ဆရာမနေမကောင်းဖြစ်ခြင်း
Vol. 14 Ch. 200
မကြာခင်မှာ အဝတ်အစားတွေနဲ့ စောင်တွေအားလုံးကို သေသေသပ်သပ်ခေါက်ပြီး ထုတ်ပိုးလို့ပြီးသွားလေသည်။
လင်းဖန်လည်း ခဏတာ အံ့သြသွားပြီး “ဟေးချမ် မင်းတို့ဘာလုပ်နေတာလဲ”
ဟေးချမ် က ချောင်းအနည်းငယ်ဆိုးလိုက်ပြး”မင်းအားလပ်ရက်သွားမယ်ဆိုတာ ငါတို့သိတော့ဆရာတစ်ယောက်အနေနဲ့မင်းကိုလာလုပ်ပေးတာ “
အနီးအနားတွင် ရပ်နေသော ပါမောက္ခများ၊ ဒါရိုက်တာများနှင့် အခြားသူများကလည်း ချက်ချင်းခေါင်းညိမ့်လိုက်ပြီးလင်းဖန်ကိုတစ်ယောက်ပြီးတစ်ယောက်ပြောလေတော့သည်။
“လင်းဖန်၊ မင်းအိမ်က ချင်ရှီ မှာရှိတာမလား။ တစ်ယောက်ထဲအိမ်ကိုပြန်ရင်မင်းရဲ့လုံခြုံရေးကိုငါတို့စိုးရိမ်လို့မင်းကိုငါတို့ကလိုက်ပို့ပေးမယ်”
“ငါတို့ကားကို ပြင်ဆင်ပြီးပြီ။”
“လင်းဖန်၊ ငါတို့မင်းကိုလိုက်ပို့ပေးလို့တယ်မလား”
လင်းဖန်ကသူတို့ကိုကြည့်ပြီး’’ရပါတယ်’’လို့ပြောလိုက်သည်။
ထို့နောက် ဌာနမှူး၊ ဒါရိုက်တာ၊ ပါမောက္ခနှင့် အခြားသူများသည်လင်းဖန်နှင့်အတူ အပြင်သို့ ထွက်ခွာသွားကြသည်။
ဇောင်ချင်းဘို၊ စုရီနှင့်မူဇောင် တို့သာ အိပ်ဆောင်ထဲတွင် ကြောင်အစွာကျန်ရစ်ခဲ့သည်။
လင်းဖန်သည် အားလပ်ရက်တွင်အိမ်သို့သွားမည်ဟု ဌာနမှူးက သိသောကြောင့် လင်းဖန်ကို လိုက်ပို့ရန် လာခဲ့သည်။
လင်းဖန်သည် ချင်းရှီတွင် နေထိုင်သောကြောင့် မလုံခြုံမှာကြောက်လို့၊လင်းဖန်ကို အိမ်ပြန်ပို့ပေးတာလား။
ဒီလိုဆိုငါတို့လည်း အားလပ်ရက်မှာ အိမ်ကိုပြန်မှာဆရာ မင်းက ဘာလို့ ငါ့တို့ကိုလာမနှုတ်ဆက်တာလဲ။
ထို့အပြင် လင်းဖန်သည်ကီလိုမီတာ၁၀၀သာဝေးကွာသော ချင်ရှီတွင် နေထိုင်သည်။
သူတို့အားလုံးသည် ကီလိုမီတာရာနှင့်ချီဝေးသော အခြားမြို့များတွင် နေထိုင်ကြသည်။ ငါတို့ကတစ်ယောက်တည်းပြန်ရတယ်လေ။ငါတို့အတွက်ရောလုံခြုံရေးကို ဘာလို့စိတ်မပူတာလား။
ဟုတ်ပါတယ်၊ ဒီစကားလုံးတွေကဇောင်ချင်းဘို၊ စုရီ နဲ့ မူဇောင် တို့ရဲ့ စိတ်ထဲမှာတွင် ပြောနေကြတာဖြစ်သည်။နောက်ဆုံးတွင်သူတို့သုံးယောက်လုံး သက်ပြင်းသာချလိုက်သည်။
…………
ထိုအချိန်တွင် လင်းဖန်သည် ဌာနမှူးနှင့် ဒါရိုက်တာများ ဝန်းရံထားသည့် ဇိမ်ခံဘတ်စ်ကားတစ်စီးပေါ် တက်လာခဲ့သည်။
ကားထဲရောက်တာနဲ့ ဌာနမှူး၊ဒါရိုက်တာတို့သည် လင်းဖန်နဲ့အတူပျော်ရွှင်စွာစကားပြောနေကြသည်။
တစ်နာရီခန့်အကြာတွင် ဇိမ်ခံဘတ်စ်ကားသည် ချင်ရှီ ရှိ လင်းဖန်အိမ်ရှေ့သို့ ရောက်ရှိခဲ့သည်။
အိမ်ရှေ့တွင် လင်းတန် နဲ့ဒေါင်ဝေဝေကိုတွေ့တာနဲ့သူတို့ပြင်ဆင်ထားတဲ့ လက်ဆောင်တွေကို အမြန်ထုတ်ပြီး မျက်နှာပေါ်မှာ အပြုံးကြီးဖြင့် လမ်းလျှောက်လာကြသည်။
“မင်းတို့နှစ်ယောကလင်းဖန် ရဲ့မိဘတွေမလား။ ငါက ကျန်ပေ့တက္ကသိုလ်ရဲ့ သင်္ချာကျောင်းဌာနမှူး ဟေးချမ် ပါ။ လင်းဖန် တစ်ယောက်တည်း သွားရင် မလုံခြုံတော့မှာကို စိုးရိမ်တဲ့အတွက် သူ့ကို ငယတို့ကပြန်လိုက်ပို့ပေးတာပါ။ ဒါက လက်ဆောင်လေးတစ်ခုပါ။ ကျေးဇူးပြုပြီးလက်ခံပေးပါ”
“ကျနော်က ကျန်ပေ့တက္ကသိုလ် သင်္ချာအတန်းရဲ့ အတန်းဒါရိုက်တာ’ဆရာ)မူစီချမိ ပါ။ ဒါက လက်ဆောင်လေးတစ်ခုပါ။ ကျေးဇူးပြုပြီးလက်ခံပေးပါ။”
“ကျနော်က ကျန်ပေ့တက္ကသိုလ် သင်္ချာအတနးဌာနမှူး ကျူချမ် ပါ။ ကျနော့်ရဲ့မဖြစ်စလေယက်လက်ဆောင်လေးကိုလက်ခံပေးပါ’’
…………
လင်းတန် နဲ့ ဒေါင်ဝေဝေတို့သည်သူတို့ တွေရဲ့ စကားကို နားထောင်ပြီး လက်ထဲက လက်ဆောင်တွေကို ကြည့်လိုက်ပြီးသူတို့ရဲ့ မျက်နှာတွေ မှာအပြုံးနဲ့ပြည့်နဲ့နေပြီးသူတို့ “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်... အားလုံးကျေးဇူးပြုပြီးအိမ်ထဲကိုဝင်ပါအုံးဗျ။ “
သိရန်ကျန်ပေ့တက္ကသိုလ်သည် တရုတ်နိုင်ငံ၏အဓိကတက္ကသိုလ်များထဲမှတစ်ခုဖြစ်သည်။ ကျန်ပေ့တက္ကသိုလ်ရှိဌာနမှူးများ နှင့် ဒါရိုက်တာများကိုဤသို့တွေ့ရန်မှာလုံးဝမဖြစ်နိုင်သောအရာဖြစ်သည်။
ဒီနေ့တော့ ဒီလိုလူတွေအများကြီးကို တစ်ပြိုင်နက်တွေ့လိုက်ရသည်။
ထို့အပြင်၊ သူတို့အားလုံးသည်သူတို့ကိုလက်ဆောင်များလဲပေးကြသည်။
ဒါဟာ ရိုးရိုးရှင်းရှင်း... မယုံနိုင်စရာပင်ဖြစ်သည်။
“မင်းတို့ ခဏလိုက်ထိုင်လိုက်အုံးနော် ငါမင်းတို့စားဖို့သွားချက်လိုက်အုံးမယ်” ဒေါင်ဝေဝေ က စိတ်လှုပ်ရှားစွာပြောလိုက့သည်။
ဟင်းချက်တာလား?
ဒီလောက်လူအများကြီးစားဖို့လား?
ဒါကသူမကိုမပင်ပန်းစေဘူးလား။
လင်းဖန် က “မေမေ၊ ဟင်းချက်စရာ မလိုပါဘူး။ ဌာနမှူးနဲ့ ဒါရိုက်တာက ကျွန်တော့်ကိုပဲလာပို့ပေးတာ၊ခနနေသူတို့က ထွက်သွားတော့မှာ’’
ထို့နောက် သူက “ဌာနမှူး၊ ဒါရိုက်တာ၊ စိတ်မပူပါနဲ့၊ နောက်နှစ်မှာ ကျွန်တော်ကကျောင်းကို လာတက်မှာပါ”
လင်းဖန်သည် ငတုံးမဟုတ်သောကြောင့် သူသည် အနည်းအကျည်နားလည်သည်။သို့သော်ဌာနမှူးနှင့် ဒါရိုက်တာများက ၎င်းတို့ကို လူကိုယ်တိုင် အိမ်သို့ပို့ပေးပြီးသူအဖေ၊အမေကိုလက်ဆောင်များ ပေးသောကြောင့်လင်းဖန်သည်သူတို့ရဲ့ရည်ရွယ်ချက်ကိုနားလည်သွားခဲ့သည်။
သူတို့သည်နောက်နှစ်တွင်သူက ကျန်ပေ့တက္ကသိုလ်မတက်မှာကို စိုးရိမ်နေကြသည်
ဌာနမှူး၊ ဒါရိုက်တာနဲ့ တခြားသူတွေ အားလုံးက ဒါကိုကြားပြီး ဝမ်းသာသွားကြသည်။
“လင်းဖန်ပြောတာမှန်ပါတယ်။ကျနော်တို့အခုထွက်သွားတော့မယ်။”
“ဟင်းချက်စရာ မလိုဘူး။”
“အပင်းပန်းမခံပါနှင့်။”
လင်းဖန်၏လေသံသည်သူတို့ကိုမစားခိုင်းစေချင်ကြောင်းသူတို့နားလည်သည်။
သူတို့သည်စားရလား၊ မစားရဘူးလားဆိုတာ တကယ်ကို ဂရုမစိုက်ခဲ့ကြပေ။
သူတို့သည်လင်းဖန်က နောက်နှစ်ကျန်ပေ့တက္ကသိုလ်တက်ဖို့ ဆန္ဒရှိနေသရွေ့တော့ ဒါကအဆင်ပြေပြီဖြစ်သည်။
အကယ်၍သူတို့ကထမင်းစားပြီး လင်းဖန်ကို မပျော်မရွှင်ဖြစ်စေခဲ့ရင် နောင်တရဖို့ကလုံးဝ နောက်ကျသွားပြီမဟုတ်လား။
ဒါကြောင့် ဌာနမှူး၊ ဒါရိုက်တာနဲ့ တခြားသူတွေက တယောက်ပြီးတယောက် လက်ပြနှုတ်ဆက်ပြီး ကားထဲကို အမြန်ပြန်သွားပြီး ရှေ့သို့မောင်းသွားခဲ့သည်။
ဒေါင်ဝေဝေ က “ရှောင်ဖန် မင်း ဘာလို့ သူတို့ကို ပြန်လွှတ်လိုက်ရတာလဲ။”
“သူတို့မှာ ကိစ္စရှိလို့သွားတာနေမှာပေါ့။ကျနော်က မေမေရဲ့ ငါးပေါင်းကို မစားရတာ ကြာပြီလေ။ ဒီနေ့ လုပ်ကျွေးမယ်မဟုတ်။” လင်းဖန်က မေးလိုက်သည်။
ဒေါင်ဝေဝေ က ပြုံးပြီး “စိတ်မပူပါနဲ့ မင်းအဖေက မနက်စောစောကတည်းက ငါးဝယ်ပြီး ပြီမကြာခင်မှာမင်းစားဖို့အဆင်သင့်ဖြစ်လိမ့်မယ်”
ပြောပြီးနောက်သူမသည်မီးဖိုချောင်သို့ဝင်သွားလိုက်သည်။ ခဏအကြာတွင် အရသာရှိသော အစားအစာများသည်တစ်ခုပြီးတစ်ခုပေါ်လာပြီးနောက်လင်းဖန်တို့မိသားစုအတူတူစားလေတော့သည်။
လင်းဖန်သည် ထမင်းစားပြီးနောက် သူသည် ပျော့ပျောင်းသော ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး လက်ကိုင်ဖုန်းနဲ့ကစားနေသည်။
ဤအခိုက်အတန့်တွင် သူသည်အတ်းတွေ့ဆုံဆိုတဲ့အဖွဲ့တစ်ခုကမက်ဆေ့တွေပို့နေသည်ကိုတွေ့လိုက်သည်။(မက်ဆင်ဂျာဂရုလိုမျိုးပါ)အဲ့ဒါနဲ့သူကဝင်ကြည့်လိုက်သည်။
ဟန်ဒီး: မင်းတို့သိပြီးပြီလား။ ငါတို့ကျောင်းရဲ့ဆရာမ လီယောင်ကအခု ချင်ရှီဆေးရုံမှာတက်နေတယ်တဲ့။
ရှင်းနမ်: ဘာ ဆရာမကဘာလို့ဆေးရုံရောက်နေတာလဲ။
ရီရန် : ဘာဖြစ်လို့ဆေးရုံတက်တာလဲဆိုတာမသိပေမဲ့ဆရာမ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
လီရန် - ချင်ရှီမှာ အတန်းဖော်တွေ ရှိလား။ ရှိရင်ဆရာမကိုအတူတူသွားတွေ့မယ်။
ဟန်ကျန်- ငါအခုကျန်ပေ့မှာရှိပေမဲ့ ဆရာမ နေမကောင်းလို့ငါအခုပြန်လာခဲ့မယ်။
ဂိုရန် : ကံမကောင်းစွာပဲ၊ ငါလာလို့မရဘူး။
…………
လင်းဖန်သည် ဤသတင်းကိုမြင်ပြီးနောက် ဆရာမ လီယောင်၏ပုံရိပ်သည်သူ့စိတ်ထဲတွင်ပေါ်လာခဲ့သည်။
အထက်တန်းကျောင်းတက်တုန်းကမနက်စာဝယ်တိုင်းဆရာမလီယောင်နဲ့တွေ့ပြီးဆရာမကသူ့ကိုအချိန်တိုင်းမနက်စာဝယ်ကျွေးလေ့ရှိသည်။
မိုးရွာသောနေ့တွင်လင်းဖန်သည် ထီးမယူလာသောအခါလီယောင်သည် သူမရဲ့ထီးကို သူစီပေးလိုက်သည်ကို သတိရလိုက်သည်။
…………
သို့သော် အများစုမှာ သေးငယ်သောအရာများဖြစ်သောလဲလင်းဖန်သည်ဒါကိုစိတ်ထဲမှတ်ထားသည်။
ဆရာမ နေမကောင်းဘူးဆိုတော့ငါသွားကြည့်ရမယ်။
လင်းဖန်သည် ထကာ အပြင်သို့ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ဌာနမှူးနှင့် အခြားလူများကို ဘတ်စ်ကားကနေပြန်ခေါ်လာခဲ့သောကြောင့်သူကားမရှိသည်ကိုသတိပြုမိလိုက်သည်။
ထို့ကြောင့် သူသည်လမ်းတွင်ရှိသောတက္ကစီကိုခေါ်ကာ ချင်ရှီဆေးရုံသို့သွားခိုင်းလိုက်သည်။
ချိဖတို့ဒီနေ့ကတစ်ပိုင်းထဲပါ။ဒိနေ့လဲမိုးမိလို့အိပ့်နေပါတယ်။ဘလိုတို့ဖက်မှာမိုးရွာလားတော့မသိဘူး။မနက်ဖြန်ကျရင်၅ပိုင်းကသေချာပါတယ်။အလုပ်ကလဲမရှိပါဘူး။မိုးရွာရင်တောင်အိမ်မှာရှိလို့ဘာမှမဖြစ်ပါဘူး။စောင့်နေတဲ့ချိဖတွေကိုတောင်းပပါတယ်ဗျ။😁😁
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး