သားကောင်။
Vol. 7 Ch. 84
ကျန်းသော်တစ်ယောက် သက်ပြင်းချလိုက်သည်။ ထိုမြင်ကွင်းက ချောင်ဝူဟောင်ကို သတိထားမိစေကာ၊
“ မိန်းကလေးယွမ် အထူးနန်းတော်ကလူငယ်ဆိုတာ သူပဲ။”
-ဟု ခပ်တိုးတိုး သတိပေးလိုက်သည်။
လူငယ်၏ ခရမ်းရောင်ဝတ်ရုံသည် ရေနှင့်မီးဒဏ်ကိုခံနိုင်သော နှင်းဝိညာဉ် ပိုးဖြင့် ပြုလုပ်ထားသည်။
ငှက်မွှေးခေါင်းစွပ်၊ ခါးပတ်၊ ဖိနပ်၊ ကျောက်စိမ်းဆွဲသီးစသည့် အရာအားလုံးကို ပေါင်းစပ်လိုက်ပါက ဝိညာဉ်ကျောက်တုံး ငါးရာထက် မနည်းတန်ကြေးရှိမည်။
၎င်းနောက်ရှိ အစေခံအမျိုးသားသည် ချီသန့်စင်ခြင်းအထွတ်အထိပ်တွင် ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမားမှန်း မြင်သာ၏။
တစ်ဖက်တွင် စုရီက သက်ပြင်းချ လိုက်သည်။ ချောင်ဝူဟောင် သတိမထားမိ သည်ကို သူသတိထားမိ၏။
သို့သော် သူဟူသည် ခရီးသွား တစ်ယောက်သာ ဖြစ်သောကြောင့် လျစ်လျူရှု လိုက်သည်။ ဤအရှုပ်အထွေးအတွင်း မပါဝင်လိုချေ။
“ မိန်းကလေးယွမ် ... ငါမင်းနဲ့အတူ ထိုင်ရင် စိတ်မဆိုးဘူး မဟုတ်လား။ ”
ထိုအချိန်တွင် ခရမ်းရောင်ဝတ် လူငယ်က အနားရောက်လာပြီး ယွမ်လောရှီကို ပြုံးပြကာ မေးလေသည်။
ယွမ်လောရှီ၊ ဦးလေးရှောင်နှင့် ဟွမ်ချမ့်ကျွယ်တို့က အံ့အားသင့်စွာ ကြည့်လိုက် တော့၏။
“ နင်ငါ့ကို သိလို့လား။ ”
“ မင်းက တိမ်မြစ်စီရင်စုမြို့တော်ရဲ့ ယွမ်ပုလဲပဲ ... ငါမင်းကို ဘယ်လိုလုပ် မသိပဲ နေနိုင်မှာလဲ။ ”
ခရမ်းရောင်ဝတ် လူငယ်က ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး၊
“ ဖိတ်ခေါ်မထားပဲ ... အခုလို လာခဲ့တဲ့အတွက် ခွင့်လွှတ်ပါ လမ်းခရီးက ပျင်းရိစရာကောင်းလွန်းတော့ သူငယ်ချင်း အသစ်တွေနဲ့ တွေ့ခွင့်ရတာ ဝမ်းသာစရာပဲ။ ”
-ဟု ပြောကြားလိုက်သည်။
ယွမ်လောရှီက လူငယ်၏ ထူးကဲသော နောက်ခံကြောင့် မကျေမနပ်ချက်ကို မြိုသိပ်ကာ တုန်ပြန်ခြင်း မပြုတော့ချေ။
“ မင်းတို့ ... တိမ်မြစ်စီရင်စုမြို့တော်ကို ပြန်ဖို့စီစဉ်နေတာလား။ ”
ခရမ်းရောင်ဝတ် လူငယ်က ဝိုင်တစ်ခွက်ငှဲ့သောက်ကာ နွေးထွေးသော အပြုံးဖြင့်မေးသည်။
“ ဘာလို့ ကိုယ့်ကိုယ်ကို ... မိတ်မဆက်ရတာလဲ ... ဒါက ရိုင်းစိုင်းတဲ့ အပြုအမူလို့ မထင်ဘူးလား။ ”
ယွမ်လောရှီက မျက်မှောင်ကြုတ်လျက် ပြောကြားလိုက်၏။ ခရမ်းရောင်ဝတ် လူငယ်မှ အပြုံးများဖြင့်၊
“ ငါ့ရဲ့ပေါ့ဆမှုပါ၊ ငါ့နာမည်ကျစ်လီဖြစ်ပြီး ကျောက်စိမ်းမြို့တော်ကနေ လာတာပါ ငါလည်း တိမ်မြစ်စီရင်စုကို ဦးတည်နေပါတယ်။ ”
“ သခင်လေးကျစ်လီ၊ မင်း တိမ်မြစ်စီရင်စုမြို့တော်ကို ... ဘာအတွက် လာတာလဲလို့ မေးခွင့်ရှိမလား။ ”
“ မိတ်ဆွေတချို့ဆီ သွားလည်မို့ပါ ... ထွေထွေထူးထူး မဟုတ်ပါဘူး။ ”
ထို့နောက် အကြောင်းအရာ ပြောင်းလဲလိုက်ကာ ကျိုးနွံဟန်ဆောင်လျက် ယွမ်လောရှီကို စကားစမြည်ပြောရန် ကြိုးစားလာသည်။
ဟွမ်လောရှီက ဒေါသထွက်လာခဲ့ သော်လည်း သည်းခံနေရ၏။ အဆုံးတွင် လူငယ် ထရပ်ကာ၊
“ အားလုံးပဲ ကျေးဇူးပြုပြီး ... ဆက်လုပ်ကြပါ၊ နှောက်ယှက်မိတဲ့ အတွက် တောင်းပန်ပါတယ်။ ”
-ဟု အပြုံးဖြင့် လှည့်ထွက်လိုက်သည်။
“ ဝုန်း ... ။ ”
သို့သော်သင်္ဘောသည် သန္တာ ကျောက်တန်းနှင့် တိုက်မိသကဲ့သို့ ပြင်းစွာ ယိမ်းထိုးသွား၏။
“ ဝှစ် ... ။ ”
လူလယ်ပိုင်းအရွယ် အမျိုးသားက လူငယ်အနား ချက်ချင်း ရောက်ရှိသွားကာ သတ်ဖြတ်လိုသော အကြည့်ဖြင့် ပတ်ဝန်းကျင် အပေါ် စစ်ဆေးနေတော့သည်။
“ ခွမ်း ... ။ ”
“ ဝုန်း ... ။ ”
သင်္ဘောတစ်စင်းလုံး ယိမ်းထိုးမှုကြောင့် စားပွဲများနှင့် ကုလားထိုင်များ လဲကျကုန်ကာ ဝိုင်များကျကွဲကုန်သည်။
“ ဘာဖြစ်နေတာလဲ။ ”
“ ဝေါင်း ... ။ ”
ရင်ပြင်တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်၏။ ရုတ်တရက် ဝိညာဉ်သားရဲအသံများ ပဲ့တင်ထပ် လာသည်။ လူတိုင်း မျက်နှာပျက်လျက်၊
“ ဝိညာဉ်သားရဲတွေ လွတ်ကုန်ပြီ ... မြန်မြန်လာ ... ဘယ်သူက လှောင်အိမ်တွေကို ဖွင့်လိုက်တာလဲမသိဘူး။ ”
-ဟု အော်ဟစ်ကုန်တော့၏။
“ ဒါ ... ။ ”
ဤသင်္ဘောပေါ်တွင် ဝိညာဉ်သားရဲ အကောင်ရေ ရှစ်ရာပါရှိကြောင်း လူတိုင်းသိ၏။ တွေးကြည့်ရုံဖြင့် ပြိုလဲသွားနိုင်မည်။
“ ဘာလို့ဒီလိုမျိုး ရုတ်တရက် ဖြစ်သွားရတာလဲ ... ။ ”
ယွမ်လောရှီက လေးနက်လာ၏။
“ မိန်းကလေးယွမ် စိတ်အေးအေးထားပါ ... ကျန်းရီရန်နဲ့ လက်အောက်ငယ်သားတွေကဒါကို အလွယ်တကူ ဆက်ဆံနိုင်ပါလိမ့်မယ်။ ”
ဤသည်မှာ တစ်စုံတစ်ယောက်သည် သားရဲလှောင်အိမ်များကို ရည်ရွယ်ချက်ရှိရှိ ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပေမည်။
စုရီက ဝါးတောင်ဝှေးကို လှမ်းကိုင်ကာ ထိတ်လန့်နေသော ဧည့်သည်များအတွင်း လှည့်ပတ် ကြည့်နေမိ၏။
ထိုအချိန်တွင် ခရမ်းရောင်ဝတ် လူငယ်က ပြန်လှည့်လာပြီး ယွမ်လောရှီကို အပြုံးဖြင့် နှစ်သိမ့်ပေးလာသည်။
“ မိန်းကလေးယွမ် ... အနားယူပါ ... ငါ့အနားမှာ မင်းကို ဒုက္ခပေးဝံ့တဲ့လူ မရှိပါဘူး။ ”
“ ကျေးဇူးတင်ပါတယ် ... ဒါပေမယ့် ငါအမြင်အရတော့ နင့်ကိုယ်နင် ကာကွယ်ဖို့ အရင် ကြိုးစားသင့်တယ်။ ”
ယွမ်လောရှီက ချက်ချင်း တုန့်ပြန်သည်။ သားရဲများ၏ အဆက်မပြတ်ဟောက်သံများက ခရီးသည်များကို ပို၍ ထိတ်လန့်လာစေ၏။
ကံကောင်းစွာဖြင့် ဤအရပ်သည် နဝမမြောက်အထပ်ဖြစ်ရာ ဝိညာဉ်သားရဲများ ချက်ချင်း ရောက်မလာနိုင်ခဲ့ချေ။
“ ဝှစ် ... ။ ”
ရုတ်တရက် အမျိုးသားတစ်ဦးက ခရမ်းရောင်ဝတ်ထားသော လူငယ်လေးဆီသို့ ပြေးလာပြီး တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။
“ ငါ့ရဲ့လုံခြုံရေးအတွက် စိတ်ပူစရာ မလိုဘူးလို့ ပြန်ပြောလိုက် ... မင်းသွားပြီး ကျန်းရီရန်ကို ကူညီလိုက်ပါ ... ဒီအခြေနေကို တတ်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ်ကြ။ ”
“ ဟုတ်ကဲ့ ... ။ ”
ထို့နောက် လူငယ်က ယွမ်လောရှီထံ လှည့်ကာ ပြုံးပြလိုက်သည်။
“ တစ်စုံတစ်ယောက်က ဝိညာဉ်သားရဲ လှောင်အိမ်တွေကို တမင်ဖွင့်လိုက်တာနေမယ်၊ ဒါပေမယ့် စိတ်မပူနဲ့ ... ကျန်းရီရန်နဲ့အဖွဲ့ကို ကူညီဖို့ ငါ့လူတွေသွားနေပြီ။ ”
“ ငါတို့ ထွက်သွားရအောင်။ ”
စုရီက ချက်ချင်း လှမ်းထွက်သွား၏။ ယွမ်လောရှီ၊ ချောင်ဝူဟောင်နှင့် ဟွမ်ချမ့်ကျွယ် တို့က အချင်းချင်း လိုက်ပါသွားသည်။
ခရမ်းရောင်ဝတ်ထားသည့် လူငယ်၏ မျက်လုံးများတွင် မကျေနပ်မှုအရိပ်အမြွက်များ ဖြစ်ပေါ်လာသည်။
“ ယိုတွေက သင်္ဘောအနှံ့ ပြန့်ကျံနေပြီ ... မင်းထွက်သွားချင်သေးလား မင်းဘယ်လောက် ရူးမိုက်လဲ ... ။ ”
ဒေါသအလျောက် ကြာမြင့်စွာ ကျင့်သုံးလေ့ရှိသော အုပ်စိုးရှင်ရောင်ဝါကို ထုတ်လွှတ်ကာ အော်ဟစ်လိုက်သည်။
စုရီ၏ နောက်ခံကို သူသိရှိပြီး ဖြစ်၏။ တစ်ခုတည်းသော ကောင်းချီးမှာ လွန်ခဲ့သည့် ရက်အနည်းငယ်က နဂါးတံခါး၌ ချန်ပီယံ ဖြစ်လာခြင်း ပေပင်။
“ မင်းနဲ့အတူရှိနေတာက ငါတို့အတွက် ပိုအန္တရာယ်ရှိလိမ့်မယ် ... ဒီညဘာကြောင့် ဒီလို အဖြစ်အပျက်တွေ ဖြစ်နေသလဲဆိုတာ မင်း စဉ်းစားသင့်နေပြီ။ ”
“ ဟမ့် ... ။ ”
ခရမ်းရောင်ဝတ်လူငယ်ခမျာ မျက်နှာမည်းမှောင်သွားပြီး အေးစက်သော အသွင်ဖြင့် စုရီထံ ပြန်ကြည့်၏။
“ ဒုက္ခဆိုတာ ကံကြမ္မာနဲ့ မဆိုင်ဘူး ... လူတွေကသာ ကံကြမ္မာကို ယူဆောင်လာတယ် အရာရာကို သတိထားတာ အကောင်းဆုံးပါပဲ ... ကံကောင်းပါစေ။ ”
တစ်ဖက်လူသည် နားလည်မည် မဟုတ်မှန်းသိသောကြောင့် ခေါင်းယမ်းလျက် စုရီက လှည့်ထွက်လိုက်သည်။ သို့သော် ကျန်းသော်မှ ပိတ်ဆို့ထား၏။
“ ကောင်လေး ... မင်းထွက်သွားဖို့ သိပ်နောက်ကျဦးမှာမဟုတ်ဘူး ဒီစကားအတွက် မင်းကိုယ်တိုင် ဘာလို့ရှင်းမပြတာလဲ။ ”
သူ့စကားတွင် ခြိမ်းခြောက်မှုများ ပါရှိ၏။ ချောင်ဝူဟောင်က ချက်ချင်း လှမ်းတက်လာပြီး၊
“ မိတ်ဆွေ၊ ဒါက စကားအဖြစ် ပြောလိုက်တာပါ ... မင်းဒီလိုခြိမ်းခြောက်ဖို့ လိုလို့လား ... ။ ”
ကျန်းသော်က ခရမ်းရောင်ဝတ် လူငယ်ထံပြန်ကြည့်ပြီး သူ့ကို လျစ်လျူရှုထား လေသည်။ လူငယ်က ဒေါသထွက်နေပြီး၊
“ မိန်းကလေးယွမ်ကြောင့် မင်းကိုတားနေတာ ... မင်းကသေချင်နေတာကို ငါစိတ်ဝင်စားမယ်များထင်လား ...
... မင်းအသက်ကို တန်ဖိုးမထားတာ ကိစ္စမရှိပေမယ့် မင်းနဲ့အတူ တခြားလူတွေကို ဆွဲချနေတာ ဘယ်လောက် တစ်ကိုယ်ကောင်း ဆန်လိုက်လဲ။ ”
-ဟု အော်ဟစ်လာ၏။
“ ငါတို့ရဲ့ သေခြင်း ... ရှင်ခြင်းက မင်းနဲ့ဘာဆိုင်လဲ ... ။ ”
ဟွမ်ချမ့်ကျွယ်က အေးစက်စွာ တုန့်ပြန်တော့သည်။ ဤလူငယ်ကို ကြည့်မရ သည်မှာ ကြာပြီဖြစ်၏။ ၎င်းက အုပ်စိုးရှင် တစ်ပါးကဲ့သို့ ပြုမူပြနေသည်။
“ ရိုင်းလိုက်တာ ... ။ ”
ကျန်းသော်အမူအရာမှာ မည်းမှောင် သွားသဖြင့် ခရမ်းရောင်ဝတ် လူငယ်က လက်ပြ လိုက်ကာ၊
“ လုံလောက်ပြီ။ ”
-ဟု ပြောကြား။ ထို့နောက်၊
“ သူတို့ကို လွှတ်လိုက်ပါ ... ဒီလို မသိနားမလည်တဲ့ လူမျိုးတွေ ... ငါတစ်ခါမှ မတွေ့ဖူးဘူး ... မိန်းကလေးယွမ် ကျေးဇူးပြုပြီး ငါနဲ့ဒီမှာနေပါ ... အလုံခြုံဆုံးပါပဲ။ ”
သို့သော် ယွမ်လောရှီက ခေါင်းခါလျက်၊
“ မဟုတ်ဘူး ... ငါတို့ဆရာစုနဲ့ နေမယ် ... သခင်လေးကျစ်လီ မင်းဆရာစု အကြံပေးတာကို စဉ်းစားကြည့်သင့်တယ် ... အကြောင်းပြချက် မရှိဘဲ ဒေါသမထွက်ပါနဲ့။ ”
-ဟုငြင်းဆန်လိုကတော့သည်။
ဤအရာက ခရမ်းရောင်ဝတ် လူငယ်ကို မျက်လုံးပြူးသွားစေ၏။ မိန်းကလေးယွမ်သည် တိမ်မြစ်စီရင်စုမြို့တော်၏ ပုလဲဖြစ်သဖြင့် အမြင်ကျယ်မည်ဟု ထင်မိခဲ့သည်။
ယခုမူ သူမအမြင်သည် သူ့ထက် သွေးသန့်စင်ခြင်းအဆင့်မှ လူငယ်ထံ၌သာ ရှိနေခဲ့ချေပြီ။
***
Book-7 (completed)