မဟာကျိုးအင်ပါယာ၏ ဥပဒေ။
Vol. 7 Ch. 76
ရုတ်တရက် ငြိမ်သက်သွားသော စုရီကိုကြည့်ပြီး ချင်းချင်းက လေးနက်လာသည်။
“ စုရီ ... ငါမင်းကို တစ်ခုလောက် မေးချင်တယ် ... ငါ့သမီးနဲ့ လက်ထပ်ပြီးတဲ့ နောက်မှာ ငါတို့ မင်းအပေါ် နာကျည်းအောင် လုပ်ခဲ့ဖူးလား။ ”
စုရီ ခေါင်းခါလိုက်သည်။ ဝမ်မိသားစုတွင် မည်သူမျှ သူ့နာကျည်းမှုနှင့် မထိုက်တန်ချေ။ နာကြည်းမှုဟူသည် လက်ရှိခွန်အား အနိုင်ယူ၍ မရသေးသော ရန်သူကို ကြုံမှသာလျှင် ဖြစ်ပေါ်လာပေမည်။
အလွယ်တကူ ဖြေရှင်းနိုင်သော အရာများအတွက် နာကျည်းဖွယ် မရှိချေ။
“ တကယ်လား။ ”
သို့သော်ချင်းချင်းက မယုံချေ။ ထို့ကြောင့် စုရီမှသက်ပြင်းချလိုက်ပြီး၊
“ တကယ်ပါ ... ။ ”
-ဟု ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ အဲဒါကောင်းတယ် ... တကယ်လို့ နာကျည်းချင်ရင်တောင် ငါတို့မိသားစုကို ဒုက္ခ မပေးနဲ့ ... နောက်ဆုံးတော့ ငါတို့က ဒီအိမ်ထောင်ရေးရဲ့ ...
... သားကောင်တွေပဲ၊ တစ်ယောက် ယောက်ကို အပြစ်တင်ချင်ရင် အဲဒီအဘွားကြီး ... အဲ ... မင်းကိုယ်မင်း အပြစ်တင်ပါ။ ”
ချက်းချင်းက ဘိုးဘေးဝမ်ကို ရည်ညွှန်းလိုသော်လည်း ချက်ချင်း ပြင်ဆင် လိုက်သည်။
“ နားလည်ပါတယ် ... ငါမှာလည်း ပွင့်ပွင့်လင်းလင်း ပြောစရာရှိတယ် ... မကြာခင် ကွမ်လင်မြို့ကနေ ထွက်သွားတော့မယ် ...
... ကွမ်လင်ကို ပြန်မလာဖြစ်တော့မှာ ကြောက်မိတယ် ... ဒါဆို စိတ်သက်သာရာ ရသင့်တယ် မဟုတ်လား။ ”
“ အိုး ... ထွက်သွားတော့မို့လား ဘယ်သွားမလို့လဲ ... မိသားစု ခေါင်းဆောင်က မင်းကိုလွယ်လွယ်နဲ့ ထွက်ခွာခွင့်မပေးမှာ ငါကြောက်တယ်။ ”
“ ငါထွက်သွားချင်ရင် ဘယ်သူမှ ငါ့ကိုတားလို့ မရပါဘူး။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ ချင်းချင်းနှင့် ဝမ်ချောင်တုံက တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်၏။
သူတို့သားမက်တွင် ထိုသို့သော အစီအစဥ်မျိုးရှိမည်ဟု မမျှော်လင့်ထားချေ။ သည့်ပြင် ၎င်းထံမှ ထူးခြားသော ခံစားချက်မျိုး ပေးစွမ်းနေသေး၏။
ထိုအခိုက်တွင် အစေခံတစ်ဦးရောက်လာပြီး၊
“ တတိယအကြီးအကဲ မိသားစုခေါင်းဆောင်က သားမက်စုကို ခေါ်ခိုင်းလိုက်ပါတယ်။ ”
-ဟု သတင်းပို့လာသည်။
ချင်းချင်းက မျက်နှာ အနည်းငယ်ပြောင်းသွားပြီး၊
“ စုရီ၊ ငါမင်းကို ... သတိပေးထားတာ လုံးဝမမေ့နဲ့ ... မိသားစုခေါင်းဆောင်က မင်းကို ဖော်ရွေမှာ မဟုတ်ဘူး၊ သည်းခံပြီး စကားပြန် မပြောတာ ပိုကောင်းမယ် ...
... မဟုတ်ရင် မင်းယောက္ခထီးနဲ့ ငါလိုက်လာရင်တောင် မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး ... ။ ”
ဝမ်ချောင်တုံကလည်း ခေါင်းညိတ်ပြပြီး၊
“ မှန်ပါတယ်၊ သည်းခံလိုက်ရုံနဲ့ ပြီးသွားလိမ့်မယ် ပညာရှိဆိုတာ အချိန်အခါကို ကြည့်တတ်ရမယ် ... ။ ”
-ဟု သတိပေးလာပြန်၏။
ယောက္ခမနှစ်ပါး၏ ဂရုစိုက်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သဖြင့် စုရီမှ အနည်းငယ် ပြုံးပြလိုက်မိသည်။
ဝမ်မိသားစုခန်းမတွင် ဝမ်ချောင်ကျင်း၊ ဝမ်ချောင်ချင်းနှင့်အတူ မိသားစုအကြီးအကဲများ စုဝေးနေ၏။ ၎င်းတို့က အင်မော်တယ်စံအိမ်မှ ဖြစ်စဉ်ကို ပြန်ကြားပြီးနောက် အံ့အားသင့် ကုန်သည်။
“ ဒါဆို ဒီကောင်က တကယ် ကံကောင်းတာပဲ ... စီရင်စုမြို့တော်မှာရှိတဲ့ ယွမ်မိသားစုနဲ့ ရင်းနှီးဖို့ဆိုတာ မလွယ်ဘူး။ ”
ဝမ်ကျွယ်ယွမ်က တိတ်ဆိတ်နေ၏။ တစ်ချိန်က အသုံးမကျသော သားမက်စုရီသည် ရက်အနည်းငယ်အတွင်း ပြောင်းလဲသွားချေပြီ။
“ ကောင်းပြီ ... ငါတို့ ဘယ်လို ဆက်ဆံရမလဲဆိုတာ ဆွေးနွေးသင့်တယ်။ ”
လူတိုင်း၏ မျက်လုံးများ မှေးစင်းသွားကာ တွေးစပြုလာကြသည်။
“ သူ့ကိုယှဉ်နိုင်ဖို့ ဝမ်မိသားစုမှာ လင်ကျောက်တစ်ယောက်တည်း ရှိတော့မှ ကြောက်မိတယ်။ ”
“ မှန်တယ် ငါ့အမြင်အရတော့ ဒီလိုအရည်အချင်းမျိုးဟာ ဝမ်မိသားစုအတွက် အသုံးချသင့်တယ် မထင်ဘူးလား။ ”
ဤစကားများက ဝမ်ချောင်ကျင်းကို အနည်းငယ် မျက်မှောင်ကြုတ် သွားစေသည်။ ဝမ်ကျွယ်ယွမ်မှာ ပို၍ပင် စိတ်ဓာတ်ကျလာ၏။
သူသည် ဝမ်မိသားစု၏ မျိုးဆက်သစ် လူငယ်ခေါင်းဆောင် ဖြစ်ခဲ့သော်လည်း စုရီ၏ ခြေနင်းတုံး ဖြစ်လာခဲ့သည်။
“ မဟုတ်ဘူး၊ ဒီကောင်လေးက ... ငါတို့အပေါ် နာကျည်းနေမှာ သေချာတယ် သူ့ကို အရင်းအမြစ်တွေပေးပြီး ပြုစုရင် ကျားမွေးထားသလို ဖြစ်ကုန်လိမ့်မယ်။ ”
“ ဒါဆို သူ့ကို နှင်ထုတ်ရအောင်။ ”
“ ဟမ့် ... ရယ်စရာ ကောင်းလိုက်တာ ... စုရီကို မြို့သခင်ဖူရှန်းတောင် အရမ်းလေးစားပြီး ဟွမ်မိသားစုက သဘောကျနေတယ် ... ဒါဆို ငါတို့က နှင်ထုတ်လိုက်ရင် ဘာဖြစ်မလဲ။ ”
“ လုံလောက်ပြီ ... ။ ”
ဝမ်ချောင်ကျင်းက ရုတ်တရက် လူတိုင်း၏အမြင်များကို ကြားသိပြီးနောက် ဟန့်တားလိုက်သည်။
“ အခု ... ငါဆုံးဖြတ်ချက်ချလိုက်ပြီ။”
ဝမ်ချောင်ချင်းက စိတ်ဝင်စားလာပြီး၊
“ အစ်ကိုကြီး ... မင်း ဘာလုပ်မှာလဲ။ ”
-ဟု ပြန်လည် မေးမြန်းလိုက်၏။
“ ဘိုးဘေးက သူတို့ကွာရှင်းတာကို သဘောမတူဘူး ဒီအခြေအနေမှာ မိသားစုကနေ နှင်ထုတ်ဖို့လည်း မဝံ့ဘူး ...
... ဒါကြောင့် ငါတို့မိသားစုအတွက် ဓားတစ်လက်အဖြစ် အသုံးချဖို့ကလွဲပြီး အခြား မရှိတော့ပါဘူး။ ”
ဝမ်ချောင်ကျင်းက သူ့ညီမေးခွန်းကို ပြန်ဖြေ၏။
“ သားမက်စု ရောက်ရှိလာပါပြီ။ ”
ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ အသံတစ်သံ ပျံ့လွင့်ပြီး အပြာရောင်ဝတ်ရုံဖြင့် တောင်ဝှေးတစ်ချောင်းကိုင်ထားသည့် လူငယ်တစ်ယေက် ခန်းမထဲဝင်လာ၏။
“ ဘာအတွက် ငါ့ကို ခေါ်တာလဲ။ ”
စုရီက နှုတ်ဆက် ဦးညွှတ်ခြင်းမပြုဘဲ တိုက်ရိုက်မေးမြန်းလေသည်။ ဝမ်ချောင်ကျင်းမှ မျက်ခုံးပင့်လိုက်ပြီး၊
“ စုရီ၊ ငါမနေ့ကပဲ ပြန်ရောက်တယ် ... မင်းရဲ့ကျင့်ကြံမှု ပြန်ကောင်းလာတယ်ကြားလို့ ဝမ်းသာပါတယ်။
“ ဆက်ပြောပါ။ ”
စကားလုံးများတွင် ရိုင်းစိုင်းသော အရိပ်အမြွက်များ ရောယှက်နေပြီး လူအများ စိတ်မသက်မသာ ဖြစ်လာစေ၏။
ဝမ်ချောင်ကျင်းက ဤအရာများကို ဂရုမစိုက်ဘဲ၊
“ ငါတို့ဆွေးနွေးပြီးပြီ ... ဒီနေ့ကစပြီး မင်းကိုဝမ်မိသားစုရဲ့ မျိုးဆက်သစ် အစောင့်မှူး အဖြစ် ခန့်လိုက်မယ် လစဉ် ငွေ(၈၀၀၀)၊ ဝိညာဉ် ဆေးဝါးနဲ့ အစေခံ (၈)ဦး ရရှိမယ် ... မင်းဘယ်လိုထင်လဲ။ ”
အားလုံးက စုရီကို ကြည့်လိုက်ကြသည်။ စုရီမှအံ့အားသင့်စွာဖြင့် ပြုံးလိုက်တော့၏။
“ ဝမ်မိသားစုနဲ့ ငါ့ကို ချည်နှောင်ဖို့ စီစဉ်နေတာလား။ ”
“ ဟမ့် ... မင်းက ငါတို့ ဝမ်မိသားစုရဲ့ သားမက်ပဲ၊ မိသားစုအတွက် အလုပ်လုပ်ရတာ တစ်ခုခု မှားနေလို့လား။ ”
“ မင်းက မျိုးဆက်သစ် အစောင့်တွေရဲ့ ခေါင်းဆောင် ဖြစ်လာရင် ကျွယ်ယွမ်ရဲ့ အမိန့်ကို နာခံပြီး သူ့ကို ကာကွယ်ရမယ် ... မင်းတို့က လူငယ်တွေပဲ၊ တစ်ယောက်နဲ့ တစ်ယောက် ပေါင်းသင်း ဆက်ဆံနိုင်မယ်လို့ ငါယုံကြည်တယ်။”
ထိုစကားကြောင့် လူတိုင်း စိတ်လှုပ်ရှားလာ၏။ စုရီသည် ဝမ်ကျွယ်ယွမ်၏ ထက်ရှသော ဓားတစ်လက် ဖြစ်လာမည် ဖြစ်သည်။
“ ဟား ... ဟား ... ဟား ... ။ ”
ဤအခိုက်တွင် စုရီက ရယ်မောလျက်၊
“ မင်းရဲ့သားက ... ငါ့စောင့်ရှောက်မှုနဲ့ ထိုက်တန်တယ် ထင်လို့လား။
-ဟု ပြန်လည် မေးမြန်းလိုက်၏။
“ မင်း ... ။ ”
စိတ်ကူးယဉ်နေသော ဝမ်ကျွယ်ယွမ်တစ်ယောက် ဒေါသထွက်လာပြီး စကားလုံးများ ပျောက်ဆုံးသွား၏။
“ ဘာလဲ ... ငါပြောတာ မှားလို့လား၊ ဒီနေ့အင်မော့တယ်စံအိမ်မှာ... ဖြစ်ပျက်ခဲ့ တာတွေက မင်းအတွက် သင်ခန်းစာရဖို့ လုံလောက်သင့်ပြီ။ ”
“ ဘန်း ... ။ ”
ဝမ်ချောင်ကျင်းမှ စားပွဲဝိုင်းကို ရိုက်ချလိုက်ပြီး၊
“ စုရီ ... မင်းရဲ့ရာထူးကို မမေ့နဲ့ ... ယွမ်မိသားစုရဲ့ သမီးဆိုရင်တောင် ... ဒီကိစ္စကို သူ ဝင်စွက်ဖက်လို့မရဘူး ...
... ဒါက ဝမ်မိသားစုအရေးပဲ ... မင်းကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ငါတို့အပေါ်မှာ မူတည်တယ်။ ”
ဝမ်ချောင်ကျင်းအသံသည် အေးစက်ပြီး ခြိမ်းခြောက်မှုများ ပါရှိနေ၏။ ကျန်အကြီးအကဲ များသည်လည်း ခေါင်းညိတ်လိုက်ကြသည်။
မဟာကျိုးမင်းဆက်၏ စည်းမျဉ်း ဥပဒေများအရ သားမက်တစ်ယောက်ဘဝသည် သူဇနီးမိသားစု လက်ထဲတွင် ရှိချေ၏။
ကျောက်ထောက် နောက်ခံရှိယုံဖြင့် ပြန်လည်ရင်ဆိုင်ရန် အခွင့်အရေး မရှိနိုင်ချေ။ ဆိုလိုသည်မှာ ဤစုရီသည် ဝမ်မိသားစု၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိနေသည်။
အထူးသဖြင့် ဘဝနှင့်သေခြင်းဖြစ်၏။
***