ဓားပျံကုထုံး
Vol. 14 Ch. 202
လူလတ်ပိုင်းအရွယ် အမျိုးသမီး ရီဝေသည် သူ့မသမီး၏ ကျောင်းသားဖြစ်ကြောင်း ကြားသိရသောအခါ ရင်ထဲတွင်နွေးထွေးသွားခဲ့သည်။
သူ့မသမီးစီကိုလာရောက်လည်ပတ်ကြတဲ့ ကျောင်းသားတွေ အများကြီးရှိတာကြောင့်သူမကို သွန်သင်ဆုံးမခဲ့တာကအချည်းနှီးမဟုတ်ပေ။
ရီဝေကအပြစ်တင်လေသံနဲ့”မင်းတို့ရဲ့ ဆရာမဆီ လာကြည့်လို့ ရပါတယ်။ ဘာလို့ ပစ္စည်းအများကြီးယူလာတာလဲ”
ဟွမ်ဒီ က “ဒါက သစ်သီးနဲ့ နို့လေးတွေပါပဲ၊အများကြီးမှမဟုတ်တာ”
လီယောင်သည် သူမ၏ ကျောင်းသားဟောင်းများစွာကို မြင်လိုက်ရပြီးနောက်သူ့မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ဖြည်းဖြည်း ပေါ်လာသည်။
“မင်းတို့အားလုံးကချင်ရှီ မှာ အလုပ်လုပ်နေတာလား။” ဟုလီယောင်ကမေးလိုက်သည်။
ဟွမ်ဒီက “ကျွန်တော်ကချင်ရှီကဟူရှီရုံးမှာ အလုပ်လုပ်ပါတယ်။’’ပြောလိုက်သည်။
“ကျွန်တော်က အရောင်းအဝယ်လုပ်နေပါတယ်’’ လီရန် က ပြောလိုက်သည်။
“ကျွန်တော် ကျန်ပေ့မှာ အလုပ်လုပ်နေပါတယ်။” ဟန်ကျန်က ပြောသည်။
ဝမ်ကျွယ် က သူ့လည်ချောင်းကို ရှင်းထုတ်ပြီး အလွန်ဂုဏ်ယူတဲ့လေသံနဲ့ “ကျွန်တော်က ကျန်ပေ့မှာရှိတဲ့ စာရင်းဝင်ကုမ္ပဏီ ဂျေရီဂရု ရဲ့ ဒါရိုက်တာပါ။”
“ကျွန်တော်က ကျန်ပေ့တက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်။” လင်းဖန်က ပြောလိုက်သည်။
ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လီယောင်ကလင်းဖန်စကားကိုကြားပြီးနောက် သူ့မ ဝမ်းသာအားရနဲ့ ပြောသည်။”ကောင်းတယ် ကျန်ပေ့ တက္ကသိုလ်က ကောင်းတယ်။”
လင်းဖန် သည် အတန်းထဲတွင်စားတော်သောသူများထဲမှတစ်ယောက်ဖြစ်သည်။သို့သော် အဲ့အချိန်မှာမိသားစုအကြောင်းကြောင့် ကျောင်းထွက်ဖို့ ရွေးချယ်ခဲ့ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲကို မဖြေဆိုခဲ့ရပေ။
ဤအဖြစ်အပျက်သည် လီယောင်၏ နှလုံးသားထဲတွင် နောင်တရစရာတစ်ခုဟု ဆိုနိုင်သည်။
ယခုလင်းဖန်သည် တက္ကသိုလ်ကို အောင်မြင်စွာ တက်ရောက်ခဲ့သည်။သူ့တက်သည့်တက္ကသိုလ်သည်ချန်ပြည်နယ်ရှိ အကောင်းဆုံးကျန်ပေ့တက္ကသိုလ်ဖြစ်နေဆဲဖြစ်ကြောင်း သူမသိလိုက်ရတော့လီယောင်သည် ပျော်ရွှင်သွားခဲ့သည်။
လီယောင်သည် လင်ဖန်းကို အာရုံစိုက်နေသည်ကို ဝမ်ကျွယ်မြင်သောအခါတွင် မနှစ်မြို့ဖွယ် အမူအရာတစ်ခု ပေါ်လာသည်။
“အဟော့ ဟော့ ဟော့”
လီယောင်သည်၏ ကျန်းမာရေး မကောင်းပေ။သို့သော်သူမကအပေိာ်လွန်သွားသောကြောင့်အဲ့တာကိုဂရုမစိုက်ပေ။ထို့ကြောင့် သူ မပပြင်းပြင်းထန်ထန် ချောင်းဆိုးခဲ့ပြီး နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တို့မှာလဲသိသိသာသာ ပြောင်းလဲသွားသည်။
“ဒီဒီဒီ!”
ဘေးနားရှိ မော်နီတာ(နှလုံးခုန်သံ၊သွေးပေါင်ချိန်ကိုပြတဲ့စက်)မှ လျင်မြန်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဆရာဝန်၊ ဆရာဝန်!” ရီဝေက စိုးရိမ်တကြီး အော်လိုက်သည်။
မကြာခင်မှာပဲ သူနာပြုဆရာမများနဲ့ ထိပ်ပြောင်တဆရာဝန်တစ်ယောက် အမြန်ဝင်လာခဲ့သည်။
သူတို့သည် လီယောင်၏ ခန္ဓာကိုယ်ကို အမြန်စစ်ဆေးပြီး ဆေးအနည်းငယ် ထိုးသွင်းလိုက်ကြသည်။ဆေးထိုးလိုက်သောကြောင့် လီယောင်၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။
လီရန် က “ဒေါက်တာ၊ ငါတို့ဆရာ မရဲ့ကျန်းမာရေး ဘယ်လိုနေလဲ” လို့ ပြောလိုက်သည်။
ထိပ်ပြောင်ဆရာဝန်က “လူနာရဲ့ခန္ဓာကိုယ်ထဲက အကျိတ်ဟာ အခုဆို အရမ်းအန္တရာယ်များတဲ့အခြေအနေမှာရောက်နေပြီ။ တတ်နိုင်သမျှအမြန်ဆုံးခွဲစိတ်ဖို့အကြံပြုချင်ပါတယ်။ မဟုတ်ရင် အရမ်းအန္တရာယ်များလိမ့်မယ်”
ဒါကိုပြောပြီးနောက်ထိပ်ပြောင်ဆရာဝန်နဲ့ သူနာပြုဆရာမတို့ကထွက်သွားခဲ့သည်။
လီရန် က “အန်တီ၊ ငွေ ပြဿနာကြောင့် ဆရာမကိုမခွဲစိတ်သေးတာလား။”
ရီဝေက “မင်းရဲ့ဆရာမက အစိုးရဝန်ထမ်းတစ်ဦးဖြစ်သောကြောင့်ဝန်ထမ်းအာမခံကျေးလည်း ရှိတယ်။ နောက်ပြီး နှစ်တွေကြာလာတာနဲ့အမျှ ငါတို့မှာ စုဆောင်းငွေတွေလဲရှိတယ်၊ ခွဲစိတ်မှုလပ်တဲ့ငွေကတော့လုံလောက်နေသေးတယ်” ဟု ရီဝေက ပြောလိုက်သည်။
“ဒါပေမယ့်၊ ဒီခွဲစိတ်မှုဟာ အလွန်အန္တရာယ်များတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပြီး ကျွမ်းကျင်တဲ့ဆရာဝန်က လုပ်ဆောင်ရမှာဖြစ်တယ်၊မဟုတ်ရင်....”
သူ့မဘေးနားက လှပတဲ့မိန်းကလေး လီယောင်က “ငါက ဆရာဝန်တချို့ကို မေးပြီး ခွဲစိတ်မှုလုပ်ဆောင်ဖို့ ‘ဓားပျံကုထုံး’ ကိုအသုံးပြုတဲ့ဆရာဝန်က အန္တရာယ်အကင်းဆုံးလို့ ပြောတယ်’’
“ဓားပျံကုထုံး’’ ကျွမ်းကျင်သူ?
လင်းဖန်၏ အမူအရာ အနည်းငယ် ပြောင်းသွားခဲ့သည်။
ဓားပျံကုထုံးကို ကျွမ်းကျင်တဲ့သူကသူ့အဖေရဲ့ ခွဲစိတ်မှုကိုလုပ်ပေးတယ်ဆိုတာကိုရှင်းရှင်းလင်းလင်း မှတ်မိသည်။
မူလက လင်းဖန်သည် ဆရာမအား ဆေးရေတိုက်ရန်စဉ်းစားနေသေးသည်။
လင်းဖန်သည် 10 သန်းအတွက် မနမျောပေ။
ဒါပေမယ့် ဆရာမခေါင်းမှာ အကျိတ်ရှိတယ်ဆိုတာကလူတော်တော်များများသိကြပြီး ဆေးရေသောက်ပြီး ချက်ချင်းသက်သာလာမယ်ဆိုရင် ဒါကိုရှင်းပြရတာ ဒုက္ခဖြစ်လိမ့်မည်။
ခွဲစိတ်ပြီးနောက်ပြန်လည်နာလန်ထူရန်နှင့် ပြန်လည်ကောင်းမွန်လာရန်အတွက် ဆေးဝါးသောက်သုံးရန်ကအကောင်းဆုံးရွေးချယ်မှုမှာ ထင်ရှားသည်။
ဟွမ်ဒီက ခေါင်းညိတ်ပြီး “ကျွမ်းကျင်တဲ့သူက ခွဲစိတ်မှုကို လုပ်တာက တကယ်လိုအပ်ပါတယ်”
ထို့နောက် သူသည် လင်းဖန်နှင့် အခြားသူများထံ လှည့်ကာ “မင်းအဲ့ကျွမ်းကျင်သူကိုသိလား”
တစ်ချိန်လုံး စကားမပြောတတ်တဲ့ဝမ်ကျွယ်က ချောင်းဆိုးလိုက်ပြီး’’ဓားပျံကုထုံးကအရမ်းကိုအဆင့်မြင့်တယ်။အဲ့ကျွမ်းကျင်သူသာဆရာမကိုခွဲစိတ်ပေးလိုက်ရင်အောင်းမြင်နိုင်ခြေကလုံးဝအပြည့်ပဲ။”
ဝမ်ကျွယ် သည် သူကိုယ်ငူဆရာကြီးစတိုင်နဲ့ပြောလိုက်သည်။
ဒီအကြောင်းကိုမကြာသေးခင်က သူ့ညီဝမ်းကွဲဆီကနေ ကြားခဲ့တာပင်ဖြစ်သည်။
သူ့စကားတွေက လူတိုင်းရဲ့ အာရုံကို မြန်မြန်ဆန်ဆန် စွဲဆောင်သွားခဲ့သည်။
ဝမ်ကျွယ်သည်လူတွေကသူ့ကိုကြည့်နေသည်ကိုတွေ့တော့သူသည်ဂုဏ်ယူသောအကြည့်တစ်ခုပေါ်လာသည်။
ထို့နောက် သူက ဆက်လက်ပြောကြားသည်။ “လက်ရှိမှာ ကျွန်တော်တို့နိုင်ငံမှာ အကျော်ကြားဆုံး ဓားပျံကုထုံးကိုကျွမ်းကျင်တဲ့ဆရာဝန်က ပေကျင်းအဖွဲ့ရဲ့ ဒါရိုက်တာ လင်းကျူ ပဲ” လို့ ဆိုလိုက်သည်။
လီယောင်က “ဟုတ်တယ်၊ ဒါရိုက်တာလင်းကျူက အရမ်းကောင်းတယ်လို့ တခြားဆရာဝန်တွေက ပြောကြတယ်။ ဒါရိုက်တာ လင်းကျူ ကို ခွဲစိတ်ခိုင်းလို့ရမလား”
ဒါရိုက်တာလင်းကျူကခွဲစိတ်စေချင်တာလား။ဒါကသိပ်မဖြစ်နိုင်ပေ။
ဒါကိုကြားပြီးနောက်ဝမ်ကျွယ်ကချောင်းဆိုးလိုက်ပြီး “ဒါရိုက်တာလင်းကျူ က ပေကျင်းဆေးရုံအသင်းရဲ့ ဒါရိုက်တာပါ။ သူကလူတွေကို ခွဲစိတ်မှု သိပ်မလုပ်ပေးဖူးဘူး...”
လီယောင်သည် ထိုစကားကိုကြားလိုက်သောအခါတွင် သူမသည် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
ဝမ်ကျွယ်က “ဒါရိုက်တာလင်းကျူ ကို ခွဲစိတ်ကုသဖို့ ကျွန်တော် ခွင့်မပြုနိုင်ပေမယ့် သူ့ရဲ့ ဂုဏ်ယူစရာကောင်းတဲ့ တပည့်ဖြစ်တဲ့ဒေါက်တာ ဖန်းမင်းဇောင်က ကျွန်တော့်ဝမ်းကွဲရဲ့ အတန်းဖော်တစ်ဦးပါ။ ကျွန်တော် သူ့ကို ဖိတ်ခေါ်နိုင်ပါတယ်။”
“ဒေါက်တာ ဖန်းမင်းဇောင်သည် ဒါရိုက်တာလင်းကျူ ၏ 70% မှ 80% အထိ ဓားပျံကုထုံးကို ကျွမ်းကျင်ပိုင်နိုင်သည်။”
ရီဝေက စိတ်လှုပ်ရှားစွာနဲ့ “တကယ်လား? အရမ်းကောင်းတာပဲ၊ ကျောင်းသားဝမ်ကျွယ်၊ ဒါဆို ငါမင်းကို ဒုက္ခပေးမိပြီ”
ဝမ်ကျွယ်က “ဒါဟာ အသေးအမွှားကိစ္စပဲ၊ အန်တီ သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး”
စကားပြောပြီးနောက်သူလင်းဖန်အား အောင်ပွဲခံရန် မမေ့လျော့သွားပေသည်။ထို့ကြောင့်သူသည်လင်းဖန်ကိုကြည့်လိုက်သည်။
သူ့ကြည့်တွင်- လင်းဖန်၊ မင်း အရမ်းချမ်းသာတယ်မဟုတ်ဘူးလား။ ဘာကြောင့် ကျွမ်းကျင်သူကို မရှာတာလဲ။ဟူ၍ပင်ဖြစ်သည်။
ထို့နောက်ဝမ်ကျွယ်သည် လူတိုင်း၏အကြည့်အောက်တွင် ဖန်းမင်းဇောင်ကိုခေါ်ဆိုလိုက် သည်။
မကြာသေးမီက သူ၏ဝမ်းကွဲဖြစ်သူကဖန်းမင်းဇောင်အကြောင်းကို ကြွားလုံးထုတ်သောအခါသူသည်ဖန်းမင်းဇောင်၏ဖုန်းနံပါတ်ကိုတောင်းထားလိုက်လေသည်။
ခဏအကြာတွင်၊ ခေါ်ဆိုမှုကချိတ်ဆက်သွားခဲ့သည်။
“ဟယ်လို ဘယ်သူလဲ” ဖုန်းထဲကနေအသံထွက်လာသည်။
ဝမ်ကျွယ်က “ဒါက ဒေါက်တာ ဖန်းမင်းဇောင်လားဗျ။ ကျနော်ကကျောက်ဖန်ဒီရဲ့ဝမ်းကွဲ ဝမ်ကျွယ် ပါ။”
“ကျောက်ဖန်ဒီရဲ့ဝမ်းကွဲ? မင်းတစ်ခုခုဖြစ်လို့လား။” ဟူဖန်းမင်းဇောင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“အိုးဒီလိုပါ ငါ့အထက်တန်းဆရာမက အကျိတ်ရှိနေတယ်၊အဲဒါကို ခွဲစိတ်ဖို့ ချင်ရှီဆေးရုံကို လာဖို့ မင်းလာပေးနိုင်မလား” ဝမ်ကျွယ်က ပြောလိုက်သည် ။
ဖန်းမင်းဇောင် က “ငါလာချင်ပါတယ်၊ ဒါပေမယ့် ငါချင်ရှီကိုလာဖို့အချိန်မရှိဘူး၊ ဒါကြောင့် ဒီအကြောင်းကို မပြောပါရစေနဲ့၊ ကျွန်တော် ကဒီမှာ လုပ်စရာတွေ ကျန်နေသေးတယ်။”
ထို့နောက် ဖုန်းချခါနိးတွင် အသံတစ်ခု ကိုအားလုံးကြားလိုက်ရသည်။
“ဘာတွေလာပြောနေလဲမသိဘူးစောင့်ရူးကောင်ပဲ”
ဖန်းမင်းဇောင်အအကြောင်းကိုကြားလိုက်သောကြောင့်လူတိုင်းကတိဆိတ်နေပြိးဖန်မင်းဇောင်ပြောတဲ့စကားကိုစောင့်နေသည်။
ဒါကြောင့်သူတို့အားလုံးသည်ဖန်းမင်းဇောင် ရဲ့ စကားအားလုံးကို ကြားလိုက်ရသည်။
ဝမ်ကျွယ်က ဖုန်းကို ကိုင်လိုက်ပြီး လူတိုင်းရဲ့ ထူးဆန်းတဲ့ မျက်လုံးတွေနဲ့သူ့ကိုကြည့်နေတာတွေ့တော့ရှက်သွားခဲ့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး