မင်းဘာလုပ်လိုက်တာလဲ
Vol. 14 Ch. 197
လီစုယုသည် လင်းဖန်အား ကြည့်ကာရယ်ခင်စိတ်ကိုချ်ုးနှိပ်ထားရသည်။
ဒီအချိန်မှာ လင်းဖန်က ဖုန်းချလိုက်တာကိုမြင်တော့ “လင်းဖန်နင်အခုဘယ်သူ့ကိုဖုန်းခေါ်လိုက်တာလဲ”
လင်းဖန် “အိုး၊ မင်းခင်ပွန်းနဒ့အတူမငကရှိနေချင်တာမလား။”
“ဒါကြောင့်ငါက ရန်ရှီဂရုဥက္ကဌနဲ့ ရှောင်ဝူ လက်ကားစီးတီးဥက္ကဌကို ဖုန်းဆက်ပြီး မင်းခင်ပွန်းနဲ့ အတူထမင်းမစားဖို့ပြောလိုက်တာ”
“ဟားဟား!”ဒါကိုကြားတော့လီစုယုသည်မထိန်းနိုင်ပဲအသကုန်ရယ်မောလေတော့သည်။
ဒီ လီဖန်ကပထမဦးစွာ ငါ့ကိုအင်ပါယာဟိုတယ်ရဲ့မန်နေဂျာကို ဖုန်းဆက်ပြီးဇိမ်ခံအခန်းကိုကြိုမှာပေးထားတဲ့။
ထို့နောက် ရန်ရှီဂရု ဥက္ကဋ္ဌနှင့် ရှောင်ဝူ လက်ကားမြို့(စီးတီး)ဥက္ကဋ္ဌတို့ကို ခင်ပွန်းဖြစ်သူနှင့် အတူ ထမင်းမစားရန် ပြောလိုက်လေသည်။
သူကိုယ်သူဘယ်သူလို့ထင်လဲမသိဘူး။
သာမန်ကျောင်းသားတစ်ယောက်ကဒီသူဌေးတွေကိုဖုန်းခေါ်နိုင်မှာလား။ဖုန်းခေါ်နိုင်ရင်တောင်ဒီလိုလူတွေကသူ့လိုကျောင်းသားစကားကိုနားထောင်ပါ့မလား။
ဒါဟာသတစ်ပင်ဖြစ်သည်။
လီစုယုရယ်ပြီး “ချူ... ချူစီရှင်း... ငါရယ်နေတာမဟုတ်ပါဘူး မင်းရဲ့ချစ်သူစကားကြောင့်သူ့အလိုလိုရယ်နေတာ..”
ချူစီရှင်း က ဘာမှပြန်မဖြေဘဲ လင်းဖန်ကို အလွန်သဘောကျတဲ့ မျက်လုံးတွေနဲ့ ကြည့်နေလိုက်သည်။
ဘာလို့လဲ ဆိုတော့... ဒါတွေအားလုံးကနောက်နေတာမဟုတ်ဘူးဆိုတာ သူမသိလေသည်။
“ကလင်”
ထိုအချိန်တွင် လီစုယု၏ မိုဘိုင်းလ်ဖုန်းမှဖုန်းမြည်သံ ထွက်ပေါ်လာသည်။
သူမသည်ပြုံးကာ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သည်။
ခင်ပွန်းဖြစ်သူ ချမ်ခိုင်ထံမှဆိုတာကိုတွေ့တော့ချက်ချင်းကိုင်လိုက်သည်။
“ဟေ့ ခင်ပွန်း...” လီစုယုက ရယ်မောပြီး ပြောသည် ။
“လီစုယုမင်းအခုဘာလုပ်လိုက်တာလဲ “ ချမ်ခိုင်၏ စူးစူးရှရှ အော်သံသည် ဖုန်းထဲကနေထွက်ပေါ်လာသည်။
ဤဟောက်သံကြောင့် လီစုယု သည် ထိတ်လန့်သွားပြီး သူမတစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။
သူမက စိတ်ကိုညိမ်အောင်ထိန်းလိုက်”ဘာဖြစ်လို့လဲ”
“ဘာဖြစ်တာလဲဟုတ်လား အင်ပါယာဟိုတယ် ရဲ့ မန်နေဂျာက အခုပဲ ဖုန်းဆက်တယ် ပြီးတော့ဇိမ်ခံခန်းကိုမင်းကြိုတင်စီစဉ်ပေးထားတယ်တဲ့၊” ချမ်ခိုင်ကအော်ပြောလိုက်သည်။(လင်းဖန်ကဖုန်းဆက်ပြီးပိုက်ဆံမယူနဲ့လို့ပြောထားပေမဲ့ဖုန်းချပြီးခဏအကြာမှပိုက်ဆံယူလို့မက်ဆေ့ပို့လိုက်သည်။)
“ အ ငါ... ငါ...” လီစုယုကစိတ်ရှုပ်တဲ့အသံနဲ့ပြောလိုက်သည်။
“ ဇိမ်ခံအခန်းတစ်ခန်းကဘယ်လောက်ကုန်ကျတယ်ဆိုတာ မင်းသိလား။ 1.5 သန်းအဲ့လောက်တောင်ရှိတယ်မင်းသိလား “ ချမ်ခိုင်ကအော်လိုက်လိုင်သည်။
“ခင်ပွန်း၊ ငါ...ဒါဟာသလို့ထင်နေတာ...” လီစုယုက ထိတ်လန့်တုန်လှုပ်သွားသည်။
“နောက်တာလား။ မင်းဟာသကလဲငါ့ကိုအဝတ်တစ်ထယ်ကိုယ်တစ်ခုမရှိယုံတစ်မယ်ပဲ။ဘာတဲ့ ၁.၅ သန်းကုန်ကျတဲ့ညစာလား။နောက်တစ်ခါ ဒီလိုမိုက်မဲတာတွေ မလုပ်နဲ့။” ချမ်ခိုင် က လှမ်းအော်လိုက်ပြီး ဖုန်းကို တိုက်ရိုက်ချလိုက်သည်။
“ဒူဒူ!”
လီစုယုသည်ဖုန်းချအသံကိုနားထောင်ပြီးသူမကြောင်နေခဲ့သည်။
ဇိမ်ခံအခန်းတစ်ခန်းကို1.5 သန်း ကုန်ကျတာလား။
ဒီ……
ဒီ……
ထို့နောက် လီစုယုရုတ်တရက် လင်းဖန်အား လှည့်ကြည့်လိုက်သည်။
သူပဲ။
သူပဲ။
သူက ခုနကအင်ပါယာဟိုတယ် ရဲ့ မန်နေဂျာကို ခေါ်လိုက်တာ။
သူက နောက်နေတာမဟုတ်ဘူးပဲ
ဒီလိုဆိုရင်...
သူ အခုပဲ ရန်ရှီဂရု နဲ့ ရှောင်ဝူလက်ကားစီးတီးတို့ရဲ့ဥက္ကဌကိုတကယ်ဖုန်းခေါ်ခဲ့တာပေါ့။
ဒါသာအမှန်ဆိုရင်...
အဲဒါ……
ဒီအကြောသ်းတွေးမိပြီးလီစုယု ၏မျက်နှာသည် ချက်ချင်းဖြူသွားကာ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုကိုသူမချက်ချင်းခံစားလိုက်ရသည်။
“ကလင်”
ထိုအချိန်တွင် လီစုယု ၏ လက်ကိုင်ဖုန်းသည် အသံထပ်မြည်လာပြန်သည်။
ဤဖုန်းသံကိုသူမနားထဲတွင်တစ္ဆေဘညသရဲသံလိုမျိုးကြားနေရသည်။
ထို့နောက် လီစုယုသည်တုန်တုန်ယင်ယင် နဲ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ခေါ်ဆိုသူ မှာ သူမခင်ပွန်းဖြစ်သူ ချမ်ခိုင် ဖြစ်သည်ကို သူမတွေ့လိုက်ရသောအခါတွင် သူမ၏ တစ်ကိုယ်လုံး ပို၍ပင် တုန်လှုပ်သွားလေသည်။ဒါပေမဲ့သူမကဖုန်းကိုကိုင်လိုက်သေးသည်။
“လီစုယုနင် ဘာလုပ်လိုက်တာလဲ?!”
“ရန်ရှီဂရု ဥက္ကဌ နဲ့ ရှောင်ဝူ လက်ကားစီးတီးတို့နဲ့ အနည်းငယ် ဆက်ဆံရေးရဖို့ ကိုငါဘယ်လောက်အရင်းအနှီး လုပ်ခဲ့လဲ သိလား။”
“ပိုဆိုးတာကညစာစားဖို့ ရန်ရှီ ဥက္ကဌကို ဖိတ်ကြားဖို့ ငါဘယ်လောက်တောင်ကြိုးစားခဲ့ရတယ်ဆိုတာကိုသိလား။”
“အခုတော့ အားလုံးပြီးသွားပြီး၊ကြိုးစားထားတာရော၊ရင်းနှီးထားတာတွေရော။”
ဖုန်းကိုင်လိုက်သည်နှင့်ချမ်ခိုင် ၏ဟောက်သံသည်ဖုန်းထဲမှထွက်ပေါ်လာသည်။
“အို...ခင်ပွန်း... ဘာဖြစ်တာလဲ” လီစုယု က အပြစ်ရှိတဲ့လေသံနဲ့ပြောဆိုလိုက်သည်။
“ဘာဖြစ်တာလဲဟုတ်လားငါမင်းကိုပြောရတာပေါ့၊ငါ့ကိုအခုပဲ ရန်ရှီဂရုနဲ့ ရှောင်ဝူလက်ကားစီးတီးရဲ့ ဥက္ကဌတို့ကငါနဲ့အခုလဲထမင်းမစားဘူး၊အနာဂတ်မှာလဲမစားတော့ဘူးတဲ့” ချမ်ခိုင် က “လီစုယု မင်းဘာလို့ ဒီလောက်ငါ့ကိုနှောင့်ယှက်ရတာလဲကွာ!”(ထမင်းစားတာကပူပေါင်းဆေင်ရွက်တာကိုပြောတာ)
“ဒီနေ့ရန်ရှီနှင့် ရှောင်ဝူလက်ကားစီးတီး၏ ဥက္ကဌတို့ကို စိတ်ပြောင်းသွားအောင်လုပ်ထားပါမဟုတ်ရင်မင်းနဲ့ငါအပြတ်ပဲ “
ချမ်ခိုင်ကပြောပြီးနောက်ဖုန်းချပစ်လိုက်သည်။
ဤစကားများသည် နေသာသောနေ့တွင် မိုးခြိမ်းသံကဲ့သို့ လီစုယု၏နားထဲကြားပြီးနောက်သူမ၏လက်ချောင်းများ အားပျော့သွားကာမတော်တဆသူမကိုင်ထားသောဖုန်းသည် မြေပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားသည်။
ဖုန်းကျသံကြောင့် လီစုယုသည် သတိပြန်ဝင်လာခဲ့သည်။
သူမသည် လင်းဖန်ကိုကြည့်ကာ “တောင်းပန်ပါတယ် ငါမှားသွားပါတယ်၊၊ ငါ့ကို ကျေးဇူးပြုပြီး လွှတ်လိုက်ပေးပါ”
“တောင်းပန်ပါတယ် တောင်းပန်ပါတယ်……”
ဒီအချိန်မှာ သူမဘယ်လောက်ပဲ မိုက်မဲနေပါစေ လင်းဖန် ဟာ သာမန်ကျောင်းသားတစ်ယောက်မဟုတ်ဘူးဆိုတာ သေချာသည်။
လင်းဖန်က “တောင်းပန်ပါတယ်ဘာတွေလာတောင်းပန်းနေတာလဲ၊မင်းပြောသလိုပဲ မင်းအတွက် ဟိုတယ်ကို ငါကြိုတင်မှာပေးထားတာမဟုတ်ဘူး၊ ပြီးတော့ ရန်ရှီဂရု ဥက္ကဋ္ဌနဲ့ ရှောင်ဝူလက်ကားစီးတီးဥက္ကဌတို့ကလဲ မင်းခင်ပွန်းနဲ့အတူမစားရတော့ဘူးလေ”
“မင်းကချူရှင်းရဲ့အတန်းဖော်ဖြစ်တာကြောင့် ယဉ်ကျေးဖို့ မလိုပါဘူး၊ “
လီစုယုသည်လင်းဖန်နောက်ဆုံးစကားကိုကြားမှ စကား၏ အဓိပ္ပါယ်ကို နားလည်လိုက်သည်။ထို့ကြောင့်သူမသည်ချူစီရှင်းရှေ့တွင်ဒူးထောက်လိုက်ပြီးသူမက
“ချူရှင်း ငါမှားနေပြီ... တောင်းပန်ပါတယ်... ငါ နောက်တစ်ခါမင်းကိုရိုင်းစိုင်းတဲ့စကား မပြောတော့ပါဘူး...”
“ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ..”
လီစုယုသည်ပါးစပ်ကသာပြောနေသောလဲစိတ်ထဲတွင်အနာဂတ်မှာအခွင့်အရေးရှိနေသရွေ့ သူမသည် ယနေ့အဖြစ်ကို နှစ်ဆပြန်ဆပ်မယ်လို့ကြိမ်းဝါးလိုက်လေသည်။
လီစုယုရုတ်တရက် ဒူးထောက်လိုက်သောကြောင့်ချူစီရှင်းသည်တကယ်ကို တုန်လှုပ်သွားသည် ။
ချူစီရှင်း သည် လီစုယု၏ အမူအရာနှင့် အပြောင်းအလဲများကို သတိမထားမိပေ။
ချူစီရျင်းသည်သူမဘာလုပ်ရမှန်းမသိသောကြောင့်သူမဘေးနားရှိလင်းဖန် ကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။သူမပြောချင်တာကလင်းဖန်ပြောတဲ့အတိုင်းလုပ်မည်ဆိုတာပင်ဖြစ်သည်။
လီစုယု၏အပြုအမူများကိုချူစီရှင်းကသတိမထားမိပေမဲ့လင်းဖန်ကတော့သူမပုံစံကိုကြည့်တာနဲ့သိသည်။
လင်းဖန်သည် ချူစီရှင်း ၏ သွယ်လျသောခါးကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်ပြီး “သွားကြရအောင်၊ တချို့လူတွေက ဒီအတိုင်းထားလိုက်ရင်သူတို့အမှားကိုပြန်ပြင်နိုင်မည်မဟုတ်ပေ။” လို့ပြောလိုက်သည်။
ချူစီရှင်းက လင်းဖန်ရဲ့ အတွေးတွေကို ချက်ချင်းနားလည်လိုက်သည်။လူတချို့က ခွင့်လွှတ်ပေးရင်တောင် နောင်တမရပဲသူမတို့ကိုတောင်အပစ်မြင်ချင်မြင်အုံးမည်ဖြစ်သည်။
SK ကုန်တိုက်ထဲသို့ ဝင်ပြီးနောက်၊ ချူစီရှငသည် လင်းဖန်အား ပဟေဠိဆန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမ၏အကြည့်ထဲတွင်- သူဌေးတွေ အများကြီးကို မင်းဘယ်လိုသိလဲ။ ပြီးတော့ သူတို့ကဘာလို့နင့်စကားကိုနားထောင်တာလား။ဆိုတာပင်ဖြစ်သည်။
လင်းဖန်သည်က သူမရဲ့ အကြည့်ကိုနားလည်လိုက်ပြီး သူရဲ့ နှာခေါင်းကို ပွတ်လိုက်ပြီး “ရှောင်ဝူ လက်ကားစီးတီးမှာငါရှယ်ယာတွေ51% ကို ပိုင်ဆိုင်တယ်ဆိုတာ မင်းသိသင့်တယ်” လို့ ဆိုလိုက်သည်။
“ဒါ့အပြင်ငါက ရန်ရှီဂရုရဲ့ 51% ကိုလည်း ငါ၀ယ်ယူခဲ့တယ်’’
“အင်ပါယာဟိုတယ်နဲ့ ပတ်သက်ရင်.. အဲဒါက လုံးဝ ငါ့ရဲကိုယ်ပိုင်”
တိတ်တိတ်!
ပတ်ဝန်းကျင်လေထုသည် တိတ်ဆိတ်သွားသည်။
ဒါကိုကြားတော့ချူစီရှင်းသည်မအံသြပဲနေနိုင်ပေ။
ဒီနေ့ကအပြီးတင်မလို့ဒါပေမဲ့မိုးမိပြီးဖျားချင်သလိုဖြစ်လို့ဆေးသောက်ပြီးအိပ်လိုက်တာ၊ညနေခြောက်နာရီခွဲမှနိုးလို့ပါ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး