နှိုင်းယှဉ်၍မရ
Vol. 14 Ch. 203
ဝမ်ကျွယ်သည် မူလက လူတိုင်းကသူ့ကိုအထင်ကြီးလေးစားမှုကိုရချင်ခဲ့သည်။သို့သော်ယခုတွင်ကိုယ့်အရှက်ကိုယ်ခွဲနေတာနဲ့အတူတူပင်ဖြစ်သည်။
“ဘာတွေလာပြောနေတာလဲအသိဘူးစောင့်ရူးကောင်ပဲ။”
ဖန်းမင်းဇောင်၏ စကားများသည် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
ရှက်စရာ!
ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်သလဲ!
ဝမ်ကျွယ်သည်လင်းဖန်ကိုကြည့်လိုက်တော့လင်းဖန် က သူ့ခေါင်းကို ဖြည်းညှင်းစွာခါနေတာကို တွေ့လိုက်ရသည်။
ဝမ်ကျွယ်ဒါကိုမင်း မလုပ်နိုင်ဘူး လို့ ပြောပုံရသည်။
သူများတွေရယ်တာကအဆင်ပြေသည်။သို့သော်အဲ့အထဲတွင်လင်းဖန်မပါပေ။
လင်းဖန်ကြောင့်သူအလွန်ဒေါသထွက်သွားခဲ့သည်။သို့သော်သူက သက်ပြင်းချလိုက်ပြီး “ငါ့ဝမ်းကွဲကဒေါက်တာ ဖန်းမင်းဇောင် နဲ့ မကြာသေးခင်က ပဋိပက္ခဖြစ်ခဲ့တာကို သတိရလိုက်မိတယ်။ဒါကြောင့်သူ့ကို လောလောဆယ်ဖိတ်ဖို့ နည်းလမ်းမရှိဘူး”
“အန်တီ၊ဆရာမတောင်းပန်ပါတယ် ငါလောလောဆယ် မကူညီနိုင်ဘူး”
ဝမ်ကျွယ်ကညာဏ်ကောင်းတယ်လို့ပြောဏမည်ဖြစ်သည်။ဘာလို့ဆိုဒီလိုအချိန်တိုလေးအတွင်းမှာ အကြောင်းပြချက်ကောင်းတစ်ခု ကိုဖန်းတီးနိုင်သောကြောင့်ပင်ဖြစ်သည်။
ဤသို့ပြောပြီးနောက် ဆေးခန်းအတွင်းရှိ လေထုသည် များစွာကောင်းမွန်လာခဲ့သည်။
ရီဝေ က “ကိစ္စမရှိပါဘူး၊ မင်းအကောင်းဆုံးကြိုးစားခဲ့တာပဲလေ”
ဝမ်ကျွယ်က “လင်းဖန် မင်း ခုနက ခေါင်းခါနေတယ်ဆိုတော့မင်းမှာကျွမ်းကျင်တဲ့ဆရာဝန်ရှိလို့လား”(စောင့်တစ်လွဲအကြောင်းပြချက်)
“ဟုတ်တယ်၊ ဒါပဲဖြစ်မှာပေါ့။ မင်းက ငါတို့အတန်းထဲမှာ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်ပဲလေ”
“မင်းမှာ ကျွမ်းကျင်တဲ့ဆရာဝန်ရှိနေပြီဆိုတော့ဆရာမကို ကုဖို့ကူညီတောင်းလိုက်လေ”
“ချမ်းသာတဲ့ ဒုတိယမျိုးဆက်?” ယန်ဝေ အံ့ဩသွားခဲ့သည်။
ယန်ဝေသည် လင်းဖန်ကို မမြင်ဖူးသော်လည်း၊လင်းဖန်၏အမည်ကို လီယောင်ထံမှ အကြိမ်များစွာကြားသိခဲ့ရသည်။
လင်းဖန်သည် မိသားစုအကြောင်းကြောင့် ကျောင်းထွက်ပြီး အလုပ်လုပ်နေသည်ကို ရီဝေသိသည်။
ဒါကြောက့်လီယောင်သည်သူ့အစား မကြာခဏ နောင်တရတတ်သည်။
ဒါက ချမ်းသာတဲ့ ဒုတိယမျိုးဆက်လား?
ဝမ်ကျွယ်က “ဟုတ်ပါတယ် အန်တီ၊လင်းဖန် နောက်ဆုံးပါတီပွဲမှာ ပြိုင်ကားတစ်စီးနဲ့ နာမည်ကြီး နာရီတစ်လုံးရှိတယ်ဆိုတယ်! ဒါပေမယ့် ကျန်ပေ့ ရဲ့ ဌာနမှူးတွေနဲ့ ဒါရိုက်တာတွေက သူ့ကိုချင်ရှီကို လူကိုယ်တိုင်ပြန်ပို့လိုက်တဲ့အတွက်၊ ပြိုင်ကားနဲ့နာရီကိုမယူခဲ့ရဘူး”
ထင်ရှားသည်မှာ၊ဝမ်ကျွယ်သည် လင်းဖန်သည် ချမ်းသာသော ဒုတိယမျိုးဆက်မဟုတ်ကြောင်းနှင့် ယခင်ကပြိုင်ကားများနှင့် နာမည်ကြီးနာရီများသည် သူ့နှင့်လုံးဝမသက်ဆိုင်ကြောင်း အတည်ပြုခဲ့သည်။
ဒါကြောင့် အခုပြောနေတာဟာ လှောင်ပြောင်နေတာပင်ဖြစ်သည်။
ဝမ်ကျွယ်က “လင်ဖန်၊ မင်းသိတဲ့ ကျွမ်ကျင်ဆရာဝန်ကိုမြန်မြန်ခေါ်သင့်တယ်။ ဆရာမရဲ့ အခြေအနေက နှောင့်နှေးစရာ မဟုတ်ဘူး။”
စူပါပြိုင်ကားများကို ကျန်ပေ့တွင် ထားရှိသည်ဟုပြောနိုင်သည်။ကျွမ်းကျင်ဆရာဝန်ကျရင်လင်းဖန်ကဘယ်လိုအကြောင်းပြချက်မျိုးပြောမလဲဆိုတာကိုသူကကြည့်ချင်သည်။
ရီဝေကလေထုသည် အနည်းငယ် မှားနေသည်ဟု သူမ ယောင်ဝါးဝါး ခံစားမိသည်။
ဒါနဲ့ သူမက ပါးစပ်ကိုဖွင့်ပြီး “မင်းမသိရင် ရပါတယ်...”
လင်းဖန် က “အန်တီ၊ မင်းနားလည်မှုလွဲနေပြီ။ ဓားပျံကုထုံးကို ကျွမ်းကျင်တဲ့ဆရာဝန်ကို ငါသိပါတယ်။သူကမင်းပြောခဲ့တဲ့ ဒါရိုက်တာ လင်းကျူ ပဲ၊ ငါသူ့ကို ဖုန်းဆက်ပြီး ဖိတ်လိုက်မယ်”
“တကယ်လား?” ရီဝေက အံ့သြစွာပြောလိုက်သည်။
ဒါကိုကြားတော့ဝမ်ကျွယ်ကစိတ်ထဲတွင်လှောင်ရယ်နေသည်။
လင်းဖန်... မင်းဒီလို ကြွားချင်တာလား။
လင်းကျူ သည် ပေကျင်းအသင်း၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။
မင်း(လင်းဖန်)က ချမ်းသာတဲ့ ဒုတိယမျိုးဆက်ဆိုရင်တောင် သူ့ကို ခေါ်ခိုင်းဖို့ကမဖြစ်နိုင်ပေ။
သိရန်လင်းကျူလိုအဆင့်ရှိလူတွေကိုပိုက်ဆံနဲ့ဖိတ်ခေါ် ရန်မှာမဖြစ်နိုင်သောအရာဖြစ်သည်။
ဝမ်ကျွယ်သည် လင်းဖန်အရှက်ကွဲတော့မည်ဟုမျှော်လင့်ထားသောမျက်လုံးဖြင့်ကြည့်နေလိုက်သည်။
“ဒီလိုဆိုတော့ လင်းဖန်မြန်မြန်ဖုန်းဆက်လိုက်လေ” ဝမ်ကျွယ် က တိုက်တွန်းပြီးပြောလိုက်သည်။
ရှင်းရှင်းပြောရရင် သူသည်လင်းဖန်ကို လှည့်စားတာမျိုး မလုပ်မိအောင် တားဆီးဖို့ ဒီနေရာကို ဖုန်းခေါ်စေချင်တာ ထင်ရှားသည်။
လင်းဖန်သည် ဝမ်ကျွယ်ကိုကြည့်လိုက်သည်။သို့သော် သူ သည်ဒါကိုသိပ်ဂရုမစိုက်ဘဲ ခေါင်းညိတ်ကာ လင်းကျူ၏ဖုန်းကိုခေါ်ဆိုလိုက်သည်။
လင်းကျူသည် လင်းဖန် ၏ဖခင်လင်းတန်ကို ခွဲစိတ်ကုသပြီးသောအခါတွင် သူတို့နှစ်ဦး အဆက်အသွယ် အချက်အလက်များ ဖလှယ်ခဲ့ကြသည်။
ခဏအကြာတွင် ခေါ်ဆိုမှု ချိတ်ဆက်သွားခဲ့သည်။
“ဒါရိုက်တာလင်းကျူလား?” လင်းဖန်က မေးလိုက်သည်။
“ဟုတ်ပါတယ်၊မစ္စတာလင်းဘာကိစ္စရှိလို့လဲ” လင်းကျူ၏ အသံသည် ဖုန်းထဲကနေထွက်လာသည်။
လင်းကျူ၏အဖြေကိုကြားပြီးနောက်၊ ရီဝေ၊ လီယောင်၊ လီရန်၊ ဟွမ်ဒီ၊ ဟန်ကျန် နှင့် အခြားသူများအားလုံး ဝမ်းသာပီတိဖြစ်သွားခဲ့ကြသည်။
ဆန့်ကျင်ဘက်နေသောဝမ်ကျွယ်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်သွားခဲ့သည်။
လင်းဖန်... မင်းဘာလို့ လင်းကျူကိုသိတာလဲ။
“ ငါ့အထက်တန်းကျောင်းဆရာမက အကျိတ်ရှိတယ်လေ၊အဲ့ဒါ ခွဲစိတ်ဖို့ ချင်ရှီဆေးရုံကို လာလို့ရမလား” လင်းဖန်က မေးလိုက်သည်။
လင်းကျူက “လာဖို့ကပြဿနာမရှိပါဘူး! ဒါပေမယ့် ငါ အခုချန်ပြည်နယ်မှာ ရှိနေလို့ဒီနေ့တော့မလာဖြစ်တော့ဘူး။မနက်ဖြန်မှခွဲစိတ်မှုလာလုပ်ပေးမယ်”
လက်ခံသည်!
ဒါရိုက်တာလင်းကျူကခွဲစိတ်ဖို့သဘောတူလိုက်သည်။
ရီဝေ၊ လီယောင်၊ လီရန် နဲ့ တခြားသူတွေရဲ့ မျက်နှာပေါ်ရှိအပြုံးတွေက ပိုတောက်ပလာခဲ့သည်။
ဆန်ကျင့်ဘက်ရှိဝမ်ကျွယ်၏အမူအရာသည် ပို၍ပင် ရုပ်ဆိုးလာခဲ့သည်။
ဝမ်းကျွယ်သည်လင်းဖန်ကိုလုံးဝမယှဉ်နိုင်ပေ။
ဘာလို့ဆိုဝမ်ကျွယ်ဖုန်ခေါ်တည်းကလင်းကျူ၏တပည့်ဖြစ်သူကဝမ်ကျွယ်ကိုငြင်းယုံသာမကသူကိုပါရူးနေတယ်လို့ပင်ပြောလိုက်သည်။
သို့သော်လင်းဖန်ဖုန်းခေါ်လိုက်သောအခါတွင်လင်းကျူကတိုက်ရိုက်သဘောတူလိုက်သောကြောင့်ဖြစ်သည်။
လင်းဖန် က “ကောင်းပြီ ဒါဆို မနက်ဖြန်တွေ့မယ်”
ဖုန်းချလိုက်ပြီးနောက်ရီဝေ က “လင်းဖန် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!”
လီရန် က “ဒါရိုက်တာ လင်းကျူကိုတောင် ချိန်းယူနိုင်တယ်ဆိုတော့ လင်းဖန်မင်းအရမ်းတော်တာကိုငါအရင်သတိမထားမိလိုက်ဘူး”
“အံ့သြစရာပဲ!” ဟွမ်ဒီ က လက်မထောင်ပြသည်။
“တော်တယ်!” ဟန်ကျန်ကလဲပြောလိုက်သည်။
အားလုံးက လင်းဖန်ကို ဝိုင်းပြီး ချီးကျူးနေကြသည်။
ဤစကားများသည်ဝမ်ကျွယ်၏ နားထဲတွင်နတ်ဆိုးအသံကဲ့သို့အထပ်ထပ်ကြားနေရသည်။
“လင်းဖန်၊ မင်းအခုခေါ်တာ၊ ပေကျင်းဆေးရုံအဖွဲ့(အသင်း)ရဲ့ ဒါရိုက်တာ လင်းကျူ လား”ဟုဝမ်ကျွယ်ကမေးလိုက်သည်။
ထင်ရှားသည်မှာ၊ သူသည် ယခု ဖုန်းခေါ်ဆိုသူ၏ အမည်ကို မေးမြန်းနေခြင်းဖြစ်သည်။
ဝမ်ကျွယ်၏ စကားများကို ကြားပြီးနောက် သူအားလုံး ငြိမ်သက်သွားကြသည်။
ဟုတ်တယ်အဲဒါ ပေကျင်းအဖွဲ့အစည်းရဲ့ ဒါရိုက်တာလင်းကျူလား။
လင်းကျူသည် နာမည်ကြီး ဆရာဝန်တစ်ဦးဖြစ်သည်။
ဖုန်းခေါ်ပြီးတာနဲ့ သူ့ကို ဖိတ်နိုင်တာလား။
ဒီလောက်ရိုးရှင်းတညလား။
ထို့အပြင် ယခုဖုန်းကိုင်ထားသူသည် ချန် ပြည်နယ်တွင် ရှိနေသည်ဟု ပြောနေပုံရသည်။ ဒါရိုက်တာလင်းကျူကပေကျင်းမှာနေတာမဟုတ်ဘူးလား။!
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။
ဆရာဝန်အများအပြား ဖြတ်သွားခဲ့ကြပြီး ခေါင်းဆောင်မှာ ချင်ရှီဆေးရုံ၏ဒင်းဟွမ်ပင်ဖြစ်သည်။
လင်းဖန်ကိုတွေ့ပြီးနောက် ဒင်းဟွမ် သည် သူ့အရှိန်ကိုမြှင့်ပြီးလင်းဖန်ရှေ့ရောက်တာနဲ့”မစ္စတာလင်း၊ မင်းဘာလို့ဒီကိုရောက်နေတာလဲ”
စကားပြောပြီးသောအခါတွင် သူသည် သူ၏ညာဖက်လက်ကို အလျင်အမြန်ထုတ်လိုက်လေသည်။
ဒီနေ့ကသုံးပိုင်းပါ။ငါးပိုင်းတင်မလို့ပါသူငယ်ချင်းတစ်ယောက်ကလာခေါ်လို့အပြင်သွားလိုက်လို့ပါမနက်ဖြန်လေးပိုင်းလာပါမယ်😁😁
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး