← Chapters

မုန်တိုင်းလာနေပြီ။

Vol. 7 Ch. 81

မုန်တိုင်းလာနေပြီ။

Vol. 7 Ch. 81

စုရွှမ်ကြွယ်ဘဝတွင် ငရဲဘုံကိုးပါးဓား၏ တံဆိပ်ကိုးခုကို မဖွင့်နိုင်ခဲ့ချေ။ ယင်းအစားဓားချီ ဖြင့်သာ စကြာဝဠာဖန်တီးခြင်းသုတ္တန်ကို ဖန်တီးခဲ့သည်။

၎င်းသုတ္တန်သည် ဗုဒ္ဓနှင့် တာအိုဘာသာဝင်တို့၏ အမြင့်မြတ်ဆုံးအမွေ ဖြစ်သော သုတ္တန်များထက် မနိမ့်ကျချေ။

နှစ်ပေါင်း (၁၈၀၀၀၀) အတွေ့အကြုံနှင့် ပြိုင်ဘက်ကင်း တာအိုများအပေါ် အခြေခံကာ ထုတ်နှုတ်ဖန်တီးထားခြင်း ဖြစ်သည်။

သို့သော် မပြည့်စုံသေးဘဲ ဧကရာဇ်နယ်ပယ်အထိသာ ကျင့်​ကြံနိုင်ခဲ့သည်။ ၎င်းကို ဧကရာဇ်ရောင်ဝါ၊ ဧကရာဇ်အုတ်မြစ်နှင့် ဧကရာဇ်ပေါင်းစည်းခြင်းဟူ၍ အဆင့်သုံးဆင့် ခွဲခြားထား၏။

“ ငါဒီဘဝမှာ ထပ်ပြီး ... ဒီသုတ္တန်ကို ပြီး‌အောင်ဖန်တီးရမယ် အရင်က အဲဒီဓားကနေ ထိုးထွင်းသိမြင်မှုတချို့ ရနိုင်ခဲ့တာဆိုတော့ အခုလည်း ဘာလို့ မလုပ်နိုင်ရမှာလဲ။ ”

အချိန်အတော်ကြာ သုံးသပ်ပြီးနောက် တုံ့ဆိုင်းနေသော အကြည့်များ၌ ပြတ်သားမှုများ အစားထိုးလာသည်။

စကြာဝဠာ ဖန်တီးခြင်း သုတ္တန်၏ အနှစ်သာရသည် ကမ္ဘာပေါ်ရှိ စွမ်းအင်တိုင်းကို စုပ်ယူခြင်းကာဝိညာဉ်ကို သန့်စင်ခြင်းပေပင်။

ဝိညာဉ်သန်မာလာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီးဆိုင်ရာ ဖြစ်စဉ်တိုင်း၊ နိယာမတိုင်းကို အသိစိတ်ပင်လယ်အတွင်း၌ ထင်ရှားနိုင်စေ၏။

စကြာဝဠာဟူသော စကားလုံးသည် ကောင်းကင်၊မြေကြီးနှင့်တာအိုကို ရည်ညွှန်းကာ ထိုအဆင့်တွင် ဝိညာဉ်သည် ကိုယ်ပိုင်စကြာဝဠာ တစ်ခုကဲ့သို့ အံ့သြဖွယ်ကောင်းလာပေမည်။

ဆိုလိုသည်မှာ ဧကရာဇ်နယ်ပယ် ရောက်ရှိပါက စိတ်ဝိညာဉ်ပင်လယ် အတွင်း၌ တာအိုတစ်သောင်းရောင်ဝါ ရရှိပေသည်။

ထို့ကြောင့် ဧကရာဇ်တစ်ပါးသည် ပုံသဏ္ဍာန်အမျိုးမျိုးကို ဖန်တီးနိုင်ကာတန်ခိုးရှင် အဖြစ် ခေါ်ဆိုနိုင်ခြင်းဖြစ်သည်။

အရေးအကြီးဆုံးမှာ စကြာဝဠာ ဖန်တီးခြင်းသုတ္တန်သည် စွမ်းအင်အမျိုးအစား တစ်မျိုးသာ ဖြစ်နေပါက စုပ်ယူနိုင်ခြင်းဖြစ်၏။

မိုးပြာတိုက်ကြီးကဲ့သို့သော ဝိညာဉ်စွမ်းအင်မြုံနေသောအရပ်၌ ၎င်းသည် အသင့်လျော်ဆုံးပေပင်။

ဆုံးဖြတ်ချက်ချပြီးနောက် စုရီက တုံ့ဆိုင်းမနေတော့ချေ။ စကြာဝဠာဖန်တီးခြင်း သုတ္တန်ကို ကျင့်ကြံရန် ပြင်လိုက်သည်။

ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအင် ကျဲပါးလွန်ကာ မကောင်းဆိုးရွား ယင်စွမ်းအင် များသာ ပေါကြွယ်ဝသည်။

ဧကရာဇ်တစ်ပါး၏ စိတ်ဝိညာဉ်သည် ကောင်းကင်ဘုံ နိယာမများကို ခြေရာခံနိုင်ရာ ထိုအဆင့်၌ သဘာဝ ဖြစ်စဉ်များ ဖန်တီးရန် မခက်သင့်ချေ။

အတွေးများစွာဖြင့် စိတ်ဝိညာဉ် လွင့်မျောသွားပြီး ငရဲဘုံကိုးပါးဓားကို ခေါ်ထုတ် လိုက်ကာ ဝိညာဉ်အပေါ် သန့်စင်မိ၏။

“ ထောင်း ... ။ ”

သို့သော် ငရဲဘုံကိုးပါးဓားရှိ သံကြိုးကိုးချောင်းက ပြင်းစွာတုန်ခါသွားပြီး ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။

ထိုရောင်ဝါသည် ကြောက်မက်ဖွယ် ကောင်းလွန်းကာ မီးကဲ့သို့ကြီးစိုးပြီး နှင်းကဲ့သို့ အေးစက်လျက် တောင်ကဲ့သို့ လေးလံလှ၏။

စိတ်ဝိညာဉ်ပင်လယ်အတွင်း နတ်ဘုရားကိုးပါး ပြန်လည် ရှင်သန်လာကဲ့သို့ ဓားချီကိုးချောင်း ပေါ်လာသည်။

၎င်းထံမှ ရောင်ဝါသည် သူ့ဝိညာဉ်ကို အလွယ်တကူ ခွဲထုတ်နိုင်လောက်အောင်ပင် အစွမ်းထက်ချေ၏။

ဓားချီကိုးချောင်းကို စိတ်ဝိညာဉ် အတွင်း ထုတ်လွှတ်ပြီးနောက် နတ်သံကြိုးကိုးချောင်းမှ ပြန်လည်တိတ်ဆိတ်သွားသည်။

တစ်ဆက်တည်းမှာပင် ငရဲဘုံကိုးပါးဓားသည်လည်း ငြိမ်သက်သွား၏။ စုရီတစ်ယောက် ထိတ်လန့်ပြီး အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းလာသည်။

အဆုံးတွင် ဓားချီထံမှ ရေပွက်အလား လှိုင်းကိုးခု ရိုက်ခတ်လာသဖြင့် ချက်ချင်းပင် အသိစိတ်ပင်လယ်ကို ရုတ်သိမ်းလိုက်ရ၏။ မဟုတ်သော် ဝိညာဉ်တစ်ခုလုံး ပေါက်ကွဲသွားပေမည်။

ယခင်ဘဝတွင် ငရဲဘုံကိုးပါးဓားထံမှ ဤသို့သော တုန့်ပြန်မှုမျိုး မရှိခဲ့ချေ။ ပထမဆုံး အကြိမ် ကြုံရခြင်းဖြစ်သည်။

ထိုစဉ်က ငရဲဘုံကိုးပါးဓားရှိ နတ်သံကြိုးများသည် ဓားအပေါ် ချုပ်နှောင်ထား သည်ဟုသာ မြင်ခဲ့၏။ ဤသို့ ဓားချီကိုးချောင်း ထုတ်ပေးနိုင်မည်ဟု မထင်ထားချေ။

ယခုမူ နတ်သံကြိုးများသည် ဓားမှ ချုပ်နှောင်ခြင်းခံနေရသော ဓားရောင်ဝါများ ဖြစ်နေခဲ့သည်။ ဆိုလိုသည်မှာ ငရဲဘုံကိုးပါး ဓားသည် ဤနတ်သံကြိုးများကို နှိမ်နင်းထားခြင်းပေပင်။

“ ဒါဆိုရင် ... ဒီသံကြိုးကိုးချောင်းက လျှို့ဝှက်တံဆိပ်တွေပေါ့။ ”

လက်ရှိ ကျင့်ကြံမှုဖြင့် ထိုတံဆိပ်များကို ဖွင့်ရန်သတ္တိ မရှိသေးချေ။ ဒုတိယအကြိမ်အဖြစ် ငရဲဘုံကိုးပါးဓားကို တဖြည်းဖြည်း ခေါ်ယူလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် ဓားထံမှ တုန့်ပြန်မှု မပြုတော့ဘဲ သံကြိုးများမှ ရှေးကျပြီး လျှို့ဝှက် ဆန်းကြယ်သော ရောင်ဝါများ ဖြာထွက်နေ၏။

ပထမနတ်သံကြိုး ရောင်ဝါသည် လေပြေကဲ့သို့ ပျော့ပြောင်းနူးညံ့ချေပြီ။ ဒုတိယ နတ်သံကြိုးသည် မီးကဲ့သို့ ပွက်ပွက်ဆူနေပြီး အရာအားလုံးကို လောင်ကျွမ်း နိုင်ပုံရ၏။

တတိယသံကြိုးသည် နှင်းကဲ့သို့ အေးစက်နေသည်။ ဤနည်းဖြင့် မတူညီသော တာအိုအသီးအသီး တို့၏ အထွတ်အထိပ် ရောင်ဝါများပေးနေ၏။

သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော နတ်ဘုရားများကဲ့သို့ ကြောက်မက်ဖွယ်ရာ တန်ခိုးများဖြင့် ပြည့်စုံနေသည်။

ကံကောင်းစွာဖြင့် ငရဲဘုံကိုးပါးဓားက ၎င်းတို့ကို အာရုံခံမိကာ နှိမ်နင်းပေးထားချေပြီ။ သူ့ဝိညာဉ်သည် နဝမမြောက် နတ်သံကြိုးထံမှ ရင်းနှီးသော ခံစားချက်ကို ရရှိမိ၏။

လက်ရှိရွေးချယ်လိုက်သော စကြာဝဠာဖန်တီးခြင်း သုတ္တန်သည် ထိုသံကြိုးမှ လာချေပြီ။

“ ဒီလိုအစွမ်းထက်တဲ့ နတ်သံကြိုးကို ငါ့ဝိညာဉ်က ... ဆက်သွယ်လိုက်တာနေမယ် သေလုနီးပါးပဲ။ ”

နောက်နေ့မနက်တွင် အပြာရောင် ရှပ်အင်္ကျီ၀တ်ဆင်ပြီး ဆံပင်ကိုဝါးဆံညှပ်နှင့် ချည်နှောင်ကာ ညာလက်တွင် ဝါးတောင်ဝှေး တစ်ချောင်းကို ကိုင်ဆောင်လျက် အခန်း အတွင်းမှ လှမ်းထွက်လာခဲ့သည်။

“ ကျွီ ... ။ ”

ခြံတံခါးကို ပိတ်ပြီးနောက် မက်မွန်ဆေးခန်းမှ အဖွဲ့သားများက ရောက်ရှိ လာ၏။

“ သခင်လေးစု ကောင်းသောခရီး ဖြစ်ပါစေ။ ”

“ အားလုံး ကိုယ့်အလုပ် ကိုယ်လုပ်ကြပါ။ ”

ဤစုရီသည် သည်ကာလအတွင်း သူတို့အားလုံးအပေါ် ကြင်နာစွာ ဆက်ဆံပြီး အပြစ်တင် ကြိမ်းမောင်းခြင်း မရှိခဲ့သဖြင့် လူတိုင်းမှ လေးစားခဲ့သည်။

ထို့ကြောင့် မျက်ရည်များဝဲလျက် ရထားလုံးပေါ် တက်သွားသော သူ့အသွင်ကို ပျောက်ကွယ်သွားသည်အထိ ငေးကြည့် နေမိကြ၏။

ရထားလုံးကို မောင်းနှင်သူသည် အစောင့်တပ်မှူး နီပိုင်ဟွာ ဖြစ်သည်။ ၎င်းက ပြုံးလျက် မိုးပြာမြစ်ဆိပ်ထံသို့ ဦးတည် လိုက်တော့သည်။

***

မိုးပြာမြစ်ကမ်းဆိပ်ကမ်းတွင် လူနေအဆောင် ကိုးထပ်ပါရှိသော သင်္ဘောကြီး တစ်စင်း ဆိုက်ကပ်နေသည်။

ခရီးသည် အများအပြားက ကုန်းပတ်ပေါ်ထွက်ရပ်ကာ ကွမ်လင်မြို့ထံ ငေးကြည့်နေကြ၏။

ခရီးသည်အချို့က မြစ်ကမ်းပါးအတွင်း လမ်းဆင်းလျှောက်လျက် အချို့သည် ဝိုင်းများ၊ အစားအသောက်များ ဝယ်နေကြသည်။

အတော်ပင် သက်ဝင်လှုပ်ရှားသော မြင်ကွင်းဖြစ်၏။ ​ဆိပ်ခံတံတားပေါ်တွင် ဖူရှန်း၊ ယွမ်လောရှီနှင့် ချောင်ဝူဟောင်တို့ ရပ်စောင့်နေသည်။

“ ဆရာစု ... ။ ”

အနားတွင် ဟွမ်ယွင်ချုံးနှင့် ဟွမ်ချမ့်ကျွယ်သည်လည်း ရပ်နေ၏။ ၎င်းတို့က စုရီကို မြင်သောအခါ နှုတ်ဆက်လိုက်သည်။

လူငယ်တစ်ယောက်ကို လေးစားစွာ နှုတ်ဆက်နေသော ဤမြင်ကွင်းမှာသင်္ဘောရှိ ခရီးသည်အချို့ကို သတိထားမိလာစေသည်။

“ မင်းတို့ အစောင့်တွေရော။ ”

စုရီက ယွမ်လောရှီကို မေး၏။

“ သူတို့ မနေ့ညထဲက မြင်းစီးပြီး ပြန်ကုန်ကြပြီ။ ”

စုရီက ခေါင်းညိတ်ကာ ဟွမ်သားအဖကို လှည့်ကြည့်လျက်

“ ဒီမှာ ဘာလုပ်နေတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။ ဟွမ်ယွင်ချုံးက ပြုံးပြပြီး၊

“ ဆရာစု ... ဒါက တကယ့်ကို တိုက်ဆိုင်မှုသက်သက်ပါ ... ငါတို့ချမ့်ကျွယ်ကို မြစ်ပြာဓား စံအိမ်မှာ လေ့ကျင့်ဖို့ စီစဉ်ထားခဲ့တယ် ...

... ဒါကြောင့်မနေ့ညက ဒီနေ့ ငါတို့မြို့ကို သင်္ဘောဆိုက်မှာ ကြားသိတဲ့အတွက် ချက်ချင်း စီစဉ်လိုက်ရတာပါ။ ”

စုရီက ပြုံးသည်။ မြို့သခင်ဖူရှန်း၊ ယွမ်လောရှီနှင့် ချောင်ဝူဟောင်မှ မျက်ခုံးပင့်၏။ ဤတိုက်ဆိုင်မှုသည် မည်သို့သော တိုက်ဆိုင်မှု ဖြစ်မည်ကို လူတိုင်းနားလည်လိုက်ချေပြီ။

စကားစမြည်ပြောနေကြစဉ် ကြေးနီရောင်အသား၊ မုတ်ဆိတ်မွှေးတိုတိုနှင့် မီးခိုးရောင် ၀တ် လူကြီးတစ်ယောက် လျှောက်လှမ်းလာသည်။

“ လူကြီးဖူ၊ ငါတို့ထွက်သွားတော့မယ်၊ သူတို့က မင်းပြောခဲ့တဲ့ ဧည့်သည်တွေလား။ ”

မီးခိုးရောင်ဝတ် လူကြီးက မေး၏။ ၎င်းထံမှသတ်ဖြတ်ခြင်း ရောင်ဝါအချို့ပင် စိမ့်ထွက်နေသည်။

စကားပြောနေစဉ် အကြည့်များက စုရီ၊ယွမ်လောရှီနှင့် ဟွမ်ချမ့်ကျွယ်ထံ ကျ‌ရောက် သွား၏။ ထို့နောက် ချောင်ဝူဟောင်ကို မြင်ချိန်၌ မျက်ခုံးပင့်ကာ အံ့သြသွားလေသည်။

ဖူရှန်းမှ ပြုံးပြီး

“ သူက ... တစ်ချိန်က မြို့စောင့်တပ်မှူး ကျန်းရီရန်ပဲ သူရဲကောင်း ဝိညာဉ်သိုင်းသမားရဲ့ သစ်ရွက်စိမ်းတပ်မှာ စစ်သည်တစ်သောင်းကို အမိန့်ပေးပြီး အနှစ်နှစ်ဆယ်ကြာ တိုက်ပွဲဝင်ခဲ့ဖူးတယ် ... ။ ”

-ဟု မိတ်ဆက်ပေးလိုက်သည်။

“ လူကြီးဖူ၊ ငါ့ကို မြှောက်ပင့်နေစရာ မလိုပါဘူး အခုငါက လုံခြုံရေးအစောင့်မှလွဲပြီး ဘာမှမဟုတ်တော့ အားလုံးအသိပါ ... ဒီလှေက ငါ့အသက်ပဲ။ ”

“ ဒါဆို မင်းက သူရဲကောင်းချန်ကျန့်ရဲ့ အမိန့်အောက်က ကျွမ်းကျင်သူ တစ်ယောက်ပေါ့ အသိအမှတ် မပြုလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။ ”

သူရဲကောင်း ဝိညာဉ်သိုင်းသမား ချန်ကျန့်သည် မဟာကျိုးမင်းဆက်၏ ဘုရင်များ အနက်မှတစ်ပါး ဖြစ်သည်။ ချွန်အားအရာ၌ ထိပ်တန်းငါးဦးအဆင့်ဝင်၏။

၎င်းသည် နတ်ဆိုးတောင်တန်းတွင် တပ်စွဲထားပြီး မရမေတွက်နိုင်သော ယိုဝိညာဉ် များစွာကို သတ်ဖြတ်ခဲ့သည်။

“ အိုး ... မိတ်ဆွေ မင်းက ငါတို့ သူရဲကောင်းကို သိတာလား။ ”

“ ကျောက်စိမ်းမြွေကြီးကို သတ်တာ မြင်လိုက်တည်းက ... ဒီနေ့အထိကို လေးစား နေရပါတယ်။”

“ အားလုံး သင်္ဘောပေါ်တက်ပြီး ... အရက်သောက်ဖို့ ဖိတ်ခေါ်ပါတယ် ... ငါတို့ စကားပြောကြရအောင်။ ”

ကျန်းရီရန်က လူတိုင်းကို လျစ်လျူရှုကာ ချောင်ဝူဟောင်ကို ပြုံးရွှင်စွာ ဖိတ်ခေါ်လိုက်၏။ ကျန်လူများဖြင့် မိတ်ဆက်ပေးလိုသော ဖူရှန်းက အတွေးများကို စွန်လွှတ်လိုက်ရချေပြီ။

အဆုံးတွင် ကွမ်လင်မှ မုန်တိုင်းသည် တိမ်မြစ်စီရင်စု မြို့တော်သို့ ဦးတည်နေခဲ့ပြီ ဖြစ်သည်။ မည်မျှ တုန်လှုပ်‌ခြောက်ခြားဖွယ် ကောင်းမည်ကို မစောင့်နိုင်တော့ချေ။

***

All Chapters