← Chapters

ပင်လယ်ဘုရင်၏ တပည့်။

Vol. 7 Ch. 82

ပင်လယ်ဘုရင်၏ တပည့်။

Vol. 7 Ch. 82

သင်္ဘော၏ တစ်ဆယ့်နှစ်ထပ်မြောက် နန်းတော်တစ်ခုအတွင်းမှ လူငယ်တစ်ယောက် ထိုမြင်ကွင်းကို ရပ်ကြည့်နေသည်။

၎င်းက အခန်းအတွင်း ပြန်လှည့်ကာ၊

“ သိုင်းအဒေါ် ... အပြာရောင် ၀တ်စုံဝတ်ထားတဲ့ လူငယ်က ဘယ်သူလဲဆိုတာ သိနိုင်မလား။ ”

-ဟုမေးမြန်းလိုက်၏။

ခရမ်းရောင် ငှက်မွှေးခေါင်းစွပ်ဦးထုပ်ကို စွပ်ထားသော အမျိုးသမီးငယ်မှ ပြန်မဖြေချေ။ သူမခါးတွင် ကျောက်စိမ်းခါးပတ် တပ်ဆင်ကာ လက်နှစ်ဖက်ကို နောက်ကျောပို့လျက် မျက်နှာလွှဲလိုက်သည်။

နက်မှောင်သောဆံပင်ကို မြင်းမြီးသဖွယ် ချည်​နှောင်ထားကာ အသက်အရွယ်အရ (၁၈) မျှသာရှိသေး၏။

ဂုဏ်ကျက်သရေ ရှိသော အသွင်အပြင်မျိုးရှိပြီး ရိုးရှင်းသော အင်္ကျီ​ဖြူ​ဖြူကို ဝတ်ဆင်ထားသည်။

“ သိုင်းအဒေါ်၊ မင်းက ထက်မြက်ပေမယ့် အရမ်း ပျင်းရိလွန်းတယ် ဘာကိုမှ ဂရုမစိုက်ဘူး။ ”

ခရမ်းရောင် ၀တ် လူငယ်က သက်ပြင်းချလျက် မှတ်ချက်ပေးလိုက်သည်။

“ ဟမ့် ... ငါ့အတွက် မစိုးရိမ်ပါနဲ့ ... ဒီစစ်ဆင်ရေးက မင်းအတွက် ဘေးကင်းရေးသာ အဓိကပါ။ ”

ထို့နောက် အမျိုးသမီးက ကုတင်ပေါ် လျှောက်လှမ်းသွားကာ ​ဘေး​စောင်း လှဲလိုက်ပြီး လှ​ပ​သော ကောက်ကြောင်းကို ပေါ်လွင် စေခဲ့၏။

ခရမ်းရောင်ဝတ် လူငယ်ခမျာ အံ့အားသင့်သွားကာ ချက်ချင်းနှလုံးတုန် သွားလေသည်။

သို့သော် အဝေးသို့ အကြည့်ကို ရွေ့လိုက်​ပြီး၊

“ သိုင်းအဒေါ်၊ ငါ လမ်းလျှောက် ထွက်ဦးမယ်။ ”

-ဟု ဆိုလျက် ခန်းမထဲမှ လှမ်းထွက်ခွာ သွားတော့၏။

“ မင်း ... အန္တရာယ်ကျရောက်ရင် ငါ့ကိုခေါ်လိုက်။ ”

စကားဆုံးသည်နှင့် သိုင်းအဒေါ်က အိပ်ပျော်သွားသည်။ လူငယ်က ပြုံးပြီး တံခါးကို ပိတ်လိုက်၏။

ဤသင်္ဘောတွင် သူ့အတွက် မည်သို့သော အန္တရာယ်ရှိမည်နည်း။ အပြင်ဘက်၌ စောင့်ကြပ် နေသော လူလတ်ပိုင်းအရွယ် အမျိုးသားက ဦးညွှတ်ကာ နှုတ်ဆက်၏။

“ အရှင်မင်းမြတ် ... ။ ”

ခရမ်းရောင်ဝတ်လူငယ်က ခေါင်းညိတ်ကာ၊

“ ကျန်းရီရန် ဖိတ်ခေါ်သွားတဲ့ အဖွဲ့ရဲ့ ဇာစ်မြစ်ကို စုံစမ်းဦး ... ငါတို့ အထောက်အထား တွေကို မဖော်ပြနဲ့။ ”

-ဟု အမိန့်ပေးလိုက်သည်။

လူလတ်ပိုင်း အရွယ်အမျိုးသားက ခေါင်းညိတ်ကာ၊

“ သခင်လေး ဘယ်သွားမလို့လဲ။ ”

-ဟု ပြန်လည်မေးမြန်းလိုက်၏။

“ ရှူး ... ။ ”

ခရမ်းရောင်ဝတ် လူငယ်က သူ့နှုတ်ခမ်းကို လက်ညှိုးကပ်ပြပြီး တံခါးဆီသို့ ပြန်လည် ခိုးကြည့်ကာ၊

“ ငါစစ်တုရင် သွားကစားမို့ ... အဲဒီမှာချန်ကျင်းရဲ့ အသံလေးနဲ့ အရမ်း သက်တောင့်သက်သာ ရှိတယ်။ ”

“ သခင်လေး ... မိန်းကလေးချင်ကျင်းသာ မင်းအတွက် အသင့်လျော်ဆုံးပါ ... ဒါမှ ငါလည်း အေးအေးဆေးဆေး အနား ယူနိုင်မှာ။ ”

ခရမ်း‌ရောင်ဝတ် လူငယ်က ခေါင်းကုတ်လျက် သူ့ကို လျစ်လျူရှုလိုက်ပြီး ထွက်ခွာသွားတော့၏။ လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းယမ်းလျက် ကျန်းရီရန်ထံ ဦးတည်လိုက်လေသည်။

မဟာကျိုးမင်းဆက် သက္ကရာဇ် ၃၉၉ နှစ်၊ ဒုတိယလ၏ ဆဋ္ဌမနေ့တွင် စုရီသည် ကွမ်လင်မှ ထွက်ခွာသွားချေပြီ။

ထိုည ကောင်းကင်ယံတခွင်တွင် မည်းမှောင်လျက် တစ္ဆေမိခင်တောင်တန်းကြီး တစ်ခုလုံး ငြိမ်သက်နေ၏။

“ ဖရူး ... ဖရူး ... ။ ”

ရုတ်တရက် လှပသော ကြိုးကြာငှက် တစ်ကောင်သည် တိမ်လွှာများကို ဖြတ်ကျော်ပြီး မက်မွန်​တောအုပ်ထံ ပျံဝဲလာသည်။

“ ဝှစ် ... ။ ”

ကြိုးကြာပေါ်မှ လူရိပ်တစ်ရိပ် ခုန်ဆင်းလာပြီးနောက် မက်မွန်ရနံ့အဆိပ်မြူ အတွင်း လှမ်းဝင်သွား​၏။

ရောင်စုံ အဆိပ်မြူများသည် ဒီရေ​တောများအလား ဆုတ်ခွာလျက် သူ့အတွက် ဖယ်ရှားပေးတော့သည်။ အဆုံးတွင် ၎င်းက ယန်မီးတောက် မက်မွန်ပင် ရှေ့တွင်ရပ်လျက်၊

“ ထောင်ချင်းရှန် ... မင်းဘယ်မှာလဲ ငါက ​ကောချင်ပါ ငါ့ဆရာပင်လယ်ဘုရင်ရဲ့ အမိန့်အရ မီးဝိညာဉ် မက်မွန်သီးကို ယူဖို့လာတယ်။ ”

-ဟု ဟစ်အော်လိုက်​တော့သည်။

မီးမက်မွန်ပင် တစ်ဝိုက်တွင် မြူခိုးများ ကျဲပါးသွားကာ ပိန်လှီသော အဘိုးအို တစ်ဦး ထွက်ပေါ်လာ၏။

“ မင်းက ပင်လယ်ဘုရင်ရဲ့ တပည့်ပဲလား။ ”

“ ဒီမှာ ငါ့သခင်ရဲ့ အမှတ်အသားပါ။”

လူငယ်က ပြုံးပြီး ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်ကာ လေထဲတွင် ပျံဝဲစေလိုက်သည်။

၎င်းတွင် ကောဟူသော စကားလုံး တစ်လုံးပါရှိ၏။ထောင်ချင်းရှန်က ချက်ချင်းပင် လေးစားသော အမူအရာများ ပြသကာ၊

“ မင်းကို ကြိုဆိုဖို့ အပြင်မထွက်ခဲ့တာ ခွင့်လွှတ်ပါ။ ”

-ဟုတောင်းပန်လိုက်၏။

ကောချင်က တံဆိပ်ကို ပြန်သိမ်းလိုက်သည်။

“ ငါ့ဆရာရဲ့ ခန့်မှန်းချက်အရ ... မက်မွန်သီးတွေ မှည့်သင့်ပြီး မဟုတ်လား ခူးယူပေးဖို့ မင်းကို ဒုက္ခပေးရလိမ့်မယ်။ ”

“ သခင်လေး ... ငါမင်းကို မလိမ်ပါဘူး၊ မင်းခြေတစ်လှမ်း နောက်ကျသွားပြီ လွန်ခဲ့တဲ့ နှစ်ရက်လောက်က မက်မွန်သီးမှည့်သုံးလုံးကို တစ်စုံတစ်ယောက် လာရောက်သိမ်းယူ သွားခဲ့တယ်။ ”

“ ဘယ်သူလဲ ... ။ ”

“ သခင်လေး၊ ကြည့်ပါ။ ”

ထောင်ချင်းရှန်က ကျောက်တုံးပေါ်မှ စုရီ၏စာကို ပြသလိုက်၏။ စာလုံးတိုင်းတွင် ထက်ရှသော ရောင်ဝါများ ဖြာထွက်နေသည်။

“ မဟာကျိုး ပြက္ခဒိန် ... ဒုတိယလ လေးရက်မြောက်နေ့တွင် စုရီသည် မက်မွန်သီး (၃)လုံးကို ယူဆောင်သွား၏။ ”

ကောချင်တစ်ယောက် မျက်ခုံးပင့်လိုက်၏။

“ သူက ဘယ်သူလဲ။ ”

ဤလူသည် ရဲရင့်လှချေပြီ။

“ သူက များပြားလှတဲ့ သဘာဝလွန် တန်ခိုးတွေကို ပိုင်ဆိုင်ထားတဲ့ တာအိုသခင်ပဲ၊ ငါ့အမြင်အရ တန်ခိုးရှင်ဘုံကနေ နှင်ထုတ်ခံရတဲ့ တစ်စုံတစ်ယောက်နဲ့တူတယ်။ ”

ကောချင်က ခဏမျှစဉ်းစားပြီး၊

“ သာမန်လူက ငါ့ဆရာအမည်ကို တွေ့ပြီးတာတောင် ဒီလို ရေးဝံ့မယ် မထင်ဘူး၊ မင်းပြောတာ ဖြစ်နိုင်တယ်။ ”

“ မှန်ပါတယ် ... သူက မကောင်းဆိုးရွား တစ်ယောက်တော့ မဟုတ်ပါဘူး ဉာဏ်အလင်း ရနေတဲ့ ပုဂ္ဂိုလ်နဲ့ ပိုတူပါတယ် ...

... တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ပင်လယ်ဘုရင်က သူ့ကို တိုက်ရိုက်ရှာသင့်တယ်လို့ ပြောခဲ့ပါတယ်။ ”

ကောချင်တစ်ယောက် မျက်ခုံးပင့်မိ၏။ တစ်ဖက်လူသည် အမှန်ပင် ပင်လယ်ဘုရင် ဟူသည့် ဘွဲ့ထူးကို ဂရုမစိုက်ချေ။

“ အဲဒီလူက ဘယ်လိုပုံစံလဲ မှတ်မိလား။ ”

“ မှတ်မိပါတယ် ကျေးဇူးပြုပြီး ... ။ ”

ထောင်ချင်းရှန်က မက်မွန်သီးပင်မှ အစိမ်းရောင် သစ်ရွက်တစ်ရွက်ကို ခူးယူကာ ကောက်ကြောင်းတစ်ခု ထွင်းပြလိုက်၏။

အလင်းရောင်များ ဖြာလျက် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူငယ်တစ်ယောက် ပုံသဏ္ဍာန် ပေါ်လာသည်။

ဝါးဆံညှပ်ဖြင့် ဆံပင်များကို ချည်နှောင်ကာ ဤကမ္ဘာကြီးနှင့် မသက်ဆိုင်သော လေထုမျိုးကို ပေးစွမ်းနေ၏။

“ ဟမ့် ... လူငယ်တစ်ယောက်လား။ ”

ထိုမေးခွန်းကြောင့် ထောင်ချင်းရှန်မှ တွေဝေသွားပြီး၊

“ ထာဝရတာအိုကို ကျွမ်းကျင်နေတဲ့ အဖိုးကြီးတစ်ယောက်လည်း ... ဖြစ်နိုင်ပါတယ် နောက်ဆုံးတော့ တာအိုသခင်တွေက ဘယ်မှာများ ရိုးရှင်းလို့လဲ။ ”

-ဟု ပြန်ဖြေလိုက်သည်။

“ မင်းကြည့်ရတာ ... သူ့ကို အရမ်းကြောက်နေပုံပဲ။”

“ အမှန်ပါ ... ။ ”

“ ဒါဆို ငါ့ဆရာကို မကြောက်ဘူးပေါ့။ ”

“ သခင်လေး မင်းနောက်နေတာလား ပင်လယ်ဘုရင်ကိုလည်း ငါအပြစ်မပြုဝံ့ပါဘူး။ ”

“ ထောင်ချင်းရှန် ... ။ ”

ကောချင်က ဂရုမစိုက်ဘဲ အော်ဟစ်လိုက်သဖြင့် ထောင်ချင်းရှန်မှ တုန်ယင်ကာ မော့ကြည့်လိုက်သည်။

ခရမ်းရောင် မျက်ဝန်းတစ်စုံနှင့် သူ့ကို စိုက်ကြည့်သော ကောချင်ကို မြင်လိုက်ရချေ၏။ ယင်းကြောင့် ခန္ဓာကိုယ် တောင့်တင်းသွားကာ စိတ်ဝိညာဉ်ချက်ချင်း အေးခဲသွားသည်။

ကောချင်က ဒေါသထွက်လာပြီး၊

“ အဘိုးကြီး၊ သူ့ဝိညာဉ်ကို ရှာပါ၊ ဒါက အမှန်အတိုင်း ပြောနေတာလား ငါသိချင်တယ်။ ”

-ဟု တစ်ယောက်တည်း စကားပြောလိုက်တော့သည်။

( ဟား ဟား ဟား ... အရာရာတိုင်းမှာ အပေးအယူရှိတယ် မီးဝိညာဉ် မက်မွန်သီးရခဲ့ရင် မင်းငါ့ကို တစ်ဝက်ပေးပါ။ )

“ ဟမ့် ... မင်းရဲ့အဆင့်အတန်းအရ ဒီလိုအဆင့်နိမ့် ဝိညာဉ်ရေး သစ်သီးတွေကို မလိုအပ်ဘူး မဟုတ်လား။ ”

( ဒါတော့အမှန်ပဲ ... အနိမ့်ဆုံး အဆင့်(၄)အဆင့် ဝိညာဉ်ရေးရာ သစ်သီးတွေပဲ ငါလိုတာ ဒါပေမယ့် စည်းကမ်းက စည်းကမ်းပဲ၊ မင်းတစ်ခုခုလိုချင်ရင် တစ်ခုခု ပြန်ပေးပါ ...

... ပြီးတော့ ငါရှိနေတာက မင်းရဲ့တာအိုကို တစ်ချိန်မှာ ... မင်းဆရာထက်သာလွန်တဲ့အဆင့် ရောက်စေလိမ့်မယ်။ )

“ ဟမ့် ... အဘိုးကြီး၊ မင်းဒီလောက် အစွမ်းထက်နေရင် ငါ့စိတ်ဝိညာဉ်ထဲမှာ ဘာလို့ ပုန်းနေရတာလဲ ... ငါ့ဆရာရှေ့မှာဆိုရင် မင်းမျက်တောင် မခတ်ရဲတာ ငါသိတယ်။ ”

( ကမ်းစပ်မှာဆိုရင် နဂါးကိုတောင် ပုစွန်တွေက နှိပ်စက်နိုင်တယ် ... လွင်ပြင်မှာ ခွေးတွေဟာ ကျားတစ်ကောင်ကို အနိုင်ကျင့်နိုင်တယ်။)

“ ဟား ဟား ဟား ... ကောင်းပြီ အခု အလုပ်သွားလုပ်ပါ ... ငါမင်းကို မက်မွန်သီး တစ်ဝက်ပေးမယ်။ ”

( ဟမ့် ... ။ )

ထို့နောက်တွင် ခရမ်းရောင် အလင်းတန်းများက ကောချင်၏ မျက်ဝန်းများမှ ထွက်ခွာသွား၏။

“ မင်းဘာတွေ့လဲ။ ”

ကောချင်တစ်ယောက် စိတ်လှုပ်ရှား လာတော့သည်။ အတန်ကြာ ငြိမ်သက်သွား ပြီးနောက် စိတ်ဝိညာဉ်အတွင်းမှ အဘိုးအိုက၊

( ဒီစုရီဟာ သွေးသန့်စင်ခြင်းက လူငယ် တစ်ယောက်ပဲ၊ သူ့ကိုယ်သူ ငယ်ရွယ်နုပျိုစေတဲ့ အဘိုးကြီး မဟုတ်ဘူး .. ဒါပေမယ့် ... ။ )

“ ဒါပေမယ့် ဘာဖြစ်လဲ ... ။ ”

ကောချင်က အနည်းငယ် မျက်ခုံးပင့်မိ၏။ ဤအဘိုးကြီးထံမှ လေးနက်သော လေသံမျိုး ကြားဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ကမ္ဘာကြီးတစ်ခုလုံး သူ့ထိန်းချုပ်မှု အောက်တွင် ရှိနေသကဲ့သို့ မြေကြီးအဆင့် ကျွမ်းကျင်သူများအကြောင်းကို အမြဲ ပြောဆိုနေတတ်သူ ပေပင်။

( သူမှာ ထူးဆန်းတာတစ်ခုရှိတယ် ... ကောင်လေး ... မင်းသူ့ကို အနိုင်ယူပြီး အစေခံ ခိုင်းရင် ... မင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ ကံကြမ္မာကို ရလိမ့်မယ် ... ။ )

ကောချင်တစ်ယောက် စိတ်လှုပ်ရှားလာသော်လည်း ချက်ချင်း သတိထားလိုက်ပြီး စိတ်မဝင်စားဟန် ဆောင်လိုက်၏။

“ အဲဒါက လုံလောက်တဲ့ ... အကြောင်းပြချက် မဟုတ်ဘူး ... ပြီးတော့ ငါက မွေးရာပါ သူရဲဘောကြောင်သူတစ်ယောက် ဆိုပါ ... ကြက်သတ်တာတောင် မျက်လုံး မှိတ်ပြီးမှ သတ်ရဲခဲ့တယ်။ ”

ရုတ်တရက် တိတ်ဆိတ်သွားလေသည်။

( ဒါပေမယ့် သူက မီးဝိညာဉ် မက်မွန်သီးသုံးလုံးကို ခိုးသွားတယ် ... မင်းက ပင်လယ်ဘုရင်ရဲ့ တပည့်တစ်ယောက်အနေနဲ့ လွှတ်ထားလို့ မရဘူး ...

... ငါတို့အတူလိုက်ရှာပြီး သူ့ကို သင်ခန်းသာပေးရအောင် ရရှိမဲ့ အကျိုးအမြတ် မှန်သမျှ ငါးဆယ် ... ငါးဆယ်၊ ဘယ်လိုလဲ။)

“ မဟုတ်ဘူး ... ဒီအဖြစ်အပျက်ကို ဆရာ့ဆီ အကြောင်းကြားပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ဆုံးဖြတ်ခွင့်တောင်းခံရမယ်။ ”

ဤတစ်ကြိမ်၌ ကောချင်မှာ ပို၍ သေချာသွားသည်။ အဘိုးကြီးလေသံတွင် တစ်စုံတစ်ရာ သံသယဖြစ်စရာ ရှိနေ၏။ အဘိုးကြီးက ဒေါသဖြင့်၊

( လူယုတ်မာ ... မင်းလိုလူတစ်ယောက် ဒီကမ္ဘာကြီးမှာ ရှိနေတာအံသြမိတယ် မင်းဆရာ ပြောတာမှန်တယ် ... မင်းက အရိုးထိအောင် သူရဲဘောကြောင်နေတဲ့ ကောင်ပဲ။ )

“ ဟား ဟား ဟား ... ငါ့ဘဝနဲ့ ကစားရမဲ့ လောင်းကြေးမျိုး ငါကစားမယ် မင်းထင်နေလား သတိရှိခြင်းဟာ အသက်ရှည်ခြင်းပဲ၊ မင်းစကား နားထောင်ပြီး စုရီနောက်ကိုလိုက်မိရင် ...

... အဆုံးသတ်သာ ဆိုးရွားသွားရင် မင်းရဲ့ဝိညာဉ်လည်း ... လွင့်မျောသွားလိမ့်မယ် ဒီအတွက် မင်းငါ့ကို ကျေးဇူးတင်ရမယ်။ ”

စကားဆုံးသည်နှင့် ကောချင်က ချက်ချင်း လှည့်ထွက်ပြီး ကြိုးကြာပေါ်တက်ကာ ပြန်လည် ထွက်ခွာသွားတော့သည်။

***

All Chapters