ်နဲ့ ဟွမ်စံအိမ်ကိုသွားပါ၊ ယွမ်သခင်မလေး လောရှီနဲ့ ကျန်းသခင်လေးယွင်ရှင်း ရောက်နေတယ်လို့ သတင်းပို့လာခဲ့။ ”

“ ဟုတ်ကဲ့ ... ။ ”

“ မြန်မြန် ... ။ ”

အစေခံများက အမိန့်ရသည်နှင့် နာခံကာ ချက်ချင်း ထွက်ခွာကုန်၏။ ဖူရှန်း၊ လီတျန်းဟန်၊ ဟွမ်ယွင်ချုံးသည် ယွမ်နှင့်ကျန်းမိသားစုတို့ဖြင့် ဆက်သွယ်ရေးတည်ဆောက်ရန် ဤအခွင့် အရေးကို အရယူပေမည်။

ဝမ်မိသားစုအတွက်မူ စုရီကို အသုံးမကျသော သမက်အဖြစ် သတ်မှတ် ထားကြ၏။

ထို့ကြောင့် လျစ်လျူရှုခြင်းသည်သာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။ မဟုတ်သော် စုရီ၏ ဒေါသသည် သူ့ထံ လှည့်လာနိုင်၏။

ဒုတိယထပ်၊ သီးသန့်ခန်း။

ကျန်းယွင်ရှင်းက သူ့တောင်းပန်မှုကို စုရီမှလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ စိတ်ဝင်စားခြင်း မရှိတော့ချေ။

သူ့အာရုံကို ယွမ်လောရှီထံ အပြည့်အဝ ထားခဲ့သည်။ ယွမ်လောရှီအနေဖြင့်လည်း ဒေါသ ထွက်မိသော်လည်း စုရီရှေ့၌ ထိန်းထားနေရ၏။

ဦးလေးဟောင်က ပြုံးရွှင်စွာဖြင့် စုရီနှင့် စကားစမြည်ပြောလျက် ဝိုင်သောက်နေသည်။ စုရီက ဆေးကျွန်ကူပိုင်ကို စကားလှည့်လှည့် ပြော၏။

သို့သော် စကားဝိုင်းသည် သူနှင့် မသက်ဆိုင်သောကြောင့် ကူပိုင်မှ သတိကြီးစွာ ပြုမူတုန့်ပြန်နေရသည်။ သက်တောင့်သက်သာ မရှိလှချေ။

ဤမြင်ကွင်းက ဦးလေးရှောင်အတွက် မျက်မှောင်ကြုတ်မိ စေသည်။ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မြင်မိ၏။

စုရီသည် ဆေးဘက်ဝင်အပင်ကို ရှာဖွေပေးသော်မှ ချောင်ဝူဟောင်က ဤမျှရိုသေ နေစရာ အကြောင်းမရှိချေ။

မိန်းကလေးယွမ်သည်လည်း ဤမျှ သည်းခံနေစရာ အကြောင်းမရှိဟု မြင်မိသည်။ ထိုစဉ်ခန်းမအပြင်မှ ယွီတျန်းဟန်၏ သတင်းပို့သံ ထွက်ပေါ်လာသည်။

“ မြို့သခင်ဖူရှန်းနဲ့ တပ်မှူးနီပိုင်ဟွာ ရောက်ရှိလာပါပြီ။ ”

စုရီက ဝိုင်သောက်နေရာမှ ယွမ်လောရှီနှင့် ကျန်းယွင်ရှင်းထံ တစ်ချက်ကြည့်ကာ ဖြစ်စဉ်ကို နားလည်လာမိ၏။

“ မြို့သခင်ဖူရှန်းက ဒီကို ဘာလာလုပ်တာလဲ။ ”

ကျန်းယွင်ရှင်းက မပျော်မရွှင်ဖြင့် ညည်းတွားလိုက်၏။ ယွမ်လောရှီနှင့် ရင်းနှီးခွင့် ရယူရန် အတွေးများ လွင့်ပါးကုန်သည်။

ယွမ်လောရှီအတွက်မူ ထွက်ပေါက် တွေ့သွားသကဲ့သို့ ဖူရှမ်းကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုလိုက်၏။

“ မြို့သခင်ဖူ၊ မင်းဆီ ငါအလည်လာဖို့ စီစဉ်ထားပါတယ် ... ဒါပေမယ့် မင်းက ငါတို့ဆီ အရင်ရောက်လာတယ် ... ထိုင်ပါ။ ”

ဖူရှန်းက အံ့ဩသွားပြီး၊

“ မိန်းကလေးယွမ်၊ ဖိတ်ခေါ်ပဲ လာမိတဲ့အတွက် မင်းငါ့ကို အပြစ်မတင်သရွေ့ ငါကျေနပ်နေမှာပါ။ ”

-ဟုဆိုကာ အခန်းထဲ လှမ်းဝင်လိုက်သည်။

စားပွဲဝိုင်း၏ အထူးဧည့်သည်တော် နေရာတွင် ထိုင်နေသည့် စုရီကို မြင်သောအခါ မျက်နှာပြောင်းသွားပြီး၊

“ ဒါဆို ဆရာစုလည်း ဒီမှာပဲ။ ”

-ဟု ရေရွတ်လိုက်လေသည်။

စုရီက ပြုံးပြီးခေါင်းညိတ်ပြသည်။ ဖူရှန်းနှင့် နီပိုင်ဟွာတို့က ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်မိ၏။

“ ဟွမ်မိသားစုခေါင်းဆောင်နဲ့ ဟွမ်သခင်လေး ရောက်ရှိလာပါပြီ။ ”

ထိုစဉ် အခန်းအပြင်မှ အစေခံ တစ်ယောက်၏ သတင်းပို့သံ ထွက်ပေါ်လာ ပြန်သည်။

“ ဆရာစု ... ။ ”

၎င်းတို့သားအဖသည် ဖူရှန်းကဲ့သို့ပင် အထူးဧည့်သည်ခုံတွင် စုရီကို မြင်သောအခါ၌ အနည်းငယ် တုန်ယင်သွား၏။

ဆရာစုသည်ယွမ်နှင့် ကျန်းမိသားစု၏ ဂုဏ်ထူးဆောင် ဧည့်သည် ဖြစ်နေသည်လော။ ဟွမ်သားအဖခမျာ အတွေးများဖြင့် နစ်မျောစဉ် လီတျန်းဟန် ထပ်မံရောက်ရှိလာပြန်၏။

“ လီမိသားစု ခေါင်းဆောင် ရောက်ရှိလာပါပြီ။ ”

“ ဦးလေးရှောင် ... အပြင်မှာ လူမကုန်သေးဘူးလား။ ”

ကျန်းယွင်ရှင်းက ဦးလေးရှောင်ထံ လှည့်မေးလိုက်၏။ ဦးလေးရှောင်မှ ခေါင်းငုံ့ကာ ပြန်မဖြေချေ။ သူတို့သည်လည်း ဖိတ်ကြားခြင်း မပြုထားသော ဧည့်သည်များသာ ဖြစ်၏။

လီတျန်းဟန်က သီးသန့်ခန်းထဲ လှမ်းဝင်လိုက်ချိန်တွင် စုရီကိုမြင်သောအခါ ချက်ချင်းရပ်သွားမိသည်။

(ဘာတွေ ဖြစ်နေတာလဲ။)

ဝမ်ချောင်ကျင်းမှတပါး ကွမ်လင်၏ အထက်တန်းစား ကျွမ်းကျင်သူများ ရောက်ရှိ နေ၏။ ဤလူများအနက် တစ်ဦးသည်ပင် ကွင်လင်၌ တုန်လှုပ်ဖွယ် လှိုင်းများကို ဖန်တီးနိုင်မည်။

သို့သော် ၎င်းတို့သည် ပုံမှန် ထိုင်ခုံ၌သာ ထိုင်ခွင့်ရကြပြီး တစ်ဖက်တွင် သားမက်စုရီသည် အထူးဧည့်သည် ထိုင်ခုံ၌ ထိုင်နေ၏။

၎င်း၏ဘေးနားတွင် ယွမ်လောရှီ၊ ကျန်းယွင်ရှင်း၊ ကူပိုင်၊ ဦးလေးဟောင်နှင့် ဦးလေးရှောင်တို့ ထိုင်နေသည်။

ထိုပြင် စားသောက်ခန်း၏ လေထုမှာ အနည်းငယ် ထူးဆန်းနေပြီး တစ်စုံတစ်ရာ မှားယွင်းနေချေ၏။

လူတိုင်းတွင် မေးခွန်းများစွာ ရှိနေကြသော်လည်း ပြုံးလျက် စကားစမြည်များ ပြောဆိုနေကြသည်။

ကွမ်လင်သားများ အမြင်တွင် စုရီကို မိသားစုကြီးနှစ်ခုမှ ဂုဏ်ပြု ညစာစားပွဲ ပြုလုပ် ပေးနေသည်ဟု မြင်၏။

ထို့ကြောင့် လီတျန်းဟန်က သူ့သားကို စုရီနှင့် ဝမ်လင်‌ကျောက် အိမ်ထောင်ရေးတွင် ပတ်သတ်ခြင်း မပြုတော့ရန် သတိပေးစာ ပေးပို့ရမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။

ကူပိုင်ခမျာ မငြိမ်မသက်ဖြစ်လာသည်။ ဤအခန်းအတွင်းရှိ မည်သူမဆို သူပတ်သတ် နိုင်သော တည်ရှိမှုများ မဟုတ်ချေ။

စုရီသာလျှင် ငြိမ်သက်နေပြီး လူတိုင်း၏ အတွေးများကို အကြမ်းဖျင်း မြင်နိုင်လေသည်။ ထို့ကြောင့် စိတ်ထဲမှ ပြုံးမိ၏။

ဤလောကကြီးသည် အခွင့်အာဏာ၊ ဂုဏ်သတင်း၊ အကျိုးအမြတ်နှင့် ဆန္ဒခြောက်ပါး တို့ဖြင့် ချည်နှောင်ထားခြင်းခံရသည်။

ထို့ကြောင့် ကျင့်ကြံခြင်းဟူသည် ထိုကံကြမ္မာနှောင်ကြိုးများကို ဖြတ်တောက်ရန် ဖြစ်ချေပြီ။

ဆိုလိုသည်မှာ တာအိုကို မြင့်မားသော နားလည်မှုများရရှိပါက သက်တမ်းတိုးပွားခြင်း၊ ပြိုင်ဘက်ကင်းခြင်းနှင့် ထာဝရရှင်သန်ခြင်း စသည်တို့ကို ခံစားနိုင်မည်။

“ စုရီအထဲမှာ ရှိတာ သေချာလား။ ”

ထိုအချိန်တွင် ဝမ်ကျွယ်ယွမ်သည် အင်မော်တယ်စံအိမ် အပြင်ဘက်၌ ခဏရပ်ကာ အစေခံထံ ပြန်လှည့်မေး၏။

“ သေချာပါတယ် သခင်လေး ... အဲဒီအသုံးမကျတဲ့ စုရီကို ... အမြင်မှားစရာ အကြောင်းလည်းမရှိပါဘူး ... သူနဲ့အတူ လူအချို့လည်း ပါသွားပါတယ်။ ”

“ ကောင်းပြီ ... ။ ”

ဝမ်ကျွယ်ယွမ်မှ တုန့်ဆိုင်းမနေတော့ဘဲ စံအိမ်ထဲ လှမ်းဝင်လိုက်တော့၏။ ယွီတျန်ဟဲက သူ့ကိုမြင်ချိန်၌ အံ့ဩစွာကြိုဆိုသည်။

“ သခင်လေးဝမ် ... ဘာများ ။ ”

“ စုရီဘယ်အခန်းမှာလဲ ငါသိချင်တယ်။ ”

ဝမ်ကျွယ်ယွမ်က စံအိမ်သခင်ကို စကားပြောမခံချေ။ ယွီတျန်ဟဲမှ အပြုံးမပျက်ဘဲ အပေါ်ထပ်ကို လက်ညိုးထိုးပြလိုက်၏။

“ ဒုတိယထပ်က ပထမဆုံး သီးသန့်ခန်း။ ”

သူ့စကားမဆုံးခင်မှာပင် ဝမ်ကျွယ်ယွမ်က လှေကားထစ်အပေါ် တက်လှမ်းနေပြီဖြစ်သည်။ သူ့အဖေသည် ကောင်းကင်မူလ အကယ်ဒမီမှ ပြန်ရောက်သည်နှင့် စုရီကိုကိုင်တွယ်ရန် ဆုံးဖြတ်လိုက်ချေပြီ။

“ ဝုန်း ... ။ ”

ထို့ကြောင့် စုရီ ပြန်ရောက်နေသည့် သတင်းကြားပြီးနောက် ချက်ချင်းလာရောက် ခေါ်ငင်ခြင်း ဖြစ်သည်။

သီးသန့်ခန်းရှေ့ ရောက်ရှိသည်နှင့် သည်းမခံနိုင်တော့ဘဲ အခန်းတံခါးကို ဝုန်းခနဲ တွန်းဖွင့်ပစ်လိုက်တော့၏။

“ စုရီ ... မင်း ... ။ ”

ရုတ်တရက် တံခါးကို ဒေါသတကြီး တွန်းဖွင့်သံကြောင့် လူတိုင်းလှည့်ကြည့်လာ ကြသည်။

စုရီကို အော်ငေါက်ခေါ်ငင်သွားရန် ပြင်ဆင်ထားသော ဝမ်ကျွယ်ယွမ်တစ်ယောက် ဤမြင်ကွင်းကြောင့် စကားရပ်သွား၏။

မိုးကြိုးပစ်ခံလိုက်ရသလို တုန်ယင်လျက် ကျောပြင်၌ ချွေးသီးများ ထလာသည်။ ချက်ချင်း အငွေ့ပျံပျောက်ကွယ်သွားချင်မိ၏။

“ ဝမ်ကျွယ်ယွမ် ... ဘာကိစ္စရှိလဲ။ ”

ယွမ်လောရှီက မျက်မှောင်ကြုတ်လျက် မေးမြန်းလေသည်။ သူမဒေါသသည် ပစ်မှတ်ရှာ နေပြီဖြစ်၏။

“ ငါ ... ”

ဝမ်ကျွယ်ယွမ်တစ်ယောက် ထိတ်လန့် သွားသည်။ အခန်းအတွင်းရှိ မြို့သခင်ဖူရှန်း၊ တပ်မှူးနီ၊ ခေါင်းဆောင်ဟွမ်နှင့် ခေါင်းဆောင်လီ တို့မှလည်း သူ့အဖြေကို စောင့်မျော်နေ၏။

၎င်းတို့အပြင် ကျောက်စိမ်းရောင်ဝတ် လူငယ်နှင့် အဖိုးကြီးတစ်ယောက် သည်လည်း ရှိနေသေးသည်။

၎င်းတို့၏ နောက်ခံကို မသိနိုင်သော်လည်း အသွင်အပြင်အရ နိမ့်ကျသူများ မဟုတ်ကြောင်း ပြောနိုင်၏။

ဆိုလိုသည်မှာ ဤအခန်းအတွင်းရှိ မည်သူ့ကိုမဆို သူ့အဖေသည်ပင် သတိထား ဆက်ဆံရမည့် တည်ရှိမှုမျိုးပေပင်။

“ ဦးလေး‌ရှောင် ... ဒီလူရမ်းကားက ဘယ်သူလဲ။ ”

ကျန်းယွင်ရှင်းက စိတ်မရှည်တော့ဘဲ ဦးလေးရှောင်ကို မေးသည်။ ဦးလေးရှောင်မှ ပြန်ဖြေရန် ပြင်နေစဉ် ဝမ်ချမ့်ကွယ်မှ ပြုံးလျက် ပြန်ဖြေပေးလိုက်၏။

“ ဝမ်ကျွယ်ယွမ်၊ ဝမ်မိသားစုရဲ့ သခင်လေး။ ”

ထို့နောက် ဝမ်ကျွယ်ယွမ်ထံ လှမ်းကြည့်ကာ၊

“ ဝမ်ကျွယ်ယွမ် ငါမင်းကို အံ့သြမိတယ် မင်းလို ဝမ်မိသားစုရဲ့ မျိုးဆက်သစ်လူငယ်လေး တစ်ယောက်က ... ဒီလောက်တောင် ရိုင်းပျရသလား။ ”

“ မင်း ... ။ ”

ဝမ်ကျွယ်ယွမ်တစ်ယောက် မျက်လုံးပြူး သွားတော့၏။ နှလုံးသားထဲ၌ တုန်လှုပ်မှုများနှင့် ဒေါသများ ပေါက်ထွက်လာသည်။

“ မင်းအဖေ ဝမ်ချောင်ကျင်းတောင် မင်းလောက်သတ္တိ မရှိဘူး ... ဒီမှာထိုင်နေတာ ဘယ်သူတွေလဲ မင်းသိလား။ ”

မြို့သခင်ဖူရှန်းက စိတ်ပျက်လက်ပျက်ဖြင့် မေးမြန်းလိုက်၏။ ဝမ်မိသားစု၏ မျိုးဆက်သစ် လူငယ်သည် အနည်းငယ် နုံအလွန်းချေပြီ။

“ ထွက်သွားစမ်း ... ။ ”

ကျန်းယွင်ရှင်းမှ မောင်းထုတ်တော့၏။ ဤသည်မှာ စကားတစ်ခွန်းမျှသာ ဖြစ်သည်။ ဝမ်ကျွယ်ယွမ်အတွက်မူ ဘဝကြီးတစ်ခုလုံး ဖြစ်ချေ၏။

“ ခဏနေဦး ... မင်းဒီကို ဘာအတွက် ရောက်လာတာလဲ ပြောပါ။ ”

ဝမ်ကျွယ်ယွမ်က အံကြိတ်လျက် ထွက်ခွာတော့မည့်အချိန်တွင် ယွမ်လောရှီမှ ဟန့်တား မေးမြန်းလာ၏။

ခန္ဓာကိုယ်တစ်လုံး ချွေးသီးများ ဖုံးလွှမ်းလာသည်။ သို့တိုင် စုရီထံ ခိုးကြည့်ကာ လက်သီးကို ဆုပ်လျက်၊

“ မိန်းကလေးယွမ် ... ငါ့အဖေက ကောင်းကင်မူလအကယ်ဒမီကနေ ပြန်ရောက် နေပါပြီ ... သူက စုရီကို တွေ့ချင်နေတာကြောင့် ငါလာခေါ်ရတာပါ။ ”

-ဟု ပြန်လည် ဖြေကြားလိုက်တော့၏။

***

All Chapters