← Chapters

သေမည်လော ... ဒူးထောက်မည်လော။

Vol. 7 Ch. 77

သေမည်လော ... ဒူးထောက်မည်လော။

Vol. 7 Ch. 77

ထိုဥပဒေကြောင့်ပင် တုန်လှုပ်ဖွယ် ကောင်းသော အဖြစ်အပျက်တစ်ခု မဟာကျိုး၌ ဖြစ်ပွားခဲ့ဖူး၏။

လူငယ်တစ်ဦးသည် တော်ဝင်မိသားစုမှ သမီးတော်နှင့် လက်ထပ်ကာ မင်းသားဖြစ်လာ ပြီးနောက် စည်းမျဉ်းများကို သည်းမခံနိုင်သဖြင့် မြင်းငါးကောင်နှင့် သူ့ခန္ဓာအပေါ် အပိုင်းပိုင်း ခွဲပစ်ရန် အမိန့်ပေးပစ်သည်။

ဤသည်မှာ ဇနီးသည်မိသားစု၏ လွှမ်းမိုးမှု ဖြစ်သည်။ ထို့ကြောင့် ဝမ်မိသားစု အမြင်တွင် စုရီသည် မည်မျှပင်ထူးချွန်နေပါစေ သူတို့ စီမံပိုင်ခွင့်အောက်၌ ရှိနေသည်။

“ ဒါဆို ... သဘောမတူဘူးဆိုရင် ... ဝမ်မိသားစုက ငါ့ကိုဆက်ပြီး နှောင့်ယှက်ဖို့ ရည်မှန်းထားတာလား။ ”

“ ဟမ့် ... စုရီ၊ အခုမင်းမှာ ကျင့်ကြံမှု ပြန်လာရပြီဆိုတော့ ... မင်းဘဝကို ဘယ်လို မြတ်နိုးရမယ်မှန်း သိသင့်တယ်။ ”

“ စုရီ၊ ငါတို့ဝမ်မိသားစုရဲ့ မျိုးဆက်သစ်အစောင့် ခေါင်းဆောင် ဖြစ်ရတာ ဂုဏ်ယူစရာပါ ... ကျေးဇူးကန်း မနေပါနဲ့။ ”

အကြီးအကဲများမှလည်း တစ်ယောက်တစ်ခွန်း ဝင်ပြောလာသည်။ စုရီက အခန်းအတွင်း ဝေ့ကြည့်ကာ၊

“ ကောင်းပြီ ... မင်းတို့က ဒီလိုပြောလာတဲ့အတွက် ငါလည်းရှင်းရှင်းပဲ ပြောမယ် ... ဒီနေ့ ငါ့ကိုတားဝံ့တဲ့ ဘယ်သူမဆို အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ”

-ဟု တုန့်ပြန်ပြောကြားလိုက်သည်။

လူတိုင်း မျက်ခုံးပင့်လိုက်မိ၏။ စုရီ၏မောက်မာမှုအပေါ် ဝမ်ချောင်ကျင်းမှ သည်းမခံနိုင်တော့ချေ။

“ လာကြစမ်း ... ဒီအသုံးမကျတဲ့ သမက်ကို နောင်တရတဲ့အထိ ရိုက်နှက်ပါ။ ”

“ ချွင် ... ။ ”

အမိန့်ရသည်နှင့် ဓားကိုင်ထားသော အစောင့်အဖွဲ့တစ်ဖွဲ့ ခန်းမထဲ ပြေးဝင်လာကာ စုရီကို ဝိုင်းလိုက်ကြ၏။

သူတို့အားလုံးသည် ဝမ်မိသားစု၏ ထိပ်တန်းအစောင့်များဖြစ်ပြီး ကြမ်းကြုတ်သော တိုက်ပွဲများစွာ ဆင်နွှဲဖူးသည်။

သို့သော် ပေါ့ဆခြင်းမရှိဘဲ စုရီထံ ချည်းကပ်လာ၏။ ဤလူငယ်သည် နဂါးတံခါး၌ ပထမ ရရှိထားသူဖြစ်သည်။

“ ချွင် ... ။ ”

စုရီက လက်ကိုင်တုတ်အတွင်းမှ မရဏအစွယ်ကို ဆွဲထုတ်လိုက်၏။ သွေးဆာပြီး ဒေါသသံသဲ့သဲ့ ပဲ့တင်ထပ်လာသည်။

“ ရွှပ် ... ။ ”

ထိုနောက်တွင် ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး လမ်းကြောင်းဆယ်ခုထံသို့ ပျံ့ကားသွား၏။

ဤဓားရေးသည် ကောင်းကင်နှင့် မြေကြီးကြား လွတ်လပ်စွာ သွားလာနေသော ဓားတစ်လက်နှင့်တူသည်။

စုရွှမ်ကြွယ်ဘဝတွင် ဤဓားသည် အဆုံးမဲ့ ထိုးဖောက် နိုင်စွမ်းရှိ​ပြီး မိုင်ထောင်ပေါင်းများစွာ အကွာမှ ရန်သူများကို သတ်ပစ်နိုင်၏။

“ ဝှစ် ... ။ ”

“ ကလန် ... ။ ”

ရှေ့ဆုံးမှ ပြေးဝင်လာသော အစောင့်တပ်သားခမျာ ဓားလွတ်ကျသွားကာ အရိုးများကွဲအက်လျက် ရင်ဘတ်အတွင်းမှ အေးစက်မှုကို ခံစားလိုက်ရသည်။

“ အား ... ။ ”

“ ကလန် ... ။ ”

နာကျင်စွာ အော်ဟစ်ပြီး မြေပေါ် လဲကျသွား၏။ တစ်ချိန်တည်းမှာပင် စူးရှသော အော်မြည်သံများ ထွက်ပေါ်လာပြီး အစောင့်များ အားလုံး လက်နက်များ လွင့်စင်သွားသည်။

မရဏအစွယ်က ၎င်းတို့ရင်ဘတ်ထဲ သုံးလက်မခန့် ထိုးဖောက်ဝင်ရောက်ကာ ပုံစံတူ ဒဏ်ရာများ ထားရစ်ခဲ့၏။ တုန်လှုပ်စွာဖြင့် ယိမ်းယိုင် ဆုတ်ခွာကုန်တော့သည်။

အပြာရောင်ဝတ်စုံဖြင့် စုရီ၏ အသွင်အပြင်သည် ဤတိုက်ပွဲနှင့် မသက်ဆိုင် သကဲ့သို့ ငြိမ်သက်စွာရပ်နေ၏။

“ ပလောက် ... ပလောက် ... ။ ”

လက်ထဲရှိ ဓားဖျားမှ ကျဆင်းနေသော သွေးစက်များကြောင့်သာ တိုက်ပွဲ ဝင်ခဲ့မှန်း ပြောနိုင်မည်။

“ ဓားတစ်ချက်တောင် မခံနိုင်ပဲနဲ့ ... အရှက်ခွဲခံဖို့ တောင်းဆိုနေတာလား။ ”

အစောင့်တပ်သားများခမျာ ကြောက်ရွံ့မှုများဖြင့် နောက်တစ်လှမ်း ထပ်မံ ဆုတ်ခွာသွားတော့၏။

ရင်ဘတ်ပေါ်ရှိ ဓားဒဏ်ရာသည် တစ်ဖက်လူ၏ ကြင်နာမှုကို ပြသနေသည်။

“ ဘယ်လောက်တောင် ရက်စက်လိုက်လဲ။ ”

ဝမ်ချောင်ကျင်း၊ ဝမ်ချောင်ချင်းနှင့် အခြားသော အကြီးအကဲများက ဒေါသတကြီး ဖြစ်လာကြ၏။

“ ဟမ့် ... ငါဘယ်သူ့ကိုမှ မသတ်ရသေးဘူး၊ ဒါပေမယ့် မင်းတို့ ... ဆက်ပြီးခေါင်းမာနေဦးမယ် ဆိုရင်တော့ ... ငါ့ကိုယ်ငါ အာမခံနိုင်မယ် မထင်ဘူး။ ”

“ ချောင်ချင်း ... ။ ”

ဝမ်ချောင်ကျင်းက သည်းမခံနိုင်တော့ဘဲ သူ့ညီကို စေလွှတ်လိုက်၏။ ဝမ်ချောင်ချင်းသည် ချီသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

သူနှင့် ကျင့်ကြံမှု တူညီ၏။ လူတိုင်း၏ ခန္ဓာကိုယ်တွင် စွမ်းအင်လမ်းကြောင်း ဆယ်ခု ရှိသည်။ ဝမ်ချောင်ချင်းသည် ရှစ်ခုအထိ ဖွင့်လှစ်ထားနိုင်၏။

ကွင်လင်မြို့တွင် ထိုအဆင့်သည် ဒုတိယတန်းစား ကျွမ်းကျင်သူ စာရင်းဝင်ချပြီ။ ဝမ်ေချာင်ချင်း၏ ချီနှင့်သွေးများ ယန်စီမြစ်ကဲ့သို့ တဝုန်းဝုန်း စီးဆင်လာပြီး အဝတ်အစားများက တဖျပ်ဖျပ်ခတ်လာ၏။

“ ဒူးထောက်မလား ... သေမလား။ ”

သူ့အသံသည် မိုးခြိမ်းသံအလား ပဲ့တင်ထပ်ကာ လူအများ၏ နားစည်ကို ရိုက်ခတ်လာသည်။

စုရီက စကားပြောရန် ပျင်းရိလာသဖြင့် လူသတ်လိုသည့် အရိပ်အမြွက်ဖြင့် ဓားဆွဲကာ လှမ်းတက်လိုက်သည်။

“ မင်းသေချင်နေတာပဲ။ ”

ထိုအသွင်အပြင်က ဝမ်ချောင်ချင်းကို ဒေါသများ တောက်လောင်လာစေသည်။ ဤသို့ သွေးသန့်စင်ခြင်းမှ တစ်စုံတစ်ယောက်သည် သူ့ကိုသတ်လိုသည်လော။

ထို့နောက် လှစ်ခနဲ ရွေ့လျားလျက် လက်သည်းဖြင့် လှမ်းကုပ်လိုက် တော့သည်။ ဤသည်မှာ ဝမ်မိသားစု၏ အလယ်အလတ် ရွှမ်အဆင့် ကိုယ်ခံပညာ ဖြစ်သည်။

လက်ချောင်းများသည် သတ္တုကဲ့သို့ မာကျောထက်မြက်ပြီး ကျောက်တုံးများကိုပင် ချေမှုန်းနိုင်၏။

သာမာန် ကျင့်ကြံသူတစ်ဦးကို ဖမ်းမိသွားသော် အသားပုံအဖြစ် စုတ်ဖြဲနိုင် ပေမည်။

“ ဝှစ် ... ။ ”

“ ထန် ... ။ ”

လက်ငါးချောင်းသည် လင်းယုန် ခြေသည်းများ သို့ စုရီဓားကို ဖမ်းကုပ်နိုင်မိ၏။ မီးပွားများပျံ့လွင့်ကာ ရှေ့ဆက်မတိုးတော့ချေ။

ထိုမြင်ကွင်းက ဝမ်မိသားစုဝင်များကို ပြုံးရွှင်လာစေ၏။ ​ဝမ်ချောင်ချင်းတစ်ယောက် အထင်အမြင်သေးမှု အရိပ်အမြွက်များဖြင့် လှောင်ပြုံး ပြုံးလိုက်သည်။

“ ဒါပဲလား ... ကောင်လေးစု။ ”

“ ချွင် ... ။ ”

“ ခရစ် ... ။ ”

သို့သော် သူ့စကားမဆုံးနိုင်ခင် မရဏအစွယ်ထံမှ စူးရှသော မြည်သံများပြုကာ ကြမ်းကြုတ်ပြင်းထန်သော အင်အားတစ်ခု ထွက်ပေါ်လာပြီး လက်ချောင်းများကို ချိုးပစ်လိုက်တော့သည်။

လက်သည်းမှ လွတ်မြောက်သည်နှင့် ဓားဖျားသည် လျှပ်စီးကဲ့သို့ ဆက်လက်တိုးဝင် လာခဲ့၏။

“ မကောင်းတော့ဘူး။ ”

ထိတ်လန့်စွာဖြင့် လက်ပြန်ရုတ်ကာ ချက်ချင်းရှောင်တိမ်းလိုက်သည်။

“ စွပ် ... ။ ”

“ အား ... ။ ”

သို့တိုင် နောက်ကျသွားသေး၏။ ဓားသည် ရင်ဘတ်မှတဆင့် ကျောပြင်သို့ဖောက်ထွင်းသွား ချေပြီ။

“ ဒါ ... ။ ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်ကုန်ကာ အထူးသဖြင့် ဝမ်ချောင်ကျင်းသည် မျက်လုံးများ ပြူးလျက် စိုးရိမ်သွားတော့၏။

သွေးသန့်စင်ခြင်း နယ်ပယ်မှ တစ်စုံတစ်ယောက်သည် ဓားတစ်ချက်တည်းနှင့် ချောင်ချင်းကို သေလုမျောပါး ဖြစ်စေသည်။ အဓိပ္ပါယ် မရှိချေ။

“ ဝေါ့ ... ။ ”

စုရီက ဓားကို ပြန်ဆွဲထုတ်လိုက်ရာ သွေးတစ်လုတ်အန်လျက် ယိမ်းယိုင်သွားပြီး ဝမ်ချောင်ချင်းတစ်ယောက် ကြမ်းပြင်ပေါ် လဲကျသွားလေသည်။

နှလုံးသားနှင့် တစ်လက်မ အကွာတွင် အေးစက်သော ခံစားချက်ကို မမေ့နိုင်တော့ချေ။ အမြင်အာရုံများ ဝေဝါးလာပြီး မျက်နှာ ဖြူဖျော့သွား၏။

“ ဒူးထောက်မလား ... သေမလားဆိုတဲ့ မေးခွန်းက ကောင်းပေမယ့် ဒီမေးခွန်းနဲ့ မင်းက မထိုက်တန်သေးဘူး ... အရမ်း အားနည်းနေသေးတယ်။ ”

စုရီက ခန်းမအတွင်းကို တစ်ချက် ဝေ့ကြည့်လိုက်ကာ၊

“ ဘယ်သူ ... ငါ့ဓားရဲ့ ထက်ရှမှုကို စမ်းသပ်ချင်သေးလဲ။ ”

-ဟု မေးမြန်းလိုက်တော့သည်။

လူတိုင်း ထိတ်လန့်သွားကာ ခေါင်းငုံ သွားကြ၏။ အကြည့်ကို မည်သူမျှ မခံဝံ့ကြချေ။ ချီသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူပင် ရှုံးနိမ့် သွားပြီဖြစ်သည်။ ထို့ကြောင့် ထွက်ဝံ့သူသည် လူမိုက်သာ ဖြစ်ပေတော့မည်။

***

All Chapters