← Chapters

အလုပ်များတယ်

Vol. 14 Ch. 196

အလုပ်များတယ်

Vol. 14 Ch. 196

ချူစီရှင်း၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားလေသည်။

လီစုယု က ဘာကိုဆိုလိုတာလဲ။

လေယာဉ်မယ်က စားပွဲထိုးလား။

ထို့နောက် ပထမတန်းနေရာရောက်တာနဲ့ဖားယားနေတာလား။

ချူစီရှင်းကိုယ်တိုင်ကလည်း လေယာဉ်မယ်တစ်ယောက်ဖြစ်ခဲ့ဖူးသည်။

လီစုယုသည် ချူစီရှင်း၏၏မျက်နှာပေါ်တွင် ပြောင်းလဲသွားသည်ကို သတိမထားမိဘဲ၊ “ငါက လေယာဉ်မယ်တွေရဲ့ သဘောသဘာဝကို သိတဲ့အတွက် ရှောင်ဂိုလေကြောင်းလိုင်းကို မလာဖြစ်ဘူး”

လေယာဉ်မယ်တစ်ယောက်ရဲ့ သဘောသဘာဝကို သိပြီးဖြစ်လို့ ရှောင်ဂို လေကြောင်းလိုင်းကို မသွားခဲ့တာက ဘာကိုဆိုလိုတာလဲ။

မူလက ချူစီရှင်းက သူမကို မတွေ့တာ နှစ်နှစ်လောက်ကြာပြီဖြစ်တဲ့အတန်းဖော်တစ်ဦးထင်ခဲ့သည်။

ထို့ကြောင့် သူမသည် ယခင်က သူငယ်ချင်းကောင်းမဟုတ်ခဲ့လျှင်ပင် ခင်မင်ရင်းနှီးစွာ ပြောနေသည်။

အခုတော့သူမကိုရင်းနှီးသလိုဆက်ဆံစရာမလိုတော့ပေ။

လီစုယုက တောင်းပန်တဲ့လေသံနဲ့ “အို... တောင်းပန်ပါတယ်... မင်းကိုဆိုလိုတာမဟုတ်ပါဘူး။ပြီးတော့နင်ကအခုလေယာဉ်မယ်မဟုတ်တော့ဘူးဆိုတော့ဂရုစိုက်စရာမလိုတော့ဘူး”

ဒါကိုကြားတော့ချူစီရှင်းဘာပြောရမှန်မသိဖြစ်သွားသည်။စိတ်ထဲမှာဒီမိန်းမကမျက်နှာတော်တော်ပြောင်တာပဲဟုတွေးလိုက်သည်။

ဤအခိုက်တွင် လီစုယု သည် ချူစီရှင်း ဘေးရှိ လင်းဖန်ကို သတိပြုမိပြီး “သူက...”

“အိုး ငါကချူရှင်းရဲ့ ချစ်သူ လင်းဖန် ပါ။” လင်းဖန်က ပြန်ပြောသည်။

“ချူရှင်းချစ်သူရတဲ့ဂုဏ်ယူပါတယ်!” လီစုယုသည်အပေါ်ကဂုဏ်ပြုနေပေမဲ့စိတ်ထဲမှာတော့မနာလိုဖြစ်နေသည်။

လင်းဖန်က အရမ်းချောသည်။

သူမရဲ့ခင်ပွန်းအကြောင်း တွေးလိုက်သောအခါတွင် သူမသည် ပိုပိုပြီးမနာလိုဖြစ်သွားသည်။

လင်းဖန် အကြောင်းပြောသောအခါ ချူစီရှင်း ၏မျက်နှာသည် ချိုသာသောအပြုံးတစ်ခုပြသပြီး “ကျေးဇူးတင်ပါတယ်”

လင်းဖန်နဲ့တွေ့ဆုံရတာဟာ သူ့မဘဝမှာ အပျော်ရွှင်ဆုံးအရာပဲလို့ သူမခံစားခဲ့ရသည်။

လီစုယုသည် ချူစီရှင်း၏ ပျော်ရွှင်သောအသွင်အပြင်ကို ကြည့်ပြီးသူမက မပျော်မရွှင်ဖြစ်ကာ “လင်းဖန်ဟုတ်တယ်မလား၊မင်းအခုဘာလုပ်​တာလဲဲ’’ ဟု မေးလိုက်သည်။

“လောလောဆယ်တော့ကျန်ပေ့ တက္ကသိုလ်က ကျောင်းသားတစ်ယောက်ပါ။” လင်းဖန်က ပြောသည်။

လီစုယုက ဒါကိုကြားတော့ မရယ်ပဲမနေနိုင်ပေ။

စိတ်ထဲတွင်သူမသည် ကျောင်းသားနဲ့ရည်းစား​ဖြစ်သောချူစီရှင်းကို လှောင်ပြောင်နေသည်။

လင်းဖန်သည် ချောမောသည်။

ဒါပေမယ့် ရုပ်ချောတာကို ဘာအတွက်အသုံးဝင်လို့လဲ။

လီစုယုက အပြုံးကို မျိုသိပ်ပြီး “ချူရှင်း ၊ ငါ မင်းကို အရမ်း မနာလိုဖြစ်မိတယ်။ကော်လိပ်ကျောင်းသားနဲ့ရည်စားဖြစ်တယ်ဆိုတော့မင်းတို့နှစ်ယောက်အချိန်များကြီးအတူရှိကြပြီးပျော်နေကြတယ် “

“ဟူး...ငါကတော့နင်တို့နဲ့မတူဘူး ကုမ္ပဏီတစ်ခုဖွင့်ထားတဲ့ခင်ပွန်း(လက်ထပ်ထားတာ)တစ်ယောက်ကို ငါတွေ့ခဲ့တယ်၊ ငါနဲ့နေဖို့သာအသာထားအိမ်နဲ့တောင်မကပ်ဖြစ်ဘူး။ဘယ်လောက်တောင်အလုပ်များလဲဆိုရင်၊ ငါသူ့ကို​ဆယ်ရက်၊ဒါမှမဟုတ်တစ်လမှတစ်ကြိမ် တွေ့ရတယ်။”

လီစုယုက အားကိုးရာမဲ့ပုံရပြီး “ဒီနေ့လဲဒီအတိုင်းသူငါနဲ့အစားဘဲ ရန်ရှီဂရုဥက္ကဌ နဲ့ ရှောင်ဝူလက်ကားစီးတီးရဲ့ ဥက္ကဌက အားလုံးက ကျွန်မခင်ပွန်းကို ညစာလာစားဖို့ ဖိတ်ခေါ် တယ်’’လို့ ပြောသည်

“မင်းတို့ ရန်ရှီဂရု နဲ့ရှောင်ဝူလက်ကားမြို့အကြောင်း ကြားဖူးတယ်မလား။ ဒီကုမ္ပဏီကြီးနှစ်ခုဟာ စျေးကွက်တန်ဖိုး ဘီလီယံပေါင်းများစွာရှိတဲ့ ကုမ္ပဏီကြီးနှစ်ခုပါ။”

“ဒီဥက္ကဋ္ဌ နှစ်ယောက်က ကျွန်မခင်ပွန်းရဲ့ အထက်တန်းစားလူတွေလို့ ပြောလို့ရ တယ်။ သူတို့က ကျွန်မခင်ပွန်းကို ညစာလာစားဖို့ ဖိတ်ခေါ်နေတော့ ကျွန်မခင်ပွန်းက ငြင်းပယ်လို့မရဘူးလေ။”

“ဒါဆို ငါ့ယောက်ျားက အင်ပါယာမှာညစာစားဖို့ ဖိတ်ချင်တယ်...”

သူမရဲ့ စကားသံကဖြစ်ပျက်နေသည်ကို ကွက်ကွက်ကွင်းကွင်းပံဖော်နေသလိုပင်ဖြစ်သည်။

ဒါပေမယ့် တကယ်လား?

ရန်ရှီ၏ ဥက္ကဌ နှင့် ရှောင်ဝူလက်ကားစီးတီး ဥက္ကဌ တို့ကိုသူမ၏ခင်ပွန်းက ညစာစားရန် ဖိတ်ခေါ်ရန် မည်သို့ စတင်လုပ်ဆောင်နိုင်မည်နည်း။

သို့သော် လီစုယုသည် သူမလိမ်ထားတာပေါ်တာကိုစိုးရိမ်ခြင်းမရှိပေ။

ချူစီရှင်း နှင့် လင်းဖန် တို့သည် ရန်ရှီဂရု ၏ဥက္ကဌနှင့် ရှောင်ဝူ လက်ကားစီးတီး၏ဥက္ကဌနှင့် မည်သည့်အခါမျှ ဆက်သွယ်မှုရှိလာမည်မဟုတ်ကြောင်း သူမ အခိုင်အမာယုံကြည်သောကြောင့်ဖြစ်သည်။

လီစုယုက “ဒါပေမယ့် ငါ့ခင်ပွန်းနဲ့ အင်ပါယာဟိုတယ်မှာစားချင်ပေမဲ့အမြဲလူပြည့်နေတယ်။”

ခေတ္တနားပြီးနောက်သူမက’’ ချူရှင်း နှင့် လင်းဖန် ၊ မင်းတို့ ကျန်ပေ့မှာနေတာဆိုတော့ အင်ပါယာမှာ အသိမိတ်ဆွေတွေ ရှိပါလား၊ရှိရင်ငါတို့ကိုကူညီပေးပါအုံး?’’

လီစုယု က ပြောလိုက်သည်

သူမသူငယ်ချင်းနဲ့ကျောင်းသားကအင်ပါယာဟိုတယ်ကလူတွေကိုသိမှာလား။

ဒါ ကဟာသမဟုတ်ဘူးလား။

သူ့မခင်ပွန်းတောင်မှ အင်ပါယာဟိုတယ် ရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့လူကိုမသိပေ။

အဲဒါ အင်ပါယာဟိုတယ်ပါ။

စားသောက်တဲ့သာမန်အခန်းတောင်သိန်းနဲ့ချီကုန်ကျမည်ဖြစ်သည်။

သူမရဲ့ ရည်ရွယ်ချက်ကသူမ ခင်ပွန်းသည်ရဲ့ အင်အားကို ပြသဖို့ပဲ ဖြစ်သည်။

ထိုအချိန်တွင် လင်းဖန်က ပြုံးကာ “အင်ပါယာဟိုတယ် ရဲ့ အသိတစ်ယောက်လား။ ငါ သူ့ကို သိတယ်ဆိုတော့ မင်းကို ကူညီသင့်တယ်” လို့ပြောလိုက်သည်။

ထို့နောက် လင်းဖန်သည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး အင်ပါယာဟိုတယ် ၏ အထွေထွေမန်နေဂျာ ဝမ်ဖန်ရီ၏ နံပါတ်ကို ခေါ်ဆိုလိုက်သည်။

ခေါ်ဆိုမှုသည် လျှင်မြန်စွာ ချိတ်ဆက်သွားသည်။

“မင်္ဂလာပါမစ္စတာ လင်း” ဝမ်ဖန်ရီက စိတ်လှုပ်ရှားစွာပြောသည်။

လင်းဖန် က “မစ္စတာဝမ်၊ အင်ပါယာဟိုတယ်မှာအခန်းတစ်ခန်းလောက်ရမလား။’’

ဝမ်ဖန်ရီက “ငာတို့ဟိုတယ်ရဲ့ ဧည့်ခန်းအများစုကို ကြိုတင်မှာထားပြီးပါပြီ... သူကသာမန်အခန်းမှာမစားချင်ရင်ဇိမ်ခံအခန်းမှာ စားနိုင်ပါတယ်”

လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ငါငူ့ဖုန်းနံပါတ်ပို့ပေးလိုက်မယ်။သူ့တို့ကြိုက်တဲ့အခန်းတစ်ခန်း​ပေးလိုက်ပါ၊ပိုက်ဆံမယူပါနဲ့ပေးလိုက်ပါ။”

ဝမ်ဖန်ရီ က “ဟုတ်”

ဝမ်ဖန်ရီသည် အင်ပါယာဟိုတယ် ၏ အထွေထွေမန်နေဂျာ ဖြစ်လာသည်။ သူသည် အ​တွေ့အကြုံများသောလူတစ်ဦးဟု ဆိုနိုင်သည်။သို့သော်ယခုသူသည် လင်းဖန်၏ စကားကို နားမလည်နိုင်ပေ။

ထို့နောက် လင်းဖန်ထံကဖုန်းချလိုက်လေသည်။

…………

လီစုယုက သံသယတချို့နဲ့ မေးတယ် “လင်ဖန်၊ မင်း ငါ့ယောက်ျားရဲ့ ဖုန်းနံပါတ်ကို ဘယ်သူ့ကိုပေးလိုက်တာလဲ။”

“အဲဒါကိုအင်ပါယာဝိုတယ်ရဲ့ အထွေထွေမန်နေဂျာဆီ ပို့လိုက်တာပါ။သူက မင်းကို ဇိမ်ခံအခန်းကို ကြိုတင်မှာထားပေးလိမ့်မယ်” လင်းဖန်က ပြောသည်။

“တကယ်လား?” လီစုယုက ပြောလိုက်သည်။စိတ်ထဲတွင်လင်းဖန်ကိုလှောင်ပြောင်နေသည်။

အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာထံလား။ အပေါ်ထပ်ရှိ ဇိမ်ခံအခန်းလား?

ကျောင်းသားတစ်ယောက်အနေနဲ့ အင်ပါယာဟိုတယ်ရဲ့မန်ျနဂျာကိုဘယလိုသိမှာလဲ။

လင်းဖန် က “အင်း၊ မင်းကမင်းခင်ပွန်းကို ရန်ရှီ ဥက္ကဌ နဲ့ ရှောင်ဝူ လက်ကားစီးတီးဥက္ကဌတို့နဲ့ မစားစေချင်ဘူးမလား။ ဒါကြောင့် မင်းသဘောအတိုင်းမစားစေရဘူး”

“မင်းယောက်ျားနာမည်က ချမ်ခိုင်လို့ပဲပြောတယ် မဟုတ်လား”

ထို့နောက် လင်းဖန်သည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ​ရှောင်ဝူလက်ကားစီးတီး၏ ဥက္ကဌ ဇောင် ကို ဖုန်းဆက်လိုက်သည်။

ဖုန်းချိတ်ဆက်လိုက်သည်နှင့် ဥက္ကဌဇောင်၏ ရိုသေလေးစားသောအသံ ထွက်ပေါ်လာသည်။

“မင်္ဂလာပါ မစ္စတာလင်း။”

“ဇောင်၊ ချမ်ခိုင် နဲ့ ညစာသွားစားမှာလား။” လင်းဖန်က မေးလိုက်သည်။

“သူ ငါနဲ့ အကြိမ်ကြိမ်ချိန်းထားပေမယ့် ငါသဘောမတူရသေးဘူး...” ဥက္ကဌဇောင် က သတိထားပြီး ပြောလိုက်သည်

ဥက္ကဌဇောင်သည်လူချမ်းသာတစ်ဦးဖြစ်သည်။

သို့သော် လင်းဖန်၏ ရုတ်တရက်မေးခွန်းကို ရင်ဆိုင်ရတိုင်း သူသည်သတိကြီးစွာ ဖြေရသည်။

“မင်းသဘောမတူရင်းလက်စနဲ့နောင်မှာသဘောမတူပါနဲ့။ သူက သူ့မိန်းမနဲ့ ညစာစားချင်နေတယ်” လင်းဖန်က ပြောလိုက်သည်။

“ဟုတ် မစ္စတာလင်း!” ဥက္ကဌဇောင် က လေးလေးစားစား ပြန်ပြောလိုက်သည်။

ထို့နောက် လင်းဖန်သည် ရန်ရှီဂရု ၏ ဥက္ကဌစု ဇောင်ဖန် ကို ဖုန်းခေါ်ဆိုသည်။

“မင်္ဂလာပါ မစ္စတာလင်း။”

“စုဇောင်ဖန် မင်းက ချမ်ခိုင် နဲ့ အတူညစာသွားစားမှာလား” လင်းဖန်က မေးသည်။

စုဇောင်ဖန် က အမှန်အတိုင်းပြောသည် “ဟုတ်တယ်၊ သူ ဒီညအတွက် စားသောက်ဆိုင်တစ်ဆိုင်ကို ကြိုတင်မှာထားတယ်”

“သူနဲ့အတူမစားပါနဲ့ နောင်လည်း သူနဲ့ မစားနဲ့၊ သူ့မိန်းမနဲ့ နဲ့စားချင်လို့” လင်းဖန်က ပြောသည်။

“ကောင်းပြီ။” စုဇောင်ဖန်က ကမန်းကတန်း ပြန်ဖြေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters