← Chapters

ကားမြန်မြန်ဖယ်ပေး

Vol. 14 Ch. 198

ကားမြန်မြန်ဖယ်ပေး

Vol. 14 Ch. 198

လင်းဖန် နှင့် ချူစီရှင်းတို့သည် SK ကုန်တိုက်တစ်ဝိုက်တွင် အချိန်အတော်ကြာအောင် လှည့်ပတ်သွားခဲ့ကြသည်။ အမျိုးသမီးအဝတ်အစားဆိုင်များကို ဖြတ်သွားသောလဲတစ်ချက်သာကြည့်ပြီးဆိုင်ထဲသို့လုံးဝမဝင်ပေ။

လင်းဖန်က “မင်းကြိုက်တဲ့အဝတ်တွေမရှိဘူးလား?”

ချူစီရှင်း က ခေါင်းညိတ်ပြီး “ဟုတ်တယ်... SK ကုန်တိုက်မှာ ကလောက့်ဆိုတဲ့ဆိုင်တစ်ဆိုင် ရှိခဲ့ဖူးတယ်၊ ဘာလို့ အခုချက်ချင်း ပျောက်ကွယ်သွားတာလဲ။”

ကလောက့်လား?

လင်းဖန်သည် လွန်ခဲ့သည့် အကြိမ်က အိတ်ဝယ်ရန် KM Mall သို့သွားသောအခါ ဤဆိုင်ကို တွေ့ဖူးသည်ကို သတိရမိသည်။

ဒီတော့ လင်းဖန်က “KM Mall မှာ ကလောက့်ဆိုင် ရှိပုံရတယ်”

စနေ၊ တနင်္ဂနွေများတွင် KM Mall(မော) သည် SK Mall(မော)ထက် ပိုမိုစည်ကားပြီးသည်ဒါပေမဲ့ အပိုကားပါကင်နေရာများ မရှိပေ။

လင်းဖန်သည် မြေအောက်ကားပါကင်တွင် ခဏလောက် မောင်းလာရင်း ဓာတ်လှေကားဘေးတွင် ကားနေရာအလွတ်တစ်လုံးကို တွေ့လိုက်ရသည်။ ဒါကြောင့် သူ သည်လုံးဝ တုံ့ဆိုင်းမနေဘဲ စတီယာရင်ကို တိုက်ရိုက်လှည့်ကာ အလွန်ချောမွေ့စွာကားကို ရပ်လိုက်သည်။

“ဒီဒီ!”

ထိုအချိန်တွင် အဖြူရောင် Mercedes Benz (ကား)တစ်စီးက လင်းဖန်နှင့်ချူစီရှင်းတို့ကားစီကိုဟွန်းတီးလိုက်လေသည်။

မြေအောက်ကားပါကင်ကို အသံလုံဖြစ်သောနည်းကားဟွန်းတီးသံသည်မူလထက်အည်းငယ်ပိုကျယ်သည်။

လင်းဖန်သည် ကားဟွန်းသံကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် သူသည် ၎င်းကို သိပ်ဂရုမစိုက်ဘဲ ချူစီရှင်း ၏လက်ကို ကိုင်ပြီးကားပေါ်ကားနေဆင်းကာ ကုန်တိုက်ထဲကိုသွားမလို့လုပ်လိုက်သည်။

ထိုအချိန်တွင် Mercedes Benz(ကား)သည် တံခါးကို ရုတ်ခြည်းဖွင့်လိုက်ရာ ဒေါက်မြင့်ဖိနပ်စီးလာသည့် အမျိုးသမီးတစ်ဦး ကားအထဲကနေဆင်းလာခဲ့သည်။

လင်းဖန်တို့နဲ့ရောက်တာနဲ့သူမက”ဟွန်းတီးနေတာကြာပြီ၊ မကြားဘူးလား။နင်တို့နားပင်းနေလား’’

ဒါကိုကြားတော့လင်းဖန်၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားပြီး “ဘာကိုပြောတာလဲ!”

“ဘာကိုပြောတာလဲဟုတ်လား။ဒီကားပါးကင်နေရာကငါ့နေရာလေ၊ပြီးတော့ဒီနေရာမာှငါ့ကားပါးကင်အမှတ်အသားလဲရှိတယ်။မင်းတို့ဖယ်ဖို့ငါအချိန်တော်တော်ကြာဟွန်းတီးပေမဲ့နင်တို့ကမကြားသလိုနေနေတယ်။အခုသိပြီဆိုတော့ဒီကားပါကင်နေရာမှာရပ်ထားတဲ့နင်တို့ကားကိုမြန်မြန်ဖယ်ပြီးသွားတော့” ဒေါက်မြင့်စီးထားတဲ့ မိန်းကလေးကပြောလိုက်သည်။

လင်းဖန်နှင့် ချူစီရှင်းတို့သည် ကားပါကင်တွင်တစ်ချက်ကြည့်လိုက်တော့ပုံတစ်ပုံရှိ်ဆိာတာတွေ့လိုက်သည်။

သာမာန်လူများသည် ကားပါကင်ထိုးမည်ဆိုလျှင်နောက်ကြည့်မှန်မှတစ်ဆင့်ဤပုံကိုမြင်နိုင်သည်။

လင်းဖန်တွင် ယာဉ်မောင်းကျွမ်းကျင်မှု ရှိပြီး ကားပါကင်တွင် မည်သည့် နောက်ပြန်လှည့်သည့် ဟာကို ကြည့်ရှုရန်မလိုအပ်ပေ။

ထို့ကြောင့်သူသည်စတီယာကို လှည့်လိုက်ရုံဖြင့် ကားပါကင်နေရာတွင် ရပ်နားနိုင်သည်။

ထို့ကြောင့် ကားပါကင်အောက်ရှိ ပုံအား သူ သတိမထားမိခဲ့ပေ။

အကယ်၍ ဤအမျိုးသမီးသည် သူ့ကိုပုံမှန်အတိုင်းသာပြောပါက လင်းဖန်သည် ကားပါကင်နေရာကို အမှန်တကယ် စွန့်လွှတ်နိုင်မည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူသည် ထိုကဲ့သို့ စိတ်ကူးမရှိတော့ပေ။

လင်းဖန် က “KM Mall က ကားပါကင်နေရာ ကရောင်းထားတာမဟုတ်ဘူး။ ပုံတစ်ပုံရှိယုံနဲ့မင်းရဲ့ကားပါကင်နေရာလို့ ထင်နေတာလား။ ရယ်စရာတော်တော်ကောင်းတာပဲ။ငါနေရာမဖယ်ပေးဘူး၊အဲ့တော့မင်းဘာလုပ်နိုင်လဲ ကြည့်ရအောင်။ “

ဒေါက်မြင့်စီးထားသောအမျိုးသမီးက ဒီစကားကိုကြားတော့ သူမကဒေါသထွက်သောအသံဖြင့် “ဘာလုပ်နိုင်လဲဟုတ်လား။ဒါဆိုလဲကောင်းပြီလေ ၊ လုံခြုံရေးအစောင့်တွေလာတဲ့အခါမင်းဒီလိုပြောရဲမလား ကြည့်စမ်း!”

ထိုအချိန်တွင် အနောက်တိုင်း၀တ်စုံနှင့် ဖိနပ်ဝတ်ထားသောလူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောက်လာသည်။

ဒါကိုမြင်တော့ ဒေါက်မြင့်အမျိုးသမီးက ဝမ်းသာအားရနဲ့ “ဦးလေးစန်း၊ မင်းဒီကိုရောက်လာ​တာအတော်ပဲ၊ ဒီလူက ငါ့ကားပါကင်နေရာကိုယူထားတယ်။ဒါကြောင့်သူကားနဲ့သူ့ကို လုံခြုံရေးနဲ့မောင်းထုတ်ခိုင်းလိုက်ပါ”

အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားသည် ဒေါက်မြင့်စီးထားသောအမျိုးသမီးကိုအမြင်လိုက်သောအခါချက်ခြင်းရပ်လိုက်သည်။

ဝတ်စုံဝတ်ထားသည့် အမျိုးသားသည် KM Mall ၏ အမှုဆောင်တစ်ဦးဖြစ်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က လင်းဖန်အား နှုတ်ဆက်ရန်အတွက် အထွေထွေမန်နေဂျာ ယန်ဟိုင်နှင့် အခြားသူများနှင့်အတူ တံခါးဝတွင် ရပ်တဲ့အထဲမှာသာလဲပါသည်။

နောက်တော့ သူသည်လင်းဖန်က KM Mall ရဲ့ တကယ့်သူဌေးဖြစ်မှန်း သိလိုက်ရသည်။

ထို့ကြောင့် အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသားသည် လင်းဖန်အား နှစ်သက်စေရန် အခွင့်အလမ်းများကို အမြဲရှာဖွေချင်ခဲ့သည်။

ဒါပေမယ့်သူသည် လင်းဖန်နဲ့ ဆုံတွေ့ခွင့် လုံးဝ မရှိပေ။

ဒီနေ့တော့ဆုံတွေ့ခဲ့ပြီဖြစ်သည်။

လင်းဖန်က “တကယ်လား ဒါဆို လုံခြုံရေးအစောင့်တွေကို ငါ့ကစောင့်နေမယ်”

အနောက်တိုင်းဝတ်စုံဝတ်ထားသူကိုလင်းဖန်သည်သဘာဝအတိုင်းမှတ်မိသည်။ဘာလို့ဆိုသူမှာစခရင်ဖတ်စွမ်းရည်ရှိသောကြောင့်ဖြစ်သည်။

သို့သော် လင်းဖန်က ဂရုမစိုက်ပေ။

“နောက်နေတာလို့နင်ထင်လားနောက်မှနောင်တမရနဲ့!”

ဒေါက်မြင့်စီးထားတဲ့ အမျိုးသမီးသည်နဂိုကတည်းက မာနကြီးသည်။ ဒီအချိန်မှာ သူမရဲ့တတိယဦးလေးရောက်လာတာကိုမြင်တော့ ပိုလို့တောင်ယုံကြည်ချက်ရှိလာခဲ့သည်။

လင်းဖန်ကို မောင်းထုတ်တာလား။

အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသား၏ခန္ဓာကိုယ် သည်တုန်လှုပ်သွားသည်။

“ဦးလေးစန်း ဘာကိစ္စရှိလို့လဲ လုံခြုံရေးအစောင့်ကိုခေါ်လိုက်ပါ၊ ဒီလိုလူမျိုးကို ချက်ချင်းမောင်းထုတ်သင့်.....”

“ပါးစပ်ပိတ်ထား!”

ဒေါက်မြင့်စီးထားသောအမျိုးသမီးစကားမဆုံးမီတွင် အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားက လက်ကိုမြှောက်ကာ သူမမျက်နှာကို ပါးရိုက်လိုက်သည်။

ပါးရိုက်သောအသံသည်မြေအောက်ကားပါးကင်တွင်ထင်ရှားစွာကြားရသည်။

ဒီပါးရိုက်မှုက ဒေါက်မြင့်စီးထားတဲ့အမျိုးသမီးကို အသိစိတ်ပျောက်သွားသလိုမျိုးဖြစ်သွားစေသည်။

အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားက သူမကို လျစ်လျူရှုလိုက်သည်။

ထိုနောက်လူကလင်းဖန်ရှေ့လာပြီး”လင်း... သခင်လင်း၊ တောင်းပန်ပါတယ်”

“မစ္စတာလင်း!” အဝေးတွင် အံ့သြတကြီး အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အဖြူရောင်ရှပ်အင်္ကျီဝတ်ထားသော အထွေထွေမန်နေဂျာ ယန်ဟိုင်သည် အလျင်အမြန်လျှောက်လာသည်။

“မင်္ဂလာပါမစ္စတာလင်း!”

လင်းဖန်သည် ယန်ဟိုင်ကိုကြည့်လိုက်ပြီးနောက် မဝေးလှသော စီစီတီဗီကင်မရာကို ညွှန်ပြကာ “မင်းအဲ့ကနေအဖြစ်အပျက်ကိုမြင်ရင်မင်းသိလိမ့်မယ်၊ မင်းအဲ့ကိစ္စကိုသေချာကိုင်တွယ်လိုက်ပါ” လို့ပြောလိုက်သည်။

ယန်ဟိုင်သည် လင်းဖန်၏လေသံတွင် မပျော်မရွှင်ဖြစ်မှုကို အလွယ်တကူကြားလိုက်ရသောကြောင့်သူကအလျင်အမြန်”မစိုးရိမ်ပါနဲ့ မစ္စတာလင်း၊ ကျွန်တော် အရာအားလုံးကိုသေချာကိုင်တွယ်လိုက်ပါ့မယ်”

လင်းဖန်သည် ခေါင်းညိတ်လိုက်ပြီး ချူစီရှင်း၏ခါးကို ဆုပ်ကိုင်ကာ ဓာတ်လှေကားထဲသို့ လျှောက်သွားသည်။

လင်းဖန် ထွက်သွားပြီးနောက် ယန်ဟိုင်၏ မျက်နှာသည် ချက်ချင်း အေးစက်သွားပြီးအနောက်တိုင်း ဝတ်စုံဝတ်ထားသည့် အမျိုးသားကို အလွန်အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားက တဆတ်ဆတ်တုန်ပြီး စကားထစ်ကာ “အကြီးအကဲ... အထွေထွေမန်နေဂျာ၊ ငါရှင်းပြတာကို နားထောင်...”

“မင်းရှင်းပြစရာ မလိုပါဘူး ဘာကိစ္စလဲဆိုတာက်ုငါကိုယ်တိုင်စီစစ်မယ်” ယန်ဟိုင်က အေးစက်စွာပြောသည်။

…………

ထိုအချိန်တွင် လင်းဖန် နှင့် ချူစီရှင်း သည် 4 ထပ်သို့ ရောက်နေပြီဖြစ်သည်။

ချူစီရှင်း သည် လင်းဖန်အား အလွန်သံသယရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူမ၏အကြည့်ထဲတွင်-ဒီကလူတွေကနင့်ကိုဘာလို့ကြောက်နေကြတာလဲ။ဆိုတဲ့အဓိပ္ပါယ်ပင်ဖြစ်သည်။

လင်းဖန်သည် ချူစီရှင်း ၏မေးခွန်းကို ခံစားမိပုံလိုက်ပြီး “ကျွန်တော်က KM Mall(မော) ပိုင်ရှင်ပါ” လို့ ပြောလိုက်သည်။

ချူစီလင်း သည် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။

လင်းဖန်ကို ပထမဆုံးအကြိမ်တွေ့တုန်းက လင်းဖန်သည် အလွန်မှတ်သားဖွယ်ကောင်းကြောင်းချူစီရှင်း သိလိုက်သည်။

ထို့ကြောင့် သူမသည် လင်းဖန်၏ မိသားစု အဆင့်အတန်းကို တတ်နိုင်သမျှ မြင့်မြက့်ခန့်မှန်းပြီး လင်းဖန် ကို တိုက်ရိုက်ရွေးချယ်ခဲ့သည်။(သူမကပိုက်ဆံပဲကြည့်ပြီးကြိုက်မဟုတ်ပါဘူး။တစ်ကယ်ချစ်တာပါ။အဆင့်အတန်းကအပြုအမူဘာညာကိုပြောတာပါ)

အခုချိန်တွင်ချူစီရှင်း သည် လင်းဖန် ကို လျှော့တွက်ဆဲဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။

ထိုအချိန်တွင် နှစ်ယောက်သား ကလောက့် အထည်ဆိုင်ရှေ့သို့ ရောက်လာကြသည်။

လင်းဖန် က “ချူရှင်း၊ မင်းဘာဝတ်ချင်လဲ”

ချူရှင်းသည် ဤစကားကိုကြားပြီးနောက် နောက်ဆုံးတွင် သူမ၏ အတွေးထဲကနေပြန်လည်သတိဝင်လာခဲ့သည်။

ကလောက့်သည် စတိုင်လ်ကျကျနှင့် လက်ရာမြောက်သောနိုင်ငံတကာတွင် ကျော်ကြားသော ဘလွမ်း(Brandမြန်မာလိုမရေးတတ်လို့ပါ)တစ်ခုအဖြစ် ထိုက်တန်သည်ဟု ဆိုရပေမည်။

ဆိုင်ထဲရောက်ပြီးနောက်ချူစီရှင်းသည်တစ်ထည်ပြီးတစ်ထည်ဝတ်လာပြီးလင်းဖန်ရှေ့တွင်ပြလေသည်။သူမသည်လင်းဖန်ချီးကျူးသောအဝတ်တွေအားလုံးကိုဝယ်လိုက်သည်။

…………

ရီကေ။ ၂၅ လွှာ။

ချူစီရှင်း သည် ဗီရိုထဲရှိ အဝတ်အစားအသစ်ကို ကြည့်လိုက်ရာသူမ၏ လှပသော မျက်နှာသည် အပြုံးတစ်ခုထွက်လာသည်။

“ခင်ပွန်း၊ ကျေးဇူးတင်ပါတယ်”

လင်းဖန်က တခစ်ခစ်ရယ်ပြီး “ဒါဆို မင်းက ဘယ်လို ကျေးဇူးဆပ်ချင်လဲ?”

ချူစီရှင်းက နားမလည်ဟန်ဆောင်ကာ “ခင်ပွန်း၊ မင်းက ငါ့ကို ဘယ်လို ကျေးဇူးဆပ်စေချင်တာလဲ”

“မနေ့က ပါးစပ် ထဲကနေသွင်းတဲ့သကြားက ကောင်းတယ်၊မနေ့ကဟာလဲကောင်းတယ်။နှစ်ခုလုံးနဲ့ကျေးဇူးဆပ်စေချင်တယ်” လင်းဖန်က ပြောလိုက်သည်။

လင်းဖန်ပြောပြီးတာနဲ့ချူစီရှင်းက အဖြူရောင် သကြားလုံးကြီးကို သူမရဲ့ပါးစပ်ထဲကို ထည့်လိုက်သည်။

ထို့နောက် သူသည် လင်းဖန်ဆီသို့ ဦးတည်လိုက်သည်။

( ̄ε ̄)

…………

ဒီနေ့က နောက်ထပ် အိပ်မပျော်တဲ့ညတစ်ညပင်ဖြစ်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters