← Chapters

အတန်းဖော်များတွေ့ဆုံးခြင်း

Vol. 14 Ch. 201

အတန်းဖော်များတွေ့ဆုံးခြင်း

Vol. 14 Ch. 201

အများအားဖြင့်ချင်ရှီမြို့ ရှိ လမ်းသွားလမ်းလာများနှင့် လမ်းပေါ်ရှိ ကားများအားလုံး သည်အလွန်နည်းပါးသည်။

ဒါပေမယ့် အခုက နှစ်ကုန်ဆိုတော့လမ်းသွားလမ်းလာနဲ့ကားတွေပိတ်နေလေသည်။

လင်းဖန် သည် ချင်ရှီဆေးရုံသို့ရောက်ရန်နာရီဝက်ကျော်ကြာခဲ့သည်။

လင်းဖန်သည် တက္ကစီမှ ဆင်းလာပြီးနောက်တွင် Toyota Corolla(ကား)သည် လင်းဖန်ဘေးသို့မောင်းနှင်လာခဲ့သည်။

“မင်းကလင်းဖန်လား?” အနက်ရောင်မျက်မှန်တပ်ထားသည့် လီရန် က Corolla(ကား)မောင်းထိုင်ခုံကနေအပြင်သို့ဆင်းလာချိန်တွင်ပြောကြားလိုက်သည်။

“လီရန်” လင်းဖန်ကသူ့ကို ပြုံးပြီးပြောလိုက်သည်။

“ဟား! တကယ်ပဲမင်းကို!” လီရန် က ဝမ်းသာအားရ ပြောလိုက်သည်။

လင်းဖန် နှင့် လီရန်တို့သည် ငယ်ငယ်ကတည်းကဆက်ဆံရေးကောင်းမွန်သည်ဟု ယူဆရသည်။

နှစ်အတော်ကြာခွဲခွာပြီးအခု ဆုံတွေ့ကြတဲ့အခါ နှစ်ယောက်လုံး အရမ်းပျော်ကြသည်မှာထုံစံပင်ဖြစ်သည်။

“ဒီ! ဒီ”

ထိုအချိန်တွင် အနောက်ကနေကားဟွန်းတီးသံတစ်ခုထွက်လာခဲ့သည်။

လီရန် က “လင်းဖန်မင်းငါ့ကိုခဏလောက်စောင့်အုံး။ ငါကားအရင်သွားရပ်လိုက်မယ်။”

လင်းဖန်က “ကောင်းပြီ!”

သိပ်မကြာခင်မှာပဲလီရန် ကလင်းဖန်စီပြန်လာခဲ့သည်။သို့သော်သူသည်တစ်ယောက်ထဲပြန်လာတာမဟုတ်ပေ။သူ့ဘေးမှာ နောက်ထပ်လူနှစ်ယောက်ဖြစ်တဲ့ဝမ်ကျွယ် နဲ့ ဟန်ကျန်တို့ပါလာလေသည်။

“ငါကားရပ်နားရာနေရာကို ရောက်တာနဲ့ဝမ်ကျွယ်နဲ့ ဟန်ကျန်တို့ကို တွေ့လိုက်ရတယ်။” လီရန်က ဝမ်းသာအားရ ပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ကာသူတို့ကို့ နှုတ်ဆက်လိုက်သည်။

ဝမ်ကျွယ် ၏ အမူအရာမှာ အနည်းငယ် သဘာဝမကျပေ။

အဘယ်ကြောင့်ဆိုသော် သူသည် လင်းဖန် နှင့် ဆက်ဆံရေးမကောင်းသောကြောင့်ဖြစ်သည်။

နောက်ဆုံးတွေ့ဆုံမှုမှာဝမ်ကျွယ်သည်လင်းဖန်ဟာ တစ်လကို ဒေါ်လာထောင်ဂဏန်းသာရှိတယ်ဆိုတာ သိလိုက်ရတော့ သူအရမ်းပျော်ပြီး လှောင်ပြောင်လိုက်သည်။(အတန်းတွေဆုံပွဲထဲမှာလင်းဖန်ကိုလှောင်တဲ့ထဲကတစ်ယောက်ပါ)

သို့သော်လင်းဖန်တွင် Lamborghini(ကား)ရှိပြီး Vacheron Constantin Tourdel’Ile(နာရီ) ကို ဝတ်ဆင်ထားကြောင်း ကိုသိလိုက်ရသည်။

ယင်းကြောင့်ဝမ်ကျွယ်သည်လင်းဖန်ကိုအဠွန်မနာလိုဖြစ်ခဲ့သည်။

လီရန် က ဒါကို လုံးဝမသိဘဲ “လင်းဖန်၊ မင်းလည်း အဖွဲ့ထဲက သတင်းတွေမြင်ပြီး လာခဲ့တာပဲမဟုတ်လား”

“ဟုတ်တယ်။” လင်းဖန်က ပြောလိုက်သည်။

လီရန် က လင်းဖန်ရဲ့ ပခုံးကို လက်တစ်ဖက်တင်ပြီး ပြောတယ် “ မင်းက ကျောင်းဆရာမကို တွေ့မယ်ဆိုတာကို အဖွဲ့ထဲမှာ မင်းဘာလို့ မပြောတာလဲ ၊ မင်းပြောလိုက်ရင်ငါတို့ကမင်းကိုလာခေါ်လို့ရတယ်။အဲ့အခါကျရင်တက္ကစီခကုန်မှာမဟုတ်ဘူး။’’

တက္ကစီစီးတာလား?

ဒါကိုကြားတော့ဝမ်ကျွယ်သည် တခဏမျှ ထိတ်လန့်သွားသည်။

လင်းဖန် ရဲ့ Lamborghini(ကား)ဘယ်မှာလဲ

သူမှာကားရှိရက်နဲ့ဘာလို့တက္ကစီစီးတာလဲ။

လင်းဖန် က “ရပါတယ်။အဲ့လောက်လဲမကုန်ပါဘူး။ တက္ကစီစီးရတာလဲအဆင်ပြေပါတယ်”

သူ့ဘေးက ဟန်ကျန်က “ကျူရီရှောင်ရော မင်းနဲ့အတူ မလာဘူးလား”

လင်းဖန်က ခေါင်းခါပြီး “သူ့မ မှာကိစ္စရှိလို့မလာဘူး” ဟုပြောလိုက်သည်။

ကျူရီရှောင်က လင်းဖန်နဲ့ အတူမလာဘူး?

ဒါကိုကြားတော့ဂမ်ကျွယ် က ပိုလို့တောင် အံ့သြသွားခဲ့သည်။

လင်းဖန်သည် ကျူရီရှောင်ကို အိမ်ပြန်ပို့ရန် Lamborghini(ကား)ကို မမောင်းခဲ့ဘူးလား။

ဒီလိုအခြေအနေမျိုးက အခွင့်ကောင်းပဲလေ။လင်းဖန်က ကျူရီရှောင်ကိုချစ်ခွင့်ပန်တာတို့၊ဘာတို့လုပ်သင့်တယ်မဟုတ်ဘူးလား။

Lamborghini(ကား)မစီးပဲ?

တက္ကစီစီးပြီးလာတာလား?

ပြီးတော့ကျူရီရှောင်ကလဲသူနဲ့အတူ မလာဘူး?

ဤအချက်သုံးချက်ကိုများသည်တစ်ခုနဲ့တစ်ခုဝမ်ကျွယ်စိတ်ထဲတွင်ပေါ်လာလေသည်။

သူသည် လင်းဖန်၏လက်ကောက်ဝတ်ကို အမြန်ငုံ့ကြည့်လိုက်ရာ Vacheron Constantin Tourdel’Ile(နာရီ)ကို လုံးဝမတွေ့ရပေ။

ရုတ်​တရက်​ ဝမ်ကျွယ်ကလင်းဖန် သည် အမြဲတမ်း ပိုက်ဆံမရှိလို့ ဖြစ်နိုင်ပါ့မလားဟုတွေးလိုက်မိသည်။

Lamborghini Dan(ကား)နှင့် Vacheron Constantin Tourdel’Ile(နာရီ) တို့သည် အမှန်တကယ်လင်းဖန်တွင်ရှိတာမဟုတ်​ဘူးလား။

အဲဒီနေ့မှာ သူကကျူရီရှောင်ကို အိမ်ပြန်ပို့ပြီးနောက် သူတို့နှစ်ယောက်ကိစ္စတစ်ခုခုရှိသင့််မဟုတ်ဘူးလား။အဲ့ဆိုအခုသူတို့နှစ်ယောက်အတူလာရမှာလေ။

မှန်တယ်!

ဒါဖြစ်မယ်။

အထက်တန်းကျောင်းတက်တုန်းက လင်းဖန်ရဲ့မိသားစုက မချမ်းသာပေ။

လင်းဖန်သည် သူ့ညီမအရမ်ဖျားနာ၍ ဆေးရုံတက်နေရသည်။သို့သော်သူတို့အိမ်မှာသူညီမဆေးကုဖို့အတွက်ငွေမရှိသောကြောင့်ကျောင်းမှထွက်ခဲ့ရပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲကို မဖြေပဲအလုပ်ထွက်လုပ်ခဲ့လေငည်။

ဒါဆို သူ့မှာ ပြိုင်ကားနဲ့ နာရီတို့ပေါင်းသန်းဆယ်ချီ ဘယ်လိုလုပ်ရှိနိုင်မလဲ။

ဒီလိုတွေးလေလေဝမ်ကျွယ်က ဖြစ်နိုင်ချေ ပိုများလေလေဖြစ်သည်။ဒီအကြောင်းကိုတွေးမိပြီသူ၏စိတ်ခံစားချက်သည်ကောင်းသွားခဲ့လေသည်။

ထိုအချိန်တွင် မနီးမဝေးမှ ခြေသံများ ထွက်ပေါ်လာသည်။

အရပ်ရှည်ရှည် ပိန်ပိန် ဟွမ်ဒီသည် လင်းဖန်တို့စီလျှောက်လာသည်။ လူအုပ်ကိုမြင်တော့ သူက “အတန်းဖော်တွေ မတွေ့တာကြာပြီ!”ဟုနှုဆက်လိုက်သည်။

လင်းဖန်ကိုတွေ့ပြီးနောက်ဟွမ်ဒီကသူ့ကိုမနားတန်းစကားပြောတော့သည်။

“လင်းဖန် မင်းလည်းဒီကိုလာတာလား”

“မမျှော်လင့်ထားဘူးမင်းက ငါတို့ အတန်းထဲမှာ ဝှက်ပြီးနေတဲ့ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဆိုတာ။မင်းမှာ Lamborghini (ကား)ရှိတယ်လို့ ငါကြားတယ်။ ငါ့ကို နည်းနည်းလောက်ပြပါအုံး”

“ဘာ လင်းဖန် မှာ Lamborghini(ကား)တစ်စီးရှိတယ်ဟုတ်လား” လီရန် အံ့သြစွာမေးလိုက်သည်။

“ဟုတ်တယ်၊” ဟွမ်ဒီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဒါကိုဝမ်ကျွယ်ကြားတော့သူသည်ရယ်ချင်သလိုခံစားရလိုက်သည်။

သို့သော်လင်းဖန်က ဘယ်လိုပြန်ဖြေရမလဲဆိုတာကိုတော့ သူကြားချင်သည်။

လင်းဖန် က “မင်းတို့ကြည့်လို့မရမှာကိုငါကြောက်တယ်တယ်။ ဘာလို့ဆိုငါ့ကားက ကျန်ပေ့မှာ ရပ်ထားတယ်။ဒီနေ့ ကျောင်းက ဌာနမှူး၊ ဒါရိုက်တာနဲ့ တခြားသူတွေက ငါ့ကို ဘတ်စ်ကားနဲ့ ပြန်ပို့လိုက်လို့လေ။”

ဒါတွေအားလုံးဟာ အမှန်တရားတွေဖြစ်ပေမယ့် ဝမ်ကျွယ်ရဲ့နားထဲမှာတော့ လင်းဖန်စကားဟာ ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံးဟာသကိုပြောနေသလိုဖြစ်သည်။

လင်းဖန်သည် ကားကို ပြုပြင်နေသည် သို့မဟုတ် ကားရေဆေးနေကြောင်း ပြောပါက ဝမ်ကျွယ်သည် ၎င်းကို အနည်းငယ် ယုံနိုင်သေးသည်။

ဒါပေမယ့် ကျန်ပေ့မှာကားရပ်ထားတာနဲ့

ဌာနမှူးနဲ့ ဒါရိုက်တာက သူ့ကို ဘတ်စ်ကားနဲ့ သူ့ကိုပြန်လိုက်ပို့တာလား။

မင်းကိုမင်းဘယ်သူလို့ထင်လဲ’’

ဟာသပဲ!

ဟန်ကျန်က “မင်းကကျောင်းသားလား? လင်းဖန်၊ မင်း အခုကျောင်းတက်နေတုန်းလား”

“ဟုတ်တယ်၊ ငါ ကျန်ပေ့ တက္ကသိုလ်မှာ ကျောင်းတက်နေတယ်။ “ လင်းဖန်က ပြောလိုက်သည်။

“တကယ်လား?” ဟန်ကျန် က အံ့သြစွာပြောသည်။

လီရန်က “ကျန်ပေ့တက္ကသိုလ်လား။ အဲဒါက တရုတ်ပြည်ရဲ့ အဓိက တက္ကသိုလ်ထဲကတစ်ခုပဲ၊ လင်းဖန်မင်းအရမ်းတော်တာပဲ”

သူတို့သည်အတန်းဖော်ဟောင်းများဖြစ်ကြသည်။မတွေ့ရတာကြာပြီဆိုပေမဲ့စကားပြောတာကတစ်ယောက်ကို​တစ်ယောက်မစိမ်းကားပေ။

ထိုအချိန်တွင် လီရန် က “ဟွမ်ဒီ ဆရာမဘယ်လိုနေသေးလဲ” ဟု မေးလိုက်သည်။

ဟွမ်ဒီက “ငါသိပ်မသိဘူး၊ဒါပေမဲ့အခြေအနေကတော်တော်ဆိုးတယ်၊ဒါကြောင့်ငါတို့ကဆရာမကိုပျော်ရွှင်အောင်လုပ်ပေးရအောင်’’ဟုပြောလိုက်သည်။

“ဟုတ်တယ်!” လူတိုင်းက ခေါင်းညိတ်ပြီးပြောလိုက်သည်။

နောက်ဆုံးတော့ အားလုံးက ဆေးရုံထဲကို ဝင်သွားကြသည်။

ထိုအချိန်တွင် ပိန်ပိန်ပါးပါး လူလတ်ပိုင်းအမျိုးသမီးတစ်ဦးသည်ဆေးရုံကုတင်ပေါ်မှာလဲလျောင်းနေသောလှပသောမျက်နှာရှိမိန်းကလေးတစ်ဦးကိုမျက်နှာသုတ်ပုဝါဖြင့်ဂရုတစိုက် သုတ်ပေးနေသည်။လဲလျောင်းနေသောအမျိုးသမီးပေါ် မှာ အောက်ဆီဂျင်ပြွန်ပိုက်ကို ၀တ်ထားသည်။သူမသည်ဟွမ်ဒီပြောသော အတန်းပိုင်ဆရာမ လီယောင်ပင်ဖြစ်သည်။

လူလတ်ပိုင်းအမျိုးသမီးနှင့် မိန်းကလေးမတို့သည် လူအများအပြား ရုတ်တရက်ရောက်လာသည်ကို မြင်သောအခါတွင် စိတ်ရှုပ်ထွေးမှုအရိပ်အမြွက်ပြသလိုက်လေသည်။

ဟွမ်ဒီက “မင်္ဂလာပါ အန်တီ၊ ငါတို့က ဆရာမလီ ရဲ့ ကျောင်းသားတွေပါ။”

ထို့နောက် ဟွမ်ဒီ ၊ လင်းဖန် နှင့် အခြားသူများသည် သူတို့ဝယ်ထားသော သစ်သီးများနှင့် နို့များကို ဆေးရုံကုတင်နားရှိစားပွဲပေါ်မှာတင်ပေးလိုက်သည်။

ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေသော လီယောင်သည် ခက်ခက်ခဲခဲ ခေါင်းကို မြှောက်လိုက်ပြီး “ဒါက ဟွမ်ဒီ၊ လင်းဖန်၊ ဝမ်ကျွယ်၊ လီရန်၊ ဟန်ကျန်”

လီယောင်ရဲ့ မှတ်ဉာဏ်က အရမ်းကောင်းတယ်လို့ ပြောရမယ်ဖြစ်သည်။

နှစ်အတော်ကြာပြီးသည့်တိုင်အောင်သူမသည် လူတိုင်း၏နာမည်မှတ်မိသည်။

ဆရာမက သူတို့ကိုယ်မမှတ်မိဘူးဆိုပေမဲ့ အနည်းဆုံးတော့ သူတို့၏နာမည်ကိုသိမယ်လို့သူတို့က ယူဆကြသည်။

ဒါပေမယ့် အခုချိန်မှာတော့ သူ့တို့တစ်ယောက်ချင်းစီကိုလက်ညွှန်းထိုးပြီးနာမည်ခေါ်လိုက်တာကသေချာပေါက် ပျော်ရွှင်စရာတစ်ခုပင်ဖြစ်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters