ချင်ကောင်းဂရု
Vol. 14 Ch. 204
ဒင်းဟွမ်သည်အလုပ်တွေပြီးလို့ အားလပ်ချိန်တွေရတိုင်း ဆေးရုံမှာဘယ်လိုအခြေအနေတွေ ရှိလဲ၊ ဘာတွေပြောင်းလဲဖို့ လိုအပ်နေသေးလဲဆိုတာ သိဖို့ ဆေးရုံတဝိုက်ကို လှည့်လည်ကြည့်ရှုနေသည်။
ဒီနေ့ ဆေးရုံထဲမှာ လင်းဖန်နဲ့ တွေ့ဖို့ မမျှော်လင့်ထားပေ။
လင်းဖန်ကိုဒင်းဟွမ်သည် အလွန်လေးစားသည်ဟု ဆိုနိုင်သည်။
ချင်ရှီ ခေါင်းဆောင်ဇောင်ချင်းကျူသည် လင်းဖန် အပေါ် မည်မျှ ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးပြီး လင်းဖန်၏ ဖခင်ထံသို့အကြိမ်ပေါင်းများစွာ အဆက်မပြတ် သွားရောက်လည်ပတ်ခဲ့သည်ကိုလဲသိသည်။
ဒင်းဟွမ်သည် လင်းဖန်တွင် ထူးခြားသော လက္ခဏာတစ်ခု ပိုင်ဆိုင်ကြောင်းကိုဒီအချက်ကြည့်ရုံနဲ့သိလေသည်။
လင်းဖန်သည် အခြားသူများက သူ့ကိုယ် လေးစားသောအခါ သူသည်တပါးသူကို ပြန်လေးစားသည်။
ဒင်းဟွမ်သည် သူ့လက်ကို ဆန့်တန်းလျက် ရှိနေသည်ကို သူမြင်လိုက်ရသောကြောင့်သူသည်သူ့လက်ကို ဆန့်လိုက်သည်- “ဒင်းဟွမ်၊ မတွေ့တာကြာနေပြီ”
ဒင်းဟွမ်?
ဒါကိုပြောပြီးတာနဲ့ သူ့ပတ်ဝန်းကျင်ကလူတွေအားလုံး အံ့သြသွားကြသည်။
ထို့နောက် လင်းဖန်က “ဒါက မင်းရဲ့ဆေးရုံမှာ ဆေးကုသဖို့စောင့်နေတဲ့ ငါ့အထက်တန်းကျောင်းဆရာမပါ”
“ဘာ သူက မစ္စတာလင်းရဲ့ ဆရာမလား။” ဒင်းဟွမ် က သူ့ဘေးက ဆရာဝန်ကို ပြောလိုက်သည်။ “ဒီလူနာကိုVIP ရပ်ကွက်မှာ စီစဉ်ပေးလိုက်ပါ။ နောက်ပြီး သူ့မကိုယ်ကုသပေးနေတဲ့ဆရာဝန်ကို ဖုန်းဆက်လိုက်ပါ”
“ဟုတ်ကဲ့။” သူ့ဘေးက ဆရာဝန်က ကမန်းကတန်း ပြန်ဖြေလိုက်သည်။
ခဏအကြာတွင် ဆရာဝန်နှစ်ယောက် ပြေးလာခဲ့သည်။
သူတို့ထဲက တစ်ယောက်က မကြာသေးခင်က လာတဲ့ထိပ်ပြောင်ဆရာဝန်ဖြစ်ပြီး နောက်တစ်ယောက်က ငွေရောင်မျက်မှန်တပ်ထားတဲ့သူပင်ဖြစ်သည်။
“ကျနော်တို့ကိုခေါ်တယ်ဆို” နှစ်ယောက်သား တညီတညွတ်တည်း ပြောလိုက်ကြသည်။
ဒင်းဟွမ်က “လူနာရဲ့အခြေအနေအကြောင်း အသေးစိတ်ပြောပြပါ”
“လူနာရဲ့၍ဦးခေါင်းအထိမခံနိုင်တဲ့နေရာမှာအကျိတ်တစ်ခုရှိပါတယ်၊မတော်တဆမှုမဖြစ်ရအောင် အမြန်ဆုံး ခွဲစိတ်ကုသမှုခံယူတာ အကောင်းဆုံးပါပဲ”
“ဒီလိုခွဲစိတ်မှုမျိုးက အရမ်းခက်ခဲတယ်၊ ဒါကြောင့် ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်ကဓားပျံကုထုံးကို အသုံးပြုတာ အကောင်းဆုံးပါပဲ။”
“ဒါပေမယ့် ငါတို့ဆေးရုံမှာဓားပျံကုထုံးကိုသုံးပြီးကုသနိုင်တဲ့သူ မရှိဘူး...”
ထိပ်ပြောင်ဆရာဝန်သည် CT ဓါတ်ပုံများနှင့် ဆက်စပ်ဖြစ်ရပ် အချက်အလက်များကို ရိုက်ပြကာ အလွန်နူးညံ့သောလေသံဖြင့် ရှင်းပြသည်။ ယခငသူမတို့ကိုပြောသောလေသံနှင့် နှိုင်းယှဉ်ပါက ကောင်းကင်ဘုံနှင့်မြေပြင်အလားကွာခြားသည်။
အဲ့အချိန်တွင်လင်းဖန်က “ဓားပျံကုထုံးကိုကျွမ်းကျင်တဲ့ဆရာဝန်အတွက် ကျွန်တော် ဒါရိုက်တာ လငကျူကို ဆက်သွယ်ထားပြီးသားပါ၊ မနက်ဖြန်ကျရင်သူလာပါလိမ့်မယ်”
ဒင်းဟွမ်က “ဒါရိုက်တာ လင်းကျူ က ဓားပျံကုထုံးတွေထဲမှာအကျွမ်းဆုံးပဲ။ မစ္စတာလင်းက သူ့ကို ခေါ်ထားတယ်ဆိုတော့ ပြဿနာမရှိဘူး!”
“မနက်ဖြန်၊ ငါတို့ အကောင်းဆုံး ခွဲစိတ်ခန်းကိုပြင်ဆင်ထားလိုက်မယ်!”
လင်းဖန် နှင့် ဒင်းဟွမ်တို့သည် ခဏတာ စကားစမြည်ပြောနေပြီးထွက်သွားလေသည်။မထွက်ခင်သူကလီယောင်ကို VIP အခန်းသို့ရွှေ့ရန်ဆရာဝန်များနှင့် သူနာပြုများကိုစီစဉ်ခိုင်းလိုက်သည်။
ထိုအချိန်တွင် ရီဝေ၊လီယောင်၊ ဟွမ်ဒီ၊ လီရန်၊ ဟန်ကျန် နှင့် အခြားသူများအားလုံးကလင်းဖန်ကို အာရုံစိုက်နေကြသည်။
လင်းဖန်သည် ယခင်က ပေကျင်းအသင်း၏ ဒါရိုက်တာ လင်းကျူကိုဖိတ်လိုက်တယ်ဆိုတာကိုသူတို့ နားမလည်ကြသေးပေ။
သို့သော်သူတို့သည်ယခုအဖြစ်အပျက်ကြောင့်နားလည်သွားခဲ့သည်။
ရီဝေက “လင်းဖန်... ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!”
“ဆရာမက မကြာခင် ပြန်ကောင်းလာမှာပါ!” လီရန်က ပြောလိုက်သည်။
ဟန်ကျန် က “ဟုတ်တယ် !”
ဟွမ်ဒီ က “လင်းဖန်မင်းရဲ့အစွမ်းတွေကိုအရမ်းလျိုု့ဝှက်ထားတာပဲ”
လီယောင်သည် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေပြီး လင်းဖန်၏ လက်ရှိစွမ်းဆောင်နိုင်မှုကို မြင်လိုက်ရသောအခါ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး “လင်းဖန်မင်းကို အနှောက်ယှက်ပေးမိပြီ”
လင်းဖန်က ‘’မဟုတ်တာဆရာမကလဲ”
လူတိုင်းက လင်းဖန်ကို အဆက်မပြတ်ချီးကျူးကြပြီး အခန်းတစ်ခုလုံးရှိ လေထုသည် အလွန်နွေးထွေးပြီး သက်တောင့်သက်သာရှိလှသည်။
ဘေးမှာရပ်နေတဲ့ဝမ်ကျ ကတော့ရှက်နေလေသည်။
မူလကသူသည်ဒေါက်တာဖန်းမင်းဇောင်ကိုအကူအညီတေင်းခဲ့ပေမဲ့အဆဲတောင်ခံလိုက်ရသည်။
မူလက လင်းဖန်ကို ဟာသတစ်ခုဖြစ်အောင် လုပ်ချင်ပေမယ့် ရလဒ်ကတော့ လင်းဖန်ဟာ လူတိုင်းရဲ့ ချီးမွမ်းစရာ ဖြစ်လာခဲ့သည်
ဆန့်ကျင်ဘက်အားဖြင့်၊သူသည် အကြီးမားဆုံး ဟာသဖြစ်လာသည်။
လင်းဖန်။
ဝမ်ကျွယ် သည် အလွန်ဒေါသထွက်နေသော်လည်း သူသည် အကူအညီမဲ့နေခဲ့သည်။
...
ထိုညတွင် လင်းဖန်သည် သူနေထိုင်ခြင်းမရှိသော အိမ်တွင် လှပစွာအိပ်စက်နေသည်။
နောက်တစ်နေ့...
လင်းဖန်နိုးလာသောအခါ ထုံးစံအတိုင်း ဖုန်းစခရင်ပေါ်တွင် SMS မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
“၀ နာရီ၊ တရုတ်ဘဏ်က ယွမ် ၃၆၄၀,၀၀၀ ရရှိသည်။။”
လင်းဖန်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ခဏတာ ဖုန်းကို ပွတ်ဆွဲလိုက်ပြီး “ဒီနေ့ ဘအကောင့်ဝင်ရင်ဘာရမလဲကြည့်ရအောင်” ဟု ရေရွတ်လိုက်သည်။
“အကောင့်ဝင်မယ်!”
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် ချင်ကောင်းဂရု ၏ ရှယ်ယာ 51% ကို ရရှိခဲ့ပါသည်။ 】
ချင်ကောင်းဂရု သည်ချင်ရှီမြို့ ရှိ ပြည်တွင်းကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
ချင်ရှီမြို့ ၏ဇာတိအနေဖြင့် လင်းဖန် သည် ချင်ကောင်းဂရုနှင့်ပတိသက်၍ပိုသိသည်ဟုဆိုနိုင်သည်။
ရှယ်ယာ 51%?
တစ်နည်းအားဖြင့် သူသည် ယခု ချင်ကောင်းဝဂရု၏ သူဌေးဖြစ်သည်။
ဒါကိုကြည့်ပြီးလင်းဖန်ငည်အနည်းငယ်ပြုံးလိုက်သည်။
အိပ်ယာထ၊ရေချိုးပြီးနောက် အနီးနားတွင် အာလူးချောင်းကြော်နှင့် ပဲနို့တို့ကို ဝယ်ပြီးစားလိုက်သည်။
ထို့နောက် လင်းဖန်သည် တက္ကစီငှားပြီးချင်ရှီဆေးရုံသို့ ထပ်မံသွားခဲ့သည်။
ယခုအချိန်တွင် လီရန်၊ ဟွမ်ဒီ၊ ဟန်ကျန်နှင့် အခြားသူများကလည်း ဆေးရုံသို့ ရောက်ရှိနေပြီဖြစ်သည်။
ဝမ်ကျွယ်သည်ဒီနေ့ အရေးကြီးလုပ်စရာရှိလို့ သူ မလာနိုင်ဘူးတဲ့။
ယင်းနှင့်ပတ်သက်၍...
လူတိုင်းက ဂရုမစိုက်ကြပေ။
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် ကျယ်လောင်သော ခြေသံများ ထွက်ပေါ်လာသည်။
ထို့နောက် ဆရာဝန်နှင့် သူနာပြုအဖွဲ့ကြီး တစ်ခုရောက်ရှိလာသည်။
ခေါင်းဆောင်ကတော့ မနေ့ကတွေ့ခဲ့တဲ့ ဒင်းဟွမ်ဖြစ်ပြီးသူဘေးကတော့နဲ့ လင်းကျူတို့ပင်ဖြစ်သည်။
“မစ္စတာလင်း၊ မင်းကို အချိန်အကြာကြီး စောင့်စေမိတဲ့အတွက် တောင်းပန်ပါတယ်” လင်းကျူက တောင်းပန်လိုက်သည်။
လင်းဖန်က “ကျွန်တော် အခုမှ ရောက်တာပါနောက်ပြီး ဒီကို အမြန်လာခိုင်းတဲ့အတွက်အထူး တောင်းပန်ပါတယ်”
“မစ္စတာလင်း၊ မင်းက ယဉ်ကျေးလွန်းနေပြီလူနာတွေကို ကုသပေးတာကငါတို့ဆရာဝန်တွေလုပ်သင့်တာပဲလေ” လင်းကျူပြောလိုက်သည်။
ဒင်းဟွမ်သည် နှစ်ယောက်ကြား စကားဝိုင်းကို နားထောင်လိုက်ရာသူ့မျက်နှာပေါ်တွင် အံ့သြသွားသည့်ပုံစံတစ်ခုပြောလာခဲ့သည်။
သိရန်ဒါရိုက်တာ လင်းကျူသည် အလွန်နာမည်ကြီးသော ဆရာဝန်တစ်ဦးဖြစ်သည်။
ချင်ရှီမြို့ခေါင်းဆောင်က သူ့ကို ဖိတ်ကြားရခြင်း အကြောင်းရင်းမှာ လင်းကျူသည် ကျန်ပေ့တွင် ရှိနေသောကြောင့် ဖြစ်သည်။
လင်းကျူသာပေကျင်းမှာ ရှိနေရင် ခေါ်လို့ရမှာမဟုတ်ပေ။
သို့သော်လင်းဖန်သည် ယနေ့တွင် လင်းကျူကို အခြားပြည်နယ်ကနေဖိတ်ကြားရုံသာမက
လင်းကျးသည် လင်းဖန်အပေါ် အလွန်ယဉ်ကျေးနေသည်။
ဒါဟာ ... မထင်မှတ်စရာပင်ဖြစ်သည်။
ရုတ်တရက် ဒင်းဟွမ်သည် လင်းဖန်ကိုပို၍ လေးစားစွာ ကြည့်လိုက်သည်။
လင်းဖန်ရဲ့ အမှတ်အသားက တကယ်ကို အံ့သြစရာကောင်းလို့ပဲဖြစ်မယ်ဟုတိတ်တစ်ဆိတ်တွေးလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး