ဟေးတီနဲ့တွေ့ဆုံခြင်း
Vol. 14 Ch. 205
ဒင်းဟွမ်မျှော်မှန်းထားသည့်အတိုင်း၊ချင်ရှီမြို့၏ခေါင်းဆောင်သည် မနေ့က လင်းကျူကို ချန်ပြည်နယ်ကနေချင်ရှီကိုလာဖို့ ဖိတ်ကြားခဲ့ပါကအမှန်တကယ်ဖိတ်ကြားနိုင်မည်မဟုတ်ပေ။
လင်းဖန်ကိုဘာလို့ လင်းကိူကို ဒီလောက် ယဉ်ကျေးစွာ ဆက်ဆံနေလဲဆိုတော့
လင်းကျူသည် ပေကျင်းတွင်လင်းဖန်ကဇောင်မိသားစု၏အသက်ကိုကယ်တင်ခဲ့သောကြောင့်ဖြစ်သည်။
ဇောင် မိသားစုသည် တရုတ်နိုင်ငံ၏ ထိပ်တန်းမိသားစုများထဲမှတစ်ခုဖြစ်သည်။
လင်းဖန် ၏ကုသမှုသည် ဇောင်မိသားစုတစ်ခုလုံးကို တိုက်ရိုက်ကယ်တင်ခဲ့သည်ဟုဆိုနိုင်သည်။
ပေကျင်းမှာနေတဲ့ လင်းကျူက ဒါက ဘာကိုဆိုလိုတယ်ဆိုတာ အတိအကျသိသည်။
လင်းဖန်”ဒါရိုက်တာလင်း၊ ငါ့ဆရာမနဲ့ အခြေအနေ ဘယ်လိုလဲ၊ ခွဲစိတ်ရင် အန္တရာယ်ရှိမှာလား။”
ဒီစကားထွက်လာတာနဲ့ တပြိုင်နက် နေရာတစ်ခုလုံးငြိမ်သက်သွားခဲ့သည်။
ရီဝေ၊ လီရန်၊ ဟွမ်ဒီနှင့် အခြားသူများအားလုံးသည်လင်းကျူ ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
လင်းကျူက သူတို့ကိုကြည့်ပြီး”မင်းတို့ပူနေဖို့မလိုပါဘူး။ မင်းရဲ့ ဆရာ့မခွဲစိတ်မဲ့နေရာတွေကိုလဲသိပါတယ်။အကြိတ်ရှိနေတဲ့နေရာကအန္တာရယ်များတယ်ဆိုပေမဲ့ငါကတော့ဒါကိုဘာမှမဖြစ်အောင်ခွဲစိတ်နိုင်ပါတယ်။’’
“ငါက မင်းတို့ရဲ့ဆရာမထက် ပိုအန္တရာယ်ရှိတဲ့ ခွဲစိတ်မှု ဒါဇင်ပေါင်းများစွာကို ငါလုပ်ခဲ့ပြီးပြီ၊ ဒါပေမယ့် မတော်တဆမှုတစ်ခုမှ မဖြစ်ခဲ့ဘူး” လင်းကျူ က ထပ်ပြောလိုက်သည်။
ရုတ်တရက် နေရာတစ်ခုလုံး၏ အငွေ့အသက်သည် ချက်ချင်းပင် ကောင်းမွန်လာခဲ့သည်။
ဒါကိုကြားမှလင်းဖန်လည်း အနည်းငယ် သက်သာရာရသွားသည်။
ထို့နောက် လင်းကျူက ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေသော လီယောင်အား “မနက်က တစ်ခုခုစားပြီးပြီလား’’ဟုမေးလိုက်သည်။
“စားပြီးပြီ” လီယောင်က ပြန်ဖြေသည်။
“ကောင်းပြီ၊ ရိုးရှင်းတဲ့ စစ်ဆေးမှုတစ်ခုလုပ်ရအောင်၊ဒါမှမင်း ခွဲစိတ်မှုလုပ်တဲ့အခါကျရင်မတော်တဆမဖြစ်အောင်၊ခွဲစိတ်ပြီးမကြာခင် မင်း ကျန်းမာရေး ပြန်ကောင်းလာမှာပါ” လင်းကျူက ပြောသည်။
“ကောင်းတယ်ကောင်းတယ်။” လီယောင် က ပြောသည်။
ဒင်းဟွမ်၏ ကိုယ်ရေးကိုယ်တာ ကွပ်ကဲမှုအောက်တွင် လီယောင်၏ခန္ဓာကိုယ်ကိုစစ်ဆေးလိုက်ကြသည်။
ဆယ်မိနစ်အတွင်းမှာပဲ သူ့မခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံးကို လင်းကျူရဲ့လက်ထဲမှာ ပေါ်လာသည်။
လင်းကျူက သေသေချာချာကြည့်ကာ “အားလုံးအဆင်ပြေတယ်။ ဒင်းဟွမ်ခွဲစိတ်ခန်းရှိသေးလား?”
“ရှိပါတယ်၊ ငါအကောင်းဆုံးခွဲစိတ်ခန်းကို ကြိုတင်ပြင်ဆင်ထားပြီးပြီ” ဒင်းဟွမ်က ပြောသည်။
ထို့နောက်သူနဲ့အတူပါလာသော ဆရာဝန်များနှင့် သူနာပြုများစွာဖြင့် လင်းကျူသည် လီယောင်အား ခွဲစိတ်ခန်းထဲသို့ ခေါ်သွားခဲ့သည်။
အချိန်သည်တစ်မိနစ်ပြီးတစ်မိနစ်ကုန်သွားခဲ့သည်။
အချိန်ခဏကြာပြီးနောက်တွင်ခွဲစိတ်ခန်းတံခါးပွင့်လာခဲ့သည်။
လင်းကျူ နှင့် ဆရာဝန်များစွာတို့အတူတူ ထွက်လာခဲ့ကြသည်။
“ဒါရိုက်တာ လင်း၊ ငါ့သမီးအဆင်ပြေရဲ့လား” ရီဝေက ကမန်းကတန်း မေးလိုက်သည်။
လင်းကျူ က “စိတ်မပူပါနဲ့၊ ခွဲစိတ်မှုကအောင်မြင်သွားပြီ။ ဒါပေမဲ့ ခွဲစိတ်မှုလုပ်တဲ့အချိန်မှာမေ့ဆေးပေးထားလို့သတိလစ်နေတယ်။ငိပ်မကြာခင်သတိရလာမှာပါ”
“ကျေးဇူးတင်ပါတယ် ဒါရိုက်တာ လင်း ကျေးဇူးတင်ပါတယ်!” ရီဝေက စိတ်လှုပ်ရှားစွာပြောပြီးနောက်သူမမျက်လုံးနည်းနည်းနီသွားလေသည်။
လီယောင် နေမကောင်းသောအခါရီဝေသည် ကမ္ဘာပျက်သလိုခံစားလိုက်ရသည်။
အခုတော့အဆင်ပြေသွားခဲ့ပြီဖြစ်သည်။
လင်းကျူက “ရပါတယ်၊ငါလုပ်သင့်တဲ့အရာကိုပဲလုပ်လိုက်တာပါ”
ထို့နောက်ရီဝေက လင်းဖန်အား “လင်းဖန်ကျေးဇူးတင်ပါတယ်!”
လီယောင်ရလဒ်ကောင်းရခြင်းအကြောင်းရင်းမှာလင်းဖန်ကြောင့်ဆိုတာကိုသူမနားလည်သည်။
လင်းဖန် က “ရပါတယ်”
နေ့လည်။
လင်းဖန်၏ စီစဉ်မှုအောက်တွင် ဒင်းဟွမ်၊ လင်းကျူ၊ဟွမ်ဒီ၊ လီရန် ၊ ဟန်ကျန်နှင့် အခြားသူများသည် နေ့လယ်စာ အတူတူသွားစားကြသည်။
ထမင်းစားနေစဉ်အတွင်းလင်းဖန်သည် အနီရောင်စာအိတ်ဖွင့်ရာတွင်40,121 ယွမ်ကို ရရှိခဲ့သည်။
နေ့ခင်းဘက်တွင် လီယောင်၏အခြေအနေသည်တည်ငြိမ်လာခဲ့သောကြောင့်အားလုံး စိတ်သက်သာရာ ရသွားကြသည်။
ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! လျှို့ဝှက်မစ်ရှင်ပြီးခြင်း။ဆရာမကို ကုသပေးသောကြောင့် ငွေရောင်စာအိတ် ၅ အိတ်ရရှိသည်။ 】
လင်းဖန်သည် ထိုအသံကိုကြားရသောအခါ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။
အလုပ်ပြီးသွာစတာလား။
ယခုအခါ ဆရာမသည် အန္တရာယ်မှ လွတ်မြောက်ပြီး ငွေရောင်စာအိတ်ငါးလုံး ထပ်မံရရှိခဲ့သည်။
ဆေးရုံဝင်ပေါက်မှထွက်ပြီးနောက် လင်းဖန်သည် လမ်းပေါ်တွင် လမ်းလျှောက်နေသည်။
“လင်း...မစ္စလင်း?”
မနီးမဝေးတွင် စူးရှသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လင်းဖန်သည် အသံကြားရာကို လှမ်းကြည့်လိုက်တော့ လင်းကျင်း၏မန်နေဂျာ ဟေးတီဆိုတာကိုတွေ့လိုက်သည်။
လင်းဖန်သည် ဟန်တီနှင့်တွေ့ဆုံသောအခါတွင် သူမသည် အနောက်တိုင်းဝတ်စုံကိုအမြဲဝတ်ဆင်ခဲ့သည်။
ယနေ့တွင်ဟန်တီသည် အပြင်ဘက်တွင် အဖြူရောင်အကျီ င်္ရှည်ကို ၀တ်ဆင်ထားပြီး အတွင်းဘက်တွင်လည်ပင်း Vပုံရှိသောအင်ကျီဖြူကိုဝတ်ဆင်ထားပြီးသော အမဲရောင် စကတ်ကို လဲ၀တ်ဆင်ထားသည်။
သူမ၏ အသားရည်သည် အလွန်ဖြူဖွေးသောကြောင့်အဖြူရောင်အင်ကျီများကသူမနဲ့အလွန်လိုက်ဖက်နေလေသည်။
သူမ၏ရင်ဘက်ရှိမက်မွန်သီးများသည်အင်္ကျီထဲကနေအချိန်မရွေး ခုန်ထွက်တော့မည့်ပုံစံရှိလေသည်။
ပြောရလျှင် ယခင် ဟေးတီသည် အလုပ်လုပ်သောအမျိုးသမီးတစ်ဦးနှင့်တူသည်။
ယနေ့ ဟန်တီသည် လူတိုင်းအား အချိန်မရွေး ခူးဆွတ်နိုင်သည့် လှပသော ပန်းတစ်မျိုးဖြစ်သည့်ခံစားချက်ကိုပေးသည်။
လင်းဖန်သည်ပင်သူမကိုသာကြည့်နေလေသည်။
လင်းဖန် က သူမကို ဆက်ကြည့်နေတာကို မြင်တော့ ဟေးတီက သူမရဲ့ ချောမောလှပတဲ့ မျက်နှာသည် နီရဲသွားပြီး ရှက်ရှက်နဲ့ ခေါင်းငုံ့ထားလိုက်သည်။
ခဏအကြာတွင် ဟေးတီက တိုးတိုးလေးပြောသည် “တကယ်... တိုက်ဆိုင်မှုတစ်ခုက မစ္စတာလင်းက ချင်ရှီမှာ ရှိနေတယ်ဆိုတည”
လင်းဖန်သည် ဤစကားကိုကြားပြီးနောက် နောက်ဆုံးတွင် ပြန်လည်သတိဝင်လာပြီး “ဟုတ်တယ်၊ တိုက်ဆိုင်မှုတစ်ခုပဲ...”
“မဟုတ်ဘူးမှားလို့၊ငါ့အိမ်ကချင်ရှီမှာရှိတယ်.လေ။ဒါကအားလပ်ရက်မို့ချင်ရှီကိုလာတာ။ မန်နေဂျာဟေးကကော ချင်ရှီကို ဘာလို့လာတာလဲ။ မင်းရဲ့မွေးရပ်မြေက ချင်ရှီမဟုတ်ဘူးမလား” လင်းဖန်က မေးလိုက်သည်။
ဒါကိုကြားတော့ဟေးတီက “ငါ့မွေးရပ်မြေ ချန်ပြည်နယ်မှာ.ပါ။ငါတို့ လင်းကျင်းကျန်ပေ့(လင်းကျင်းကျန်ပေ့ဆိုတာကလင်းကျင်းက ကျန်ပေ့မြို့မှာဖွင့်လို့ခေါ်တာပါ)ကငါရဲ့သးငယ်ချငက မနက်ဖြန် ချင်ရှီမြို့မှာ လက်ထပ်တော့မှာ။ဒါကြောင့်ငါက မင်္ဂလာပွဲတက်ဖို့ ရောက်လာတာ။”
ဒါကိုကြားတော့လင်းဖန်က ခေါင်းညိတ်လိုက်ပြီး “မန်နေဂျာဝေး မင်း ချင်ရှီ ကို လာတာရှားပါတယ်။ ဒါကြောင့်ကျနော်နဲ့ညစာသွားစားမလား။”
လင်းဖန် နဲ့ အတူစားမလား?
ဒါကိုကြားပြီးနေညက်ဟေးတီ၏ နှလုံးခုန်သံသည် တစထက်တစ အရှိန်မြန်လာခဲ့သည်။
ဒါကြောင့်သူမကလုံးဝ တွန့်ဆုတ်မနေဘဲ “ကောင်းပြီ!”ဟုပြန်ပြောလိုက်သည်။
ကျန်ပေ့သည်အဆင့်မြင့်စားသောက်ဆိုင်များစွာရှိသည့် မြို့ဖြစ်သည်။
သို့သော်ချင်ရှီသည် သာမန်စီရင်စုအဆင့်သာရှိတဲ့မြို့ဖြစ်သောကြောင့်ကျန်ပေ့ရှီအဆင့်မြင့်စားသောက်ဆိုင်များနဲ့မယှဉ်နိုင်ပေ။
လင်းဖန်သည်ဟေးတီကို အရွယ်အစား မကြီးမသေးသော ချူဝေရှောင်ဟုခေါ်သော အနီးနားရှိ စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားခဲ့သည်။
ချူဝေရှောင်စားသောက်ဆိုင်မှ ထွက်သွားသောအခါ ကောင်းကင်သည် လုံးဝမှောင်နေပြီဖြစ်သည်။
လင်းဖန်နဲ့အတူစားသောက်ရသောကြောင့်ဟေးတီ၏နှလုံးသားထဲတွင်ပျော်ရွှင်နေလေသည်။
အိမ်ခြံမြေ မန်နေဂျာတစ်ဦးအနေဖြင့် ဟေးတီသည် အရက်သောက်နိုင်မှု အလွန်ကောင်းမွန်သည်ဟုဆိုရမည်ဖြစ်သည်။
ချူဝေရှောင်စားသောက်ဆိုင်တွင်ဟေးတီသည်ဝိုင်ခွက်များစွာကိုသောက်ပြီးသည့်တိုင်အောင်အနဲငယ်သာမူးလေသည်။
ထောင့်တစ်နေရာကို ဖြတ်သွားတဲ့အခါ ပြင်းထန်တဲ့ကားဟွန်းတီးသံတစ်ခုနဲ့ကားတစ်စီး ရုတ်တရက် ထွက်ပေါ်လာသည်။
ဟေးတီသည်လာသောကားကိုကြောင်ကြည့်နေလေသည်။
ဒါကိုတွေ့ပြီးလင်းဖန်သည် ဟေးတီ ကို သူ့လက်နှစ်ဖက်ထဲသို့ လျင်မြန်စွာဆွဲယူကာ တိုက်မိတော့မလိုဖြစ်သောကားကိုရှောင်ရှားလိုက်လေသည်။
လမ်းဘေးမှာ နှစ်ယောက်သား ပွေ့ဖက်ပြီး
တစ်ယောက်ကိုတစ်ယောက်ကြည့်နေလိုက်ကြသည်။
ဟေးတီ ၏ နှလုံးခုန်သံသည် တဟုန်ထိုး အရှိန်မြန်လာခဲ့သည်။
လင်းဖန်ကိုကြည့်သောသူ့မရဲ့မျက်လုံးတွေက တောက်လောင်လွန်းနေသည်။
လင်းဖန်သည် ဤအကြည့်နှင့် အလွန်ရင်းနှီးသောကြောင့်သူမကိုအမှန်တရားမျက်လုံးဖြင့်ကြည့်လိုက်သည်။
[မျက်နှာတန်ဖိုး- 94]
[အနှစ်သက်ဆုံး- 95]
ထိုအချိန်တွင် ဟေးတီသည်လင်းဖန်ကိုခြေဖျားထောက်ပြီးနမ်းလိုက်လေသည်။
( ̄ε ̄)
......
နမ်းပြီးတာနဲ့သူတို့သည်အနီးနားရှိဟိုတယ်တစ်ခုကိုသွားကာချစ်ကြလေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး