စာမေးပွဲ
Vol. 14 Ch. 199
နောက်တစ်နေ့။
လင်းဖန်သည် နံနက်စာစားပြီးနောက် ကျန်ပေ့တက္ကသိုလ်သို့ သွားလိုက်သည်။
အရင်တုန်းကကျောင်းဝင်းထဲကိုဝင်လိုက်တာနဲ့ ကျောင်းသားဘညကျောင်းသူတွေကလမ်းလျှောက်ပြီး ရယ်မောကာစကားပြောနေကြသည်။
ဒီနေ့တွင်မူကျောင်းသားအားလုံး သည်လက်ထဲတွင် စာအုပ်၊ စာရွက်နှင့် ဘောပင်များကိုကိုင်ဆောင်ကာကျောင်းလမ်းမကျယ်ကြီးပေါ်တွင်လမ်းလျှောက်နေကြသည်။
ဘာကြောင့်လဲဆိုတော့ ဒီနေ့က ကျောင်းသားတွေရဲ့ နောက်ဆုံးစာမေးပွဲနေ့မို့ပင်ဖြစ်သည်။
စာသင်ခန်းထဲတွင် ကျောင်းသား၊ကျောင်းသူများသည်တစ်ယောင်နဲ့တစ်ယောက်အနည်းငယ်ခန့်ခွာပြီးထိုင်နေကြသည်။
လင်းဖန်သည် ထိုင်တာကြာတော့ ပျင်းလာလေသည်။
ထိုအချိန်တွင် အတန်းခေါင်းလောင်းသံ မြည်လာသည်။
ပရော်ဖက်ဆာဟောင်းသည် မေးခွန်းစာရွက်များကိုကိုင်ကာဖြည်းညှင်းစွာ လျှောက်လာကာ ကျောင်းသားများဖြေဆိုနိုင်ရန် တစ်ယောင်တစ်ရွက်စီကိုဝေပေးလိုက်သည်။
မေးခွန်းခေါင်းစဉ်ကို့မြင်တာနဲ့ကျောင်းသားအများအပြားသည် စတင်၍ခေါင်းခြောက်တော့သည်။
သို့သော်လင်းဖန်၏ အမြင်တွင် သူ့ရှေ့က စာရွက်သည် “1+1=2” ကဲ့သို့ရိုးရှင်းသည်။
မူလက လင်းဖန်သည် မေးခွန်းအားလုံးကို ပြီးအောင်ဖြေချင်သည်။
သို့သော် လင်းဖန်သည် မနေ့ညက အိပ်မပျော်ခဲ့သည်။ပြီးတော့ဒီမေးခွန်းတွေကလဲ ရိုးရှင်းလွန်းသည်..။
ဒါကြောင့်သူက မေးခွန်းနှစ်ခုပဲ ဖြေပြီး သူ့မျက်ခွံတွေ ရုတ်တရက်ပိတ်သွားကာ စားပွဲပေါ် တွင်အိပ်ပျော်သွားလေသည်။
ဒါကိုမြင်ပြီးစင်မြင့်ပေါ်တွင် ရပ်နေသော ပရော်ဖက်ဆာဟောင်းသည် သူ့စိတ်ထဲတွင် အထင်ကြီးလေးစားမှု မပြုနိုင်ဘဲမနေနိုင်ပေ။” ဇောင် ၏ ထင်မြင်ယူဆချက်ကို ဖြေဆိုနိုင်သော ကျောင်းသားကောင်း၊ အမွှာအနှစ်သာရနှင့် တစ်ခြားဟာတွေကိုဖြေရှင်းနေတဲ့ကျောင်းသား!”(အတွေး)
“မနေ့ညက အဆင့်မြင့်သင်္ချာဘာသာရပ်ကို ထပ်ပြီးလေ့လာဖြစ်မယ်”(အတွေး)
“ဒါကြောင့်သူ့ကို မအေးစေချင်ဘူး။”
ထို့နောက် ပါမောက္ခဟောင်းက သူ့အပေါ်အင်္ကျီကို ချွတ်ကာ လင်းဖန်ပေါ်တင်ပေးလိုက်သည်။
ထို့နောက် သူက ကျောင်းသားများအား အသံတိုးတိုးဖြင့် “အသံမထွက်ပါနှင့်” ဟု သတိပေးလိုက်သည်။
…………
စာမေးပွဲပြီးဆုံးချိန်တွင် ခေါင်းလောင်းသံမြည်လာသောအခါတွင် လင်းဖန်သည် မျက်လုံးပွင့်လာခဲ့သည်။
ထိုအချိန်တွင် ပါမောက္ခဟောင်းက သူ့ရဲ့စာမေးပွဲစာရွက်ကို ယူသွားကြောင်း သူတွေ့ရှိလိုက်သည်။
ထို့နောက်လင်းဖန်သည်အပြင်ကိုထွက်လိုက်တာနဲ့သူရဲ့အိပ့်ဆောင်အခန်းဖော်သူငယ်ချင်းသုံးယောက်နဲ့တိုးလေသည်။
စုရီက “အစ်ကို လင်း ၊ မင်းအရမ်းမိုက်တာပဲ၊မင်းကမေးခွန်းကိုမိနစ်လေးလောက်နဲ့ဖြေပြီးအိပ်တောင်အိပ့်နေလိုက်သေးတယ်”
“မိနစ်လေးဆယ်ဆိုတာဟုတ်လို့လား၊အစ်ကို လင်းက နာရီဝက်တောင် ကြာမယ်မထင်ဘူး။စကားတစ်ခွန်းပဲပြောမယ်အရမ်းမိုက်တယ်” ဇောသ်ချင်းဘိုကပြောလိုက်သည်။
“အစ်ကိုလင်း နောက်ဆုံးမေးခွန်းကို ဘယ်လိုဖြေလိုက်တာလဲ။အဲ့ အဖြေကို မှတ်မိသလား” မူဇောင်က မေးလိုက်သည်။
ဘယ်လေးဆယ်မိနစ်လဲ။
ဘာကိုနာရီဝက်တောင်မရှိတာလဲ။
နောက်ဆုံးမေးခွန်းကဘာလဲ။
လင်းဖန်က သူတို့သုံးယောက်ကိုကြည့်ပြီး”ငါအရမ်းအိပ်ချင်နေလို့မေးခွန်းနှစ်ခုပဲ ဖြေပြီး အိပ်ပျော်သွားတယ်” လို့ ပြောလိုက်သည်။
စုရီ:...
ဇောင်ချင်းဘို :...
မူဇောင်:...
…………
နေ့လည်စာစားပြီးနောက် လင်းဖန်သည် အိပ်ဆောင်သို့ ပြန်လာခဲ့သည်။
“ဒင်!”
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်း အနည်းငယ် တုန်ခါသွားသည်။
12:00!
အနီရောင် စာအိတ်တွေ ပေါ်လာလေသည်။
“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 19,999 ယွမ် ရရှိသည်”
…………
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ၁၀ ယွမ် ရခဲ့သည်။”
“ဒင်း! ဂုဏ်ယူပါတယ် မင်း 99 ယွမ် ရခဲ့သည်။’’
…………
ယနေ့နေ့လယ်စာအိတ်နီဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ၅၉၂၁၁ ယွမ် သာရရှိခဲ့သည်။
ဒါကိုကြည့်ပြီးလင်းဖန် က “ဒါကအသုံးမဝင်တဲ့ဟာပဲ၊အကောင့်ဝင်တဲ့အခါကျရင်အသုံးဝင်တဲ့ဟာရဖို့မျှော်လင့်တယ်။”
“အကောင့်ဝင်မယ်”
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် ပရော်ဖက်ရှင်နယ် တယောကျွမ်းကျင်မှုကို ရရှိသည်။ တယောတီးမှုတ်ခြင်းသည်သင့်ကိုအံ့သြဖွယ်ကျက်သရေကို ပြသမည်ဖြစ်သည်။ 】
ဒါကိုကြည့်ပြီးလင်းဖန် က “ဒါကသိပ်မဆိုးဘူးပဲ”ဟုမှတ်ချပြုလိုက်သည်။
နောက်နှစ်ရက်လုံးသည် စာမေးပွဲဖြေရသောရက်ဖြစ်သည်။
စာမေးပွဲဖြေဆိုနေစဉ်အတွင်း ကျောင်းသားအချို့ကသက်ပြင်းချနေကြပြီး အချို့က လဲနောင်တရနေကြသည်။
ဒါပေမယ့် စာမေးပွဲပြီးသွားတော့ ကျောင်းသားတွေ အားလုံးရဲ့ မျက်နှာတွေက ရွှင်ပြုံးပြုံးသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည်ကျောင်းပိတ်ရင်တွင်အိမ်ကိုပြန်ပြီးအနားယူလို့ရသောကြောင့်ပင်ဖြစ်သည်။
…………
ထိုအချိန်၌ ကောလိပ်အစည်းအဝေးခန်းမထဲမှာသင်္ချာပါမောက္ခများနှင့် ကျောင်းခေါင်းဆောင်များ စုဝေးကြသည်။
ပင်မထိုင်ခုံတွင်ထိုင်နေသောဟေးချမ်သည် လူအုပ်ကို ဦးစွာကြည့်လိုက်ပြီးနောက် လည်ချောင်းကိုရှင်းထုတ်လိုက်ပြီး “ဒီနှစ်မှာ ကျွန်တော်တို့ သင်္ချာကျောင်းက သင်္ချာမော်ဒယ်ပြိုင်ပွဲမှာ အဆင့်မြင့်ပညာဖလားကို ဆွတ်ခူးနိုင်ရုံသာမက ကျောင်သားတစ်ယောက်ကဇောင်ရဲ့ ထင်မြင်ယူဆချက်ကို ဖြေရှင်းနိုင်ခဲ့တယ်။ နိုင်ငံတကာသင်္ချာကွန်ဖရင့်ကို ကျင်းပခဲ့ပြီး အဲ့ကျောင်းသားကပဲအမွှာအနှစ်သာရကိုဖြေရှင်းပေခဲ့တယ်။ဒီလဒပ်ရပ်တွေကြောင့် ကျန်ပေ့ တက္ကသိုလ်သည် တရုတ်နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင်ပါ ကျော်ကြားလာခဲ့သည်။”
“ဒီနှစ်ဟာ အောင်ပွဲခံထိုက်တဲ့နှစ်တစ်နှစ်ပဲ!”
“ပါ့ ပါ့ ပါ့!”
ရုတ်တရက် ညီလာခံခန်းတစ်ခုလုံးတွင်ကျယ်လောင် လက်ခုပ်သံများ ထွက်ပေါ်လာသည်။
ဒီနှစ်ကိုလူတိုင်းက အရမ်းကျေနပ်ကြသည်။
ဘာကြောင့်လဲဆိုတော့ ဒီနှစ်မှာ ဖြစ်ပျက်ခဲ့တာတွေက သူတို့ကို တောက်ပစေရုံသာမက ဘောနပ်စ်တွေလည်း အရင်ကထက် ပိုရစေလို့ပင်ဖြစ်သည်။
ဒါတွေအားလုံးဟာ ကျောင်းသားလင်းဖန်ဆီက လာတယ်ဆိုတာ အားလုံးနားလည်ကြသည်။
လက်ခုပ်သြဘာပေးပြီးနောက် တစ်စုံတစ်ယောက်က “နောက်နှစ်မှာ ငါတို့ကျောင်းကို လင်းဖန်မလာရင်ဘယ်လိုလုပ်မလဲ?”
ဒီစကားထွက်လာတာနဲ့ တပြိုင်နက် အစည်းအဝေးခန်းမသည်ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
ဟုတ်တယ်၊နောက်နှစ်မှာ လင်းဖန်က ငါတို့ကျောင်းမလာရင် ဘယ်လိုလုပ်မလဲ။
သိရန်လင်းဖန်၏ လက်ရှိအခြေအနေအရ၊ တရုတ်နိုင်ငံရှိ မည်သည့်ကျောင်းကိုမဆို သို့မဟုတ် ကမ္ဘာပေါ်၌ပင် သူသွားချင်သည့်ကျောင်းကသူ့ကိုကြိုဆိုနေမည်မှာ သေချာပါသည်။
ထို့အပြင် လင်းဖန် သည် ကျန်ပေ့ တက္ကသိုလ် သို့ ဝင်ရောက်ရန် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေပြီးဝင်ထားခြင်းမဟုတ်ပေ။
ကျန်ပေ့တက္ကသိုလ်မှာ စာရင်းသွင်းနိုင်တဲ့အတွက် တခြားကျောင်းတွေမှာ စာရင်းသွင်းရတာ ပုံမှန်ပါပင်ဖြစ်သည်။
ဒါကိုတွေးမိပြီးဟေးချမ်ရဲ့နှလုံးသားက ကျဉ်းကျပ်လာပြီး “လင်းဖန် က ကျန်ပေ့ တက္ကသိုလ်ရဲ့ သူရဲကောင်းပါ၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ သင်္ချာကောလိပ်ရဲ့ ကျောင်းသားကောင်းပါ။ အခု အားလပ်ရက်က မကြာခင် ရောက်လာတော့မယ်လို့ ကျွန်တော်ထင်တယ်... ဆရာဖြစ်တဲ့ကျနော်တို့တွေက သူ့ကို ကြီးကျယ်ခမ်းနားစွာ စေလွှတ်သင့်တယ်။ အဲ့ဒါကို မင်းဘယ်လိုထင်လဲ။”
လူတိုင်းက ဉာဏ်ကောင်းတာမို့ ဟေးချမ် တွေးတာကို သူတို့ကသဘောပေါက်သည်။
ဒီလိုလုပ်မှလင်းဖန်ကနောက်နှစ် ကျန်ပေ့တက္ကသိုလ်ကို ဆက်တက်သွားမှာသေချာသည်။
“ငါသဘောတူတယ်”
“ငါရောပဲ!”
…………
104 အိပ်ဆောင်တွင် လင်းဖန်သည် သူ့ကျောပိုးအိတ်ကို ထုတ်ကာ သူ့အဝတ်အစားများကို ထုပ်ပိုးပြီးအိမ်သို့ ပြန်ရန်ပြင်ဆင်နေသည်။
ထိုအချိန်တွင် အပြင်ဘက် စင်္ကြံတွင် ခြေသံများ တဟုန်ထိုး ထွက်ပေါ်လာသည်။
သင်္ချာဌာနမှူး၊ အတန်းမှူး၊ သင်ကြားရေးမှူးနှင့် အခြားသူများ အားလုံး ဝင်လာကြသည်။
“ကျောင်းသား လင်းဖန်ကိုထုပ်ပိုးပြီး လာကူညီတာပါ။” ဟေးချမ် ပြုံးပြီပြောလိုက်သည်။
ထို့နောက် ဌာနမှူး၊ အတန်းညွန်ကြားရေးမှူး၊ သင်ကြားရေးဒါရိုက်တာနှင့် အခြားသူများ ရောက်ရှိလာပြီး အဝတ်တွေခေါက်၊ စောင်တွေခေါက်ကာလင်းဖန်ကူညီပေးခဲ့ပါသည်။
ဒါကိုကြည့်ပြီးစုရီ၊၊ မူဇောင်၊ ဇောင်ချင်းဘိုတို့သည်အံသြလို့မဆုံးဖြစ်နေသည်။
ဌာနမှူး၊ခေါင်းဆောင်တွေနဲ့ ပါမောက္ခတွေကကျောင်းသားတစ်ယောက်ကို အဝတ်ထုပ်ပိုးတာကိုလာကူကြတာလား။
ဒီ……
ဒီ……
ဒါက သူတို့ရဲ့ စိတ်ကူးကို လုံးဝကျော်လွန်သွားခဲ့ပြီးအိမ်မက်မက်နေသည့်ပမာခံစားရသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး